Thursday, July 12, 2012

Humans attacked in westen Burma 2012


ကျွန်တော် ဝေါ်ပေါ်မှာ ဒီအတိုင်း လာရှယ်ထားလို့  ပြန်တင်လိုက်ပါတယ် ...ktw



Published on Jul 11, 2012 by
Evidence of Blood Thirsty, Hate Fuelled & Warmongering so-called Rohingya Benglai Terrorists started attacking peaceful Arakan Buddhists in Maung-Daw, Arakan State, Burma emerged. Any so-called human rights organisations (INGOs) dare to denounce so-called Rohingya Bengali terrorists. You dare not since if you do so your FUNDING will be CUT by your funder DADs. Huhh......Cowards!
Myo Thein
http://www.bdcburma.org/
သို့
သမ္မတကြီးဦးသိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရက်စွဲ - ၉-၇-၂၀၁၂

အကြောင်းအရာ။ ။ရခိုင်ပြည်နည်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားရိုဟင်ဂျာများအား အစွန်းရောက်ရခိုင်များ၏ အကြမ်းဖက်သတ်ဖြတ်မှုများမှ အပြည့်အ၀ကာကွယ် စောင့်ရှောက်ပေးပါရန် အသနားခံတင်ပြခြင်း။

ရိုသေစွာဖြင့်...
ကျွန်ုပ်တို့ ဂျပန်နိုင်ငံကိုရောက်ရှိနေသော မြန်မာနိုင်ငံသား ရိုဟင်ဂျာများက သမ္မတကြီးဦးသိန်းစိန်အား ယခုဖြစ်ပျက်နေသည့် ရခိုင်ပြည် အရေးနှင့် ပတ်သက်၍ အောက်ပါအတိုင်းရှင်းလင်းတင်ပြပြီး လိုအပ် သည့် အကာအကွယ်အားလုံးကို ထိထိရောက်ရောက် ပေးနိုင်ရန် အသနားခံတင်ပြအပ်ပါသည်။
ကျွန်ုပ်တို့ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့သည့်ဇွန်လဆန်းမှစ၍ ဖြစ်ပွားနေသော လူမျိုးရေးဘာသာရေး အဓိကရုဏ်းတွင် လူသားအသက် ပေါင်းထောင်နှင့်ချီပြီး ဆုံးရှုံးခဲ့ရသကဲ့သို့ ဥစ္စာပစ္စည်းအိုးအိမ်များ လည်း တန်ဖိုးသန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရခြင်းအပေါ် အလွန်အမင်း ၀မ်းနည်း ကြေကွဲမိပါသည်။ ထို ကြေကွဲဝမ်းနည်းဖွဲကောင်းသော အဖြစ်အပျက်မျိုး ယနေ့ယဉ်ကျေးသောကမ္ဘာတွင် မဖြစ်သင့်မဖြစ် ထိုက်သော အရာဟုယူဆမိပါသည်။
Read more here ~ http://bit.ly/N0chjr
rohingyablogger@gmail.com

Standard YouTube License

Uploader Comments ( maykhalar )

မကြာသေးမီက မောင်တောမြို့ခံများက နိရဉ္စရာသို့ ပို့ပေးသည့်စာတွင်လည်း ဗိုလ်မှူးကြီး အောင်ကြီး သည် အကြမ်းဖက်မှု ဖြစ်ကို စတင် ဖြစ်ပွားစေသော အခြေခံ အကြောင်း အရင်း ဖြစ် သည့် ငြိမ်းချမ်းစွာ ဆုတောင်းပွဲကို ကျပ်ငွေသိန်းပေါင်း ၃၅၀ဝ နှင့် ခွင့်ပြုခဲ့သည်ဟု စွပ် စွဲ ဖေါ်ပြသည်။
ယခုအခါ မောင်တော နစက ဌာနချုပ်တွင် အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုနိုင်က တိုက်ရိုက် ကိုင်တွယ်နေသည်ဟု သိရသည်။

အမေရိကန် သံအမတ်ကြီး ရန်ကုန် ရောက်၊ ၊ နေပြည်တော် အမြန်သုပ်ခြေတင်မည်




မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ပြည်ထောင်စုရဲ့ နှစ်ပေါင်း ၂၀ ကျော် ကာလအတွင်း ပထမဆုံး သံအမတ်ကြီးဖြစ်သူ မစ္စတာ ဒဲရက် ဂျေ မစ်ချဲလ်ဟာ ယနေ့ ဇူလိုင်လ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့တွင် မြန်မာနိုင်ငံ သို့ ရောက်ရှိလာပြီဖြစ်ပြီး ခရီး ရောက်မဆိုက် နေပြည်တော်သို့ သွားကာ သမ္မတ ဦးသိန်းစိန်ထံ သံအမတ် ခန့်အပ်လွှာပေးမည်ဟု ရန်ကုန်အခြေဆိုက် အမေရိကန် သံရုံးက ယနေ့ထုတ်ပြန်ကြေညာသည်။

ယခင်က မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ် စားလှယ်နှင့် မူဝါဒ ရေး ရာ ညှိနှိုင်းရေးမှူး တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။ ဒဲရက်မစ်ချဲလ်သည် ၂၀၀၁ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ မဟာ ဗျူ ဟာနှင့် နိုင်ငံတကာ လေ့လာရေး ဌာနရှိ အာရ ဌာနခွဲ၌ အကြီးတန်း အရာရှိအဖြစ်လည်းကောင်း၊ ညွှန်ကြားရေးမှူး တာဝန်ယူ၍ လည်းကောင်း အသီးသီး တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။

မိချောင်းမျက်ရည် (ကဗျာရှင် နေရဲနီ) ဒီမိုဝေယံ



မိချောင်းမျက်ရည်
(ကဗျာရှင် နေရဲနီ)

တို့တိုင်းပြည်က ရှိသမျှမြေပေါ်မြေအောက်သယံဇာတ
အာဏာရှင် အတ္တသမားကြီးကို လည်ပင်းနင်းပြီး
သူအတင်း ယူသွားတယ်။
ငတ်နေတဲ့ ပြည်သူတွေရဲ့ ကြမ်းတမ်းတဲ့ဘဝတွေက
သက်သေပြနေတယ်။

