RFA Burmese
ဒီလှိုင်းဂျာနယ် ဆောင်းပါးအတွက် NLD ကို သတိပေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က အပတ်စဉ်ထုတ်ဝေနေတဲ့ ဒီလှိုင်း စာစောင်ပါ NLD နာယကအဖွဲ့ဝင် ဟံသာဝတီ ဦးဝင်းတင်ရေးသားတဲ့
ဆောင်းပါးတစ်ပုဒ်နဲ့ပတ်သက်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က NLD ကို ဒီကနေ့ခေါ်ယူသတိပေးခဲ့ပါတယ်။ ဆောင်းပါးရဲ့လင့်က ဒီမှာပါ။
http://reader.nld.name/2012/07/vol1nr25.html
အာအက်ဖ်အေ
Saturday, July 28, 2012
ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာနှလုံးသား၊မြန်မာ ခံစားမှုကို အဓိက ချဉ်းကပ်သော မှတ်တမ်းရုပ်ရှင် တစ်ခု ရိုက်ကူးလျက်ရှိ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာနှလုံးသား၊ မြန်မာခံစားမှုကို အဓိက ချဉ်းကပ်ထားသော မှတ်တမ်း ရုပ်ရှင်တစ်ခုကို ဇူလိုင် ၂၁ ရက် က စတင်ရိုက်ကူးခဲ့ကြောင်း မြန်မာ အင်ဒီပဲန်ဒင့်သို့ ဒါရိုက်တာ မင်းထင် ကိုကိုကြီးက ပြောကြားခဲ့သည်။
ဒါရိုက်တာ မင်းထင်ကိုကိုကြီးအား ဒေါ်အောင်ဆန်းစုကြည်၏ အခြားအောင်မြင်မှုများ၊ လှုပ်ရှားမှုများ ကို အဘယ်ကြောင့် အဓိကထား ရိုက်ကူးမှုမပြုခြင်းနှင့် ပတ်သက်၍ မြန်မာအင်ဒီပဲန်ဒင့်မှ မေးမြန်းရာ “အမေစုရဲ့ အောင်မြင်မှုတွေက တစ်ကမ္ဘာလုံးသိတယ်လေ၊ အဲဒီတော့ တစ်ကမ္ဘာလုံးကမသိသေးတဲ့ သူရဲ့နှလုံးသား၊ သူ့ရဲ့စိတ်ကူး၊ သူ့ရဲ့ မြန်မာနှလုံးသား၊ သူ့ရဲ့ မြန်မာခံစားမှုကို အခြေခံတဲ့ အဓိက ချဉ်းကပ်တဲ့ မှတ်တမ်းရုပ်ရှင် ပေါ့နော်။ ပြီးတော့ အမေစုရဲ့ နှလုံးသား အတွင်းဆုံး အနက်ဆုံးမှာ ရှိနေတဲ့အရာကို တူးဆွကြည့်ဖို့ ကြိုးစားမှာပေါ့၊ ဒီမှတ်တမ်းရုပ်ရှင်နဲ့” ဟု ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါ မှတ်တမ်းရုပ်ရှင် ရိုက်ကူးရန်အတွက် ဒေါ်အောင်ဆန်း စုကြည်အား သွားရောက် တွေ့ဆုံဖြစ်ခဲ့ပုံနှင့် ပတ်သက်၍လည်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးက “အမေစု လွတ်လာတဲ့ အချိန်က တစ်ခါ တွေ့တယ်။ နောက်ပြီး ကိုလံဘီယာ ကဗျာပွဲတော် အတွက် အမေစုဆီက ကဗျာသွားတောင်းတုန်းက တစ်ခါတွေ့တယ်။ တတိယအကြိမ် တွေ့တာက အဲဒီကဗျာပွဲတော်က အတွေ့အကြုံတွေကို ပြောပြရင်းနဲ့ ဒီမှတ်တမ်းရုပ်ရှင် ရိုက်ချင်တဲ့ အကြောင်း ပြောဖြစ်တာ၊ အဲဒီမှာ အမေစုက ဘယ်လိုရိုက်မှာလဲ မေးတယ်၊ အဲဒီတော့ ဘယ်လို ရိုက်မလဲဆိုတာ ပြင်ဆင်တာပေါ့။ အဲဒီအချိန်ကတည်းက ရိုက်ခွင့်ပြုခဲ့တာ အခုရိုက်ဖြစ်တဲ့အချိန်က ခွင့်ပြုပြီး ၁နှစ်လောက်ကြာမှ ရိုက်ဖြစ်တာ”ဟု မြန်မာအင်ဒီပဲန်ဒင့်သို့ ဖြေကြားသည်။
ဒေါ်အောင်ဆန်းစုကြည် မှတ်တမ်း ရုပ်ရှင်အတွက် ကြိုတင်ပြင်ဆင်ခဲ့မှု အပိုင်းနှင့်ပတ်သက်၍လည်း ““အမေစု အော်စလိုကို သွားတုန်းကလည်း လိုက်ပြီး မှတ်တမ်းရိုက်တယ်၊ ကိုယ်မမီလိုက်တဲ့ သူ့အကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်တွေ၊ စတေဓာတ်ပုံတွေ၊ Movie တွေကတော့ ထပ်ပြီး ရှာရဦးမယ်”ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးက မြန်မာအင်ဒီပဲန်ဒင့်သို့ ဖြေကြားခဲ့သည်။
မြန်မာနိုင်ငံတွင် မှတ်တမ်းရုပ်ရှင် ရိုက်ကူးရန် အခြားပုဂ္ဂိုလ် အများအပြား ရှိသည့်အနက် ဒေါ်အောင်ဆန်းစုကြည် အား အဘယ်ကြောင့် ရွေးချယ်ရခြင်း နှင့်ပတ်သက်၍လည်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးက “ဒီမှတ်တမ်း ရုပ်ရှင်ရိုက်မယ်လို့ စိတ်ကူးမိချိန်မှာ အမေစု တစ်ယောက်ပဲ လွတ်မြောက်သေးတယ်။ အခြားသူတွေ မလွတ် မြောက်သေးဘူး၊ ပြီးတော့ ကမ္ဘာမှာ မြန်မာနိုင်ငံအတွက် အမေစုက icon တစ်ခုဖြစ်နေတယ်ဆိုတော့ အဲဒါကို ကိုယ့်မှာရှိတဲ့ အနုပညာနဲ့ မှတ်တမ်းတစ်ခု တင်မှဖြစ်လိမ့်မယ်လို့ ခံစားချက်လည်း ရှိလို့ပါ”ဟု ပြန်လည်ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်း စုကြည်အကြောင်း ရိုက်ကူးထားသော The Ladies ရုပ်ရှင်ကားနှင့် ယခုရိုက်ကူးသည့် မှတ်တမ်းရုပ်ရှင်တို့ နှစ်ခုကွာခြားမှု အခြေအနေနှင့် ပတ်သက်၍လည်း “ The Ladies က ကျတော့ Features ပေါ့။ ဖန်တီးတဲ့ပုဂ္ဂိုလ်က ဖန်တီးချင်သလို ဖန်တီးခွင့်ရှိတယ်။ မှတ်တမ်းရုပ်ရှင် ဆိုတာကကျတော့ တကယ့် အဖြစ်အပျက်၊ တကယ့်ဘဝတွေကို အခြေခံထားရတယ်။ ဒါပေမယ့် ကိုယ်ရိုက်တဲ့ မှတ်တမ်းရုပ်ရှင်မှာကျတော့ အချက်အလက် တွေကို အခြေခံထားတာ မဟုတ်ဘဲနဲ့ သူ့ရဲ့ခံစားမှုတွေကို အခြေခံတဲ့ မှတ်တမ်းရုပ်ရှင် ဖြစ်မှာပါ”ဟု ပြောကြားသည်။
အဆိုပါ မှတ်တမ်းရုပ်ရှင်ကို အချိန် ၁ နှစ်ခွဲ၊ ၂နှစ်ခန့်ယူ၍ ရိုက်ကူးရမည်ဟု သိရသည်။ ဒေါ်အောင်ဆန်း စုကြည်၏ အချိန်ပေးနိုင်မှုအပေါ် မူတည်၍ ရိုက်ကူးသွားမည်ဟု သိရသည်။ ပရိသတ်ထံသို့ မည်သည့်အချိန်တွင် ပြသနိုင်ပြီး မည်သည့် ခံစားမှုများ ကြည့်ရှုသူ ပရိသတ်က ရရှိနိုင်ကြောင်းကိုလည်း မေးမြန်းရာ “ဘယ်အချိန်ပြီးမယ်လို့တော့ မပြောနိုင်သေးဘူး။ ပရိသတ် ဘာရသွားမလဲ ဆိုတာထက် ကိုယ်ချစ်ခင်လေးစားရတဲ့ မြန်မာနိုင်ငံအတွက် အင်မတန်ကို တန်ဖိုးရှိတဲ့ လူသားတစ်ယောက် ရဲ့ခံစားမှုတွေကို တတ်နိုင်သလောက် ကြိုးစားပြီး မှတ်တမ်းတင် ကြည့်ချင်တာပါ”ဟု ပြန်လည် ဖြေကြားခဲ့သည်။
ဒါရိုက်တာ မင်းထင်ကိုကိုကြီးသည် ၂ဝဝ၆ ခုနှစ်က ပထမဦးဆုံး မှတ်တမ်းရုပ်ရှင်အဖြစ် ထိုင်းနိုင်ငံ၊ မဲဟောင်ဆောင် နယ်၊ နန့်စွယ်ရွာရှိ ကယန်း(ပဒေါင်)လူမျိုး အကြောင်း ရိုက်ကူးထားသော HUMAN ZOO မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးခဲ့သည်။ ဒုတိယမြောက် မှတ်တမ်းရုပ်ရှင်အဖြစ် အင်းသီး(The Floating Tomatoes) မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးခဲ့သည်။ အဆိုပါ အင်းသီးမှတ်တမ်း ရုပ်ရှင် သည် ဗီယက်နမ်နိုင်ငံတွင်ကျင်းပသော အာဆီယံ ရုပ်ရှင်ပွဲတော်၌ အာဆီယံ ၁ဝ နိုင်ငံမှ မှတ်တမ်းရုပ်ရှင် ၁၇၈ ကားအနက် ဒုတိယဆု ရရှိခဲ့သည်။
www.myanmarij.com
Friday, July 27, 2012
ချွတ်ချော်နေတဲ့ လွှတ်တော်လား
Friday, July 27, 2012 အိမ့်သံစဉ်
http://blog.irrawaddy.org/2012/07/blog-post_3103.html
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း။ ဓာတ်ပုံ - ဧရာဝတီ
လွန်ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲပြီးနောက်မှာ မြန်မာနိုင်ငံရဲ့ အကြီးဆုံး အတိုက်အခံ ပါတီကြီးတခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီလည်း လွှတ်တော် နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်လာတဲ့အတွက် ယခင်လွှတ်တော် အစည်း အဝေးတွေနဲ့ မတူပဲ ပိုပြီး တက်ကြွအသက်ဝင်တဲ့ လွှတ်တော်ဖြစ်လာမယ်လို့ အားလုံးက မျှော်လင့်နေခဲ့ကြပါတယ်။
မျှော်လင့်ထားတဲ့အတိုင်းပဲ ဥပဒေပြုရေးမှာ အမြင့်ဆုံး အဖွဲ့အစည်းလည်းဖြစ်တဲ့ လွှတ်တော် အစည်း အဝေးတွေမှာ ပြည် သူတွေတကယ်ရင်ဆိုင်နေရတဲ့ မြေသိမ်း၊ ယာသိမ်းက အစ နိုင်ငံရေးလှုပ်ရှားသူတွေကို ဖမ်းဆီးထိမ်းသိမ်းတဲ့ ပုဒ်မ ၅ (ည) အလယ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဆုံး ဥပဒေတွေပြဌာန်းနိုင် ဖို့ ဆွေးနွေးတင်ပြမှုတွေနဲ့ မြိုင်ဆိုင်လာပါတယ်။
လွန်ခဲ့တဲ့ သတင်းပတ်က လွှတ်တော်ထဲမှာ ပိုပြီး လှုပ်လှုပ်ရွရွ ဖြစ်တာကတော့ မြန်မာနိုင်ငံ အပေါ် ချမှတ် ထားတဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဒေါ်နန်းဝါနုရဲ့ အမြန်ဆုံး ရုပ်သိမ်းရေး လွှတ်တော်ကနေ ဘယ်ပုဂ္ဂိုလ်ကိုမဆို ဘယ်နည်းလမ်း သုံးသည်ဖြစ်စေ ရွေးချယ်တာဝန်ပေးဖို့ အရေးပေါ် အဆိုတင်သွင်းမှုကို အခြေအတင်ဆွေးနွေးခဲ့ကြတာပါ။
အဲဒီတုန်းက ထောက်ခံဆွေးနွေးသူတွေကလည်း အာဏာရပါတီအမတ်မင်းဖြစ်တဲ့ ဦးဌေးမြင့်နဲ့ လွှတ်တော် အမတ် တချို့ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအဆိုကို အကြေအလည်ဆွေးနွေးတဲ့ NLD လွှတ်တော်အမတ် ဦးနိုင်ငံလင်းနဲ့ အမတ် တချို့ကလည်း ထောက်ပြဆွေးနွေးခဲ့ပါတယ်။
ဒီထောက်ပြဆွေးနွေးမှုကို NLD လွှတ်တော်အမတ်တွေဖြစ်တဲ့ ဦးဝင်းထိန်နဲ့ ဦးအုန်းကြိုင်တို့ကလည်း ဆက်လက်ဆွေး လိုတဲ့အချက်တွေရှိတာကြောင့် ရှေ့က မိုက်ခလုပ် နှိပ်ပေမယ့် တနေရာက ထိမ်းချုပ်ထား လို့ ဆွေးနွေးခွင့် မရခဲ့ပါဘူးတဲ့။
အဲဒီနေ့က ဖြစ်စဉ်မှာ လွှတ်တော် ဥက္ကဌ ဦးရွှေမန်းက “ဟေ့ ကောင်တွေ ဖွင့်လိုက်လေ”လို့ ပြောယူရတဲ့ အဖြစ်ထိပါပဲ တဲ့။
ချီးမွမ်းမယ် မကြာသေးဘူး လွှတ်တော်ရဲ့ ချွတ်ချော်မှုက စ ခဲ့တယ်လို့ ပြောရမလိုပါဘဲ။
အလားတူပဲ ယမန်နေ့ က ပြည်သူ့လွှတ်တော် အစည်းအဝေးမှာတော့ လွဲချော်မှု တချို့ကို မြင်တွေ့လိုက်ရပါ တယ်။ ဒီ တခါမှာတော့ လွှတ်တော် ဥက္ကဌရဲ့ သတိပေးမှု ၂ ကြိမ်တိုင်ပဲ ရှိခဲ့တာကိုပြောရမှာပါပဲ။
အခုတခါ သတိပေးခံလိုက်ရတာကတော့ NLD လွှတ်တော် အမတ်တွေရဲ့ဆွေးနွေးချက်တွေကိုပါ။ စက်ခလုပ်ထိမ်းတဲ့ သူတွေကို မဟုတ်ပါဘူး။
ဆွေးနွေးနေတဲ့ အကြောင်းအရာကတော့ ကွတ်ခိုင် မဲဆန္ဒနယ်က ဦးတီခွန်မြတ်ရဲ့ “တိုင်းရင်းသား လူမျိုးများ၏ အခွင့် အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပြဌာန်းရေး” အဆိုကို ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် လွှတ်တော် ကိုယ်စားလှယ် ၅ ဦးက ထောက်ခံ ဆွေးနွေးခဲ့ကြတာပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောက်ခံဆွေးနွေးချက်တွေက အချက်အလက်နဲ့တကွ လိုတိုရှင်းဆွေးနွေးသွား တာကြောင့် ဆွေးနွေးတဲ့ အကြောင်းအရာနဲ့ သွေဖီမသွားခဲ့ပါဘူး။ အလွန်ကောင်းတဲ့ ပထမဆုံး ဆွေးနွေးချက် လည်း ဖြစ်ပါတယ်။
NLD လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဦးအုန်းကြိုင်က ဆွေးနွေးချက်ဟာ ပုဂ္ဂိုလ်ရေး ဆွေးနွေးချက်ဖြစ်လို့ လွှတ်တော် ဥပဒေနဲ့ မကိုက်ညီလို့ သတိပေးတာကို လက်ခံလို့ရနိုင်ပါသေးတယ်။
ဒါပေမယ့် ဦးမင်းသူ ထောက်ပြတဲ့ လွှတ်တော်ထဲက တိုင်းရင်းသားကိုယ်စားလှယ်တွေ တိုင်းရင်းသား အရေး ဆွေးနွေး နေမှုတွေမှာ ပွင့်လင်းသင့်သလောက် မပွင့်လင်းဘူးပြောတာကို ပြည်သူ့ လွှတ်တော် ဥက္ကဌကြီး ဦးရွှေမန်းက ကန့်ကွက် တာဟာ ပြည်သူ့လွှတ်တော် ဥက္ကဌရဲ့ လုပ်ပိုင်ခွင့်ကို အလွန်အကျွံသုံးစွဲလိုက် တာပါပဲ။
သတိပေး တားမြစ်မှုကလည်း အထူးသဖြင့် စစ်ဗိုလ်က စစ်သားကို အမိန့်ပေးတဲ့ ပုံစံ နဲ့ တော်တော်တူနေတာ သတိထားမိတယ်။
ယခင် စစ်အစိုးရများလက်ထက်ကတည်းက အာဏာကို အလွန်အကျွံ သုံးတဲ့ အလေ့အထက အကျင့်ပါလာခဲ့ တာကြောင့် ဖြစ်ပါလိမ့်မယ်။ ခေါက်ရိုးကျိုးနေတဲ့ အကျင့်ဆိုး အင်နားရှား ထင်ပါရဲ့။
မြန်မာနိုင်ငံက လွှတ်တော်အစည်းအဝေးတွေကို လေ့လာကြည့်မိပါတယ်။ အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့ လွှတ်တော် ရဲ့ လုပ်ဆောင်ချက်တွေဟာလည်း ကွဲပြားပါတယ်။
မြန်မာနိုင်ငံက ပြည်သူ့လွှတ်တော် ဥက္ကဌကြီး အစည်းအဝေး တက်တာလည်း အချိန်တွေက အတော်ယူတယ်လို့ သတိ ထား မိပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဌ အဆောင်အယောင် ကျိုင်းကြီးနဲ့ ပြည်သူ့လွှတ်တော် ခမ်းမထဲ ၀င်လာတာ ထွက်သွားတာ ကြည့်ပြီး တချိန် က နန်းမတော် မယ်နု ညီလာခံ ၀င်တာ ဒီလိုများလားလို့ တွေးဆ ကြည့်မိတယ်။
တခြား နိုင်ငံတကာ ဒီမိုကရေစီ လွှတ်တော်တွေ လေ့လာကြည့်ပါတယ်။ ဒီလိုမဟုတ်ပါဘူး။ လွှတ်တော် ဥက္ကဌ အစည်း အဝေးထဲ ၀င်လာရင် အားလုံး မတ်တတ်ရပ်ပြီး အရိုအသေပေးလိုက်တာပါဘဲ။ အခုတော့ မြန်မာ့ လွှတ်တော် ဥက္ကဌ ကြီးက လွှတ်တော် အရှိန်အ၀ါတွေကို ပိုသုံးနေတယ်လို့ မြင်မိတယ်။
ဦးရွှေမန်းနဲ့ အဖွဲ့ဟာ နော်ဝေအပါအ၀င် ဥရောပ ပါလီမန်တွေကို လေ့လာခဲ့တာမှာ ဘာတွေ သင်ခန်းစာ ယူလာခဲ့တယ် မသိဘူး။
အခုလို ရှေ့က ပြည်သူ့လွှတ်တော် ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း သူရ ရွှေမန်းက လုပ်ပိုင်ခွင့်တွေ ပိုသုံးနေတယ် ဆိုရင် သူ ပြောနေတဲ့ ပြုပြင်ပြောင်းလဲရေးဆိုတာ အောက်ခြေက လိုက်ပါဖို့ ဆိုတာတော့ မဖြစ်နိုင်ပဲ ရှိနေမှာပါ။
ဒီအတွက် ဦးရွှေမန်းပြောသလို လွှတ်တော်ကြီးက ပွင့်ပွင့်လင်းလင်း ပြည်သူတွေကို ချပြနေတယ်ဆိုတဲ့ စကား အတိုင်း ပြည်သူ့လွှတ်တော် ဥက္ကဌကြီး လိုက်ကိုင်ထားနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြည်သူ့ လွှတ်တော် ဥက္ကဌရဲ့ လုပ်ပိုင်ခွင့်နဲ့ပတ်သက်ပြီးလည်း ပွင့်ပွင့်လင်းလင်း ချပြထားသင့်ပါတယ်။
ပြည်သူ့လွှတ်တော်ဟာ အပြောသက်သက်မဟုတ်တော့ပါဘူးဆိုတဲ့ လွှတ်တော်ဥက္ကဌ ဦးရွှေမန်းစကားက အလုပ်သက် သက်နဲ့ ပွင့်လင်းမြင်သာအောင်ပြဖို့ပါပဲ၊ လုပ်ပိုင်ခွင့်တွေ အလွန်အကျွံ ပိုသုံးဖို့တော့ မဖြစ်သင့် ပါဘူး။
ဒီမိုကရေစီ စနစ်မှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ဆိုတဲ့ အဓိက မဏ္ဍိုင် ၃ ခုဟာ တကယ် တမ်းတော့ သီး ခြားစီ ရှိပြီး လုပ်ပိုင်ခွင့်တွေလည်း သီးခြားစီဖြစ်ရမှာပါ။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတဲ့ မြန်မာနိုင်ငံမှာ ဒီလို တခုချင်းစီဟာ သီးခြားစီ တကယ် ရှိ၊ မရှိ က မေးခွန်းထုတ်စရာပါ။
ဆရာကို လင်းသန့်။
သင်ဘယ်လမ်းလျှောက်မလဲ
by Victor Tan on Friday, July 27, 2012 at 10:16am ·
(ကျန်ရှိတဲ့အာဏာရှင်လူကြီးမင်းများသို့)
မစင်ကိုနံ့သာလူး
အာဏာရူးတွေရဲ့ပုပ်နံ့
ပြန့်မထွက်ဖူးတဲ့လား။
တမာကိုသကာဖုံး
လုံးလုံးခါးတဲ့အရသာ
ချိုလာမတဲ့လား။
စိတ်ပုပ်တဲ့နှလုံးမဲ
ထုံးနဲ့ပဲသုတ်သုတ်
ပုပ်နေတဲ့နှလုံးမဲကမူ
ဖြူလာမတဲ့လား။
အပေါ်ယံကြော
ပကာသနနှောပြီး
လူတောမှာ လူချောလုပ်မယ်မကြံနဲ့
စိတ်အမှန်အကန်ရောက်မှ
သွားရာလမ်းဖြောင့်ပါမယ်
စိတ်ကောက်ကောက်နဲ့
ဘ၀လမ်း လျှောက်နေရင်
ရောက်မယ့်နေရာ တနေရာထဲသာ
မလွဲပါငြိ အမြဲသာမိနေမယ့်
အ၀ီစိငရဲသာ ဖြစ်တော့မှာ…။
ဘယ်သူတွေ တရားပျက်ပျက်
ကိုယ်မပျက်စေနဲ့တော့
အမှန်တရားဖက်
ခြေစုံခုန်ထွက်ခြင်းသာ
ကောင်းမြတ်တဲ့ဆုံးဖြတ်ချက်ပါ။
သင်တို့ရဲ့ မလွယ်ပေါက်
တကယ့်ထွက်ပေါက်ဟာ
ရဲရဲတောက် ဘာမထီ
အာဇာနည်သူရဲကောင်း
ဒေါ်စုတို့နဲ့ပေါင်းပြီး သောင်းသောင်းဖျဖျ
လူထုဆန္ဒအရ
ရယူကြမဲ့ဒီမိုကရေစီ လူစုံစုံညီညီနဲ့
ယုံယုံကြည်ကြည်ချီတက်ကြလော့။
တက္ကသိုလ်ဘုန်းကြွယ် (ဇူလိုင်၂၆ ၂၀၁၂)
ကိုမိုးသီးဇွန် အပါအဝင် ၆ ဦးကို အာဏာပိုင်များ ပြည်တွင်းဝင်ရောက် လေ့လာခွင့်ပေး
ကိုမိုးသီးဇွန် အပါအဝင် ၆ ဦးကို အာဏာပိုင်များ ပြည်တွင်းဝင်ရောက် လေ့လာခွင့်ပေး
ပြည်တွင်းနိုင်ငံရေးအခြေအနေ
လေ့လာဖို့ အမေရိကန်နိုင်ငံမှ ကိုမိုးသီးဇွန် အပါအဝင် ကိုကိုလေး၊ ကိုမူသား၊
ကိုရင်အေး၊ ကိုကိုအောင်၊ ကိုထွန်းအောင်ကျော် စတဲ့ ၆ ဦးကို
မြန်မာအာဏာပိုင်တွေက ပြည်ဝင်ခွင့် ပေးလိုက်တယ်၊ ပြည်တွင်းမှာ
တိုင်းပြည်ပြုပြင်ပြောင်းလဲ ရေးနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကို အာဏာပိုင်တွေနဲ့ ဆွေးနွေးဖို့ အစီအစဉ်ရှိပြီး၊ သြဂုတ်လကုန်ပိုင်းလောက်မှာ ခရီးစဉ်စမယ်လို့ သိရတယ်။
ကိုမိုးသီးဇွန် ဟာ ရှစ်လေးလုံးအရေးတော်ပုံကို စစ်တပ်က အာဏာသိမ်းခဲ့တဲ့ နောက်ပိုင်း စစ်အုစ်စု အစိုးရအဆက်ဆက် မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ဖြစ်ပါတယ်။ ယခုလက်ရှိ သန့်ရှင်းစင်ကြယ်သော ဦးသိန်းစိန် ဒီမိုကရေစီ အစိုးရအုပ်စိုးနေတဲ့ ကာလမှာပင် အဲဒီ ပစ်ဒဏ်ကို အာဏာပိုင်တွေဘက်က ပယ်ဖျက်ပေးခဲ့ခြင်း မရှိသေးဘူး ဖြစ်ပါတယ်။