တို့တိုင်းပြည်က အိမ်ခြံမြေလမ်းတံတား
ရှိရှိသမျှ နေရာအားလုံး
အာဏာရှင်တစ်ကိုယ်ကောင်း သမားကြီးကို
လည်ပင်းညှစ်ပြီး သူတို့ အတင်းရယူသွားတယ်။
ဓာတ်ငွေ့ ပိုက်လိုင်း ဖောက်တဲ့လမ်းပေါ်မှာ
လယ်မြေတွေ အသိမ်းခံနေရတဲ့
လယ်သမားတွေရဲ့ ထမင်းငတ်တော့မယ့် ဆူဆူညံညံ အသံတွေက
သက်သေပြနေတယ်။

ယခုတဖန် မြန်မာပြည် ဒီမိုကရေစီအရေးအတွက်
စိုးရိမ်စွာ သတိပေးလိုက်ပါတယ် တဲ့
ရေနစ်နေတဲ့ သတ္တဝါကို ကယ်တော့မလိုနဲ့
မညှာမတာ ကိုက်သတ်စားပြီးခါမှ
သေသွားတဲ့ သတ္တဝါအပေါ်မှာ
မဟာကရုဏာကြီးစွာနဲ့ ကျမိတဲ့
မိချောင်းမင်းရဲ့ ရွှေမျက်ရည်
မြစ်ဆုံဆည်ကြီးက သက်သေပြနေလေရဲ့။

နေရဲနီ

အောက်မှာ မိကျောင်းမျက်ရည်ကျပြတဲ့ သတင်းကို ဆက်ဖတ်နိုင်ပါတယ်..။

မြန်မာ့ ဒီမိုကရေစီ အပြောင်းအလဲ တရုတ် သတိပေး

ဇူလိုင်လ(၂)ရက်နေ့ VOA (မြန်မာပိုင်း) သတင်း

မြန်မာနိုင်ငံက ဒီမိုကရေစီရေး အပြောင်းအလဲတွေဟာ "အလျင်စလို" လုပ်လို့ မဖြစ်နိုင်ဘူးလို့ တရုတ်နိုင်ငံပိုင် မီဒီယာက သတိပေး ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေ အားလုံးကို ဒီမိုကရေစီ ဆိုတဲ့ အရာတခုထဲနဲ့ ဖြေရှင်းလို့ မရနိုင်ဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံက အရပ်သားတပိုင်း အစိုးရသစ်က တိုင်းပြည်မှာ မကြုံဘူးသေးတဲ့ အနာဂတ်ကို ဖန်တီး ပေးမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပြုလုပ်နေတဲ့ ပြုပြင် ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး ကွန်မြူနစ်ပါတီက ထုတ်ဝေတဲ့ Global Times ရဲ့ သုံးသပ်ချက် ဆောင်းပါးမှာ ရေးသားထားပါတယ်။

အနောက်တိုင်းဆန်တဲ့ ဒီမိုကရေစီ ပုံစံဟာ မြန်မာနိုင်ငံအတွက် အန္တရာယ်ကြီးမားတယ် ဆိုပြီးတော့လည်း သတိပေး ရေးသားထားပါတယ်။ အလျှင်စလို ပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ်တာဟာ အစွန်းရောက်သူတွေကို အားပေးလိုက်သလို ဖြစ်သွားလိမ့်မယ်လို့ ဆိုပါတယ်။

မကြာသေးခင်က တိုင်းပြည် အနောက်ခြမ်းမှာ လူတွေ ဒါဇင်နဲ့ချီ သေဆုံးခဲ့ရသလို ထောင်နဲ့ချီပြီး အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ မွတ်ဆလင် ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကြား ဖြစ်ပွားခဲ့ရတဲ့ အဓိကရုန်းကို ဥပမာပေး ရေးသားထားပါတယ်။

"ဒီမိုကရေစီ ဆိုတာ မြန်မာနိုင်ငံအတွက် ၉၆ ပါး ရောဂါ ပျောက်ဆေးကြီး မဟုတ်ဘူး" ဆိုပြီး ခေါင်းစဉ်တပ် ရေးသားတဲ့ ဆောင်းပါးမှာ အနောက်နိုင်ငံတွေက ဒီမိုကရေစီ စံနစ်ဟာ မြန်မာနိုင်ငံအပေါ် တော်တော် သြဇာ လွှမ်းမိုးနေကြောင်း မြန်မာနိုငငံ အနောက်ခြမ်းမှာ ဖြစ်တဲ့ အဖြစ်အပျက်မျိုးဟာ ဆိုးဝါးလာနိုင်သလို ထိန်းမနိုင် သိမ်းမရ အခြေအနေ ဆိုက်ရောက်နိုင်ကြောင်းလည်း သတိပေး ရေးသားထားပါတယ်။
 

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ဟာ စစ်တွေမြို့က ဒုက္ခသည် စခန်းတွေကို ဒီကနေ့ သွားရောက်



ရခိုင်ပြည်နယ်ကို ရောက်နေတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ
ဟာ စစ်တွေမြို့က ဒုက္ခသည် စခန်းတွေကို ဒီကနေ့ သွားရောက်ပြီး အလှူငွေနဲ့ အသုံးအဆောင် ပစ္စည်းတွေ ပေးအပ်ခဲ့ကြပါတယ်။

ကိုမင်းကိုနိုင်၊ ကိုကိုကြီးနဲ့ ကိုဂျင်မီတို့ ဦးဆောင်တဲ့ ၈၈ မျိုးဆက်
ကျောင်းသားတွေဟာ ဒီကနေ့ နေ့လည်က စစ်တွေ မြို့မ ပရိယတ္တိ စာသင်တိုက် နဲ့ မင်းဝံ ဒုက္ခသည်စခန်း အပါအဝင် စခန်း ၆ ခုကို သွားရောက်ပြီး အလှူငွေ ၅ သိန်းစီ ပေးအပ် လှူဒါန်းခဲ့သလို ဒုက္ခသည် စခန်းတွေက မွေးကင်းစ ကလေးငယ် တွေရဲ့ မိခင်တွေကိုလည်း ကျပ် ၁ သောင်းစီ ပေးအပ်ခဲ့ပါတယ်။