သတင်း ယမုံနာ ဖေ့ဘုတ်
ပါကစ္စတန် တာလီဘန်အဖွဲ့တစ်ဖွဲ့မှ ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံကို ခြိမ်းခြောက်မှုများပါဝင်သည့် ကြေညာချက်တစ်စောင် ထုတ်ပြန်
မူရင်းလင့် အပြည့်အစုံကိုhttp://tribune.com.pk/story/413231/taliban-threaten-myanmar-over-rohingya/မှာ ဖတ်နိုင်ပါတယ်...
ပါကစ္စတန်နိုင်ငံရှိ တာလီဘန် အစွန်းရောက်အဖွဲ့တစ်ဖွဲ့မှ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ခြိမ်းခြောက်မှုများပါဝင်သည့် ထုတ်ပြန်ချက်တစ်စောင်ကို ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း အေအက်ဖ်ပီ သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
အဆိုပါကြေညာချက်ထဲတွင် ရိုဟင်ဂျာအရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ လုပ်ဆောင်မှုများအပေါ် လက်စားချေ တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ပါကစ္စတန် အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံသံတမန်ရေးရာ ဆက်သွယ်မှုများကိုလည်း ဖြတ်တောက်သွားရန်ကိုလည်း ဖိအားပေး တောင်းဆိုထားသည့်အချက်များ ပါဝင်ကြောင်း သိရသည်။ ယင်းကြေညာချက်ကို ပါကစ္စတန်ရှိ တာလီဘန်အစွန်းရောက် အဖွဲ့တစ်ဖွဲ့ဖြစ်သော Tehreek-e-Taliban Pakistan (TTP) အဖွဲ့မှ ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။ ထို့အပြင် ပါကစ္စတန်နိုင်ငံမြို့တော် အစ္စလာမ်မာဘတ်ရှိ မြန်မာသံရုံးကိုလည်း ပိတ်ပစ်ရန် ယင်းကြေညာချက်ထဲတွင် ထည့်သွင်းပြောကြားခဲ့သည်။
TTP အဖွဲ့မှ Ehsanullah Ehsan က ''ကျွန်တော်တို့ ပြန်လည်လက်တုံ့ပြန်သွားပါမယ်၊ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားမှန်သမျှကို ဖျက်ဆီးသွားမှာဖြစ်သလို မြန်မာနိုင်ငံအပေါ် လိုလားသူတွေကိုလည်း ဆန့်ကျင်တိုက်ခိုက်သွားပါမယ်''ဟု ကြေညာချက်ထဲတွင် ထည့်သွင်းပြောကြားမှုကို အေအက်ဖ်ပီ သတင်းဌာနတွင် ဖော်ပြထားပါသည်။ အဆိုပါအဖွဲ့မှာ ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်က မအောင်မြင်ဘဲဖြစ်ခဲ့သည့် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ Times Square ကို ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်မှုတွင် ကြိုးကိုင်ခဲ့သော အဖွဲ့အစည်းတစ်ရပ်ဖြစ်ကြောင်းလည်း သိရှိရသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ရိုဟင်ဂျာများနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးမစ္စတာ အန်တိုနီယိုဂူတာရက်စ်နှင့် တွေ့ဆုံစဉ်တွင် တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် ဘယ်လိုမှ မဖြစ်နိုင်ကြောင်း၊ နောက်ဆုံး ဖြေရှင်းသည့်နည်းလမ်းမှာ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည်စခန်းအဖြစ် ထားရှိရန်ဖြစ်ကြောင်း၊ UNHCR က ကျွေးမွေးစောင့်ရှောက်ပေးရန်ဖြစ်ကြောင်း၊ တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် ပို့ပေးမည်ဖြစ်ကြောင်းနှင့် ဤသည်မှာ ပြဿနာဖြေရှင်းနည်းကို စဉ်းစားနေခြင်းဖြစ်ကြောင်း စသည်တို့ကို ထုတ်ဖော်ပြောကြားခဲ့ပြီးဖြစ်သည်။
ရန်အောင်
source EMG ..။
သားပျောက် အဖေ ရဲ့ တမ်းချင်း တစ်ပုဒ် ( သားများပျောက်ဆုံး သွားခဲ့ဖူးသော အဖေများ ကိုယ်စား)
by Nay Myo Zin on Friday, July 27, 2012 at 12:03am ·
နေရာတိုင်းမှာ ကြောက်ရွံ့ဝပ်တွားမှုတွေနဲ့ ငြိမ်ကုတ်နေကြတော့သည် မဟုတ်။ မှန်သည်ကို မှန်သည်ဟု ပြောရဲလာကြပေပြီ၊ မတရားသည်ကို မတရား ဟု ပြောရဲ ဝေဖန်ရဲလာယုံတင်မက မတရားမှုကို ဘယ်သူက တိုက်ဖျက်နေပြီး၊ မတရားမှုကို ဘယ်လိုလူတွေက ကျူးလွန်နေသည်ကိုလည်း ၀န်ထမ်း ယန္တယားအတွင်းမှာ သိလာကြပေပြီ၊
အခွင့်အာဏာထိန်းချုပ် အုပ်စီးထားတဲ့ ဒါရိုက်တာတွေ ၀န်ကြီး ၀န်ကလေးတွေကို ဘုရားထူး မတတ် ကြောက်လန့်ခစား နေရသေးတဲ့ လက်ရှိ အုပ်ချုပ်ရေး စနစ်အတွင်းက အခြေအနေတွေကို သူတို့ ပြောင်းလဲလိုချင်နေကြပါပြီ။
အကြောက်တရားနဲ့ ချုပ်ထိန်း ခိုင်းစေပြီး ၊ တဖက်က အခွင့်အရေးနဲ့ ရာထူး၊ နေရာ၊ ငွေကြေးတွေနဲ့ မျှားဖြားယောင်း ကာ သိတတတ်သူ ၊ ပါးနပ်သူ၊ ခေါင်းတော်ညိတ် စိတ်တော်သိသူ ၀န်ထမ်းဆိုးတွေနဲ့ ကိုယ်ကျိုးသမား ၀န်ကြီးဝန်ကလေး၊ မန်နေဂျာ၊ ညွန်ချုပ်တွေ ပလဲနံပ သင့်စွာနဲ့ နိုင်ငံဘဏ္ဍာကို အပြိုင် ဘုန်းခဲ့လို့ တိုင်းပြည် အခု ဘယ်အခြေ ဆိုက်ခဲ့ရပြီ ဆိုတာကိုလည်း ၀န်ထမ်း တွေ အတော်များများ သိနားလည်စ ပြုလာပါပြီ။
သူတို့တွေ ၀န်ထမ်းတွေ ကောင်းမှ နိုင်ငံကောင်းမှာမို့ သူတို့ဝန်ထမ်းတွေ အမှန်မြင်လာပြီး အမှန်ဘက် ဥပဒေ စိုးမိုးရေး အတွက် အားပေးပူးပေါင်း ကူညီလာခြင်းကလည်း နိုင်ငံတိုးတက်ဖို့ အခါအခွင့်ကောင်းကြီး ဖြစ်ပါသည်ကော။
တချို့က ပြောခဲ့ဖူးပါတယ်။ သံကန့်လန့်ကာ တိုင်းပြည်။ အရာရာ ပိတ်ဆို့ထားသော တိုင်းပြည် ။ စစ်အာဏာရှင် စနစ်ဆိုးအုပ်စိုးသော တိုင်းပြည်၊ အမှန်တရားတို့ ပျောက်ဆုံးနေသော တိုင်းပြည် စတာတွေနဲ့ စုံနေတာပေါ့လေ။
ဖြတ်သန်း ဖြစ်တည်ခဲ့ဖူးသော မြန်မာပြည်ရဲ့ အလှမ်းမကွာသေး ဆေး မခြောက်သေးသော သမိုင်း လတ်လတ်ဆတ်ဆတ်ကြီးကို တပ်အပ်ကြီး ဝေဖန်သံတွေ ညံနေခဲ့တာပေါ့၊
ပြောမယ် ဆိုလည်း ပြောစရာပါပဲ။ ကျနော်တို့ နိုင်ငံဟာ အလွန်ကို ၀မ်းနည်းကြေကွဲဖွယ်ကောင်းတဲ့ သမိုင်းနေ့စွဲတွေ၊ အလွန်ကို နှမြောဖို့ကောင်းတဲ့ နှစ်သက်တမ်းတွေ၊ ဖြတ်သန်း ဖြစ်ပေါ်ခဲ့ဖူးတာကိုး။
အလွန်ကို ခြောက်ခြား ကြောက်လန့်စရာကောင်းတဲ့ စစ်အာဏာရှင် ယန္တားရားကြီးက ခေါင်းဖြတ်စက်ကြီး ပမာ နိုင်ငံသားတိုင်းရဲ့ ဂုတ်ပိုး ဇက်ပိုးပေါ် ၀ဲပျံလူးလြာ သဲထိတ်စွာနဲ့ ဖြတ်သွားခဲ့ဖူးတာကိုး ................................။
အဲဒီလို ညဉ့်နက်နက် ၊ အသဲထိတ်မတတ် ခြောက်ခြား စရာကောင်းတဲ့ အိမ်မက်ဆိုးတွေ ဘယ်လောက် မက်မက်၊ ညဉ့်ခွေးတွေ ဘယ်လောက် အူအူ ၊ အချိန်တန်ရင် အင်မတန် သာယာတဲ့ မနက်ခင်း ဆိုတာ လာမှာပါပဲ။
အာရုဏ်ဦး ရောင်ခြည်နဲ့ အတူ အိပ်တန်းက နိုးထလာတဲ့ ကျီကျီတာတာ၊ ငှက်သံလေးတွေ၊ မနက်ခင်း သုတ်ဖြူးဆော်လာတဲ့ အေးမြတဲ့ လေညင်းလေးတွေ၊ မြူနဲ့အတူ ဆိုင်းနေတဲ့ နှင်းငွေ့လေအေးအေး လေးတွေ၊ နေခြည်စမ်းစ သစ်ပင်သစ်ရွက်တို့ပေါ် တင်ကျန်နေတဲ့ နှင်းစက်လေးတွေက တလက် လက် တောက်ပ နေတတ်တဲ့ အင်မတန် ကြည်နူးဖွယ် မြင်ကွင်းလေးတွေ က ညဉ့်နက်နက်ကြီးဖြတ်သန်းသွားပြီးချိန်ကျရင် ပေါ်လာမှာပဲလေ။
အသေအချာပါ။
ညဉ့်နက်ပြီးတိုင်း အာရုံမိုးသောက်ဆိုတာ လာမှာပါပဲ။
ဒါသဘာဝ ပါ.......။
ကျနော်တို့ ခါးသည်းလှတဲ့ ညဉ့်တွေကို ဖြတ်ခဲ့ဖူးပါပြီ။
ညဉ့်နက် မှောင်မှောင်ကြီး၊ ခြောက်ခြား စရာ အိမ်မက် ဆိုးဆိုးကြီးတွေလည်း မက်ခဲ့ဖူးပြီ။
၊ တဂေါက်ဂေါက် ခေါက်တတတ်တဲ့ ဂတ်စတာပို တံခါးခေါက်သံတွေ ကြားမှာလည်း ရင်ထိတ်ဖူးပြီ။
တဘုတ်ဘုတ် ဖြတ်မောင်းသွားတဲ့ ငရဲစေတမာန် ယာဉ်သံတွေ နောက် လက်ထိပ်သံ တချွှပ်ချွပ်နဲ့ ငိုရှိုက်သံ တသဲ့သဲ့တွေ ကြားေ၀၀ါးသွားတဲ့ မျက်ရည်ရွှမ်းသော အလွမ်းညတွေ၊ ညဉ့်မိုက်မိုက်နဲ့ အလွမ်းမြင့်မိုရ် အပြိုင် ထိတ်ငိုမိတဲ့ မြင်ကွင်းတွေလည်း များခဲ့ပြီ။
၊ ခါးသည်းလှတဲ့ ဆောင်းအိမ်မက် မုန်းမုန်းကြီးတွေ ၊
ပျောက်ဆုံးခဲ့တဲ့ အနာဂတ်တွေ၊
နောက်ဆုံး မဟုတ်တဲ့ အမိန့်တွေ၊
ကျဆုံးသွာတဲ့ သူရဲကောင်းတွေ၊
ကြိမ်မီးအုံးတဲ့ လက်သီးဆုပ်သံတွေနဲ့ နံရံကို ပစ်ပေါက်လိုက်တဲ့ ဓါးမြောင် တလက်လက် ဒါးမြီးတယမ်းယမ်း တို့ဟာ ပြည်သူတို့ အတွက် ဒီနေ့ကို ခင်းပေးခဲ့တဲ့ လမ်းခင်းကျောက်ဆိုင် ကျောက်စု ကျောက်မှုန် ကျောက်သွေး ပုံ။
ဒီလို အမုန်း၊ အနာ၊ အမျက်၊ အရှက်နဲ့ အသံတိတ်၊ အံကြိတ်သံတွေ လတ်ဆတ်စွာ ရင်ထဲမှာ ကိန်းအောင်းရင်းနဲ့ ပဲ ။ အိမ်ပြတင်း တံခါး ကြားတွေက ထိုးဖေါက်စိမ့်ဝင်လာတဲ့ အာရုံဦးနေခြည်လေးတွေ တဖျတလှ .............မျက်ရည်စ ၀ိုင်းဝိုင်း ကြည်နူးချင်စိတ် တပိုင်းနဲ့ လှမ်းမြင်နေရပါပြီ၊
ယုံကြည်နိုင်ဖွယ် မရှိခဲ့တဲ့ ကျောင်း တပိုင်း ဘ၀သင်ခန်းစာတွေကြောင့် အာရုံဦးနေခြည်နုနုကိုပဲ ကျနော်တို့ သံသယတွေနဲ့ ရှုနေကြရတယ်။ နေခြည်နုနုကနေ နေ၀င်အမှောင်ထုကို ရုတ်ခြည်းများ ကူးလွန့်သွားလေမလားပေါ့ ............
ပုပ်သိုးနံအောက် နေတဲ့ လေညစ်တွေ ထက် သန့်ရှင်း လတ်ဆတ်တဲ့ လေထု ငွေ့ငွေ့လေးကို ကျနော်တို့ စတင် ရှုရှိုက်ခွင့် ရလာပါပြိ။ မည်းမှောင်သိပ်သည်းနေတဲ့ အမှောင်ထုကနေ ရောင်ခြည်ဦးတို့ဖြာဝင့်လာတဲ့ အလင်းစူးလေးတွေ ကနဦး ထိတွေ့ခွင့် ရလာပါပြီ။
ဆွံ့နေတဲ့ နှုတ်တွေ အတွက် ထက်မြက်တဲ့ စကားလုံးတွေ ရွေးသီဖို့ စဉ်းစားရကောင်းမှန်း သိလာပါပြီ
တုန့်နေတဲ့ ခြေလှမ်းတွေ အတွက် လှမ်းတက်နိုင်မယ့် ခွန်အားတွေ မွေးမြူနိုင်ဖို့ စိတ်ဓါတ်တွေ ထက်သန်လာပါပြီ။
ကွဲကွာနေတဲ့ ရင်ဝယ်သားတွေ ပြန်ဆုံနိုင်ဖို့ ပေါင်းကူး တံတားတွေ ပဏ္ဍက်တွေ ချလာပါပြီ။
ပြာလဲ့ဖို့ တာဆူလာတဲ့ ကောင်းကင်ထက်ဆီက ပုဇွန်ဆီရောင် ငွေမှင်အနားကွပ်နဲ့ တိမ်စုစုလေးတွေအောက် အပြာရောင် လေဟာပြင် ကောင်းကင်ကြီးက ပြာလဲ့လဲ့ အလင်းလေးတွေနဲ့ ငြိမ်းချမ်းတေး သဲ့သဲ့လေးတွေက စီရရီ ဆင့်ရရင့် တင့်လာတော့မည်။
ကျနော်တို့ မျက်ဝန်းထောင့်မှာ ကြည်နူးလွန်းတဲ့ မျက်ရည်ငွေ့တွေ တဝေ့ဝေ့နဲ့ တ၀ဲဝဲ။
ယိုစီးကျမတတ် သျှံဝိုက်လာတဲ့ ဒီမျက်ရည် စက်လေးတွေကလေ ။ နှစ်ပေါင်းများစွာ၊ ရက်ပေါင်းများစွာ၊ ညပေါင်းများစွာ မက်ခဲ့ဖူးတဲ့ အိမ်မက်လေးတွေ ကို ထင်းထင်း မြင်ခွင့် တစိတ်တပိုင်းကြောင့် ပျော်လွန်းလို့ ယိုစိမ့်ထွက်လာတဲ့ နှလုံးသားရဲ့ အပျော်မြစ်ငယ်ပါ။
အင်း .............င်း ............င်း.................င်း.......................င်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ဒါပေမယ့် လည်းလေ ........ဒဏ္ဍာရီထဲက မသေသော ဘီလူး တချို့က အစွယ်လေးတွေ တလှစ်လှစ်နဲ့ လူ့ရွာကို မျက်စောင်းတွေ တခဲခဲ လုပ်နေတဲ့ သတင်းကလည်း ဟိုက သည်က ၊ လူစိမ်းတို့ မျက်လုံးတွေ အရောင်တောက်နေကြသေးတယ်။
လူစိမ်းတို့ ဆိုင်ကယ်သံတွေ အိမ်ရှေ့မှာ တ၀ဲဝဲလည်နဲ့ ဖြစ်နေချိန် အခု ည အမှောင် မိုးစက်တွေ တဖြောက်ဖြောက်နဲ့ လမ်းပေါ်က တဘုတ်ဘုတ်တို့ ရောနေချိန်လေးမှာ ကျနော် ကျနော့်  အဖေရဲ့ ဒိုင်ယာရီ စာအုပ်လေး ကို ယူဖတ်လိုက်မိတယ်။
ကျနော် မျက်ရည်တွေ ဝေ့ချင်လာတယ်။ ဖခင်တယောက်ရဲ့ အဲဒီအချိန်က ခံစားချက်ကို သိပ် ဂရုဏာသက်မိတယ်။ သူ ဒီကဗျာကို ရေးနေချိန် က ကျနော် ဟာ သံတိုင်တွေကန့်ထားတဲ့ လူ့ငရဲ ခန်း ငယ် တခုမှာ တယောက်ထဲ လေ။
နေမျိုးဇင် ရဲ့ အဖေ ဖခင် ဦးငွေဇင်က သူ့ ဒိုင်ယာရီစာအုပ်ငယ်လေးထဲမှာ အခုလို ရေးထားတယ်။
သူ့စာလေးကို ကျနော် စဖတ်လိုက်ချိန်မှာ အိမ်ရှေ့မှာ ဆိုင်ကယ် ရပ်သံလိုလို ကြားလိုက်ရတယ်။ ကျနော် ရင်မခုန်တော့ပါ။
အဖေ့  ကဗျာလေးတွေကို ကျနော်ဆက်ဖတ်လိုက်တယ်။ လူစိမ်းတွေ အိမ်ရှေ့မှာ ရောက်နေ နေပေါ့။
အဖေများ ရင်ခုန်နေပြီလား မသိ။
ကဗျာ့ခေါင်းစဉ်က သားဗိုလ်ကြီးဟောင်း နေမျိုးဇင် သို့ အမှတ်တရ ..................တဲ့။
မိဘ ဧ။် သောက