ကိုမင်းကိုနိုင်နဲ့ အဖွဲ့ဟာ ညနေပိုင်းမှာ စစ်တွေမြို့က “ဝံလက်” လူမှု
ကယ်ဆယ်ရေး နဲ့ ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း ရုံးခန်းမှာ မြို့မိမြို့ဖတွေ၊ လူမှုရေး အသင်းအဖွဲ့ တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

RFA News

ဘင်္ဂလားဒေရှ့်နိုင်ငံ အခြေစိုက် အကြမ်းဖက် အဖွဲ့အစည်းများ


by Ko Kyi Win on Wednesday, July 11, 2012 at 9:50pm ·
အကြမ်းဖက်မှုတွေကို ထိထိရောက်ရောက် တိုက်ဖျက်နှိမ်နင်းနိုင်ရေးအတွက် သတင်းအချက်အလက်တွေကို စုံစမ်း ထောက်လှမ်းနိုင်ရေးဟာ အဓိကအကျဆုံး ဖြစ်ပါတယ်။ဒီနေရာမှာ အကြမ်းဖက်မှုတွေ မဖြစ်ပွားမီက ကာကွယ်ထိန်းသိမ်း နိုင်မယ့် နည်းလမ်းတွေနဲ့ ဖြစ်ပွားပြီးနောက်ပိုင်းမှာ အကြမ်းဖက်သမားတွေကို စုံစမ်းဖော်ထုတ် နိုင်မယ့် နည်းလမ်းတွေကို စနစ်တကျ အသုံးပြုနိုင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့်လဲ အကြမ်းဖက်မှုများ ထိရောက်စွာနှိမ်နင်းနိုင်ဖို့အတွက် Terrorist Intelligence Unit တွေကို သက်ဆိုင်ရာနိုင်ငံအသီးသီးမှာ ဖွဲ့စည်းထားကြပါတယ်။ ဒီယူနစ်တွေက Terrorist Intelligence Process တွေကို အသုံးပြုပြီး သတင်းအချက်အလက်များ စုဆောင်းခြင်း၊ သတင်းရယူခြင်း၊ အကြမ်းဖက် သမားဟု သံသယဖြစ်နိုင်ချေ ရှိသူများနှင့် ထောက်ခံအားပေးနေသူများကို ဖော်ထုတ်ခြင်း၊ အကြမ်းဖက်မှုတွင် ပါဝင်ပတ် သက်နေသော အဖွဲ့အစည်းများနှင့် ချိတ်ဆက်အဖွဲ့အစည်းများအား ဖော်ထုတ်ခြင်း၊ ပုဂ္ဂိုလ်ရေးဆက်နွယ်မှု၊ ဘဏ္ဍာရေး ဆက်နွယ်မှု၊ဖြစ်စဉ်ဆက်နွယ်မှု စသည်များကို ဆက်စပ်လေ့လာဆန်းစစ်ခြင်း စတဲ့လုပ်ငန်းစဉ်တွေကို အကောင်အထည် ဖော်ဆောင်ကြပါတယ်။
ဖြစ်ပွားပြီးခဲ့တဲ့ နိုင်ငံအသီးသီးမှ ပြည်တွင်းအကြမ်းဖက်မှုများနဲ့ နိုင်ငံတကာအကြမ်းဖက်မှုများကို လေ့လာဆန်းစစ်ချက် များအရ မည်သည့်အဖွဲ့အစည်းများနဲ့မှ ဆက်စပ်ခြင်းမရှိတဲ့ တကိုယ်တော် အကြမ်းဖက်မှုတွေက နည်းပါးပါတယ်။ အ ကြမ်းဖက်မှုများရဲ့ နောက်ကွယ်မှာ ကြိုးကိုင်ထားတဲ့ (သို့မဟုတ်) ဆက်စပ်နေတဲ့ အဖွဲ့အစည်းတွေ ရှိပါတယ်။ ဒါကြောင့် အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းများ၊ ချိတ်ဆက်အဖွဲ့အစည်းများနဲ့ အားပေးထောက်ခံသော အ ဖွဲ့အစည်းများကို ဖော်ထုတ်နိုင်ဖို့ အလွန်ပဲ အရေးကြီးပါတယ်။ ဒါကြောင့်လဲ ထောက်လှမ်းရေးအဖွဲ့အစည်းများနဲ့ အကြမ်း ဖက်မှုလေ့လာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ လက်တွဲပြီး အကြမ်းဖက်အဖွဲ့အစည်းများနဲ့ ချိတ်ဆက်အဖွဲ့အစည်းများ ကို Link Analysis များ ပြုလုပ်ပြီး ဖော်ထုတ်ထားကြပါတယ်။
ဖော်ထုတ်တွေ့ရှိထားကြတဲ့ အကြမ်းဖက်အဖွဲ့အစည်း အများစုဟာ တရားဥပဒေစိုးမိုးရေး (rule of law) ရဲ့ လက်တံနဲ့ အနည်းငယ် ဝေးကွာလေ့ရှိတဲ့ တောတောင်ထူထပ်သော ဒေသများ၊ သဘာဝအရံ အတားအဆီး များသောဒေသများနဲ့ နယ်စပ်ဒေသများမှာ ခိုအောင်းပြီး အခြေစိုက်စခန်း တည်ထောင်လေ့ရှိကြပါတယ်။ ဒီလိုတည်ထောင်မှုကနေ အိမ်နီးချင်း နိုင်ငံများအပေါ်မှာ spill-over effects များ သက်ရောက်လာလေ့ရှိသလို၊ အိမ်နီးချင်းနိုင်ငံမှ အခြားစစ်သွေးကြွအဖွဲ့အ စည်းတွေနဲ့ ဆက်စပ်လာတာတွေလဲ ရှိပါတယ်။ ဒါကြောင့် အကြမ်းဖက်မှုလေ့လာဆန်းစစ်ချက်တွေမှာ မိမိတို့နိုင်ငံသာ မက နယ်နိမတ်ချင်းထိစပ်နေတဲ့ နိုင်ငံများရဲ့ အကြမ်းဖက်အဖွဲ့အစည်းများ အကြောင်းကိုပါ လေ့လာထားဖို့ လိုအပ်ပါ တယ်။ အခုဒီဆောင်းပါးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေစိုက် အကြမ်းဖက်အဖွဲ့အစည်းများအကြောင်းကို လေ့လာတင်ပြမှာ ဖြစ်ပါတယ်။
(၂ဝဝ၉) ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရကနေ စစ်သွေးကြွအကြမ်းဖက်အဖွဲ့အစည်း ၁၂ ခုရဲ့ အမည်ကို ထုတ်ဖော် ကြေငြာခဲ့ပါတယ်။ ဒီအဖွဲ့အစည်းတွေထဲမှာ ပါဝင်တဲ့ Harkat-ul Jihad Islami (HuJI) Bangladesh, Jamaat-ul Mujahideen Bangladesh (JMB), Shahadat-e-al Haqima (SAH) စတဲ့ အဖွဲ့အစည်းတွေဟာ ယခင်အစိုးရများလက် ထက်ကတည်းက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ထုတ်ဖော် ကြေငြာခံထားရတဲ့ အဖွဲ့အစည်းများ ဖြစ်သလို၊ နိုင်ငံတကာ လုံခြုံရေးနဲ့ ထောက်လှမ်းရေးအဖွဲ့အစည်းများရဲ့ လေ့လာဆန်းစစ်ချက် များမှာ အမည်စာရင်းထည့်သွင်းခံထားရတဲ့ အဖွဲ့ အစည်းတွေလဲ ဖြစ်ပါတယ်။ ဒီအကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်အဖွဲ့အစည်းများအကြောင်းကို လေ့လာကြည့်ကြ ရအောင်ပါ။
Shahadat-e al Haqima: Shahadat-e al-Hikma (SAH)
ဒီအဖွဲ့အစည်းကို ၂ဝဝ၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။ အဖွဲ့ရဲ့ခေါင်းဆောင်ကတော့ Kawsar Hossain Siddique ဆိုသူဖြစ်ပါတယ်။ ဒီအုပ်စုက အချက် ၇ ချက်ပါတဲ့ တောင်းဆိုချက်များကို တောင်းဆိုခဲ့ပြီး ၁၉၇၁ ခုနှစ် လွတ်မြောက်ရေးစစ်ပွဲကို အသက်ပြန်သွင်းဖို့ ကြိုးပမ်းခဲ့ပါတယ်။ အစိုးရအာဏာကို အကြမ်းဖက်နည်းလမ်းနဲ့ ရယူ မယ့် ရည်ရွယ်ချက်ကို ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ဒီအဖွဲ့အစည်း ပေါ်ပေါက်လာစမှာပဲ တိုင်းပြည်ရဲ့ တည်ငြိမ်အေးချမ်း ရေးကို ခြိမ်းချောက်လာတာကြောင့် အဲဒီအချိန်က အစိုးရဖြစ်တဲ့ BNP- Jamaat government က အကြမ်းဖက်အဖွဲ့အ စည်းအဖြစ် ကြေငြာခဲ့ပါတယ်။
ထောက်လှမ်းရေး သတင်းအချက်အလက်များအရ ဒီအဖွဲ့မှာ ကွန်မင်ဒိုအင်အား တသောင်းခန့်ရှိပြီး၊ တိုင်းပြည်အနှံ့မှာ ဖြန့်ကျက်ထားတဲ့ တိုက်ခိုက်ရေးသမား နှစ်သောင်းခွဲရှိပါတယ်။ ကမ္ဘာကျော်အကြမ်းဖက် အဖွဲ့အစည်းကြီးဖြစ်တဲ့ Al Qaeda အဖွဲ့နဲ့ ဆက်စပ်မှုတွေ ရှိကြောင်း ထောက်လှမ်းရေးသတင်း အချက် အလက်များမှာ ဖော်ပြထားပါတယ်။
Harkat-ul Jihad al Islami Bangladesh (HuJI-B)
ဒီအဖွဲ့အစည်းကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာသာကပဲ နိုင်ငံတကာ လုံခြုံရေးလောကမှာပါ နာမည်ကြီးတဲ့ အဖွဲ့အစည်း တခု ဖြစ်ပါတယ်။ ဒီအဖွဲ့ကို အာဖဂန်နစ္စတန်မှာ ဆိုဗီယက်တပ်တွေကို သွားတိုက်ပြီးပြန်လာခဲ့တဲ့ အာဖဂန်နစ္စတန်စစ်ပွဲ ပြန်များက စုဖွဲ့ခဲ့တာ ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ Osama Bin Laden’s International Islamic Force (IIF) ကို အားကျ အတုယူမှုတွေ ရှိခဲ့ပါတယ်။ အဖွဲ့ရဲ့ ခေါင်းဆောင်အမည်ကတော့ Showkat Osman (ခေါ်) Sheikh Faridi ဆိုသူ ဖြစ်ပါ တယ်။ ဒီအဖွဲ့ရဲ့ ရည်မှန်းချက်ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အစ္စလာမ်အုပ်ချုပ်ရေးကို အကောင်အထည် ဖော်ဖို့ဖြစ်ပါ တယ်။ အဖွဲ့အစည်းရဲ့ ပစ်မှတ်များကတော့ secularism–liberal ပညာရှင်များ၊ ခေါင်းဆောင်များနဲ့ တိုင်းပြည်ရဲ့ secular image ကို ဖော်ဆောင်ပေးတဲ့ ပွဲလမ်းသဘင်များ (ဥပမာ- Bengali New Year ) စတာတွေ ဖြစ်ပါတယ်။
ဒီအဖွဲ့အစည်းမှာ ကေဒါပေါင်းတသောင်းခွဲခန့်ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ ကနဦးအနေနဲ့ အဖွဲ့အစည်းရဲ့ ဘဏ္ဍာရေး အသုံးစရိတ်များကို International Islamic Front (IIF) က တာဝန်ယူထောက်ပံ့ပေးခဲ့ပါတယ်။ အဖွဲ့အစည်းရဲ့ လှုပ်ရှား ဒေသကတော့ စစ်တကောင်းကနေ Cox’s Bazaar ကိုဖြတ်ပြီး၊ မြန်မာနိုင်ငံအထိ ပင်လယ်ကမ်းရိုးတန်းဒေသများမှာ ဖြစ် ပါတယ်။ အိန္ဒိယနိုင်ငံမှာလဲ ချိတ်ဆက်ကွန်ယက်ရှိပြီး၊ ၂ဝဝ၆ ခုနှစ် Sankat Mochan temple ဗုံးပေါက်ကွဲမှုနဲ့ ၂ဝဝ၇ ခုနှစ် Hyderabad ဗုံးပေါက်ကွဲမှုတွေမှာ တာဝန်ရှိတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ဒီအဖွဲ့အစည်းဟာ ဘင်လာဒင်ဦးဆောင်ပြီး အမေရိကန်ပြည်ထောင်စုအပေါ် စစ်ကြေငြာစဉ်တုန်းက လက်မှတ်ရေးထိုးပါဝင်ခဲ့တဲ့ အဖွဲ့အစည်းလဲ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံနဲ့ နီးစပ်နဲ့ စစ်တကောင်းဒေသ တောင်တန်းတွေမှာ ဖွင့်လှစ်ထားတဲ့ ပူးတွဲလွတ်မြောက်ရေးတပ်ဦး (United Liberation Front) စခန်းတွေကို ဒီအဖွဲ့အစည်းကဦးစီးပြီး စီမံခန့်ခွဲတာ ဖြစ်ပါတယ်။