ချစ်သောဖေဖေ ဦးငွေဇင် ဧ။် သားအတွက် ရတက်မအေးစဉ်က ကဗျာငယ်
၁။ ကြားလျှင် ကြားခြင်း
ဤသတင်းက.....
ရင်တွင်း မချိ
ခံစားမိ၍
ငါဧ။် နှုး
အပူ ဆုံးမို့
မီး အုံး လောင်စာ မြိုက်သည့်နှယ်။
၂။ မြကွန်း ခေါ်ကြ
ဥက္ကဌ နှင့်
ဌါန အက်(စ်)ဘီ
ဆွေလင်း မည်သည့်
အနှီ နှစ်ဖေါ်
လာ၍ခေါ်တော့
ရွှေလှော်မျက်ရှု
သားရွှေဥလည်း
ယခု ချက်ခြင်း
သူ မငြင်းဘဲ
စင်းစင်း ထ၍ လိုက်ရပြီ။
၃ နှစ် ၊ လေး ၊ ဆယ့်တစ်
ညနေ ဖြစ်ဧ။်။
သားချစ်မျက်နှာ
ငါ ပြန်လာတော့
အိမ်မှာ မမြင်
အိမ်ကို ကြဉ်၍
သူလျှင် ဆက်ဆက်
ခရီးထွက်သည်
ဘယ်တွက် ပြန်မလာပါလိမ့်နော်။
၎။ သူမောင်း၍သွား
သူ့ ဂျစ်ကားက
ဖေ့ သား မပါ
အိမ်ပြန်လာတော့ .....
စိတ်မှာ မရွှင်
မကြည်လင်ဘဲ
ပူပင် သောက
ငါ ရောက်ရသည်
သား က ဘယ်ဆီ ရောက်နေသနည်း.....။
၅။ ခေါ်သည့် နေ့က
ဘာကိစ္စ ဟု
ပြောပြ ဖို့ ငြင်း
ဦးဆွေလင်း က
မေးခြင်း စုစု
ခွင့် မပြုတော့
ဘာမှု နဲ့ဖမ်း
ဘယ် စခန်းမှာ
စံမြန်းနေလဲ
မသဲကွဲ ၍
ရင်ထဲ မအေး
သောက မွေးသည်
သားလေး အတွက် ပူပါ ဘိ။
၆။ ပူလောင် ခံစား
စိတ်ထွေပြားတော့
ငါ ကား မရွှင်
မွေးမိခင်လည်း
ဘ၀င် နွမ်းလျ
ပင်ပန်း လှ၍
မှောင်ည များစွာ
အိပ်ပျက်လာပြီး
အစာ မစား
ပိန်ချုံးသွားပြီ
ချစ်သား အတွက် ခံစား ချက်.......။
၇။ သား ပြန် မရောက်
စိတ်တွေ နောက်တော့
ပြေပျောက် လိုငြား
ယတြာများဖြင့်
ထွန်း ထား ဆီမီး
ထိန်ထိန် ညီး တည့်
ပုတီး ကိုစိပ်
မီး ကို ပိတ်၍
တိတ်တိတ် ဆုတောင်း
အောင် စေကြောင်းဖြင့်
ရန်ပေါင်း ငြိမ်းစေ
ဆု ပန်ခြွေ သည်
ရန်တွေ ကျွတ်ကျွတ် လွတ်စေ သတည်း
ငွေဇင်
၈/၄/၂၀၁၁
၂-၄-၂၀၁၁ စနေနေ့က အဖမ်းခံရသော သား နေမျိုးဇင် သို့။
အဖမ်း ခံရပြီး၊ ရက်သတ္စ္တ တစ်ပတ် အကြာတွင် ဤ ကဗျာကို ရေးပါသည်။
သား အလွမ်းပြေ ကဗျာ ဟုဘဲ ဆိုပါစို့။
.................................................................................................
အဖေက သူ့ ဒိုင်ယာရီလေးမှာ ဒီကဗျာလေးကို ရေးထားသည်။ စာသား အချို့နေရာလေးတွေမှာ မှင်လေးတွေ ၀ါးနေ ကွက်နေသည်။ အဖေ့ မျက်ရည်စက်များ လော။ အမေ့ မျက်ရည် စက်များ ကျဆင်းထားသည်လော မသိ။ သေချာတာကတော့ ကျနော် ထောင်က ထွက်လာချိန် အဖေရော အမေပါ အတော် အိုစာ ပိန်ကျနေသည်ကို သတိပြုမိလိုက်ခြင်းပင်။
ကျနော် အဖေ့ ကဗျာလေးကို ဖတ်ရင်း စာရိုက်ရင်း မျက်ရည်တို့ ဝေ့၀ဲ လာမိပါသည်။
ယခု ဆယ်နှစ်သား ရှိလာပြီဖြစ်သည့် ကျနော့် သားလေး ကြီးပြင်းလာချိန်တွင် ကျနော် ကိုယ်တိုင် ဒီလို သား အလွမ်းပြေ ကဗျာမျိုး မရေးလိုတော့ပါ။ သား ငယ်လေးကိုလည်း ကျနော်တို့ ဖြတ်သန်းခဲ့ရသည့် ဆောင်းအိမ်မက် ကြမ်းကြမ်း၊ လမ်းဝင်္ကပါ နာနာ ၊ ဟာတာတာ အနာဂတ် တွေနဲ့ မကြီးပြင်းစေချင်တော့။ ပေးဆပ်လို့ ရသမျှ အားလုံး ပေးဆပ်ပြီး သားတို့ အပါအ၀င် နောက်မျိုးဆက်သစ်များ အတွက် အနာဂတ်လှလှလေးတွေ လမ်းခင်းပေးနိုင်အောင် ကြိုးစားသွားမှာပါ ..................................................................................
နေမျိုးဇင်
(ဇူလိုင်လ ၂၆ ရက်၊ ၂၀၁၂)
Thursday, July 26, 2012
လူ့အခွင့်အရေးကိုယ်စားလှယ် မြန်မာနိုင်ငံသွားမည် ...Voa News
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ
တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ဟာ ဇူလိုင်လ ၂၇ ရက်နေ့မှာ
စတင်မယ့် သူ့ရဲ့ မြန်မာပြည် ခရီးစဉ်အတွင်း လူ့အခွင့်အရေးအခြေအနေနဲ့
ပတ်သက်လို့ ရခိုင်ပြည်ကို သွားရောက် လေ့လာမှာဖြစ်တယ်လို့ ပြောပါတယ်။
အထူးသဖြင့် ရခိုင်ပြည်နယ်မှာ မကြာသေးခင်က အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့
စုံစမ်း စစ်ဆေးမှာဖြစ်သလို ဖမ်းဆီး ထိန်းသိမ်းခံနေရတဲ့ ဒေသခံ
ကုလသမဂ္ဂ၀န်ထမ်းတွေ လွတ်မြောက်ရေးကိုလည်း ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့
ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကို ဒေါ်လှလှသန်းက တင်ပြထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာကင်တားနားဟာ သူ့ရဲ့ ၆ ကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်ကို ခုသီတင်းပတ် စတင်မှာဖြစ်တယ်လို့ ဗွီအိုအေကို အတည်ပြု ပြောကြားပါတယ်။
“မြန်မာအစိုးရက ကျနော့်နောက်ထပ်ခရီးအတွက် သဘောတူခဲ့ပါတယ်။ ခရီးစဉ်ဟာ ဇူလိုင် ၂၇ ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်။ သြဂုတ်လ ၄ ရက်နေ့အထိ ကြာမြင့်မှာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာအစိုးရက ကျနော့်ကို ရခိုင်ပြည်နယ် သွားရောက်ခွင့်ပြုတဲ့အတွက် အဲဒီက လူ့အခွင့်အရေး အခြေအနေတွေကို ကိုယ်တိုင် လေ့လာစုံစမ်းခွင့် ရမှာဖြစ်ပါတယ်။”
မစ္စတာကင်တားနားဟာ သူ့ရဲ့ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်ကို ရောက်ရှိစဉ် ဇွန်လက ဖြစ်ပွားခဲ့ တဲ့ အကြမ်းဖက်မှုကြောင့် ရိုဟင်ဂျာဒုက္ခသည်များ အရေးကိစ္စအပြင် ရခိုင်ပြည်နယ်မှာ လူ့အခွင့် အရေးအခြေအနေတွေကို ဒေသခံတွေအပြင် အာဏာပိုင်တွေနဲ့ပါတွေ့ဆုံပြီး ကိုယ်တိုင် သွားရောက် စစ်ဆေးခွင့်ရမှာဖြစ်တယ်လို့ ပြောပါတယ်။
အထူးသဖြင့် ရခိုင်ပြည်နယ်မှာ အာဏာပိုင်တွေ ဖမ်းဆီးထိန်းသိမ်းပြီး ရုံးတင်စစ်ဆေးခြင်းခံနေရ တဲ့ ဒေသခံ ကုလသမဂ္ဂ၀န်ထမ်းနဲ့ MSF နယ်စည်းမခြား ဆရာဝန်များအဖွဲ့ဝင် စုစုပေါင်း ဆယ်ဦး တို့ လွတ်မြောက်ရေးနဲ့ ပတ်သက်လို့လည်း သူ အလေးပေး ဆောင်ရွက်သွားမယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။
“ကျနော် တွေ့လိုပါတယ်။ ဒါက ကျနော့်ရဲ့ခရီးစဉ်အတွက် အရေးကြီးတဲ့အချက်ပါ။ ဒီ ကုလ သမဂ္ဂ၀န်ထမ်းတွေအားလုံး လွတ်မြောက်ရေးအတွက် အစိုးရနဲ့ ဆွေးနွေး ညှိနှိုင်းသွားမှာဖြစ်ပါ တယ်။ ဒါပေမဲ့ ကျနော့်ဘက်က အရေးတကြီး လိုလားချက်ကတော့ ဒီ ကုလသမဂ္ဂ၀န်ထမ်းတွေ လွတ်မြောက်ဖို့ပါ။ ဒီလူတွေက ကုလ၀န်ထမ်းတွေ ဖြစ်တာမို့လို့ ကုလသမဂ္ဂကိုယ်စားလှယ်တဦး အနေနဲ့ ဒီလူတွေနဲ့ပတ်သက်ပြီးတော့ အထူးပဲ ခံစားမိပါတယ်။
“ရခိုင်ပြည်နယ်မှာ အဖမ်းခံထားရတဲ့ တခြား NGO ၀န်ထမ်းတွေအတွက်လည်း ထိုနည်း လည်းကောင်းပါ။ ဒီလူတွေနဲ့ပတ်သက်လို့ တရားစီရင်မှုဟာလည်း နိုင်ငံတကာ စံနှုန်းစံထားနဲ့ မညီတာကြောင့် ကျနော့်အနေနဲ့ကတော့ ဒီ တရားစီရင်မှုတွေကို လက်မခံနိုင်ပါဘူး။ ဒီ ထိန်းသိမ်းခံရသူတွေနဲ့ တွေ့ဆုံခွင့်ရဖို့လည်း တောင်းဆိုသွားမှာပါ။”
မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန်လက်ထက် သိသာတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ မြင်တွေ့ရတဲ့အတွက် သူ့အနေနဲ့ အားရ ကျေနပ်မိပေမဲ့လို့လည်း လူ့အခွင့်အရေးနဲ့ပတ်သက်လို့ အကဲစမ်းမှုတွေ အများကြီး ကျန်ရှိနေသေးတယ်လို့ မစ္စတာကင်တားနားက ပြောပါတယ်။
အထူးသဖြင့် ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ ဆက်လက် ဖမ်းဆီးခံနေရတဲ့ အခြေအနေအပြင် စီးပွားရေး လမ်းပွင့် လာမှုနဲ့အတူ တရားဥပဒေစိုးမိုးရေးနဲ့ အလုပ်သမားအခွင့်အရေးတို့လည်း ပါဝင်တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။
တိုင်းရင်းသား ရပိုင်ခွင့်များနဲ့ပတ်သက်လို့ ဗုဒ္ဓဟူးနေ့က NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်မှာ ဆွေးနွေးခဲ့တဲ့အချက်ဟာလည်း သူ့အတွက် အရေးကြီးတဲ့အချက်ဖြစ်တယ်လို့ မစ္စတာကင်တားနားက ပြောပါတယ်။
“နိုင်ငံမှာအရေးကြီးတဲ့ နိုင်ငံရေးခေါင်းဆောင်တဦးက ခုလိုမျိုး မြန်မာနိုင်ငံမှာ သမိုင်းကြောင်း အရ ပြဿနာဖြစ်နေတဲ့ကိစ္စကို လွှတ်တော်မှာ ဆွေးနွေးတင်ပြတာ သတင်းကောင်းပါ။ တိုင်းရင်းသားလူနည်းစုတွေကို ဘယ်လို စုစည်းပြီးတော့ တည်ငြိမ်အေးချမ်းတဲ့၊ လူ့အခွင့်အရေး ကို လေးစားလိုက်နာတဲ့ နိုင်ငံဖြစ်အောင် လုပ်ဆောင်ဖို့ပါ။ ဒါဟာလည်း ကျနော် စိုးရိမ်မကင်းဖြစ် တဲ့ တစိတ်တပိုင်းပါ။
“သမိုင်းကြောင်းအရ ကချင်၊ ကရင်၊ ရှမ်း၊ ချင်း၊ ရခိုင် အစရှိတဲ့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ ရရှိရေးအတွက် လွှတ်တော်မှာ သူတို့ဆိုင်ရာကိုယ်စားလှယ်တွေ ရှိနေကြပေမဲ့ သူတို့ ဘယ်လို လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့် ရကြမလည်းဆိုတာ ကျနော် ပူပန်ပါတယ်။ တိုင်းရင်းသားအခွင့်အရေးတွေကို လေးစားမယ့် ဥပဒေသစ် ပြဌာန်းရေး စသည်ဖြင့် အရေးကြီး လှပါတယ်။”
မစ္စတာကင်တားနားဟာ ခုတခေါက် ကချင်ပြည်နယ်ကို သွားရောက်လေ့လာဖို့ မြန်မာအစိုးရထံ ခွင့်ပန်ခဲ့ပေမဲ့လို့လည်း ရက်အခက်အခဲကြောင့် ခွင့်ပြုချက်မရခဲ့ပါဘူး။
သူ မြန်မာနိုင်ငံကို ရောက်ရှိစဉ် နေပြည်တော်မှာ အစိုးရထိပ်တန်းအရာရှိတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေအပြင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၊ ဒေသခံ NGO တွေနဲ့လည်း တွေ့ဆုံမယ်လို့ သိရပါတယ်။ သူပြန်မယ့် ဇူလိုင်လ ၄ ရက်နေ့မှာတော့ ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပမှာ ဖြစ်ပါတယ်။
သူ့ရဲ့ တွေ့ရှိချက်များကိုတော့ အောက်တိုဘာလကျ ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှာ အစီရင်ခံစာတင်သွင်းမယ်လို့လည်း သိရပါတယ်။

မိတ္ထီလာခရိုင်အတွင်း အတင်းအဓမ္မလယ်ယာမြေ အသိမ်းခံထားရသောတောင်သူများယနေ့ ထွန်တုံးတိုက်ပွဲ ဆက်လက်ဆင်နွှဲနေခြင်း
ပြည်သူ့အကျိုးဆောင်ကွန်ရက်
သတင်းထုတ်ပြန်ကြေငြာချက်
၁၃၇၄ ခုနှစ် ၊ ဒုတိယ၀ါဆိုလဆန်း (၇) ရက်နေ့
၂၀၁၂ ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်
(၂၅.၇.၂၀၁၂)
မြန်မာပြည်အလယ်ပိုင်းဒေသ မိတ္ထီလာခရိုင်မှာ လယ်ယာမြေဆုံးရှုံးမှုတွေနဲ့ပါတ်သက်ပြီး အငြင်းပွားမှုတွေ ၊ ပြဿနာဖြေရှင်းမှုတွေဖြစ်နေတယ်။ ဖြစ်နေတာတွေက သိရသလောက်ဆိုရင် လယ်သမားတွေဟာ သူတို့ရဲ့ ဘိုးဘွားပိုင်မြေ ၊ ဓါးမဦးချပိုင်မြေ ၊ မူလလက်ငုတ်လက်ရင်းပိုင်မြေ ဆိုတာတွေနဲ့ သူတို့လယ်ယာမြေတွေကို သူတို့ရပိုင်ခွင့်အတွက် သက်ဆိုင်ရာသို့ ၇-လပိုင်းမှာ စာတင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီတိုင်ကြားမှုတွေကို သက်ဆိုင် ရာက အကြောင်းပြန်မှု ဖြေရှင်းပေးမှုမရှိတဲ့အတွက် မိတ္ထီလာ ၊ သာစည် ၊ ၀မ်းတွင်း ၊ မလှိုင် လေးမြို့နယ်စလုံး ပူးပေါင်းပြီးတော့ လယ်သမားများသည် သူတို့ရဲ့လယ်ယာမြေများကို တရားမျှတစွာနဲ့ ပြန်လည်ရရှိရေးအတွက်
၁၁.၇.၂၀၁၂. ရက်နေ့မှာ စပြီးတော့ ထွန်တုံးတိုက်ပွဲ စတင်ခဲ့ပါတယ်။
လယ်သမားတွေဟာ သူတို့ရဲ့လယ်ယာမြေပြန်လည်ရရှိရေးအတွက် ကူညီဖြေရှင်းပေးဖို့ လယ်သမား ၅၀-ကျော် က လက်မှတ်ရေးထိုးပြီး ကျွန်ုပ်တို့ မိတ္ထီလာပြည်သူ့အကျိုးဆောင်ကွန်ယက်ကို မေတ္တာရပ်ခံပြီး အကူ အညီတောင်း ခဲ့ပါတယ်။ မိမိတို့အနေနဲ့ ဒီလယ်ယာမြေပြဿနာ ဟာ ရေရှည်သဘောဆောင်ပြီး ငြိမ်းချမ်းစွာဖြင့် တရားနည်းလမ်းကျကျ ဖြေရှင်းရမယ်ဆိုတဲ့ ပြဿနာဖြစ်တယ် ဆိုတာကို တွေ့ရှိရပါတယ်။
ထွန်တုံးတိုက်ပွဲကို ဆင်နွှဲနေတဲ့အချိန် - ၁၄.၇.၂၀၁၂. ရက်နေ့မှာ မိတ္ထီလာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိန်အုပ် အပါအ၀င် ခရိုင်အဆင့် မြေစာရင်း ၊ သစ်တော ၊ ဆည်မြောင်း စတဲ့ အရာရှိအစုံအလင်နဲ့ မိတ္ထီလာ ပြည်သူ့အကျိုးဆောင်ကွန်ရက်အဖွဲ့ဝင်တွေကို ခေါ်ယူဆွေးနွေးပါတယ်။ ၎င်းဆွေးနွေးမှုရဲ့အဖြေက ၄၅-ရက်အတွင်းကိုတော့ ဒီလိုမျိုး အင်နဲ့အားနဲ့ ထွန်တုံးတိုက်ပွဲ မလုပ်ပါနဲ့။ ပြေလည်ရာပြေလည်ကြောင်း အဖြေရှာဖို့ စေ့စပ်ဆွေးနွေးနေတဲ့ကာလမှာ ပြဿနာ မတက်ရအောင် ၂ဖက်လုံးကညှိနှိုင်းပြီးသွားဖို့ပြောခဲ့ပါတယ်။ လယ်သမားတွေဖက်က လူကြီးတွေရဲ့ကတိစကား ကို လေးစားသောအားဖြင့် သူတို့ရဲ့လှုပ်ရှားမှုကို ရပ်တန့်လိုက်ပါတယ်။ ဒါပေမယ့် တဖက်က သိမ်းပိုက်ထား တယ်ဆိုတဲ့ ကုမ္ပဏီ ၊ ဆောက်လုပ်ရေးဝန်ကြီးဋ္ဌာနနဲ့ လူတဦးတယာက်ချင်းစီတို့က လက်ဦးမှုရယူတာတွေ လုပ်ပါတယ်။ ၁၈.၇.၂၀၁၂. ရက်နေ့က တောင်သူ ၁၉-ဦးကို ပုဒ်မ ၄၂၇ ၊ ၄၄၇ ဖြင့် တရားစွဲခြင်း ၊ ၂၁.၇.၂၀၁၂. ရက်နေ့မှာ ကံကောင်းရွာမှ ထွန်တုံးတိုက်ပွဲမှာပါဝင်တဲ့ တောင်သူတွေကို သက်ဆိုင်ရာရဲက ၅ဦးစီခေါ်ပြီး ချိန်းခြောက်မှုများပြုခြင်း ၊၂၄.၇.၂၀၁၂.ရက်နေ့မှာတော့ ဆောက်လုပ်ရေးက ပြန်မပေးဘဲ သိမ်းထားတဲ့ မြေ ၁၀ဧကကို ခြံစည်းရိုးသံဇကာ ကာရံခြင်း ၊ ကောင်းကင်ကုမ္ပဏီက သူတို့သိမ်းထားတဲ့အကွက်ကို ထွန်စက်နဲ့ တက်ထွန်တာတွေကို ပြုလုပ်ခဲ့ကြပါတယ်။
လူကြီးလူကောင်းဆန်ဆန်ထားရှိခဲ့တဲ့ ကတိစကားအရ ၄၅-ရက်အတွင်းမှာ တဖက်နဲ့တဖက် ပြဿနာဖြစ် စေမယ့် ထိပ်တိုက်ရင်ဆိုင်မှုတွေ မလုပ်ဘဲနဲ့ ပြေလည်ရေးကိုဘဲဆွေးနွေးမယ်ဆိုတဲ့ စကားကို လယ်သ္မားတွေ ဘက်က တာဝန်ယူခဲ့ပေမယ့် တဖက်က သိမ်းပိုက်ထားတဲ့သူတွေကတော့ အတင့်ရဲစွာနဲ့ချိုးဖောက်ပြီး လုပ်လာ ပါတယ်။ ဒါတွေကို သက်ဆိုင်ရာ တာဝန်ရှိသူများက ၀င်ရောက်ပြီး ဟန့်တားပေးခြင်း ၊ ခင်ဗျားတို့ မလုပ်နဲ့ဦးလို့ ဆွေးနွေးပေးခြင်း မရှိခဲ့ပါ။ လယ်သ္မားတွေဖက်က ဒီ၄၅-ရက်ကြားကာလမှာ သူတို့ ပိုင်ဆိုင်သင့်ပါတယ်ဆိုတဲ့ အထောက်အထားစာရွက်စာတမ်းများဖြင့် သက်ဆိုင်ရာကို စာတင်ဖို့လုပ်ရာမှာ ၂၀.၇.၂၀၁၂. ရက်နေ့မှာ ဗိုလ်ချုပ်ပြည့်စုံသိမ်းထားတဲ့ မလှိုင်ကလယ်သမားတွေက စာတင်ခဲ့ပါတယ်။ တောင်သူတွေဖက်က ဒီလိုမျိုးလုပ်နေတဲ့အချိန်မှာ သိမ်းပိုက်ထားသူတွေဖက်က မတရားလုပ်လာတာကိုတော့ တာဝန်ရှိသူတွေက ထိန်းသိမ်းပေးဖို့လိုပါတယ်။
လယ်ယာမြေပြဿနာဆိုတာ နှစ်ရှည်လများဖြစ်ခဲ့တဲပြဿနာ။ ကြီးလေးတယ် ၊ နက်ရှိုင်းတယ် ၊ သိမ်းပိုက်ခံရမှု ပုံသဏ္ဍန် အမျိုးမျိုးရှိတယ် ၊ ဆုံးရှုံးနစ်နာမှု အမျိုးမျိုးရှိနေပါတယ်။ ဒါတွေကို ဖြေရှင်းဖို့ဆိုရင် စိတ်ရှည်ဖို့ ၊ သီးခံဖို့ တရားနည်းလမ်းကျကျဖြေရှင်းဖို့ လိုပါတယ်။ ဥပမာအားဖြင့် - မြေလွတ် မြေလပ် နဲ့ မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ ဆိုတာ ပေါ်ထွက်လာပါပြီ။ ၎င်းဥပဒေ၏ အခန်း(၈) ပုဒ်မ ၂၅ ပိုဒ်ခွဲ က.ခ.ဂ ဆိုပြီးရှိရာမှာ
အပိုဒ်(ခ)အရဆိုလျှင်
မြေလွတ် မြေလပ် နှင့် မြေရိုင်းများလုပ်ပိုင်ခွင့် ၊ အသုံးပြုခွင့်ပေးထားသော မြေဧရိယာပေါ်တွင် ယခင်ကတည်း က လက်ရှိစိုက်ပျိုးလုပ်ကိုင်နေသော ဒေသခံတောင်သူလယ်သ္မားများ၏ စိုက်ပျိုးမြေများပါဝင်နေပါက တရားဝင် လုပ်ကိုင်ခွင့် ရရှိထားခြင်းမရှိသည့်တိုင် နစ်နာမှုမရှိစေရန် ယင်းတို့၏ဆန္ဒအပေါ် ညှိနှိုင်းဆောင်ရွက်ပေးရမည်။
စသည့် ညှိနှိုင်းရေးဆိုင်ရာ အချက်များပြဌာန်းထားသော်လည်း ညှိနှိုင်းရေးအတွက် စောင့်ဆိုင်းနေတဲ့ကာလမှာ သိမ်းပိုက်သူများက တဖက်သတ်လုပ်လာတဲ့အတွက် လယ်သ္မားများသည် မခံမရပ်နိုင်ဖြစ်လာပြီး ၊ မိုးကလည်း ကျလာပြီဖြစ်တဲ့အတွက် သူတို့လယ်ကွက်များကို ပြန်လည်ထွန်ယက်မှု ဒီကနေ့မှာဘဲ စတင်ခဲ့ကြ ပါတယ်။ ကောင်းကင်ကုမ္ပဏီကသိမ်းထားသော ၀မ်းတွင်းမြို့နယ် အိုးပြွန်ကန်ကျေးရွာမှ တောင်သူဦးကျော်ဝင်းရဲ့ အကွက်မှာ ကုမ္ပဏီက မနေ့ကတည်းက ထွန်စက်နဲ့ထွန်နေတာဖြစ်ပြီး ဒီမနက်မှာလည်းထွန်စက်နဲ့ထွန်နေတာ ကို ဦးကျော်ဝင်းနဲ့ ဦးသိန်းအောင်တို့သည် ထွန်စက်ရှေ့မှာ လှဲအိပ်ပြီးအသေခံတိုက်မယ်ဆိုတာထိဖြစ်ခဲ့ပါတယ်။
ဒီဖြစ်ရပ်မှာ ကုမ္ပဏီဘက်က တာဝန်ရှိသူ ကိုဋ္ဌေးလွင်ဆိုသူက ထွန်စက်ကို ဆက်မောင်းဖို့ပြောခဲ့ပေမဲ့ ထွန်စက်မောင်းသူက မမောင်းရဲလို့ ထွန်စက်ကိုရပ်လိုက်ပါတယ်။
ဒီလို လယ်သ္မားတွေ ထွန်နေတာဟာလည်း အုံကြွဆူပူနေတာ မဟုတ်ပါဘူး။ သူတို့အခွင့်အရေးအတွက် လုပ်တတ်သလို ဆောင်ရွက်နေတာဖြစ်ပါတယ်။တရားနည်းလမ်းတကျ ပြေလည်ရေးလမ်း ကြောင်းဖြစ်ဖို့ဆိုရင် နှစ်ဖက်ညှိနှိုင်းရေးဆောင်ရွက်ကာလဖြစ်တဲ့ ၄၅-ရက်အတွင်းမှာ အပြန်အလှန် သဘော တူညီချက်များဖြစ်တဲ့အတိုင်း ညှိနှိုင်းရေး ၊ စာရင်းဇယားတွေပြုစုရေး ၊ လေ့လာရေးတွေနဲ့ ညှိနှိုင်းမှသာ အဆင် ပြေမှာဖြစ်ပါတယ်။ အဲဒီလိုမလုပ်ဘဲ သိမ်းပိုက်ထားတဲ့ပုဂ္ဂိုလ်များရဲ့အတင်းအဓမ္မလှုပ်ရှားဆောင်ရွက်မှုတွေလုပ်လာမယ်ဆိုရင် ဖြစ်ပေါ်လာမယ့် ပြဿနာအရပ်ရပ်သည် ဆုံးရှုံးနစ်နာသူ တောင်သူလယ်သ္မားတွေအပေါ်မှာ တာဝန်ရှိတာမဟုတ်ဘဲ ညှိနှိုင်းဆောင်ရွက်ဖို့အတွက် ကတိစကားတွေပေးထားတဲ့ တာဝန်ရှိသူတွေနဲ့ သိမ်းပိုက်ထားတယ် ဆိုတဲ့ ပုဂ္ဂိုလ်များရဲ့ အတင်းအဓမ္မ ဆောင်ရွက်မှုကြောင့်သာဖြစ်ပေါ်လာတဲ့ အကျိုးဆက်များဖြစ်တယ်လို့ ကျွန်ုပ်တို့ ကွန်ရက်က သဘောထားပါတယ်။ တောင်သူလယ်သ္မားတွေရဲ့ဘ၀ လုံခြုံမှုမရှိဘဲ တိုင်းပြည်ဟာ မငြိမ်းချမ်းနိုင်တဲ့အတွက် စာနာထောက်ထားစွာဖြင့် ၀ိုင်းဝန်းကူညီကြဖို့ တိုက်တွန်းအပ်ပါသည်။
မိတ္ထီလာမြို့ပြည်သူ့အကျိုးဆောင်ကွန်ယက်
သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ
(၂၅.၇.၂၀၁၂)
ဆက်သွယ်ရန်လိပ်စာ
maythanmyint@gmail.com
NLD အမတ် ၂ ဦး လွှတ်တော်တွင် သတိပေးခံရ
လင်းသန့်| July 26, 2012
http://burma.irrawaddy.org/archives/16136
အစိုးရသစ် လက်ထက် ကျင်းပနေတဲ့ လွှတ်တော် မြင်ကွင်း (ဓာတ်ပုံ – ဧရာဝတီ)
ယမန်နေ့က ကျင်းပသည့် ပြည်သူ့ လွှတ်တော်တွင် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အမတ် ၂ ဦး၏ ဆွေးနွေးချက်များကို ထောက်ပြ၍ လွှတ်တော်တွင်း သက်ဆိုင်ရာကိုသာ ဆွေးနွေးကြရန် ၂ ကြိမ် တိုင်တိုင် သတိပေးခဲ့သည်။
NLD ပြည်သူ့လွှတ်တော် အမတ် ဦးအုန်းကြိုင်နှင့် ဦးမင်းသူတို့က ကွတ်ခိုင် မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်၏ “တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပြဌာန်းရေး” အဆိုကို ထောက်ခံ ဆွေးနွေးရာ မဆိုင်သည့် အချက်များ မဆွေးနွေးရန် ပြည်သူ့လွှတ်တော် အမတ်က သတိပေးခြင်း ဖြစ်သည်။
ယင်းအဆိုကို ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအုန်းကြိုင်၊ ဦးမင်းသူတို့ အပါအဝင် လွှတ်တော် အမတ် ၅ ဦးတို့ ထောက်ခံ ဆွေးနွေးခဲ့ကြသည်။
ဦးအုန်းကြိုင်က မြန်မာလူမျိုး စရိုက်သည် ခေါင်းဆောင်ကို အားကိုးကြောင်း၊ ထို့ကြောင့် လွတ်လပ်ရေး တိုက်ပွဲကာလ ဗိုလ်ချုပ်အောင်ဆန်းကို အမျိုးသား ခေါင်းဆောင် အဖြစ်ရခဲ့ကြောင်း၊ သို့သော် ကံဆိုးစွာနှင့် ဗိုလ်ချုပ် အောင်ဆန်း သည် အသက်ဆုံးရှုံးခဲ့ရ၍ နှစ်ပေါင်း ၄၀ ကျော် ခေါင်းဆောင် လိုအပ်ချက်၊ ဟာကွက်ကြီး ဖြစ်ပေါ် နေခဲ့ရာမှ ယခုအခါ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားခေါင်းဆောင်ကြီး၏ ကိုယ်စား၊ ကိုယ်ပွား အဖြစ် ကံကောင်းစွာ ရသည့်အတွက် တိုင်းပြည် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အသုံးချရန်ပင် စသဖြင့် ဆွေးနွေးခဲ့သည်ဟု ယနေ့ထုတ် အစိုးရ သတင်းစာ များတွင် ဖော်ပြထားသည်။
အဆိုပါ ပြောဆိုဆွေးနွေးမှုကို သူရ ဦးရွှေမန်းက လွှတ်တော် လုပ်ထုံးလုပ်နည်း၊ နည်း ဥပဒေများ တိကျစွာ လိုက်နာရန် ပြောဆိုပြီး ပုဂ္ဂိုလ် တဦးတယောက်နှင့် ပတ်သက်၍ လွှတ်တော် ဥပဒေများအရ ဆွေးနွေးခွင့် မရှိဟု ထောက်ပြ သတိပေးခဲ့သည်။
ဦးအုန်းကြိုင်၏ လွှတ်တော်တွင်း ဆွေးနွေးမှုများနှင့် ပတ်သက်၍ ရန်ကုန် နိုင်ငံရေး လောကတွင် ဝေဖန်သံ အမျိုးမျိုး ပေါ်ထွက်နေကြောင်း သိရသည်။
ဝါရင့်နိုင်ငံရေး သမားကြီးတဦးဖြစ်သူ ဦးချန်ထွန်းက လွှတ်တော်အတွင်း၌ ပါတီရေးရာ ကိစ္စများ ဟောပြော သကဲ့သို့ မဆွေးနွေး သင့်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်အဖြစ် နိုင်ငံနှင့် အဝန်း အသိအမှတ် ပြုထားပြီး ဖြစ်သောကြောင့် လွှတ်တော်တွင် ဆွေးနွေးရန် မလိုအပ်ကြောင်း ဧရာဝတီကို ပြောသည်။
“လွှတ်တော်ထဲမှာ ကျတော့ ဒီလိုမျိုးပြောရင်၊ အကုန်လုံးက ကိုယ့်ပါတီ ကောင်းကြောင်းတွေပဲ ပြောကြရင် လွှတ်တော်က လွှတ်တော်နဲ့ တူမှာ မဟုတ်တော့ဘူး၊ နိုင်ငံရေး စင်မြင့်နဲ့ တူသွားမှာပေါ့” ဟု သူက ဆိုသည်။
ရန်ကုန် နိုင်ငံရေး အသိုင်းအဝန်းကလည်း NLD အမတ် ဦးအုန်းကြိုင်သည် တရားဥပဒေ စိုးမိုးရေးကို အမြဲပြောဆို နေသည့် ပြောသည့် ပါတီကြီးတခုမှ ပြည်သူ့ လွှတ်တော်အမတ် တဦးဖြစ်သော်လည်း တရားဥပဒေ ဆိုင်ရာ လွှတ်တော် လုပ်ထုံးလုပ်နည်းကို မကျွမ်းကျင်သူ၊ ဆွေးနွေးသည့် ခေါင်းစဉ်အစား ပုဂ္ဂိုလ်ရေး အမွှန်းတင်ပြီး ပြောဆိုသူ၊ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ လိုတိုရှင်း ကောင်းမွန်သည့် ဆွေးနွေးချက်များကို မှေးမှိန်စေသူ စသဖြင့် ပြောဆို ဝေဖန်နေကြောင်း သိရသည်။
လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) ခေါင်းဆောင် တဦးဖြစ်သည့် ဦးအေးသာအောင်ကမူ ဦးအုန်းကြိုင်၏ ပါတီခေါင်းဆောင်ကိစ္စ ပုဂ္ဂိုလ်ရေး ဆွေးနွေးချက်ကို သီးခြား မှတ်ချက် မပေးလိုကြောင်း၊ သို့သော် ဒီမိုကရေစီ နည်းကျသည့် လွှတ်တော်သည် လွှတ်တော် ကိုယ်စားလှယ်များအတွက် လွတ်လပ်စွာ ဆွေးနွေးခွင့် ရှိသည့် နေရာ ဖြစ်သင့်ကြောင်း ထောက်ပြသည်။
“လွှတ်တော် ကိုယ်စားလှယ် တယောက်အနေနဲ့ သူ့ရဲ့ အမြင်၊ သူ့ရဲ့ သဘောထားကိုတော့ လွတ်လွတ်လပ်လပ် ပြော ခွင့်ရှိဖို့တော့ လိုတာပေါ့။ ကျနော်တို့ ကလည်း NLD ကြားဖြတ်ရွေးကောက်ပွဲ မ၀င်ခင်ကတည်းက တကယ်တမ်းကော လွှတ်တော်ထဲမှာ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရှိမလား၊ မရှိဘူးလားဆိုတာကိုလည်း စဉ်းစားခဲ့ပါတယ်” ဟု သူက ဆိုသည်။
သို့သော် နိုင်ငံရေး အကျဉ်းသားဟောင်းတဦး ဖြစ်ပြီး ယခုအခါ အလုပ်သမားများ အရေးအတွက် ဥပဒေ အကြံပေး လုပ်ဆောင် နေသည့် ရှေ့နေ ဦးဌေးက လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို လွှတ်တော်နှင့် သက်ဆိုင်သူ အားလုံး လေးစား လိုက်နာရန် လိုအပ်ကြောင်း၊ ၁၉၆၂ ခုနှစ် နောက်ပိုင်းကတည်းက ဒီမိုကရေစီ ဘောင်အတွင်း လွှတ်တော် မကျင်းပ နိုင်ခဲ့ကြောင်း၊ ၂၀၁၀ နောက်ပိုင်းမှ လွှတ်တော် ပြန်လည် ပေါ်ပေါက်လာသည့် အတွက် လွှတ်တော် အတွေ့အကြုံ နည်းပါးကာ ပြောဆို ဆွေးနွေးရာတွင် အားနည်းချက်များ ရှိနေသေးကြောင်း ဧရာဝတီကို ပြောသည်။
“ပုဂ္ဂိုလ်ရေး အနေအထားအပေါ်မှာ ပြောတာဆိုတာကတော့ သူ့စည်းကမ်း သတ်မှတ်ချက်နဲ့အညီ ထိမ်းထိမ်း သိမ်းသိမ်း ဆောင်ရွက်သင့်တယ်လို့ ယူဆပါတယ်။ လွှတ်တော် ကိုယ်စားလှယ် တယောက်က ကိုယ့်ပါတီ ခေါင်းဆောင်၊ ကိုယ်လေးစားတဲ့ ပုဂ္ဂိုလ်နဲ့ ပတ်သက်လို့ ပြောဆိုတယ်ဆိုရင် ကျန်တဲ့ ပါတီတွေနဲ့ ပုဂ္ဂိုလ်ရေး ဆိုင်ရာ အငြင်းပွားမှုမျိုး ဖြစ်လာနိုင်တယ်” ဟု သူက ဆိုသည်။
တိုင်းပြည်တွင် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖော်ဆောင်ပြီး အားလုံး လက်တွဲ လုပ်ဆောင်နေချိန်တွင် ပုဂ္ဂိုလ်ရေး ဆိုင်ရာ ပြောဆိုဆွေးနွေးမှုများကို အဘက်ဘက်က ထိမ်းသိမ်းသင့်ကြောင်းလည်း သူက ဆက်ပြောသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဦးအုန်းကြိုင်အပြင် တခြား NLD အမတ် ဦးမင်းသူ၏ ဆွေးနွေးချက်ကိုလည်း သတိပေး ခဲ့သေးသည်။ သို့ရာတွင် ဦးမင်းသူ၏ ဆွေးနွေးချက်မှာ သင့်လျော်သည့်အတွက် သူရဦးရွှေမန်း၏ သတိပေးမှုကို ရန်ကုန် နိုင်ငံရေး အသိုင်းအဝန်းက ဝေဖန်ကြသည်။
ဦးမင်းသူက လွှတ်တော်ထဲရှိ တိုင်းရင်းသား ကိုယ်စားလှယ်များသည် နည်းဥပဒေ အချက်အလက် ဆွေးနွေးရာတွင် ပွင့်လင်း သင့်သလောက် မပွင့်လင်းဟု ပြောဆို ဆွေးနွေးခဲ့ရာ သူရ ဦးရွှေမန်းက လွှတ်တော်တွင်း မည်သူမဆို လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးခွင့် ရှိကြောင်း၊ လွှတ်တော်တွင်း ဆွေးနွေးရာတွင် မဆိုင်သည့် အချက်အလက်များကို ထည့်သွင်း မဆွေးနွေးရန် သတိပေးခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အဆိုကို မဆွေးနွေးမီ ပြည်သူ့လွှတ်တော် နည်းဥပဒေ ၁၃၀၊ ပုဒ်မခွဲ (စ) ကို အားလုံး သတိပြု ဆွေးနွေးစေလိုကြောင်း၊ နည်းဥပဒေ (င) တွင် သာမန်အားဖြင့် ပုဂ္ဂိုလ်တဦး၏ အကျင့်စာရိတ္တ၊ အပြု အမူနှင့် စပ်လျဉ်း၍ ဖော်ပြချက်များ မပါရှိစေရ၊ ပုဒ်မခွဲ (စ) တွင် အဆိုတရပ်ကို ဆွေးနွေးရာ၌ ပြောဆိုချက်များသည် လွှတ်တော်တွင် ဆွေးနွေးဆဲ အဆိုများနှင့်သာ အတိအကျ သက်ဆိုင်စေရမည် ဆိုသည့် နည်းဥပဒေကို လွှတ်တော် ကိုယ်စားလှယ်များ သိရှိလိုက်နာရန် လိုအပ်ပါကြောင်း သို့ဖြစ်ပါ၍ ရှေ့ဆက် ဆွေးနွေးရာတွင် ဆွေးနွေးမည့် ကိစ္စအား လွှတ်တော် ဥပဒေ နည်းဥပဒေများအပေါ် တိကျစွာ လိုက်နာဆွေးနွေးကြရန် တိုက်တွန်း အသိပေးလိုကြောင်း သူရ ဦးရွှေမန်းက ပြောဆို သတိပေးသည်ကို ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
တရုတ်ကျောထောက်နောက်ခံရှိသည့် ၀ တပ်မတော်အကြောင်း..။
yan aungေ၇းသားတင်ပြပါတယ်..။
ယနေ့ခေတ် လူငယ်များဟာ ကိုယ့်မြန်မာနိုင်ငံထဲမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာ တပ်မတော်နဲ့ တိုက်ပွဲဖြစ်လေ့ရှိတဲ့ ကေအင်ယူ၊ ကေအိုင်အေ အက်စ်အက်စ်အေ နဲ့ အခြား လက်နကိုင်
တပ်ဖွဲ့အများစုကိုသာ သတိထားမိကြမှာပါ..။ မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးစုများပြားသလို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များလည်း များပြားပါတယ်။ အဲဒီအထဲမှာ ငြိမ်းချမ်းရေးအရ ညှိလို့ရတဲ့ တပ်ဖွဲ့တွေ ရှိသလို တိုက်ပွဲဖြစ်နေတဲ့ လက်နက်ကိုင်တွေလည်း အများကြီးပါ။
ဒါပေမယ့် အခြားတိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ လုံးဝမတူပဲ တရုတ်ကြီးအားကိုးနဲ့ ဘယ်လောက်ညှိညှိ လက်မခံတဲ့ အဖွဲ့ကတော့ ၀ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ပဲဖြစ်ပါတယ်..။
၁၉၈၈ အပြီးမှာ န၀တ/နအဖ အစိုးရရဲ့ စစ်ရေး မဟာဗျူဟာနဲ့ ငြိမ်းချမ်းရေးပေါ်လစီတွေအားနည်းချက်ကြောင့် အပစ်အခတ်ရပ်စဲတာကို ငြိမ်းချမ်းရေးရခဲ့တယ်ဆိုတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ တစ်ဖြည်းဖြည်းနဲ့ အင်အားကြီးထွားလာကြပါတယ်.။ အဲဒီတုန်းက ငြိမ်းချမ်းရေးကို ဖော်ဆောင်သူဖြစ်တဲ့ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ ပေါ်လစီဟာ တကယ်တော့ နားလည်မှုရှိစွာ နိုင်ငံရေး၊ တိုင်းရင်းသားရေး အရ ငြိမ်းချမ်းရေးယူထားတာမဟုတ်ဘဲ သေနတ်မပစ်ရင်ပြီးရောမူဝါဒချပြီး အခွင့်အရေးများစွာပေးကာ ပြည်တွင်းမှာ စီးပွားရေးကို လုပ်ချင်သလို လုပ်ခွင့်ပေးခဲ့တာဖြစ်ပါတယ်..။ အဲဒါကြောင့် ၀ တပ်မတော် (USA) အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများစုဟာ ခေတ်မီတောင့်တင်းတဲ့ လက်နက်ကိုင်များအဖြစ် အင်အားကြီးထွားလာကြပါတယ်.။
လက်ရှိအချိန်မှာ ကေအိုင်အေနဲ့ အခြားတိုင်းရင်းသားအဖွဲ့အစည်းတွေဟာ ဒီမိုကရေစီနည်းလမ်းကျစွာ ငြိမ်းချမ်းသောဖြေရှင်းမှု၊ ကို လက်ခံဆွေးနွေးခဲ့ကြပေမယ့် တရုတ်ရဲ့အထောက်အပံ့ကို ပေါ်တင် ရရှိခဲ့တဲ့ ၀ တပ်မတော်ကတော့ အားလုံးထဲမှာ အင်အားအကြီးမားဆုံးဖြစ်ပြီး တရုတ်ရဲ့ တရားဝင်ပံ့ပိုးမှုမှုကြောင့် ယခုထက်ထိ အစိုးရကို လုံးဝ ဂရုမစိုက်ခဲ့ပါဘူး။
ထူးခြားတာက ၀တပ်မတော် အဲဒီလို အင်အာကြီးမားလာတာ တရုတ်ကြောင့်ဖြစ်ပေမယ့် တရုတ်ဟာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာကို ၀င်ရောက်စွက်ဖက်တယ်ဆိုတဲ့စကားလုံးကို ယခင်/ယခုအစိုးရကကော တပ်မတော်ကပါ မသုံးစွဲဝံ့တာက အံ့သြစရာဖြစ်ပါတယ်။ ထို့အတူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းဆိုပြီ မြို့နယ် (၆) မြို့နယ် နဲ့ ဖွဲ့စည်းခွင့်ပေးလိုက်ရပါတယ်..။ အဆိုးဆုံးတစ်ချက်က ပြည်ထောင်စုအစိုးရရဲ့ ပေါ်လစီနဲ့ ညွှန်ကြားချက်မပါပဲ ၀ ပြည်နယ်အစိုးရနဲ့ တရုတ်နဲ့ တိုက်ရိုက် ဆက်ဆံခွင့် ပေးလိုက်ရတာဖြစ်ပါတယ်..။ အမေရိကန်မှာတောင် ဖက်ဒရယ်ပြည်နယ်အစိုးရအဆင့်က အခြားနိုင်ငံအစိုးရနဲ့ တိုက်ရိုက်ဆက်ဆံခွင့် မရှိပါဘူး။
ဝ ပြည်နယ် (၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း) နှင့် UWSA ၀ တပ်မတော် ဖြစ်ပေါ်လာပုံ..။

ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ဟာ ၁၉၇၀ နောက်ပိုင်း ရှမ်းပြည်အရှေ့ပိုင်းမှာ တရုတ်ရဲ့အထောက်အပံ့နဲ့ တပ်မတော်ကို ကြီးကျယ်စွာတိုက်ခိုက်ရင်ဆိုင်ခဲ့ပါတယ်.။ ၁၉၇၈ ကစပြီး တရုတ်က ထောက်ပံ့မှု ရပ်ဆိုင်းခဲ့တဲ့အတွက် ဗကပအင်အားချည့်နဲ့လာပါတယ်..။ နောက်ပိုင်းမှာ ဘိန်းစိုက်ဘိန်းရောင်းပြီး ရပ်တည်ခဲ့ပါတယ်။ ၁၉၈၉ မေလမှာ ရှမ်းအရှေ့ဒေသက ကိုးကန့်နဲ့ ၀တွေဟာ ဗကပကို တော်လှန်ခွဲထွက်ခဲ့တာ သီးခြားရပ်တည်ခဲ့ပါတယ်..။ ဘိန်းလုပ်ငန်းကို ကိုးကန့်နဲ့ ၀ နှစ်ဖွဲ့စလုံး အကြီးအကျယ်လုပ်ခဲ့ကြပါတယ်.။ အဲဒီနှစ်မှာပဲ အစိုးရနဲ့ ငြိမ်းချမ်းရေး ရခဲ့တဲ့အတွက် ပြည်တွင်းက စီးပွားရေးလုပ်ငန်းတွေကို နှစ်ရှည်လများ ကြီးမားစွာ ရင်းနှီးမြုပ်နှံမှု ရရှိခဲ့ကြသလို ကိုယ်ပိုင်အုပ်ချုပ်ခွင့်လည်း ပေးခဲ့ပါတယ်..။ အဲဒီလိုတွေ အခွင့်အရေးတွေပေးပြီး နိုင်ငံရေးနည်းနဲ့ မဖြေရှင်းပဲ အပစ်အခတ် ရပ်စဲခဲ့ခြင်းဟာ တစ်ချိန်မှာ ကြီးမားတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ အမေရိကန်အပါအ၀င် ကမ္ဘာ့နိုင်ငံအများစုက သုံးသပ်ခဲ့ကြပါတယ်..။
တကယ်လည်း ဒီအတိုင်းဖြစ်လာခဲ့ပါတယ်.. အခုအချိန်မှာ ၀ (UWSA) ဟာ စီးပွားရေးလုပ်ငန်းပေါင်းစုံ၊ နည်းလမ်းပေါင်းစုံက ရတဲ့ ၀င်ငွေများစွာနဲ့ အင်အားကြီးမားတောင့်တင်းတဲ့ တပ်မတော်တစ်ရပ် ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
အဲဒါကြောင် “ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၂၀၀၈ ” မှာ ဝ ဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အဖြစ် ထည့်သွင်း ပြဌာန်းခဲ့ပါတယ်..။
ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ် နဲ့ ပန်ဆန်း(ပန်းခမ်း) မြို့နယ်များကို ခရိုင်နှစ်ခရိုင်ဖွဲ့ပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း” အဖြစ် ဖော်ပြထားပါတယ်။ အဲဒီမြို့အားလုံးဟာ သံလွင်အရှေ့ဘက်ခြမ်း တ၇ရုတ်နယ်စပ်မှာ ရှိပါတယ်..။
အစိုးရက အခြေခံဥပဒေအတိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးခဲ့ပေမယ့် အခြေခံဥပဒေပါ ပြဌာန်းချက်နောက်တစ်ခုအရ အပစ်ရပ် အဖွဲ့များသည် ရွေးကောက်ပွဲ ပြီးသည့်အခါ လက်နက်ချရမည် ဆိုတဲ့ စကားကို တရုတ်အားကိုးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့၊ နယ်ခြားစောင့်တပ်ဖွဲ့စည်းဖို့ကို လုံးဝ ဂရုမစိုက်တဲ့ တစ်ခုတည်းသော အဖွဲ့ဖြစ်ပါတယ်..။ ကျန်တဲ့ အဖွဲ့များက ငြိမ်းချမ်းရေးကို ညှိနှိုင်းလို့ရပေမယ့်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်ပြီး ကြိုးစားခဲ့ကြပေမယ့် ၀ ဟာ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ပြည်နယ်တစ်ခုမဟုတ်သလိုပုံစံမျိုးနဲ့ရပ်တည်နေတာကို ထူးခြားစွာပဲ အစိုးရက ဘယ်လို့မှ မတုန့်ပြန်ခဲ့ပါဘူး.။
ခေါ်ဝေါ်ပုံ
ဝပြည် သွေးစည်းရေး တပ်မတော်
ဝပြည် သွေးစည်းရေး တပ်ဖွဲ့ဝင်များ
ရှမ်းပြည်တောင်ပိုင်း (UWSA)အဖွဲ့ခေါင်းဆောင် ဝေရှောက်ခန်း
ရှမ်းပြည်မြောက်ပိုင်း (UWSA) ခေါင်းဆောင် ပေါက်ယူချန်း
အမျိုးသား သွေးစည်း ညီညွတ်ရေး ပါတီ (MYANMAR NATIONAL SOLIDARITY PARTY - MNSP) မှ ယခုအခါ ဝပြည်နယ် သွေးစည်း ညီညွတ်ရေး ပါတီ/ တပ်မတော် (UWSP/ UWSA) အမည်သို့ ပြောင်းလဲထားပြီးပါတယ်။
ဝ တပ်မတော်၏ စစ်အင်အားနှင့် စီးပွားရေး

၂၀၁၀ ၀န်းကျင်က လေ့လာချက်အရ ၀ ပြည်သွေးစည်းရေးပါတီရဲ့ ၀ တပ်မတော် UWSA ဟာ တပ်မဟာ ၈ ခု၊ တပ်ရင်း ၄၄ ရင်း၊ (မြောက်ပိုင်း ၀ နယ်တွင် တပ်မဟာ ၃ ခုနှင့် တပ်ရင်း ၂၂ ရင်း၊ တောင်ပိုင်း ၀ နယ်တွင် တပ်မဟာ ၅ ခု နှင့် တပ်ရင်း ၂၂ ရင်း ) ရှိပါတယ်။ စစ်သည်တင်မော်တော်ယာဉ် အစီး ရာကျော်၊ သံချပ်ကာ ကားများ၊ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များ ပိုင်ဆိုင်ထားပါတယ်.။ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လုပ်ပြီးတဲ့ နောက်ပိုင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်း များစွာမှာ ဒေါ်လာ ဘီလီယံနှင့် ချီပြီး ရင်းနှီး မြုပ်နှံထားတဲ့ လက်နက်ကိုင် အဖွဲ့ ဖြစ်ပါတယ်။ ဘိန်းစိုက်ပျိုးမှုကို ရပ်ဆိုင်းခဲ့ကြောင်း ၂၀၀၉ မှာ တရားဝင်ကြေညာခဲ့ပါတယ်။ ၂၀၁၁ စက်တင်ဘာလမှာ ထွက်ပေါ်လာတဲ့ ၀ီကီလိ သတင်းဖွင့်ထုတ်ချက် အရ ဆိုရင် UWSA က ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုငွေ ဒေါ်လာ ၂ ဘီလီယံ ရှိပါတယ်။ တရုတ်လက်နက်ကုန်သည်များနဲ့ တခြားနိုင်ငံက သူပုန်များအကြားကို ပွဲစားလုပ်ပေးတဲ့အတွက် မျိုးမျိုးမြက်မြက် ရရှိခဲ့တယ်လို့ သိရပါတယ်.။
ဝမြို့တော် ပန်ဆိုင်းဆိုဟာ ကာစီနို လောင်းကစားရုံတွေ၊ ကမ္ဘာ့အဆင့်မီ ဆောက်လုပ် ထားတဲ့ ဟိုတယ်တွေနှင့် စည်ကားနေတဲ့ မြို့တော် ဖြစ်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ လက်အောက်မှ ခွဲထွက်တုန်းက လက်နက်ကိုင် အရေအတွက် ထောင်ဂဏန်းသာ ရှိခဲ့ပေမယ့် အခုချိန်မှာတော့ တပ်မဟာ (၈) ခု ရှိတဲ့ အင်အားကြီး တပ်မတော်တရပ် ဖြစ်နေပါပြီ။
ကျနော်တို့ သိခဲ့တဲ့ “၀” လူမျိုးဆိုတာ အသားနီစပ်စပ် တောင်ပေါ်သားတွေ အဖြစ်သာ သိခဲ့ပါတယ်။ အခုအချိန်မှာတော့ တရုတ်ကြီးရဲ့ ပံ့ပိုးမှုနဲ့ လက်နက်ငယ် ထုတ်လုပ်တဲ့စက်ရုံတွေ၊ မြေပြင်မှ ဝေဟင်ပစ် ဒုံးလက်နက်တွေ ပိုင်ဆိုင် ထားတဲ့ “၀” တပ်မတော် ဖြစ်နေပါပြီ။ သေချာတာကတော့ သူ့ကို မညှိနှိုင်း မကိုင်တွယ်နိုင်ရင် ဆိုးကျိုးတွေ များလာပါလိမ့်မယ်..။ ရှမ်းပြည် အရှေ့ခြမ်းတစ်ခုလုံး မီးလောင်သွားမယ့် မီးတုတ်ကို တရုတ်က လောင်စာပေးတာခြင်းပါ..။
ဝ UWSA နှင့် မြန်မာအစိုးရသစ်၏ ပေါ်လစီ
ဝ” ရဲ့ အချုပ်အခြာပိုင်မှုကို ကြည့်ရင် လက်ရှိ အခြေအနေမှာ အစိုးရရဲ့ ထိန်းချုပ်မှု အောက်က လုံးဝ လွတ်ကင်းနေတာကို တွေ့ရပါတယ်။ ဗဟို အစိုးရကို အဓိကစိန်ခေါ်မှုလုပ်တဲ့ ထင်ရှားတဲ့ ဖြစ်ရပ်ကတော့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လုံးဝ လက်မခံခြင်းနှင့် (၂၀၁၀) ရွေးကောက်ပွဲ ကို “၀” ဒေသမှာ လုံးဝ လုပ်ခွင့် မပေးခြင်းတို့ ဖြစ်ပါတယ်။ ခြုံကြည့်လိုက်ရင် “၀” ဒေသဟာ သီးခြားလွတ်လပ်တဲ့ နိုင်ငံတခုလို ဖြစ်နေပါတယ်။
အစိုးရဟာ ၀ (UWSA) ကို ဖိအားပေးနေခဲ့တဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို စွန့်လွတ်ခဲ့ကြောင်း တွေ့ရပါတယ်။ နောက်ပြီး တရုတ်အစိုးရနဲ့ ၀ပြည်နယ်အစိုးရတို့ တိုက်ရိုက် ဆက်ဆံဖို့ တောင်းဆိုတာကို ခွင့်ပြုပေးခဲ့ရပါတယ်..။ ဒါတွေကို ကြည့်ရင် ယခင်စစ်အစိုးရဟာ (UWSA) ကို သွယ်ဝိုက်သောနည်းဖြင့် မြန်မာနိုင်ငံထဲက သီးခြားနိုင်ငံတခုအဖြစ် အသိအမှတ် ပြုပေးလိုက်တာ ဖြစ်ပါတယ်။ မြန်မာ့တပ်မတော်ရဲ့ အင်အားဟာ UWSA လို လက်နက်ကိုင် တပ်တွေကို လက်ရှိအချိန်မှာ ချေမှုန်းနိုင်ပါတယ်။ ဒါပေမယ့် မြန်မာစစ်ခေါင်းဆောင်တွေဟာ “၀” ကို ကေအိုင်အေလို မတို့မထိရဲ ဖြစ်နေတာကို ကြည့်ရင် သူရဲ့ နောက်ကွယ်မှာ ဘယ်သူရှိနေလဲဆိုတာ ခန့်မှန်းနိုင် ပါတယ်။
၁၉၆၇ က တရုတ်သံရုံးကိုထိခိုက်ခဲ့တဲ့ တရုတ်မြန်မာ အရေးအခင်းအပြီးမှာ ရှမ်းပြည်အရှေ့ပိုင်းက ဗကပများကို တိုက်ထုတ်နေတဲ့ မြန်မာ့တပ်မတော်ဟာ တစ်ဖက်နိုင်ငံက၀င်လာတဲ့ ဗကပ အမည်ခံ တရုတ်တပ်မတော်ရဲ့ တိုက်ခိုက်မှုကို ပြင်းထန်စွာခုခံခဲ့ရတာကို မမေ့သင့်ပါ။ အဲဒီနောက်ပိုင်း ဆယ်နှစ်ကျော်လောက်အထိ တရုတ်ရဲ့အထောက်အပံ့နဲ့ တိုက်ခိုက်လာတဲ့ ဗကပအမည်ခံတွေကို မနည်းတွန်းလှန်ခဲ့ရတာကလည်း သာဓကပါ..။
မြန်မာနှင့် တရုတ်ကြားက ၀ ဒေသ နှင့် UWSA ၀ တပ်မတော်..
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံများကို ကြည့်မယ်ဆိုရင် တရုတ်နိုင်ငံရဲ့ အနေအထားဟာ စစ်အစိုးရ အပေါ်မှာ နိုင်ငံရေး၊ စီးပွားရေးအရ လိုက်လျောပြီး အမြတ်ထုတ်ဝါဒနှင့် ပေါင်းနေပေမဲ့ တဖက်မှာ “UWSA” ကို အင်အား တောင့်တင်းတဲ့ လက်နက်ကိုင် တပ်မတော် တရပ် ပေါ်ပေါက် လာအောင် ကူညီခဲ့တယ်။ ဒီနေရာမှာ ကျနော်တို့ အနေနဲ့ တူညီတဲ့ အမျိုးသားရေးနဲ့ အမှတ်အသားသရုပ် လက္ခဏာဟာ ပေါင်းစည်းမှု သဘောကို ဆောင်တယ်လို့ မှတ်ချက်ချနိုင်ပါတယ်။ “၀” တွေဟာ တရုတ် စကားပြောတဲ့လူမျိုး ဖြစ်နေပြီး၊ တရုတ်ထုံးတမ်း အစဉ်အလာကို နှစ်သက်မြတ်နိုးတဲ့ တိုင်းရင်းသား လူမျိုးစု ဖြစ်လေတော့ တရုတ်ရဲ့ သြဇာကို တည်ထောင်လို့ ကောင်းတဲ့ လူမျိုးစု အဖြစ် တည်ရှိနေပါတယ်။ “၀” လက်နက်ကိုင်တပ်ဟာ သဘောအရ ပြောရရင် နဂါးကြီးရဲ့ “ကုတ်တံ” ဖြစ်နေပါတယ်။
“၀” နယ်မြေဆိုတာ မြန်မာနှင့် တရုတ်ကြားမှာ ရှိတဲ့ ပြဿနာတွေ ပေါ်ပေါက်နိုင်တဲ့ အထိမခံတဲ့ နယ်မြေကော မဖြစ်နိုင်ပေဘူးလား။
“၀” ဒေသဟာ မြန်မာနိုင်ငံရဲ့ အက်ကြောင်းတခု မဖြစ်နိုင်ဘူးလား။
ကေအိုင်အေနှင့် အခြား တိုင်းရင်းသားလက်နက်ကိုင်များကို စုတ်ပြတ်စွာ ဝေဖန်နေကြသော အွန်လိုင်းသူရဲကောင်းများကကော ကိုယ့်နိုင်ငံ အချုပ်အခြာ အာဏာအတွက် အရေးကြီးသည့် ၀ တပ်မတော်အား တရုတ်ကြီးမှ ၀င်ရောက်စွက်ဖက် လက်နက်ထောက်ပံ့ထားခြင်း မဟာဗျူဟာအရ မွေးထားခြင်းတို့ကို စစ်ရေးအမြင်၊ နိုင်ငံရေးအမြင်ဖြင့် ဘာ့ကြောင့် ဝေဖန်ဆွေးနွေးခြင်း ဗဟုသုတပေးခြင်းကို မလုပ်ဝံ့ကြတာပါလဲ..။
အိမ်နီးချင်း ပြည်ပနိုင်ငံကြီး တခုက မြန်မာပြည်တွင်းရေးကို ကစားလိုတဲ့အချိန် ဘယ်အချိန်မဆို ကစားလို့ရတဲ့ အနေအထားမျိုးကို ရောက်နေပါပြီ။ ပြည်ပနိုင်ငံကြီး တခုက အစိတ်အပိုင်း အနည်းငယ်လောက် ၀င်ရောက် စွက်ဖက်လိုက်ရုံနှင့် လက်ရှိ မြန်မာနိုင်ငံရဲ့ အနေအထားဟာ အာရှရဲ့ ဘော့စနီးယားလို ဖြစ်လာနိုင်ကြောင်း။
ရန်အောင်..
မည်သူမဆို ရှဲနိုင်ပါတယ်..။
ကိုးကား
Photo http://mmmilitary.blogspot.com
ပဋိပက္ခကြားက မြန်မာနိုင်ငံ - အာရှရဲ့ ဘော့စနီးယား ဖြစ်နိုင်သလား (ဆောင်းပါးရှင် -လှရွှေ)

ဝပြည်သွေးစည်းညီညွတ်ရေးအလံ..။

ဝ တောင်ပိုင်း မြောက်ပိုင်း။

ငြိမ်းချမ်းရေး
နှစ် နှစ်ဆယ်ပြည့် အခမ်းအနားတွင် ၀ တပ်မတော် ဦးစီးချုပ် တပ်စစ်နေပုံ..
ပြည်ထောင်စုမြန်မာနိုင်ငံတွင်း ရှိသော်လည်း (ကားတွင် မြန်မာ-တရုတ်)
အလံနှစ်ခု ထောင်ထားသည်။

တရုတ်မှ ၀ယ်ယူထားသော သံချပ်ကာကားများ..။

တရုတ်တပ်မတော် ဒီဇိုင်းနှင့် ၀ တပ်မတော် ရဲမေများ..။

တရုတ်မှ ၀ယ်ယူထားသော ခေတ်မှီ သံချပ်ကာကား တစ်မျိုး

ငြိမ်းချမ်းရေး
နှစ် ၂၀ ပြည့်အခမ်းအနားတွင် တရုတ်မှ စက်ရုံတည်ပေးသော AK 47
အသစ်စက်စက်များကို ကျွန်တော်တို့ ဗိုလ်ချုပ်ကြီးများ မချိပြုံးဖြင့်
ကြည့်နေခဲ့ရသည်။