၂ဝဝ၅ ခုနှစ်၊ အောက်တိုဘာလမှာ ဒီအဖွဲ့အစည်းကို ဘင်္ဂလားဒေ့ရှ်အစိုးရက အကြမ်းဖက် အဖွဲ့အစည်းကြေငြာခဲ့ပြီး၊ ၂ဝဝ၇ ခုနှစ်မှာ အဖွဲ့ရဲ့ operational commander Mufti Hanan ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ၂ဝဝ၂ ခုနှစ်၊ မေလ ၂၁ ရက်နေ့မှာ US State Department က ထုတ်ပြန်တဲ့ စတိတ်မင့်မှာ HuJI-Bကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ် ဖော်ပြခဲ့ပါတယ်။
HUJI-B အဖွဲ့အစည်းဟာ Rohingya Solidarity Organization (RSO) နဲ့ ချိတ်ဆက်လှုပ်ရှားမှုတွေ ရှိပါတယ်။ RSO အ ဖွဲ့အစည်းဟာ ၁၉၉၄ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ မောင်းတောဒေသအတွင်းကို ထိုးဖောက်စစ်ဆင်ရေး တွေ ပြုလုပ်ခဲ့ဖူးတဲ့ အဖွဲ့ ဖြစ်ပါတယ်။ ၂ဝဝ၂ ခုနှစ်၊ မေလ ၁ဝ ရက်နဲ့ ၁၁ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Ukhia South ဒေသအနီးက စခန်းတခုမှာ ပြုလုပ်ခဲ့တဲ့ Islamic Fundamentalist အဖွဲ့အစည်း ၉ ခုရဲ့ တွေ့ဆုံပွဲမှာ ရိုဟင်ဂျာ အဖွဲ့အ စည်း ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ပြီး၊ အစည်းအဝေးကနေ The Bangladesh Islamic Manch ဆိုတဲ့ ညွန့် ပေါင်းအဖွဲ့အစည်းတခုကို ဖွဲ့စည်းခဲ့ကြပါတယ်။ ဇွန်လမှာ အာဖဂန်စစ်ပြန်များက သင်တန်းနည်းပြများအဖြစ် ဆောင်ရွက် ပြီး၊ ညွန့်ပေါင်းအဖွဲ့အစည်း အဖွဲ့ဝင်များကို ဘင်္ဂလားဒေ့ရှ်တောင်းပိုင်ဒေသ၊ စခန်းနှစ်ခုမှာ စစ်သင်တန်းတွေ ပေးခဲ့ပါ တယ်။
အာဖဂန်စစ်ပွဲတွေမှာ တာလီဘန်တွေဘက်ကနေ ဝင်ရောက်တိုက်ခိုက်ဖို့အတွက် ဒီအဖွဲ့အစည်းတွေကနေ စစ်ကူများ ပေးပို့ခဲ့ရာမှာ HUIJ-B နဲ့ မဟာမိတ်အဖွဲ့များပါဝင်ခဲ့ပါတယ်။ HUIJ-B အဖွဲ့ကို al-Qaeda’s South Asia arm အဖြစ် ကမ္ဘာ့ လုံခြုံရေးလောကမှာ သတ်မှတ်ထားပါတယ်။ HUIJ-B အဖွဲ့ဟာ မဟာမိတ် ရိုဟင်ဂျာအဖွဲ့ဝင်များကို စုဆောင်းပြီး နီပေါ ကနေ ပါကစ္စတန်၊ ပါကစ္စတန်ကနေ အာဖဂန်နစ္စတန်ကို ပို့ဆောင်ပေးခဲ့ကြောင်း ထောက်လှမ်းရေးသတင်းများမှာ ဖော်ပြ ထားကြပါတယ်။ ဒါကြောင့် ၂ဝဝ၅ ခုနှစ်အတွင်းမှာ ဘင်္ဂလားဒေ့ရှ်အစိုးရက စစ်တကောင်းနယ်က အကြမ်းဖက်စခန်း များကို စီးနင်းအရေးယူမှုတွေ ပြုလုပ်လာခဲ့ပါတယ်။
စစ်ဆင်ရေးတခုမှာတော့ RSO အဖွဲ့က ထိုင်းနယ်စပ်မှတဆင့် တင်သွင်းလာတဲ့ လက်နက်ခဲယမ်းမီးကျောက်များနဲ့ ပေါက် ကွဲစေတတ်သော ပစ္စည်းများထုတ်လုပ်တဲ့ ဓာတုဆေးရည်များကို သိမ်းဆည်းရမိခဲ့ပါတယ်။ ၂ဝဝ၉ ခုနှစ်၊ ဧပြီလ ၃ဝ ရက် နေ့မှာမှာ အမေရိကန်ပြည်ထောင်စုက ထုတ်ပြန်တဲ့ Countries Report on Terrorism- 2008 မှာ HUIJ-B အဖွဲ့အ စည်းဟာ မြန်မာနိုင်ငံအတွင်းမှာ ရိုဟင်ဂျာ (Islamic minority group) ကို ကိုယ်စားပြုလှုပ်ရှားမယ့် operatives များ အား သင်တန်းပေးခြင်းနဲ့ တာဝန်ပေးစေလွှတ်ခြင်းများ ပြုလုပ်ကြောင်း ပါရှိပြီး၊ အဖွဲ့ရဲ့ လှုပ်ရှားဒေသများကို ဘင်္ဂလား ဒေ့ရှ်၊ အိန္ဒိယနဲ့ မြန်မာလို့ ဖော်ပြထားပါတယ်။
Jamaatul Mujahideen Bangladesh (JMB)