၂၀၀၉ ခုနှစ်က ပြုလုပ်သော အခမ်းအနားသို့ ပါဝင်တက်ရောက်သူ မြန်မာ စစ်အရာရှိကြီးများ

ဝမြို့တော် ပန်ဆန်း

တရုတ်မှ ၀ယ်ယူထားသော စစ်သည်တင်ယာဉ်များ
၂၀၁၀ ၀န်းကျင်က လေ့လာချက်အရ ၀ ပြည်သွေးစည်းရေးပါတီရဲ့ ၀ တပ်မတော် UWSA ဟာ တပ်မဟာ ၈ ခု၊ တပ်ရင်း ၄၄ ရင်း၊ (မြောက်ပိုင်း ၀ နယ်တွင် တပ်မဟာ ၃ ခုနှင့် တပ်ရင်း ၂၂ ရင်း၊ တောင်ပိုင်း ၀ နယ်တွင် တပ်မဟာ ၅ ခု နှင့် တပ်ရင်း ၂၂ ရင်း ) ရှိပါတယ်။ စစ်သည်တင်မော်တော်ယာဉ် အစီး ရာကျော်၊ သံချပ်ကာ ကားများ၊ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များ ပိုင်ဆိုင်ထားပါတယ်.။ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လုပ်ပြီးတဲ့ နောက်ပိုင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်း များစွာမှာ ဒေါ်လာ ဘီလီယံနှင့် ချီပြီး ရင်းနှီး မြုပ်နှံထားတဲ့ လက်နက်ကိုင် အဖွဲ့ ဖြစ်ပါတယ်။ ဘိန်းစိုက်ပျိုးမှုကို ရပ်ဆိုင်းခဲ့ကြောင်း ၂၀၀၉ မှာ တရားဝင်ကြေညာခဲ့ပါတယ်။ ၂၀၁၁ စက်တင်ဘာလမှာ ထွက်ပေါ်လာတဲ့ ၀ီကီလိ သတင်းဖွင့်ထုတ်ချက် အရ ဆိုရင် UWSA က ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုငွေ ဒေါ်လာ ၂ ဘီလီယံ ရှိပါတယ်။ တရုတ်လက်နက်ကုန်သည်များနဲ့ တခြားနိုင်ငံက သူပုန်များအကြားကို ပွဲစားလုပ်ပေးတဲ့အတွက် မျိုးမျိုးမြက်မြက် ရရှိခဲ့တယ်လို့ သိရပါတယ်.။
ဝမြို့တော် ပန်ဆိုင်းဆိုဟာ ကာစီနို လောင်းကစားရုံတွေ၊ ကမ္ဘာ့အဆင့်မီ ဆောက်လုပ် ထားတဲ့ ဟိုတယ်တွေနှင့် စည်ကားနေတဲ့ မြို့တော် ဖြစ်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ လက်အောက်မှ ခွဲထွက်တုန်းက လက်နက်ကိုင် အရေအတွက် ထောင်ဂဏန်းသာ ရှိခဲ့ပေမယ့် အခုချိန်မှာတော့ တပ်မဟာ (၈) ခု ရှိတဲ့ အင်အားကြီး တပ်မတော်တရပ် ဖြစ်နေပါပြီ။
ကျနော်တို့ သိခဲ့တဲ့ “၀” လူမျိုးဆိုတာ အသားနီစပ်စပ် တောင်ပေါ်သားတွေ အဖြစ်သာ သိခဲ့ပါတယ်။ အခုအချိန်မှာတော့ တရုတ်ကြီးရဲ့ ပံ့ပိုးမှုနဲ့ လက်နက်ငယ် ထုတ်လုပ်တဲ့စက်ရုံတွေ၊ မြေပြင်မှ ဝေဟင်ပစ် ဒုံးလက်နက်တွေ ပိုင်ဆိုင် ထားတဲ့ “၀” တပ်မတော် ဖြစ်နေပါပြီ။ သေချာတာကတော့ သူ့ကို မညှိနှိုင်း မကိုင်တွယ်နိုင်ရင် ဆိုးကျိုးတွေ များလာပါလိမ့်မယ်..။ ရှမ်းပြည် အရှေ့ခြမ်းတစ်ခုလုံး မီးလောင်သွားမယ့် မီးတုတ်ကို တရုတ်က လောင်စာပေးတာခြင်းပါ..။
ဝ UWSA နှင့် မြန်မာအစိုးရသစ်၏ ပေါ်လစီ
ဝ” ရဲ့ အချုပ်အခြာပိုင်မှုကို ကြည့်ရင် လက်ရှိ အခြေအနေမှာ အစိုးရရဲ့ ထိန်းချုပ်မှု အောက်က လုံးဝ လွတ်ကင်းနေတာကို တွေ့ရပါတယ်။ ဗဟို အစိုးရကို အဓိကစိန်ခေါ်မှုလုပ်တဲ့ ထင်ရှားတဲ့ ဖြစ်ရပ်ကတော့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လုံးဝ လက်မခံခြင်းနှင့် (၂၀၁၀) ရွေးကောက်ပွဲ ကို “၀” ဒေသမှာ လုံးဝ လုပ်ခွင့် မပေးခြင်းတို့ ဖြစ်ပါတယ်။ ခြုံကြည့်လိုက်ရင် “၀” ဒေသဟာ သီးခြားလွတ်လပ်တဲ့ နိုင်ငံတခုလို ဖြစ်နေပါတယ်။
အစိုးရဟာ ၀ (UWSA) ကို ဖိအားပေးနေခဲ့တဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို စွန့်လွတ်ခဲ့ကြောင်း တွေ့ရပါတယ်။ နောက်ပြီး တရုတ်အစိုးရနဲ့ ၀ပြည်နယ်အစိုးရတို့ တိုက်ရိုက် ဆက်ဆံဖို့ တောင်းဆိုတာကို ခွင့်ပြုပေးခဲ့ရပါတယ်..။ ဒါတွေကို ကြည့်ရင် ယခင်စစ်အစိုးရဟာ (UWSA) ကို သွယ်ဝိုက်သောနည်းဖြင့် မြန်မာနိုင်ငံထဲက သီးခြားနိုင်ငံတခုအဖြစ် အသိအမှတ် ပြုပေးလိုက်တာ ဖြစ်ပါတယ်။ မြန်မာ့တပ်မတော်ရဲ့ အင်အားဟာ UWSA လို လက်နက်ကိုင် တပ်တွေကို လက်ရှိအချိန်မှာ ချေမှုန်းနိုင်ပါတယ်။ ဒါပေမယ့် မြန်မာစစ်ခေါင်းဆောင်တွေဟာ “၀” ကို ကေအိုင်အေလို မတို့မထိရဲ ဖြစ်နေတာကို ကြည့်ရင် သူရဲ့ နောက်ကွယ်မှာ ဘယ်သူရှိနေလဲဆိုတာ ခန့်မှန်းနိုင် ပါတယ်။
၁၉၆၇ က တရုတ်သံရုံးကိုထိခိုက်ခဲ့တဲ့ တရုတ်မြန်မာ အရေးအခင်းအပြီးမှာ ရှမ်းပြည်အရှေ့ပိုင်းက ဗကပများကို တိုက်ထုတ်နေတဲ့ မြန်မာ့တပ်မတော်ဟာ တစ်ဖက်နိုင်ငံက၀င်လာတဲ့ ဗကပ အမည်ခံ တရုတ်တပ်မတော်ရဲ့ တိုက်ခိုက်မှုကို ပြင်းထန်စွာခုခံခဲ့ရတာကို မမေ့သင့်ပါ။ အဲဒီနောက်ပိုင်း ဆယ်နှစ်ကျော်လောက်အထိ တရုတ်ရဲ့အထောက်အပံ့နဲ့ တိုက်ခိုက်လာတဲ့ ဗကပအမည်ခံတွေကို မနည်းတွန်းလှန်ခဲ့ရတာကလည်း သာဓကပါ..။
မြန်မာနှင့် တရုတ်ကြားက ၀ ဒေသ နှင့် UWSA ၀ တပ်မတော်..
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံများကို ကြည့်မယ်ဆိုရင် တရုတ်နိုင်ငံရဲ့ အနေအထားဟာ စစ်အစိုးရ အပေါ်မှာ နိုင်ငံရေး၊ စီးပွားရေးအရ လိုက်လျောပြီး အမြတ်ထုတ်ဝါဒနှင့် ပေါင်းနေပေမဲ့ တဖက်မှာ “UWSA” ကို အင်အား တောင့်တင်းတဲ့ လက်နက်ကိုင် တပ်မတော် တရပ် ပေါ်ပေါက် လာအောင် ကူညီခဲ့တယ်။ ဒီနေရာမှာ ကျနော်တို့ အနေနဲ့ တူညီတဲ့ အမျိုးသားရေးနဲ့ အမှတ်အသားသရုပ် လက္ခဏာဟာ ပေါင်းစည်းမှု သဘောကို ဆောင်တယ်လို့ မှတ်ချက်ချနိုင်ပါတယ်။ “၀” တွေဟာ တရုတ် စကားပြောတဲ့လူမျိုး ဖြစ်နေပြီး၊ တရုတ်ထုံးတမ်း အစဉ်အလာကို နှစ်သက်မြတ်နိုးတဲ့ တိုင်းရင်းသား လူမျိုးစု ဖြစ်လေတော့ တရုတ်ရဲ့ သြဇာကို တည်ထောင်လို့ ကောင်းတဲ့ လူမျိုးစု အဖြစ် တည်ရှိနေပါတယ်။ “၀” လက်နက်ကိုင်တပ်ဟာ သဘောအရ ပြောရရင် နဂါးကြီးရဲ့ “ကုတ်တံ” ဖြစ်နေပါတယ်။
“၀” နယ်မြေဆိုတာ မြန်မာနှင့် တရုတ်ကြားမှာ ရှိတဲ့ ပြဿနာတွေ ပေါ်ပေါက်နိုင်တဲ့ အထိမခံတဲ့ နယ်မြေကော မဖြစ်နိုင်ပေဘူးလား။
“၀” ဒေသဟာ မြန်မာနိုင်ငံရဲ့ အက်ကြောင်းတခု မဖြစ်နိုင်ဘူးလား။
ကေအိုင်အေနှင့် အခြား တိုင်းရင်းသားလက်နက်ကိုင်များကို စုတ်ပြတ်စွာ ဝေဖန်နေကြသော အွန်လိုင်းသူရဲကောင်းများကကော ကိုယ့်နိုင်ငံ အချုပ်အခြာ အာဏာအတွက် အရေးကြီးသည့် ၀ တပ်မတော်အား တရုတ်ကြီးမှ ၀င်ရောက်စွက်ဖက် လက်နက်ထောက်ပံ့ထားခြင်း မဟာဗျူဟာအရ မွေးထားခြင်းတို့ကို စစ်ရေးအမြင်၊ နိုင်ငံရေးအမြင်ဖြင့် ဘာ့ကြောင့် ဝေဖန်ဆွေးနွေးခြင်း ဗဟုသုတပေးခြင်းကို မလုပ်ဝံ့ကြတာပါလဲ..။
အိမ်နီးချင်း ပြည်ပနိုင်ငံကြီး တခုက မြန်မာပြည်တွင်းရေးကို ကစားလိုတဲ့အချိန် ဘယ်အချိန်မဆို ကစားလို့ရတဲ့ အနေအထားမျိုးကို ရောက်နေပါပြီ။ ပြည်ပနိုင်ငံကြီး တခုက အစိတ်အပိုင်း အနည်းငယ်လောက် ၀င်ရောက် စွက်ဖက်လိုက်ရုံနှင့် လက်ရှိ မြန်မာနိုင်ငံရဲ့ အနေအထားဟာ အာရှရဲ့ ဘော့စနီးယားလို ဖြစ်လာနိုင်ကြောင်း။
ရန်အောင်..
မည်သူမဆို ရှဲနိုင်ပါတယ်..။
ကိုးကား
Photo http://mmmilitary.blogspot.com
ပဋိပက္ခကြားက မြန်မာနိုင်ငံ - အာရှရဲ့ ဘော့စနီးယား ဖြစ်နိုင်သလား (ဆောင်းပါးရှင် -လှရွှေ)
ဝက်သားကြောက်သူများ ဝေးဝေးရှောင်ထား
by Ag Myint Tham on Thursday, July 26, 2012 at 4:20pm ·
ဝက်သားကို ရှောင်သင့်၊ စားသုံးရန်မသင့်သော အကြောင်းအချက်တွေလည်းရှိသည်။ ၀က်သားကို စားသုံးခြင်းဖြင့်၊ ၀က်သားတွင် အဆီအဆိမ့်များစွာ ပါဝင်ခြင်းကြောင့် သွေးကြောအတွင်း အဆီများ တဖြည်းဖြည်းပိတ်ဖုံးလာခြင်းကြောင့် နှလုံးမှာပါ ထိခိုက်နိုင်ကြောင်း ဆရာဝန်များက ပြောကြသည်။ ၀က်သားတွင်ပါဝင်သော ဘက်တီးရီးယားပိုးမွားများကြောင့် မီးပူပူ အချိန်ကြာကြာဖြင့် ချက်ပြုတ်ရန် သတိပေးချက်များလည်းရှိသည်။ ခေတ်မှီမှီ ၀က်တုတ်ကွေး ရောဂါကိုလည်း သတိထားရသေးသည်။ မင်းကြီး မင်းလေး မင်းလတ်စသည် နတ်ကိုးကွယ်သော သူများကလည်းကောင်၊ ခြေလေးခြောင်းသား မစား ခြေလေးခြောင်းကို လှူထားသောကြောင့်(ဘယ်သူ့ဆီမှာ လှူထားတာလည်းဆိုတာ တချို့က မပြောဘူး၊ လျှို့ဝှက်ထားသည်။)မစားကြသူများလည်းရှိသည်။ ငယ်ငယ်ကနောက်ပြောင်ပြောတတ်ကြသည်။” ဒီလောက်များတဲ့ ကုလားတွေ ၀က်သားမစားပေလို့၊ စားများစားရင် ၀က်သားတွေဒီထက်ပို ဘယ်လောက် ရှားပါးဈေးကြီးမလည်း မစဉ်းစား ရဲအောင်(မင်းသားမဟုတ်ပါ)ပါပဲ။”
ကဲပါ ဒဲ့ပဲပြောပါမည်။ ဇွန်လ ၈-ရက် ၂၀၁၂ မှာ ရခိုင်ပြည်နယ်အတွင်း နယ်ချဲ့ကုလားတွေက တရားဝင်နေထိုင်သော တိုင်းရင်းသား ရခိုင်လူမျိုးတွေကို အကြမ်းဖက်တိုက်ခိုက် အိမ်တွေကို မီးရှို လုပ်ကြသည်။ ကဘေကမ္ဘာက သူတို့တွေ နယ်မြေများကိုခိုးဝင်ရင်း သေကြေ ကြသော ဓါတ်ပုံများကို ဖြတ် ညှပ်, ကပ်ခါ ဗုဒ္ဓဘာသာတွေက အစ္စလာန်တွေကို သတ်ဖြတ်နေပါသည်ဟု ကမ္ဘာကို ၀ါဒဖြန့်ကြသည်။ ၂၀၀၈ တုံးက နာဂစ် မုန်တိုင်းအတွင်း သေကြရှာသော ဓါတ်ပုံတွေပါ အသုံးပြုကာ ၀ါဒဖြန့်နေကြသည်။ facebook အသုံးပြုသော မြန်မာမိန်းခလေးများကို စော်ကားမော်ကား ရိုင်းရိုင်းစိုင်းစိုင်း ပြောဆို ဓါတ်ပုံတွေပြကာ လုပ်နေတာ မြင်ရ၊ ကြားရသောအခါ စိတ်အချဉ်ပေါက်လာသည်။ ဘယ်လိုပြန်ချေပ ရမလည်းဆို စဉ်းစားရင်း ခေါင်းတွေပါ ပူလာသည်။ တရားသည် မတရားသည် မသိ။ တို့ဘုရား ရုပ်ထုတော်တွေကို ခေါင်းဖြတ် မီးရှီု မဖွယ်မရာလုပ်နေသော ဘင်္ဂလီများနှင့် အပေါင်းပါများကို ဒီလိုလုပ်ချင်လာသည်။ သူတို့ဆဲရေးတိုင်းထွာရင်၊ ၀က်သားစကားပြန်ပြောမည်။”၀က်သားကဘယ်လိုကောင်းကြောင်း၊ စားကြည့်ပါလားပြောမည်၊ ၀က်အသားပါသော လောက်စလုံးများဖြင့် ပစ်ခတ်မည်။ နောက်ဆုံး ၀က်သားအနံ့ပါသော ဓါတုဗေဒနည်းဖြင့် ဖေါ်စပ်ထားသော လက်နတ်ပစ္စည်းကရိယာများကို ကုလားများထံပို့ပေးမည် “ ကလေးဆန်ချင်ဆန်နေပေလိမ့်မည်။ ဘာပဲပြောပြော ၀က်သားက ၀က်သားကြိုက်သူအတွက် အပါးပါး အရသာရှိသည်။ ယုတ်မာကောက်ကျစ်သော ၀က်သားကြောက်သူများအတွက် ၀က်သားလက်နတ်များကို အရောက်ပို့ပေးရမည်။
အောင်မြင့်သန်း
ဇူလှိုင် ၂၆၊ ၂၀၁၂
"မြတ်နိုးခြင်း၏တည်ရာ..."
by Khant Nyi Pe on Thursday, July 26, 2012 at 1:29pm ·
................................
ဆရာနှင့်ပတ်သက်ပြီး မှတ်မှတ်ထင်ထင် ဖြစ်စရာတွေက အများအပြားပင်။ တပည့်တွေအပေါ် ချစ်ခင်ကြင်နာသည့် ဆရာ၏မျက်နှာမှာ အမြဲပြုံးနေတတ်သည်။ ဆရာ့ပုံရိပ်ကို တွေးလိုက်တိုင်း အပြုံးမျက်နှာသာ အာရုံထဲပေါ်နေလေ့ရှိပါသည်။ အသားခပ်လတ်လတ်၊ လူဟန်ဖြောင့်ဖြောင့် ဆရာ့ပုံသွင်မှာ ကျွန်တော်တို့တပည့်များ၏ အမြင်တွင် တကယ့်ဇာတ်လိုက်ကျော်ပင်။ ကွမ်းအမြဲမြုံ့နေလေ့ရှိပြီး စကားခပ်လေးလေးပြောတတ်သော ဆရာ၏စကားသံများမှာလည်း နားထဲတွင်အမြဲ စွဲနေပါသည်။ တစ်ခါတစ်ရံ တပည့်များကို ဆုံးမစရာရှိလျှင်တော့ ပြတ်ပြတ်သားသား ဆုံးမတတ်၏။ ဆရာ့လက်စွဲကျော် ထန်းပက်လက်ပြားမှာ အမြဲဝင်းစို ပြောင်လက်နေသည်။ ရိုက်လျှင်လည်း အပြုံးမပျက် ရိုက်တတ်ပြီး ခံရသူမှာလည်း ကိုယ့်အပြစ်နှင့်ကိုယ်မို့ ဆရာ့အပေါ် အမျက်မသိုမိတတ်ကြ။ သင်္ချာဆရာဖြစ်သော်လည်း ကျန်ဘာသာရပ်များတွင်ပါ နှံ့စပ်သောဆရာမှာ လိုရာသုံးနိုင်သူ တစ်ယောက်ဖြစ်နေသည်။ အထူးသဖြင့် စာဖတ်ဝါသနာကြီးပြီး စာအစုံဖတ်သောဆရာမှာ စာပေဘက်တွင် ပိုအားသန်၏။ ကျောင်းမှ စာပေနှင့်ပတ်သက်သော ကိစ္စများတွင် မြန်မာစာဆရာများထက်ပင် ရှေ့ရောက်နေတတ်သေးသည်။ ဆရာ့ကျေးဇူးကြောင့် ကျွန်တော်တို့တစ်တွေ ပြင်ပစာအုပ်များနှင့် ထိတွေ့ရင်းနှီးခဲ့ရ၏။ ခုနောက်ပိုင်း အငြိမ်းစားယူပြီးမှ ဆရာ့လက်ရာများကို စာမျက်နှာများထက်တွင် ခပ်စိပ်စိပ် ဖတ်နေရသည်။
ဆရာ့အိမ်ပေါက်ဝအရောက် တစ်ချက်အသံပြုပြီး လှမ်းဝင်လာခဲ့သည်။ ပါလာသော ဆရာ့အကြိုက် လ္ဘက်ရည်ဖန်ဆိမ့်ကျကျ ပါဆယ်ထုပ်ကို နံဘေးမှတိုင်တွင်ချိတ်လိုက်ရင်း ဆရာ့အခန်းဘက်သို့ အကြည့်ရောက်၏။ ကျွန်တော်၏အသံကို မှတ်မိပြီး၊ ကျွန်တော့်အမည်ကိုပါ လှမ်းခေါ်လိုက်ရင်း အခန်းတွင်း ၀င်လာခိုင်းသည်။ ဆရာ့မှတ်ဥာဏ်နှင့် တပည့်များအပေါ် ဂရုထားသည့် စိတ်ဓာတ်ကို ရင်အတွင်းမှ ပီတိဖြင့်လေးစာမိပြန်ပါသည်။ ဆရာသည်သူ့အခန်းတွင်းရှိ စာကြည့်စားပွဲတွင် စာအုပ်တစ်အုပ်ကို စိတ်ဝင်တစား ဖတ်ရှုနေ၏။ ဘေးမှ ဆရာအိပ်ယာသည်လည်း အခင်းဖြူဖြူနှင့် သန့်ပြန့်နေသည်။ အခန်းနံရံတွင် စာအုပ်ဗီရိုများကိုကပ်ရိုက်ထားပြီး ဗီရိုအားလုံးအပြည့် စာအုပ်များက နေရာယူထားလျှက်ရှိ၏။ ဆရာ့စားပွဲပေါ်၌ ဖတ်လက်စ စာအုပ်နှစ်အုပ်၊ သုံးအုပ်ကို စီရရီတင်ထားသည်။ ရေးလက်စ စာမူဖိုင်တစ်ခုက ဖွင့်ထား၏။ ဖွင့်ထားသော ဘေးပြူတင်းပေါက်မှ လေနုအေးက တသုန်သုန်ဖြူးနေသည်။ သဘာဝအလင်းရောင်နှင့် လင်းခြင်းနေသော ဆရာ့အခန်းလေးမှာ စိတ်ကြည်နူးစဖွယ်။ ဆရာက ဖတ်လက်စ စာမျက်နှာကြားလက်ညှိုးကို ထိုးထည့်ထားပြီး စာကြည့်မျက်မှန်ပေါ်မှ ကျွန်တော့်အား ကျော်ကြည့်နေသည့်ပုံမှာ လန်းလန်းဆန်းဆန်း ရှိသဖြင့် စိတ်သက်သာရာရပါသည်။
.................................................
ဆရာနှင့် အချိန်ကြာကြာ စကားမပြောဖြစ်သည်မှာ အတော်ကြာနေလေပြီ။ သာကြောင်း၊ မာကြောင်း ၊ ဆရာ့တပည့်များအကြောင်း စသည်ဖြင့် ပြောဖြစ်ကြ၏။ လက်ရှိဆရာရေးလက်စ စာမူတစ်ပုဒ်နှင့် ပတ်သက်ပြီးလည်း ဆွေးနွေးဖြစ်ခဲ့ပါသည်။ များသောအားဖြင့် ဆရာ့ပြောစကားများကိုသာ စိတ်ဝင်တစား နားထောင်ဖြစ်ခဲ့၏။ စကားကောင်းစဉ် ဆရာကအိမ်နောက်သို့ အပေါ့အပါးသွားနေသခိုက် တစ်ယောက်ထဲ ဟိုသည်ငေးရင်း အတွေးပွားနေမိပြန်ပါသည်။ ဆရာ့အခန်းကို တစ်ချက်ကြည့်ဖြစ်သည်။ အဓိကမင်းမူနေသည်မှာက စာအုပ်များပင်။ သပ်ရပ်သန့်ရှင်းသော ဆရာ့အခန်းကို ကျွန်တော်၏အခန်းနှင့် ယှဉ်ကြည့်မိရင်း တစ်ယောက်ထဲ ပြုံးမိပြန်သေး၏။ အခန်းခေါင်းရင်းရှိ မှန်ဗီရိုအသေးတစ်လုံးတွင် စာအုပ်များမရှိပဲ တစ်စုံတစ်ခုထည့်ထားသည်ကို မြင်တွေ့လိုက်ရသည်။ အနည်းငယ် စိတ်ဝင်စားသဖြင့် ထိုင်နေရာမှ ထကြည့်ဖြစ်သည်။ မှန်ဗီရိုလေးမှာ ပြောင်စင်ဝင်းလက်နေ၏။ အတွင်းတွင် ဆရာ့လက်ဆွဲတော်၊ ကျွန်တော်တို့၏ အချစ်တော် ထန်းပက်လက်ပြားလေးမှာ ၀ါဝင်းစွာထောင်လျှက် တည်ရှိနေပါသည်။ နံဘေးတွင် ဆရာဝတ်ဆင်နေကျ ပင်နီရောင်တိုက်ပုံနှင့် ကျောင်းစိမ်းပုဆိုးကို သပ်ရပ်စွာခေါက်ပြီး ထည့်ထား၏။ ဘေးတွင်စက္ကူကဒ်ပြားဖြူဖြူ၌ ဆရာအလုပ်စ၀င်သည့် ရက်စွဲနှင့် အငြိမ်းစားယူသည့် ရက်စွဲကို သပ်ရပ်စွာရေးသားထားပါသည်။ ဗီရိုနောက်ခံပေါ်တွင် ဆရာတာဝန်ကျခဲ့သော ကျောင်းများ၏ ဓာတ်ပုံကို ရက်စွဲများနှင့်တကွ ရေးထိုးပြီးကပ်ထား၏။ ဆရာ့ဗီရိုလေးကြည့်ရသည်မှာ ပြတိုက်တစ်ခုမှ ခင်းကြင်းထားသော အပြင်အဆင်နှင့် ခပ်ဆင်ဆင်။ စိတ်ဝင်စားစွာကြည့်နေသဖြင့် ဆရာပြန်ဝင်လာသည်ကိုပင် သတိမပြုလိုက်မိ။ ဆရာက ကျွန်တော်၏ ပုခုံးကိုအသာပုတ်လိုက်ပြီး ပြုံးပြုံးကြီး ကြည့်နေပါသည်။ ထိုင်ခုံတွင်ပြန်ထိုင်ကြပြီးနောက် ကျွန်တော်စိတ်ဝင်စားနေသည့်ကိစ္စကို ဆရာက စကားစတင်ပြောပြခဲ့၏။ ဆရာ့စကားများကို နားထောင်နေရင်း ပီတိအဟုန်ကြောင့် လူမှာကြည်နူးနေလေတော့သည်။
...............................................
"ဒီမယ်..ဆရာ့အကြောင်းလို့ ဆိုချင်ဆိုရပေမယ့် မင်းတို့တစ်တွေလည်း နားလည်စေချင်တယ်။ လူတစ်ယောက်နဲ့တစ်ယောက် အမြတ်နိုးဆုံးဆိုတာ ဘယ်လိုနည်းနဲ့မှ မတူနိုင်ကြဘူးလေ။ ဒါပေမယ့် ယေဘူယျ တူရမယ့်အရာတွေကတော့ လူ့လောကမှာပြဌာန်းပေးပြီးသားပေါ့။ သစ္စာရှိတာ၊ ရဲရင့်တာ၊ ရိုးသားတာ၊ အနစ်နာခံတာ၊ သိမ်မွေ့ကြင်နာတတ်တာ၊ တာဝန်ယူတတ်တာ၊ ကိုယ်ချင်းစာတတ်တာ၊ ဘာသာတရားကိုင်းရှိုင်းတာ....စသဖြင့်ပေါ့ကွာ။ ဘယ်ဘာသာ ဘာလူမျိုးဖြစ်ဖြစ်ပေါ့၊ ယဉ်ကျေးတဲ့ လူ့အသိုင်းအ၀ိုင်းက အဲ့ဒီအရာတွေကို လက်ခံကြတယ်၊ မြတ်နိုးကြတယ်လေ။ သူနဲ့ဆန့်ကျင်ဖက်တွေကိုတော့ ရွံရှာတယ်၊ စက်ဆုပ်တယ်၊ မုန်းတီးကြတယ်ပေါ့။ ဆရာကတော့ အဲ့ဒီအထက်က အကြောင်းခြင်းရာတွေ အားလုံးပြည့်စုံတဲ့ ဆရာ့ရဲ့ အသက်မွေးဝမ်းကြောင်းအလုပ် ကျောင်းဆရာဘ၀ကို အမြတ်နိုးဆုံး၊ တန်ဘိုးအထားဆုံးပါပဲ။ ဆရာ့လုပ်သက်တစ်လျောက် ဗြဟ္မစိုရ်တရား လေးပါးလက်ကိုင်ထားပြီး ဆရာ့တပည့်တွေအပေါ် တာဝန်ကျေခဲ့တယ်လေ။ ဘယ်အချိန်ပြန်တွေးတွေး ဆရာ့ကိုယ်ဆရာ လိပ်ပြာသန့်တယ်။ အဓိကကတော့ ကိုယ့်အသက်မွေးဝမ်းကြောင်းအလုပ်အပေါ် သစ္စာရှိဘို့ပဲ။ ဆရာအလုပ်ဆိုတော့ ပိုပြီး တာဝန်ကြီးတယ်လို့ ခံယူထားတယ်။ နိုင်ငံတော်နဲ့ ပြည်သူတွေက ယုံကြည်လို့ သူတို့အနာဂတ်ကို ဆရာတို့လက်ထဲ ယုံယုံကြည်ကြည်ဝကွက်အပ်ထားတဲ့အလုပ်လေ။ ဒီလိုပါပဲ ဘယ်အလုပ်ပဲဖြစ်ဖြစ် သက်ဆိုင်ရာရှုထောင့်ကကြည့်ရင် အရေးကြီး၊ အရေးပါကြတာချည့်ပါပဲ။ အချုပ်ပြောရရင်တော့ နိုင်ငံသားတိုင်း၊ လူတိုင်းလူတိုင်း ကိုယ့်အလုပ်၊ ကိုယ်တာဝန်ကို မြတ်နိုးတန်ဘိုးထားပြီး လေးစားကြမယ်ဆိုရင် ဆရာတို့နိုင်ငံက ရှေ့တန်းရောက်လာမှာမလွဲပါဘူး။ အဲ ဆန့်ကျင်ဖက်သဘောထားကြရင်တော့ တူညီတဲ့ဆန့်ကျင်ဖက်ရလာဒ်ပဲ မလိုချင်လည်း ရရမှာပေါ့။ ဆရာတစ်သက်လုံး မြတ်မြတ်နိုးနိုးဝတ်ဆင်ခဲ့တဲ့ ၀တ်စုံနဲ့ ဆရာ့လက်ကိုင် ထန်းပက်လက်ပြားက ဆရာ့ရဲ့သမိုင်းပဲလေ။ ဒါကြောင့် အမြတ်တနိုး သိမ်းထားတာပေါ့။ ဆရာ့ဝတ်စုံရင်ဘတ်မှာ ဘာဂုဏ်ထူးဆောင်တံဆိပ်မှ မရှိဘူး။ ရင်ဘတ်မှာ တပည့်တွေကိုချစ်တဲ့ နုညံ့တဲ့နှလုံးသားပဲ ရှိတယ်။ ဆရာ့ဝတ်စုံပုခုံးမှာ ဘာရွှေရောင်တွေမှ မရှိဘူး။ တပည့်တွေရဲ့ ရွှေရောင်အနာဂတ်တွေကို အမြင့်ဆုံးရောက်အောင် ပုခုံးနဲ့ထမ်းတင်တာပဲရှိတယ်။ ဒါတွေကြောင့် ဆရာ့ဝတ်စုံလေးဟာ ဆရာ့ရဲ့ မြတ်နိုးခြင်းတည်ရာပါပဲ ကွယ်"
...................................................
ဆရာ့ကို ရိုသေစွာကန်တော့ပြီး ပြန်လာခဲ့ပါသည်။ အပြန်လမ်းတစ်လျှောက်တွင် ဆရာ့စကားသံတွေက နားထဲဝေ့၀ဲကြားယောင်နေပါ၏။ တွေးစရာအတွေးများကလည်း လွင့်လွင့်ပျံနေသည်။ မျက်စေ့ထဲတွင် မြင်ယောင်နေသော ဆရာ့ဝတ်စုံလေးမှာ တောက်ပလွန်းနေသည် ထင်မိ၏။ အညတြ၀တ်စုံလေးပင်ဖြစ်သော်လည် ရွှေရောင်တ၀င်းဝင်း၊ တံဆိပ်တပြာင်ပြောင်၊ ဂုဏ်သိန်တဖိတ်ဖိတ်၊ ၀တ်စုံများထက် အဆပေါင်းများစွာတင့်တယ်နေပါတော့သည်။ အော်...ဒါကြောင့်လည်း သည်ဝတ်စုံတွေကို အလွယ်တကူချွတ်၊ အလွယ်တကူမေ့ ပစ်လိုက်ကြသည်မှာ အဆန်းတော့ မဟုတ်ပါပေတကား.....။
ကျေးဇူးရှင်၊ အနန္တဂိုဏ်းဝင် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ၏ ဂုဏ်ကျေးဇူးကို ရိုသေစွာ ပူဇော်ကန်တော့ပါ၏။
"ခန့်ညီဖေ"
26-July-2012, Thursday. 10:45 A:M
ကိုယ့်ကိုယ်ကို မုန်းမိတဲ့ မဟာအမုန်း
ကိုယ့်ကိုယ်ကို မုန်းမိတဲ့ မဟာအမုန်း
၁။ ကြေကွဲဘွယ် အမှတ်တရ အထိမ်းအမှတ် နေ့ ရက်များ အကြိမ်ကြိမ် အခါခါ ငါတို
့ဦးညွတ်ရုံ ဦးညွတ်နေခဲ့ရ အခြေအနေတွေ ပြောင်းလဲအောင် မပြုလုပ်နိုင်တဲ့
ငါ့ကိုယ်ငါလည်း ငါ မုန်းတယ် ၊
၂။ မျှော်လင့်ချက် ယုံကြည်ချက်
အတွေးအခေါ် အသိဥာဏ်များ မြေမြုပ်သင်္ဂြိုလ်ရာ အာဏာရှင်စနစ်ဆိုတာကို
နိုင်အောင်မတိုက်နိုင်တဲ့ ငါ့ကိုငါလည်း ငါ မုန်းတယ် ၊
၃။ သူတပါးမြေပေါ်မှာ တရားဝင်နေထိုင်ခွင့်လေးတခု ရရှိဘို့ အတွက်
ဖြူစင်ခဲ့သောစေတနာ အမှန်တရား ရိုးသားမှုများအား ခုတုံးလုပ် ။
လုပ်စားသွားသူများကို မတားဆီးနိုင်ခဲ့တဲ့ ငါ့ကိုယ်ငါလည်း ငါ မုန်းတယ် ၊
၎။ တရားဝင်နေထိုင်ခွင့် အခြေအနေလေးတခု ရှိလာတဲ့အခါ
ကိုယ့်နိုင်ငံသားအချင်းချင်း စောင့်ရှောက်ကူညီရမယ့်အစား
ဇာတ်တူသားစားသူများကို မသုတ်သင်နိုင်ခဲ့တဲ့ ငါ့ကိုယ်ငါလည်း ငါ မုန်းတယ် ၊
၅။ ငှက်ပျောအူဟင်းနဲ့  ခယောင်းလမ်း ဆောင်းချမ်းချမ်းမှာ ဆူးတောချုံတိုး
တောင်ကုန်း တောင်တန်းတွေကိုကျော်လွှားရှေ့ တိုး တော်လှန်ရေး ဘ၀မျိုးကို
ဖြတ်ကျော်ခဲ့ပြီး တတိယနိုင်ငံကြီးတွေရောက်တဲ့အခါ အတိတ်မေ့ ဘ၀မေ့
အရာခပ်သိမ်းမေ့ တော်လှန်ရေးကိုပါမေ့တဲ့သူတွေကို တပ်လှန့် မပေးနိုင်ခဲ့တဲ့ ငါ့ကိုယ်ငါလည်း ငါမုန်းတယ်။
၆။မျက်စေ့ကိုဖွင့် နားကိုစွင့် တိုက်ပွဲဝင်ဘို့  အသင့်ဖြစ်နေတဲ့ ငါတို
့ရဲဘော်လေးတွေရဲ့ ပူပန်မှု (လက်နက် ။ ကျည်ဆန် ။ စားနပ်ရိက္ခာ ) ငါ့ကို
မီးလိုကူးစက်တဲ့အခါ မြို့ကြီးများပေါ်က
တို့ နိုင်ငံသားတွေကတော့ ထောက်ပံ့ငွေကြေး လက်နှေးနေကြ အာပေါက်အောင်ပြောရနဲ
့ အပျော်အပါးမှာ စိတ်ပါလက်ပါ ငွေကိုရေလိုသုံးနေသူတွေကို ပြောဆို ဖျောင်းဖျ
စည်းရုံးနိုင်စွမ်းမရှိခဲ့တဲ့ ငါ့ကိုယ်ငါလည်း ငါ မုန်းတယ် ၊
၇။
နယ်ခြားမျဉ်းများအပေါ်မှာ အသက်တချောင်း ရှင်သန်အောင် ကြံဖန်မွေးယူနေရ
ပြည်သူများရဲ့  ဘ၀ လက်နက်ကိုင်ဆွဲ တော်လှန်ရေးဆင်နွှဲနေတဲ့ တပ်ဦးက
ကျောင်းသားရဲဘော်များရဲ့  ဘ၀ကို
အပြည့်အ၀ ပံ့ပိုးမှုမပေးနိုင်ခဲ့တဲ့ ငါ့ကိုယ်ငါလည်း ငါမုန်းတယ်။
၈။ နိုင်ငံအသီးသီးမှာ အနှိမ်ခံ အဖိနှိပ်ခံ အနိုင်ကျင့်ခံ ။
သွေးစုပ်ခံနေရတဲ့ ငါ့ နိုင်ငံသားတွေရဲ့  ဘ၀ ပြားပြားဝပ်ပြီး
ခေါင်းမထောင်နိုင်အောင် ညှင်းပန်းရက်စက် သတ်ဖြတ် ပညာရေး စီးပွားရေး
လူမှုရေး အစစအရာရာ စုတ်ပြတ် လူဖြစ်ပေမယ့် လူ့ အခွင့်အရေးမရှိတော့တဲ့
ဗမာပြည်တွင်းက ပြည်သူတို့ ရဲ့ ဘ၀ ဘ၀အမျိုးမျိုးအဖုံဖုံတို့ ရဲ့  မူလအစ
အာဏာရှင်စနစ်နဲ့  အာဏာရှင်တို့ ရဲ့  လုပ်ရပ်တွေ ရပ်တန့် သွားအောင်
ပြောင်းလဲသွားအောင် မစွမ်းဆောင်နိုင်တဲ့ ငါ့ကိုယ်ငါလည်း ငါ မုန်းတယ် ၊
၉။ စိတ်ဓာတ်တွေက တောင်လောက် ကြီးမြင့်ပါပေရဲ့  ဒီမိုကရေစီ အတွက်
တော်လှန်ရေး အတွက် အမျိုးသားလွတ်မြောက်ရေး အတွက် ငါ့ လုပ်ရပ်တွေက
ဇီးစေ့လောက်ပဲ ခရီးပေါက်ပါ့မလား စိုးရိမ်စိတ်နဲ့  ငါ့ကိုယ်ငါလည်း
ငါမုန်းတယ်။
၁၀။ လုပ်ချင်တဲ့စိတ်တွေထက် လုပ်နိုင်တဲ့ အလုပ်တွေက
နဲနေတာကိုပဲ စိတ်နောက် ကိုယ်မပါနိုင် ရုပ်အခြေအနေ ယိုင်နေတဲ့ ငါ့ ကိုယ်ငါ
သေသေချာချာကြီးကို မုန်းမိတော့တယ် ။
ရဲရင့်သက်ဇွဲ
၁။ ကြေကွဲဘွယ် အမှတ်တရ အထိမ်းအမှတ် နေ့ ရက်များ အကြိမ်ကြိမ် အခါခါ ငါတို့ ဦးညွတ်ရုံ ဦးညွတ်နေခဲ့ရ အခြေအနေတွေ ပြောင်းလဲအောင် မပြုလုပ်နိုင်တဲ့ ငါ့ကိုယ်ငါလည်း ငါ မုန်းတယ် ၊
၂။ မျှော်လင့်ချက် ယုံကြည်ချက် အတွေးအခေါ် အသိဥာဏ်များ မြေမြုပ်သင်္ဂြိုလ်ရာ အာဏာရှင်စနစ်ဆိုတာကို နိုင်အောင်မတိုက်နိုင်တဲ့ ငါ့ကိုငါလည်း ငါ မုန်းတယ် ၊
၃။ သူတပါးမြေပေါ်မှာ တရားဝင်နေထိုင်ခွင့်လေးတခု ရရှိဘို့ အတွက် ဖြူစင်ခဲ့သောစေတနာ အမှန်တရား ရိုးသားမှုများအား ခုတုံးလုပ် ။ လုပ်စားသွားသူများကို မတားဆီးနိုင်ခဲ့တဲ့ ငါ့ကိုယ်ငါလည်း ငါ မုန်းတယ် ၊
၎။ တရားဝင်နေထိုင်ခွင့် အခြေအနေလေးတခု ရှိလာတဲ့အခါ ကိုယ့်နိုင်ငံသားအချင်းချင်း စောင့်ရှောက်ကူညီရမယ့်အစား ဇာတ်တူသားစားသူများကို မသုတ်သင်နိုင်ခဲ့တဲ့ ငါ့ကိုယ်ငါလည်း ငါ မုန်းတယ် ၊
၅။ ငှက်ပျောအူဟင်းနဲ့  ခယောင်းလမ်း ဆောင်းချမ်းချမ်းမှာ ဆူးတောချုံတိုး တောင်ကုန်း တောင်တန်းတွေကိုကျော်လွှားရှေ့ တိုး တော်လှန်ရေး ဘ၀မျိုးကို ဖြတ်ကျော်ခဲ့ပြီး တတိယနိုင်ငံကြီးတွေရောက်တဲ့အခါ အတိတ်မေ့ ဘ၀မေ့ အရာခပ်သိမ်းမေ့ တော်လှန်ရေးကိုပါမေ့တဲ့သူတွေကို
၆။မျက်စေ့ကိုဖွင့် နားကိုစွင့် တိုက်ပွဲဝင်ဘို့  အသင့်ဖြစ်နေတဲ့ ငါတို့ ရဲဘော်လေးတွေရဲ့ ပူပန်မှု (လက်နက် ။ ကျည်ဆန် ။ စားနပ်ရိက္ခာ ) ငါ့ကို မီးလိုကူးစက်တဲ့အခါ မြို့
၇။ နယ်ခြားမျဉ်းများအပေါ်မှာ အသက်တချောင်း ရှင်သန်အောင် ကြံဖန်မွေးယူနေရ ပြည်သူများရဲ့  ဘ၀ လက်နက်ကိုင်ဆွဲ တော်လှန်ရေးဆင်နွှဲနေတဲ့ တပ်ဦးက ကျောင်းသားရဲဘော်များရဲ့  ဘ၀ကို
အပြည့်အ၀ ပံ့ပိုးမှုမပေးနိုင်ခဲ့တဲ့ ငါ့ကိုယ်ငါလည်း ငါမုန်းတယ်။
၈။ နိုင်ငံအသီးသီးမှာ အနှိမ်ခံ အဖိနှိပ်ခံ အနိုင်ကျင့်ခံ ။ သွေးစုပ်ခံနေရတဲ့ ငါ့ နိုင်ငံသားတွေရဲ့  ဘ၀ ပြားပြားဝပ်ပြီး ခေါင်းမထောင်နိုင်အောင် ညှင်းပန်းရက်စက် သတ်ဖြတ် ပညာရေး စီးပွားရေး လူမှုရေး အစစအရာရာ စုတ်ပြတ် လူဖြစ်ပေမယ့် လူ့ အခွင့်အရေးမရှိတော့တဲ့ ဗမာပြည်တွင်းက ပြည်သူတို့ ရဲ့ ဘ၀ ဘ၀အမျိုးမျိုးအဖုံဖုံတို့ ရဲ့  မူလအစ အာဏာရှင်စနစ်နဲ့  အာဏာရှင်တို့ ရဲ့  လုပ်ရပ်တွေ ရပ်တန့် သွားအောင် ပြောင်းလဲသွားအောင် မစွမ်းဆောင်နိုင်တဲ့ ငါ့ကိုယ်ငါလည်း ငါ မုန်းတယ် ၊
၉။ စိတ်ဓာတ်တွေက တောင်လောက် ကြီးမြင့်ပါပေရဲ့  ဒီမိုကရေစီ အတွက် တော်လှန်ရေး အတွက် အမျိုးသားလွတ်မြောက်ရေး အတွက် ငါ့ လုပ်ရပ်တွေက ဇီးစေ့လောက်ပဲ ခရီးပေါက်ပါ့မလား စိုးရိမ်စိတ်နဲ့  ငါ့ကိုယ်ငါလည်း ငါမုန်းတယ်။
၁၀။ လုပ်ချင်တဲ့စိတ်တွေထက် လုပ်နိုင်တဲ့ အလုပ်တွေက နဲနေတာကိုပဲ စိတ်နောက် ကိုယ်မပါနိုင် ရုပ်အခြေအနေ ယိုင်နေတဲ့ ငါ့ ကိုယ်ငါ သေသေချာချာကြီးကို မုန်းမိတော့တယ် ။
ရဲရင့်သက်ဇွဲ
တိုင်းရင်းသားအရေး ဒေါ်အောင်ဆန်းစုကြည် ထောက်ခံဆွေးနွေး
2012-07-25
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပထမဆုံးအကြိမ် ၀င်ရောက် ဆွေးနွေးခဲ့ပါတယ်။ ကွတ်ခိုင် မဲဆန္ဒနယ်က ကြံ့ခိုင်ဖွံ့ဖြိုးရေး ကိုယ်စားလှယ် ဦးတီခွန်မြတ် တင်သွင်းတဲ့ "တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကို ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပြဋ္ဌာန်းရေး" အဆိုကို သူကထောက်ခံ ဆွေးနွေးတာ ဖြစ်ပါတယ်။
AFP
၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၅ ရက်တွင် ကျင်းပသည့်
ပြည်သူ့လွှတ်တော် အစည်းအဝေး၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် ၀င်ရောက် ဆွေးနွေးနေစဉ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ တိုင်းရင်းသား လူမျိုးများဆိုတဲ့
ဝေါဟာရကို သတ်သတ်မှတ်မှတ် အဓိပ္ပာယ်ဖော်ထားတာ မရှိကြောင်း၊
တိုင်းရင်းသားတွေရဲ့ အခွင့်အရေး၊ တိုင်းရင်းသား ဒေသတွေ တိုးတက်
ဖွံ့ဖြိုးရေးတွေအတွက် လုပ်ဆောင်ဖို့ လိုအပ်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က
ထောက်ပြ ဆွေးနွေးပါတယ်။
တန်းတူ ညီမျှရေး အပြန်အလှန် လေးစား ယုံကြည်ရေးတို့ကို အခြေခံပြီး စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးအတွက် လွှတ်တော် ကိုယ်စားလှယ်တွေ အားလုံး ဆွေးနွေးညှိနှိုင်းပြီး တိုင်းရင်းသား လူမျိုးများရဲ့ အခွင့်အရေးများကို ကာကွယ်နိုင်ဖို့အတွက် ဥပဒေတွေကို လိုအပ်သလို ပြုပြင် ပြဋ္ဌာန်းဖို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို တိုက်တွန်းသွားခဲ့ပါတယ်။