ဒီအဖွဲ့အစည်းကို ၁၉၉၈ ခုနှစ်မှာ ဖွဲ့စည်းခဲ့တယ်လို့ မှတ်တမ်းများမှာ တွေ့ရပေမယ့် စတင်ဖွဲ့စည်းမှုနဲ့ ပတ်သက်ပြီး အတိ အကျ ရက်တွေကို အငြင်းပွားမှုရှိပါတယ်။ ဒါပေမယ့် အဖွဲ့အစည်းကို တိတိကျကျခြေရာခံမိလာတာကတော့ ၂ဝဝ၂ ခုနှစ်၊ မေလမှာ ကေဒါရှစ်ယောက်ကို ဖမ်းဆီးမိချိန်မှာ ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းက လက်နက်ကိုင်တော်လှန်ရေး ပြုလုပ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အစ္စလာမ်နိုင်ငံအဖြစ် တည်ထောင်ရန် ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းဟာ ဒီမိုကရေစီကို ဆန့်ကျင်ပြီး၊ ဒီမိုကရေစီဟာ အစ္စလာမ်ဘာသာကို ဆန့်ကျင်တယ်လို့ ယူဆထားကြပါတယ်။ ဒီအဖွဲ့အစည်းဟာ ယဉ်ကျေးမှုရေးရာများ ကိုလဲ ဆန့်ကျင်ပြီး၊ ရိုးရာယဉ်ကျေးမှု ပွဲလမ်းသဘင်များကို တိုက်ခိုက်လေ့ရှိပါတယ်။
ဒီအဖွဲ့အစည်းမှာ အချိန်ပြည့်အဖွဲ့ဝင် တသောင်းခန့်ရှိပြီး၊ အချိန်ပိုင်းအဖွဲ့ဝင် တသိန်းခန့်ရှိတယ်လို့ ထောက်လှမ်းရေးမှတ် တမ်းများမှာ ပါရှိပါတယ်။ အဖွဲ့အစည်းရဲ့ ကေဒါများကို ရွေးချယ်ရာမှာ တက္ကသိုလ်ဆရာများ၊ ဘာသာရေးကျောင်းမှ ကျောင်းသားများကို ဦးစားပေးရွေးလေ့ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းဒေသမှာ အခြေစိုက်လှုပ်ရှားလေ့ရှိပြီး၊ တနိုင် ငံလုံးအနှံ့ ကွန်ယက်များ ဖြန့်ကျက်ထားပါတယ်။ ထောက်လှမ်းရေးသတင်းများအရ မြန်မာနိုင်ငံနဲ့ နီးကပ်တဲ့ စစ်တ ကောင်းနယ်အပါအဝင် ဒေသကိုးခုမှာ operation divisions ကိုးခုခွဲပြီး လှုပ်ရှားပါတယ်။ ၂ဝဝ၅ ခုနှစ်၊ သြဂုတ်လမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ခရိုင် ၆၄ ခုအနက် ၆၃ ခုမှာ ဗုံးအလုံး ၅ဝဝ ကို တနာရီအတွင်းပေါက်ကွဲအောင် ချိန်ကိုက်ပြုလုပ်ခဲ့ မှု မှာ တာဝန်ရှိတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။
ဒီအဖွဲ့အစည်းရဲ့ ဘဏ္ဍာရေးထောက်ပံ့မှုတွေကို ကူဝိတ်နဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံများမှ တဦးချင်း အလှူရှင်များကတ ဆင့် လက်ခံရရှိပြီး၊ အန်ဂျီအိုအမည်ခံထားတဲ့ အဖွဲ့အစည်းများမှတဆင့်လဲ လက်ခံရရှိကြောင်း ဖော်ထုတ်တွေ့ရှိခဲ့ကြပါ တယ်။ ၂ဝဝ၅ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေးထောက်လှမ်းရေးအဖွဲ့နဲ့ စစ်ထောက်လှမ်းရေးက တွဲဖက်ထုတ် ပြန်ခဲ့တဲ့ အစီရင်ခံစာအရ JMB ကို ထောက်ပံ့နေတဲ့ အန်ဂျီအိုအဖွဲ့အစည်း ဆယ်ခုရှိပြီး၊ ဘာသာရေးကျောင်းများ တည် ဆောက်ရေး၊ လူသားချင်းစာနာမှုဖြင့် အကူအညီပေးရေး စတဲ့ အသွင်သဏ္ဌာန်များ ယူထားပါတယ်။ ဘင်္ဂလားဒေ့ရှ် ၂ဝဝ၉ ခုနှစ်မှာ ယူကေနိုင်ငံအခြေစိုက် အန်ဂျီအိုအဖွဲ့အစည်း Green Crescentကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လာရောက် ဖွင့်လှစ်ထားတဲ့ ဘာသာရေးကျောင်းကနေ လက်နက်ခဲယမ်းမီးကျောက်များကို ဘင်္ဂလားဒေ့ရှ်လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ပါတယ်။
JMB ကို စတင်တည်ထောင်ခဲ့သူက Shaykh Abdur Rahman ဆိုသူ ဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ်မှာ ရိုဟင်ဂျာလက်နက် ကိုင်အဖွဲ့အစည်းနှစ်ခုကို သင်တန်းပေးဖို့ အာရပ်သင်တန်းဆရာနှစ်ယောက် ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိခဲ့ပါတယ်။ Shaykh Abdur Rahman ရဲ့ နိုင်ငံရေးလှုပ်ရှားမှုများကို ခြေရာစခံမိကြတာကတော့ အဲဒီသင်တန်းဆရာနှစ်ယောက်နဲ့ ပတ်သက်ဆက်နွယ်မှုတွေမှာ ဖြစ်ပါတယ်။ ဒီသင်တန်းဆရာနှစ်ယောက်ကို ရိုဟင်ဂျာအဖွဲ့အစည်းများအား သင်တန်းပေး ရန် ဖိတ်ကြားပေးခဲ့သူကတော့ Asadullah al-Galib ဆိုသူဖြစ်ပါတယ်။ Shaykh Abdur Rahman နဲ့ Asadullah al-Galib တို့ဟာ နောင်မှာ JMB အဖွဲ့ရဲ့ ဦးစီးခေါင်းဆောင်သုံးဦးမှာ ပါဝင်လာကြပါတယ်။
ဖမ်းဆီးခံရချိန်မှာ Asadullah al-Galib ရဲ့ ထွက်ဆိုခဲ့ချက်များအရ အဆိုပါသင်တန်းဆရာနှစ်ယောက်ဟာ ဘင်္ဂလားဒေ့ရှ် အခြေစိုက် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ဝင်များကို ကနဦးသင်တန်းပေးခဲ့ပြီး၊ နောက်ပိုင်းမှာ ဒေသခံများကိုလဲ ခြောက်နှစ် ခန့် သင်တန်းဆက်ပေးခဲ့ပါတယ်။ ဒီလိုသင်တန်းပေးနေဆဲကာလမှာပဲ JMB အဖွဲ့ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ နောက် ပိုင်းမှာတော့ JMB အဖွဲ့ကို အဖွဲ့ဝင် ခုနစ်ဦးက ဦးဆောင်ခဲ့ပြီး၊ regional commanders ၁၆ ဦး ရှိပါတယ်။ ၂ဝဝ၅ ခုနှစ်၊ သြဂုတ်လမှာတော့ ဘင်္ဂလားဒေ့ရှ်အစိုးရက JMB အကြမ်းဖက်အဖွဲ့ကို တရကြမ်းနှိမ်နင်း အရေးယူမှုတွေ စတင်ပြုလုပ်ခဲ့တာကြောင့် ခေါင်းဆောင်အများအပြား ဖမ်းဆီးခံခဲ့ရပါတယ်။
JMB အဖွဲ့အစည်းဟာ အခြားအဖွဲ့အစည်းများဖြစ်တဲ့ Harkat-ul Jihad al Islami Bangladesh (HUJI-B), Rohingya Solidarity Organization (RSO) တို့နဲ့ ဆက်နွယ်မှုများ ရှိပါတယ်။ ၂ဝဝ၉ ခုနှစ်၊ မေလ ၁၄ ရက်နေ့မှာ JMB ရဲ့ ဖောက် ခွဲရေးကျွမ်းကျင်တဦးဖြစ်တဲ့ Boma Mizan ဆိုသူကို ဘင်္ဂလားဒေ့ရှ် Rapid Action Battalion (Rab)က ဖမ်းဆီးရ မိခဲ့ပါ တယ်။ ရဲတပ်ဖွဲ့၊ Rab နဲ့ စီအိုင်ဒီမှ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ရာမှာ JMB အဖွဲ့ရဲ့ ခေါင်းဆောင် Shaykh Abdur Rahman ဟာ HUJ-B နဲ့ RSO တို့နဲ့ ပူးပေါင်းချိတ်ဆက်မှုများ ပြုလုပ်ရာမှာ အဓိကတာဝန်ရှိသူဖြစ်ကြောင်း၊ Shaykh Abdur Rahman ရဲ့ တာဝန်ပေးချက်အရ Mizan နဲ့ JMB အဖွဲ့ဝင်များဟာ RSO က ပြုလုပ်တဲ့ လက်နက်ကိုင်သင်တန်း များကို ၂ဝဝ၂ ခုနှစ်အတွင်းမှာ တင်ရောက်ခဲ့ကြောင်း၊ သင်တန်းပြီးဆုံးချိန်တွင် ဆင်းပွားသင်တန်းများ ထပ်မံပေးခဲ့ ကြောင်း၊ သင်တန်းနေရာက စစ်တကောင်း တောင်တန်းဒေသတခုမှာဖြစ်ပြီး၊ သင်တန်းကာလ ၁ဝ ရက်ကြာခဲ့ကြောင်း၊ အပြန်အလှန်အားဖြင့် JMB က ရိုဟင်ဂျာများကို ဖောက်ခွဲရေး သင်တန်းများပေးရကြောင်း ထွက်ဆိုခဲ့ပါတယ်။
နိဂုံး
အကြမ်းဖက်မှုဆိုင်ရာ လေ့လာရေးပညာရပ်မှာ Thrasymachan Justification for Terrorism ဆိုတာ ရှိပါတယ်။ နိုင်ငံ ရေး၊ တော်လှန်ရေး၊ ဘာသာရေး အစွန်းရောက်နေသူတွေဟာ ဥပဒေကြောင်းအရ၊ ကိုယ်ကျင့်တရားအရ အကြမ်းဖက် မှုကို ကန့်ကွက်ဆန့်ကျင်တာတွေ၊ အကြမ်းဖက်အဖွဲ့အစည်းများကို ဖော်ထုတ်အရေးယူတာတွေကို လက်ခံစဉ်းစားလေ့ မရှိကြပါဘူး။ အကြမ်းဖက်မှုကြောင့် လူအများကြားမှာ climate of fear ပျံ့နှံ့လာပြီး နိုင်ငံရေး အကျပ်အတည်းတွေကို ဖောက်ထွက်နိုင်မယ့် political outrage ကို ဖန်တီးနိုင်မယ်လို့လဲ ယူဆထားလေ့ ရှိကြပါတယ်။ ဒါကြောင့် အကြမ်းဖက် မှုကို ဆန့်ကျင်တာဟာ ဒီလို political outrage ဖန်တီးနိုင်မယ့် အခွင့်အလမ်းတွေကို နှောင့်နှေးအောင် လုပ်တာလို့ ထင် မြင်စွပ်စွဲတတ်ကြပါတယ်။ ဒီလို တွေးခေါ်ယူဆချက်တွေ၊ ထင်မြင်စွပ်စွဲမှုတွေဟာ Thrasymachan Justification အပေါ် မှာ သက်ဝင်ယုံကြည်နေလို့ပဲ ဖြစ်ပါတယ်။ ဒီလိုသက်ဝင်ယုံကြည်မှုကနေတဆင့် အကြမ်းဖက်အဖွဲ့အစည်းများကို မသိ ဘာသာ ထောက်ခံအားပေးသူတွေ ဖြစ်လာတတ်သလို၊ ကိုယ်တိုင်လဲ အကြမ်းဖက်သမားတွေ၊ အကြမ်းဖက်အဖွဲ့အစည်း တည်ထောင်သူတွေ ဖြစ်လာတတ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အခြေစိုက်ပေါ်ထွက်လာခဲ့တဲ့ အကြမ်းဖက်အဖွဲ့အ စည်းတွေဟာ ဒီလို Thrasymachan Justification for Terrorism ကနေ မြစ်ဖျားခံလာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာလူ့အဖွဲ့အစည်းအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများမှ အကြမ်းဖက် အဖွဲ့အစည်းများရဲ့ လှုပ် ရှားမှုများကို သတိနဲ့ စောင့်ကြည့်ရမှာဖြစ်သလို၊ မိမိတို့လူ့အဖွဲ့အစည်းအတွင်းမှာ Thrasymachan Justification for Terrorism သဘောတရားများ မပျံ့ပွားစေရေးကိုလဲ သတိပြုဖို့ လိုအပ်လှပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၁ဝ၊ ၇၊ ၂ဝ၁၂)