"ပင်လုံစိတ်ဓာတ်နဲ့ ခွာလို့မရတဲ့ တန်းတူ
ညီမျှရေး၊ အပြန်အလှန် လေးစား ယုံကြည်ရေးတို့ကို အခြေခံပြီးတော့ စစ်မှန်တဲ့
ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးအတွက် ကျွန်မတို့ လွှတ်တော်
ကိုယ်စားလှယ်များအားလုံး ဆွေးနွေးညှိနှိုင်းပြီး တိုင်းရင်းသား
လူမျိုးများရဲ့ အခွင့်အရေးများကို ကာကွယ်နိုင်ဖို့အတွက် ဥပဒေများကို
လိုအပ်သလို ပြုပြင်ခြင်း၊ လိုအပ်သလို ပြဋ္ဌာန်းခြင်းတို့များ
ဆောင်ရွက်ဖို့ရန်ကို တိုက်တွန်းရင်းနဲ့ ဦးတီခွန်မြတ်ရဲ့ အဆိုကို
ကျွန်မအနေနဲ့ ထောက်ခံပါတယ်။ ကျေးဇူးတင်ပါတယ်"
အလားတူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်နဲ့ နောက်ထပ် NLD
လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးကလည်း ဒီအဆိုကို ၀င်ရောက်
ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။ ဦးအုန်းကြိုင်နဲ့ ဦးမင်းသူတို့ရဲ့
ဆွေးနွေးချက်တွေဟာ ပုဂ္ဂိုလ်ရေးအရ ထောက်ခံ ဆွေးနွေးသလို ဖြစ်တဲ့အတွက်
ပြည်သူ့လွတ်တော် နည်းဥပဒေ အရသာ ဆွေးနွေးဖို့ ပြည်သူ့လွတ်တော် ဥက္ကဋ္ဌ သူရ
ဦးရွေမန်းက သတိပေး ပြောကြားခဲ့တယ်လို့ သိရပါတယ်။အသက်ရှူချောင်မဲ့ အနာဂတ်အတွက်
by Aung Moe Win on Thursday, July 26, 2012 at 10:58am ·
စီးပွားရေးပိတ်ဆို့အရေးယူမှုဟာ တိုင်းပြည်ခေါင်းဆောင်တွေကို ထိခိုက်သလား၊ ပြည်သူလူထုကို ထိခိုက်သလား ငြင်းခုန်ဆွေးနွေးနေခြင်းထက် အစိုးရတရပ်ဟာ နိုင်ငံတကာဆီက ရတဲ့အကူအညီတွေကို ပြည်သူတွေအတွက် ထိထိရောက်ရောက် ကူညီပံ့ပိုးပေးနေသလား၊ လက်တဆုပ်စာ ခရိုနီတွေရဲ့ စီးပွားရေးတွေကို အကာအကွယ်ပေးနေသလား ဆိုတဲ့ မေးခွန်းက အဓိက ကျနေပါတယ်။ ဥရောပနိုင်ငံတွေဆီက သင်ခန်းစာတွေကို လေ့လာကြည့်ကြရအောင်ပါ။ ဒီတပတ်မှတော့ စပိန်နိုင်ငံရဲ့ အကြပ်အတည်းတွေကို တင်ပြထားပါတယ်။
လွတ်လပ်တဲ့အာရှအသံရဲ့ ဂျူလိုင် (၂၄) ရက် အင်္ဂါနေ့ညပိုင်းအစီအစဉ်မှာတင်ဆက်ခဲ့တဲ့ဆောင်းပါးလေးပါ။
သောတရှင်များခင်ဗျား
ဥရောပ ငွေကြေးအကြပ်အတည်းပြဿနာဟာ မီးတောက်နံရံတွေကြားမှာ လူးလွန့်နေတဲ့ ဒုက္ခတွေလိုမျိုး၊ ကူးစက်လောင်မြိုက်လို့ နေပါတယ်။ ၂၀၀၉ ခုနှစ်ကတည်းက စီးပွားရေးဆုတ်ယုတ်ရပ်ဆိုင်းမှုတွေနဲ့ ကြုံတွေ့နေရတဲ့ ဂရိစ်နိုင်ငံဟာ ဥရောပသမဂ္ဂဆီက ဘီလျှံပေါင်း ရာချီပြီး အကူအညီရခဲ့ပေမဲ့ အခက်အခဲတွေကြားမှ ပြန်လည်ရုန်းထနိုင်စွမ်းမရှိခဲ့ပါဘူး။ ၂၀၁၀ နိုဝင်ဘာလမှာ အိုင်ယာလန်နိုင်ငံ နဲ့ ပေါ်တူကီနိုင်ငံတို့ဟာလည်း အိမ်အရောင်းအဝယ်လုပ်ငန်းတွေ အကြီးအကျယ် ပြဿနာတက် ထိုးဆင်းသွားတဲ့အတွက် ယူရိုဘီလျှံငွေ ၆၇ ဘီလျှံ နဲ့ ၇၈ ဘီလျှံကျော်အသီးအသီး အကူအညီရခဲ့ကြပါတယ်။ ဒါပေမဲ့ သိတ်မကြာခင်မှာပဲ အဲ့ဒီနိုင်ငံရဲ့ အစိုးရတွေ ပြုတ်ကျခဲ့ရပါတယ်။ ဥရောပသမဂ္ဂရဲ့ အခွန်ဆိုင်ရာတိုးမြင့် ကောက်ခံမှု၊ အစိုးရအသုံးစရိတ် နဲ့ လုပ်အားခလျော့ချမှု မူဝါဒတွေဟာ တိုင်းပြည်တွေရဲ့ စီးပွားရေးကျဆင်းရပ်ဆိုင်းမှုတွေကို မိုမိုတွန်းအားပေးနေသလို ဖြစ်နေတယ် လို့ သုံးသပ်နေကြသူတွေလည်း ရှိနေပါတယ်။ သေချာတာတခုကတော့ စီးပွားရေးပြဿနာတွေက နိုင်ငံရေးမူဝါဒတွေကို တိုက်ရိုက်ရိုက်ခပ်လာခဲ့ပါပြီ။ ပြင်သစ်နိုင်ငံမှာဆိုရင် ကွန်ဆာဗေးတစ် ခေါင်းဆောင် နီကိုလတ် ဆာကိုဇီ ကို ဖြုတ်ချပစ်လိုက်ပြီး ဆိုရှယ်လစ်ခေါင်းဆောင်တဦးကို တင်မြှောက်လိုက်ကြသလို၊ ဂရိနိုင်ငံမှာ အမြဲတမ်းလွှမ်းမိုးအနိုင်ယူလေ့ရှိတဲ့ ပါတီကြီးနှစ်ခုရဲ့ မဲတဝက်ဟာ တခြားပါတီတွေထံ ကူးပြောင်းသွားခဲ့ပါတယ်။ တိုင်းပြည်အသီးသီးမှာ လက်ဝဲ၊ လက်ယာ နိုင်ငံရေးအစွန်းရောက်သမားတွေရဲ့ အသံတွေကလည်း လျှံတက်လာခဲ့ပါတယ်။ ဒီအထဲက စပိန်နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ စီးပွားရေးနိုင်ငံရေးပြဿနာတချို့ကို လေ့လာကြည့်ကြရအောင်ပါ။
“ စပိန်နိုင်ငံရဲ့ အိမ်အရောင်းအဝယ်လုပ်ငန်းတွေဟာလည်း ကြောက်စရာကောင်းလောက်အောင် ထိုးဆင်းသွားခဲ့တယ်။ အလုပ်လက်မဲ့နှုန်းဟာ ၂၄ % ထိရောက်ရှိလာပြီတယ်။ ဥရောပ သမဂ္ဂခေါင်းဆောင်တွေအတွက်တော့ စပိန်နဲ့ အီတလီနိုင်ငံတွေကို ဂရိ နဲ့ ပေါ်တူကီနိုင်ငံတွေမှာ ကြုံတွေ့ခဲ့သလိုမျိုး မကြုံတွေ့ဖို့လိုတယ် ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့အတူ စီးပွားရေးပြန်လည်ဦးမော့လာမဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို စတင်ဖို့အတွက် ယူရိုငွေ ၁၂၅ ဘီလျှံ ထုတ်ချေးခဲ့တယ်”
စပိန်နိုင်ငံရဲ့ကွန်ဆာဗေးတစ်အစိုးရဝန်ကြီးချုပ် “မာရီယာနို ရာဂျိုင်” ကတော့ သူ့ရဲ့ နိုင်ငံဟာ ဂရိ နဲ့ ပေါ်တူကီနိုင်ငံတွေလို ကြုံတွေ့နိုင်တယ်ဆိုတဲ့ ကောက်ချက်တွေ၊ အကြံပေးမှုတွေကို ခါးခါးသီးသီး ငြင်းဆိုခဲ့ပါတယ်။ သူ့ရဲ့ နိုင်ငံမှာ ဂရိနိုင်ငံရဲ့ ပါလီမန်အဆောက်အဦရှေ့မှာ အသက် (၇၇) နှစ်အရွယ်အဖိုးအိုတယောက်က ကိုယ့်ဘာသာသတ်သေခဲ့သလိုမျိုးမဖြစ်ခဲ့သလို၊ ဥရောပငွေကြေးအဆောက်အဦဆီက ခွဲထွက်ဖို့ ဖိအားပေးခံရတဲ့ နိုင်ငံရေးအကြပ်အတည်းတွေ၊ ရွေးကောက်ပွဲတွေလိုမျိုး ကြုံတွေ့နိုင်မှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ မာရီယာနို ရာဂျိုင် ပြောခဲ့သလိုပါပဲ။ စပိန်နိုင်ငံမှာ အဓိက သမဂ္ဂကြီး နှစ်ခုမှ ဦးဆောင်ပြီး ကွန်ဆာဗေးတစ်အစိုးကို ဆန့်ကျင်ခဲ့တဲ့ တရက်ကြာအထွေထွေသပိတ်ဆင်နွဲမှုနဲ့ မငြိမ်သက်မှုအနည်းအကျဉ်းကလွဲ လို့ ဂရိနိုင်ငံမှာဖြစ်ပွားခဲ့သလိုမျိုး လူမှုရေးအဓိကရုဏ်းတွေကို မကြုံတွေ့ခဲ့ရပါဘူး။
ဒါပေမဲ့ စပိန်နိုင်ငံရဲ့ လူဦးရေ ငါးသန်းကျော်ဟာ အလုပ်လက်မဲ့ဖြစ်နေပြီး အဲ့ဒီဒုက္ခတွေကို ခါးစီးခံနေရသူတွေအထဲမှာ လူငယ်တဝက်ကျော်ပါဝင်နေပါတယ်။ စပိန်ပြည်သူလူထုဟာ သူတို့ရဲ့ သည်းခံနိုင်မှုအတိုင်းအတာဟာ မျဉ်းတခုကို ကျော်လွန်သွားပြီ လို့ ယုံကြည်လိုက်ကြပါတယ်။ လွန်ခဲ့တဲ့ ရက်များအတွင်းကတော့ စပိန်နိုင်ငံရဲ့ နိုင်ငံရေးရာသီဥတုဟာ တမူထူးခြားလာခဲ့ပါတယ်။ ထောင်ချီနေတဲ့ သတ္တုတွင်းအလုပ်သမားတွေဟာ စပိန်နိုင်ငံရဲ့ မြောက်ပိုင်းဒေသတွေဆီကနေ မဲဒရစ်မြို့ရဲ့ လမ်းမတွေပေါ်ကို ရောက်ရှိလာခဲ့ကြပါတယ်။ ကျောက်မီးသွေးလုပ်ငန်းတွေမှာ လျာထားတဲ့ ချေးငွေ ယူရိုသန်းပေါင်း ၃၀၁ သန်းမှ ၁၁၁ သန်းထိလျော့ချပစ်ဖို့ ဆုံးဖြတ်လိုက်တဲ့ကွန်ဆာဗေးတစ်အစိုးရရဲ့ ပေါ်လစီတွေကို ဆန့်ကျင်ဆန္ဒပြဖို့အတွက် ချီတက်လာကြခြင်းလည်းဖြစ်ပါတယ်။ အလုပ်သမားသမဂ္ဂတွေကတော့ စပိန်အစိုးရရဲ့ ပေါ်လစီသစ်ဟာ အလုပ်ပေါင်း သုံးသောင်းကျော် ချုပ်ငြိမ်းပျောက်ကွယ်စေမဲ့ အစီအစဉ်ဖြစ်တယ်၊ အလုပ်သမားတွေရဲ့ အနာဂတ်ကို သတ်ပစ်မဲ့ အရာဖြစ်တယ် လို့ စောတကတက်ကြပါတယ်။
အာဏာပိုင်တွေက စက်မှုဝန်ကြီးဋ္ဌာနဆီကို ချီတက်လာတဲ့ ဆန္ဒပြလူအုပ်ကို ရာဘာကျည်ဆံ နဲ့ ပစ်ခပ်ဖြိုခွဲခဲ့သလို ဆန္ဒပြသူ ရာပေါင်းများစွာကို ဖမ်းဆီးခဲ့ပါတယ်။ ဆန္ဒပြသူတွေကလည်း အစိုးရရဲ့ဖြိုခွဲမှုကြောင့် သွေးရွဲရွဲစိုနေတဲ့ အမျိုးသမီးတယောက်ရဲ့ ဓါတ်ပုံကို ရိုက်နှိပ်ထုတ်ဝေ လိုက်တဲ့အခါမှာတော့ ပြည်သူလူထုဟာ မက်ဒရစ်မြို့ရဲ့လှုပ်ရှားမှုတွေထဲကို ပိုမိုလေးနက်စွာ ပါဝင်လာခဲ့ကြပါတော့တယ်။
တကယ်တော့ စပိန်နိုင်ငံမှာ အနာဂတ်အတွက် စိုးရိမ်မှုတွေက အလုပ်သမားသမဂ္ဂတွေကြားမှာတင် ရှိနေတာမဟုတ်ပါဘူး။ အစိုးရဝန်ထမ်းတွေအားလုံးနီးပါးဟာလည်း စားမဝင်အိပ်မပျော် ဖြစ်နေကြပါတယ်။ ပြည်သူ့ဆေးရုံ၊ အစိုးရဝန်ကြီးဋ္ဌာနတွေ နဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ အားလုံးဟာ အစိုးရရဲ့ ဝန်ထမ်းလျော့ချရေးမူဝါဒတွေကြောင့် ဘယ်အချိန်မှာ အလုပ်ပြုတ်ကြမလဲ ဆိုတဲ့ စိုးရိမ်သောကတွေက လူတိုင်းဆီမှာ ခိုတွယ်နေပါတယ်။
“ ကွန်ဆာဗေးတစ် အစိုးရတက်လာပြီး ရက်ပေါင်း ၁၀၀ အတွင်းမှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ စတင်ခဲ့တယ်။ ဒါပေမဲ့ အစိုးရသစ် ရာဂျိုင် ရဲ့ ပြုပြင်ပြောင်းလဲရေး ဆိုတာ လူမှုဖူလုံရေးအတွက် လျာထားတဲ့ငွေတွေ၊ အစိုးရအသုံးစရိတ်တွေကို လျော့ချပစ်လိုက်တာ ဖြစ်တယ်။ သမဂ္ဂတွေရဲ့ အခန်းကဏ္ဍ ကို မှေးမိန်သွားအောင်လုပ်ပစ်တာ ဖြစ်တယ်။ “ပေါင်မှုန့်မရှိပဲနဲ့ ငြိမ်းချမ်းရေးမရနိုင်” “ တရားမျှတမှု” “ အစိုးရရဲ့ အသုံးစရိတ်လျော့ချရေး - အလိုမရှိ” ဆိုတဲ့ ကြွေးကြော်သံတွေဟာ ကျနော်တို့ လှုပ်ရှားမှုရဲ့ အဓိက ကြွေးကြော်သံတွေဖြစ်လာခဲ့တယ်။
သောတရှင်များခင်ဗျား
ဥရောပနိုင်ငံတွေဖြစ်တဲ့ ဂရိ၊ အိုင်ယာလန်၊ ပေါ်တူကီ၊ စပိန် နိုင်ငံတွေဟာ ဥရောပသမဂ္ဂရဲ့ စီးပွားရေးပြည်လည်ဦးမော့ရေး အရေးပေါ်ကယ်ဆယ်မှု ငွေကြေးအကူအညီတွေကို ဘီလျှံ နဲ့ ချီပြီး ရရှိခဲ့ကြပါတယ်။ ဒါပေမဲ့ တဘက်မှာတော့ အစိုးရမူဝါဒတွေဟာ အလုပ်လက်မဲ့နှုန်းတွေကို ပိုမိုမြင့်တက်လာအောင်ဖန်တီးပေးသလို ဖြစ်ခဲ့ပြန်ပါတယ်။ နိုင်ငံခြားက ထောက်ပံ့ကူညီတဲ့ ငွေတွေအားလုံးဟာ လက်တဆုပ်စာ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အကျိုးဖြစ်ထွန်းခဲ့တာလား၊ ပြည်သူလူထုအတွက် အကူအညီတကယ်ဖြစ်ခဲ့ရဲ့လား ဆိုတဲ့မေးခွန်းတွေကလည်း တည်ရှိနေပါတယ်။ ဥရောပ ဗဟိုဘဏ်ရဲ့ လေ့လာသုံးသပ်ချက် တခုမှာတော့ တိုင်းပြည်တခုဟာ သူ့ရဲ့ပြည်တွင်းက နိုင်ငံရေးပြဿနာတွေကို မဖြေရှင်းနိုင်ရင် စီးပွားရေးအကူအညီတွေ အားလုံးဟာ အရာထင်မှာမဟုတ်ဘူး လို့ ဆိုပါတယ်။ ဒီကောက်ချက်ဟာ ကျနော်တို့မြန်မာနိုင်ငံကြုံတွေ့နေရတဲ့အခြေအနေကို တိုက်ရိုက်သတိပေးသလိုမျိုးဖြစ်နေပါတယ်။
စီးပွားရေးအရပိတ်ဆို့အရေးယူမှုဟာ ပြည်သူလူထုကိုထိသလား၊ အုပ်စိုးသူလူတန်းစားကို ထိသလား ငြင်းခုန်နေခြင်းထက်၊ နိုင်ငံရေးပြဿနာအားလုံးကို ကိုယ့်အချင်းချင်းဖြေရှင်းညှိနှိုင်းနိုင်မှာသာ ပြည်သူအားလုံးအတွက် အသက်ရှုချောင်မဲ့အနာဂတ်တခုကို ရရှိကြမှာဖြစ်ပါတယ်။
သောတရှင် မြန်မာပြည်သူတွေအားလုံးလည်း ဆယ်စုနှစ်ပေါင်းများစွာ ကြုံတွေ့ခံစားနေရတဲ့ နိုင်ငံရေးအကြပ်အတည်းတွေနဲ့ စီးပွားရေးချွတ်ခြုံကျမှုဒုက္ခတွေမှ လွတ်မြောက်နိုင်ကြပါစေ။
အောင်မိုးဝင်း
ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် ထိုင်းရှိ NGO အဖွဲ့တချို့နှင့်တွေ့
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့်
ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသည့် NGO
အဖွဲ့ တချို့တို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် ယနေ့နံနက်က
တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲတွင် ယာယီနိုင်ငံကူးလက်မှတ် ကိစ္စ အပါအ၀င် ထိုင်းရှိ မြန်မာ အလုပ်သမားများ ကြုံတွေ့ ရသည့် ပြဿနာများ၊ အခက်အခဲများကို NGO အဖွဲ့များက ၀န်ကြီးထံ တင်ပြခဲ့သည်။
ထို့အပြင် ထိုင်းနိုင်ငံ၏ အလုပ်သမား ဥပဒေအချို့အား ပြုပြင်နိုင်ရန် မြန်မာ အစိုးရ အနေဖြင့် ဖိအားပေးသင့် ကြောင်းနှင့် နှစ်နိုင်ငံ အစိုးရချင်း ညှိနှိုင်းပြီး ပူးပေါင်း ဆောင်ရွက်သင့်ကြောင်းလည်း တင်ပြခဲ့သည်။
ယင်းတို့အနက် ကိုယ်ဝန်ဆောင် အလုပ်သမားများ ထိုင်းနိုင်ငံအတွင်း ကလေးမွေးဖွားခွင့် မပြုသည့် ဥပဒေကို ထိုင်းအလုပ်သမား ၀န်ကြီး ဌာနက အသစ်ပြဌာန်းရန် ပြင်ဆင် နေသည့် ကိစ္စအား တင်ပြခဲ့ရာ ထိုင်းအစိုးရနှင့် ပြန်လည် ဆွေးနွေး ပေးမည်ဟု ၀န်ကြီး ဦးအောင်ကြည်က ပြောဆိုကြောင်း တွေ့ဆုံပွဲ တက်ရောက်ခဲ့သူ ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း FED အဖွဲ့မှ ဒါရိုက်တာ ဦးထူးချစ်က အခုလို ပြောသည်။
“သူက သေခြာပြောသွားတာကတော့ ဒါကြီးဟာ မဖြစ်သင့်ဘူး၊ ဒါ လူ့အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်တာပဲ ဆိုတဲ့ဟာမျိုး ပေါ့နော်။ သူတို့အနေနဲ့ ဒါကို သေခြာလေး ပြန်ဆွေးနွေးမယ်ဆိုတဲ့ဟာမျိုးကို ပြောသွားတာ ရှိပါတယ်။ တိတိကျကျပါပဲ။”
ကိုယ်ဝန်ဆောင် ရွှေ့ပြောင်း အလုပ်သမားများ ထိုင်းနိုင်ငံအတွင်း မီးဖွားခွင့် မပြုရန်၊ အကယ်၍ ကိုယ်ဝန် လေးလခန့်ရှိပါက မူရင်းဌာနေ နိုင်ငံသို့ ပြန်လည် ပို့ဆောင်မည့် ဥပဒေကြမ်း တရပ်ကို အတည်ပြု ပြဌာန်းပေးရန် ထိုင်းအလုပ်သမား ၀န်ကြီးဌာနမှ ထိုင်းအစိုးရအဖွဲ့အား လွန်ခဲ့သည့် လက တင်ပြခဲ့သည်။
ယင်းဥပဒေကြမ်းအား ထိုင်းအစိုးရက အတည်မပြုမီ ပြန်လည် စိစစ်ပေးရန် ထိုင်းနိုင်ငံရှိ အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့များက ထိုင်းဝန်ကြီးချုပ်ထံ စာရေး တင်ပြထားသည်။
MAP ဖောင်ဒေးရှင်းအဖွဲ့မှ တွေ့ဆုံပွဲ တက်ရောက်ခဲ့သူ မမိုင်က ယနေ့ တွေ့ဆုံပွဲတွင် ၀န်ကြီး ဦးအောင်ကြည်နှင့် ရင်းနှီးပွင့်လင်းစွာ ပြောဆိုခွင့် ရသည့်အတွက် NGO အဖွဲ့များက အားရကျေနပ်မှု ရှိကြကြောင်း အခုလိုပြောဆိုသည်။
“ထိုင်းနိုင်ငံမှာ အခြေစိုက်နေတဲ့ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေရဲ့ စကားကို သူနားထောင်ပေးတယ်။ ပြီးတော့ ဘာဖြစ်ချင်သလဲ၊ ဘယ်လိုလုပ်ရင်ကောင်းမလဲ ဆိုပြီး သူပြန်မေးတယ်။ အခွင့်အရေးပေးတယ်ပေါ့နော်။ နောက်ပိုင်း အလုပ်သမားတွေနဲ့ ပတ်သက်လို့ တစုံတရာရှိခဲ့မယ်ဆိုရင် သူ့ကို ဒါရိုက် ဆက်သွယ်လို့ရတဲ့ အကြောင်း ပြောတယ်လေ။”
ထို့အပြင် မြန်မာအစိုးရက နိုင်ငံရပ်ခြားတွင် သွားရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာ နိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်သည့် မူဝါဒများထုတ်ပြန်ရာ၌ သက်ဆိုင်ရာ နိုင်ငံရှိ အလုပ်သမား ရေး ဆောင်ရွက်နေသည့် NGO အဖွဲ့အစည်းများအား ပါဝင် ခွင့်ပြုရန်ကိုလည်း တင်ပြတောင်းဆိုခဲ့သည်ဟု ၎င်းကဆက် ပြောသည်။
ယနေ့ တွေ့ဆုံပွဲတွင် ၀န်ကြီး ဦးအောင်ကြည် အပါအ၀င် ထိုင်းနိုင်ငံသံရုံး ၀န်ထမ်းများ၊ ထိုင်းရှိ အလုပ်သမားရေး ဆောင်ရွက်နေသည့် NGO အဖွဲ့အစည်းများနှင့် ယာယီ နိုင်ငံကူး လက်မှတ် ပြုလုပ်ပေးသည့် ကုမ္ပဏီအချို့မှ ပုဂ္ဂိုလ်များ တက်ရောက်သူ စုစုပေါင်း (၁၅) ဦး ခန့် ရှိပြီး အချိန် (၁) နာရီကျော် တွေ့ဆုံခဲ့သည်။
မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားအရေးနှင့် ပတ်သက်၍ နောက်ပိုင်းတွင် ထိုင်းအစိုးရ အပါအ၀င် ထိုင်းနိုင်ငံရှိ NGO အဖွဲ့အစည်းများနှင့် ဆွေးနွေး ညှိနှိုင်း ဆောင်ရွက်သွားမည်ဟု ၀န်ကြီးက ပြောဆိုခဲ့ကြောင်း သိရသည်။
http://burmese.bnionline.net/index.php/news/nmg/10990----ngo-.html

မြန်မာစစ်တပ်နဲ့ ပတ်သက်ဆက်နွယ်တဲ့ အကြောင်းအရာမျာကို တင်ပြနေတဲ့ ၀က်ဘ်ဆိုဒ်
ဘုရားသား၊ စစ်သား၊ ကျောင်းသားတွေနဲ့ တိုင်းရင်းသားညီအကိုတွေ လက်တွဲညီညာစွာဖြင့် ဗိုလ်ချုပ်လမ်းစဉ်အတိုင်း အေးချမ်းသာယာပြီး ခေတ်မှီ ဖွံ့ဖြိုးတိုးတက်တဲ့ အနာဂတ် မြန်မာနိုင်ငံတော်အတွက် လက်တွဲ ပူးပေါင်း ဆောင်ရွက်ကြစေလိုတာကို ပုံဒီဇိုင်းရေးဆွဲပြီး တင်ပြ လိုက်ရပါတယ်။ ဒီဇိုင်းတီထွင်ပေးတဲ့ ကိုစစ်ဘုန်းသော်အား အထူး ကျေးဇူး တင်ရှိပါတယ်။
ဒီမှာလည်း သွားရောက် လည်ပတ်နိုင်ပါတယ်...။
ဖိုးတယုတ်။
Subscribe to:
Posts (Atom)