(စာရေးသူသည် ဗြိတိန်နိုင်ငံမှ နိုင်ငံရေးဘောဂဗေဒ အထူးပြု ဘောဂဗေဒ မဟာဝိဇ္ဇာဘွဲ့၊ စစ်မဟာဗျူဟာ လေ့လာရေး မဟာသိပ္ပံဘွဲ့၊ နိုင်ငံရေးသုတေသန မဟာသုတေသနဘွဲ့များ ရရှိထားသည့် စစ်ရေး၊ နိုင်ငံရေး လေ့လာသူတဦးဖြစ်ပြီး၊ အကြမ်းဖက်မှုနှိမ်နင်းရေးနှင့် လုံခြုံရေးဆိုင်ရာ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များ အစည်းအရုံးမှ အဖွဲ့ဝင်တဦး ဖြစ်ပါ သည်)

လူ




တစ်ကျပ်နှစ်ကျပ်
ငွေမမှတ်နဲ့
ထင်ဟပ်မရှိ
ချမ်းသာဘိလဲ
မရှိဒါန
စောင့်သီလဖယ်
အတ္တခိုလှုံ
မသိခြုံသော်
လူ့ဘုံလောက
သင်ရောက်ရလဲ
ဗာလအသွင်
အပြစ်တင်သည်
သင်သည်အရှုံး
လည်၌ကုံးသို့
အဆုံးမကောင်း
သင်လွန်ညောင်းသော်
ကောင်းရာဂတိ နည်းပါ၏။

သို့တည်းမဟုတ်
ဒါနထုပ်နှင့်
အယုတ်အလတ်
အမြတ်မရွေး
အလှူပေး၍
ရှေ့ရေးသံသရာ
မျှော်တွေးခါဖြင့်
ကျင့်ပါသီလ
မြတ်ဓမ္မကို
ဆဆရှုပွား
အဆုံးလားသော်
များဖြာသုခ
သင်သည်ရမည်
မျချအမှန် မယွင်းတည်း။


                                     မင်းကြည်ညို

တိရစ္ဆာန်လေးများအကြောင်း ၂ ဒေါ်အောင်ဆန်းစုကြည်..။






တိရစ္ဆာန်လေးများအကြောင်း ၂
ကျွန်မရဲ့ လူ့သက်တမ်း ၆၆ နှစ်ဆိုတဲ့ ရောင်စုံမှန်ပြောင်းနဲ့ ကြည့်လိုတော့ ကြည့်လိုက်တော့ လွန်ခဲ့တဲ့ အနှစ် ၆၀ မပြောနဲ့၊ လွန်ခဲ့တဲ့ ၆ နှစ်ကနဲ့တောင် ကွာခြားနေပြီဆိုတာ တွေ့ရပါတယ်။ ဘာကြောင်းလဲဆိုတော့ ကမ္ဘာလောကကြီးရော၊ ကျွန်မရော နှစ်ခုစလုံးက ဒီအချိန်တွေထဲမှာ ပြောင်းလဲသွားခဲ့တယ်။ လွန်ခဲ့တဲ့ အနှစ် ၆၀ က ကျွန်မနဲ့ တိရစ္ဆာန်လေးတွေရဲ့ ပတ်သက်မှု( ဒီလိုပဲ သုံးနှုန်းလို့ရမယ်ဆိုရင်) က ခပ်လှမ်းလှမ်းမှာပဲ ရှိနေခဲ့ပါတယ်။ ခွေးဝဲစားတွေနဲ့ သနားစဖွယ် မြင်ရတဲ့ မြင်းတွေအကြောင်းကို ကျွန်မငယ်ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ကျွန်မ ရေးခဲ့ဘူးပါတယ်။ ငယ်ဘ၀မှာ အကျွမ်းဝင်ခဲ့တဲ့ အခြားတိရစ္ဆာန်ကမ္ဘာကတော့ ငှက်တွေ ဖြစ်ပါတယ်။
ရန်ကုန်မှာ အဲဒီတုန်းက အဆောင်အအုံတွေ များများစားစားမရှိသေးဘဲ ကျွန်မတို့နေတဲ့ လမ်းကလည်း မြေနီတွေ ကျောက်ကျိုးတွေ ခင်းထားတဲ့ တိတ်ဆိတ်တဲ့ လမ်းသွယ်လေးဖြစ်ပြီး အနားသတ်အနေနဲ့ ၀ါးရုံတွေ၊ ကျွန်မတို့ရဲ့နွားတွေကို လွှတ်ကျောင်းထားလို့ရတဲ့ တွင်းတွေ၊ ချိုင့်တွေနဲ့ စားကျက်ကွင်း ကျိုးကျဲ၊ ရေမှော်တွေ ဖုံးနေတဲ့ ရေကန်ကလေးနဲ့ တစ်ပိုင်းတစ်စ ပြိုလဲနေတဲ့ အုတ်နံရံတွေ ရှိတယ်။ ကျွန်မတို့ရဲ့ အိမ်ရှေ့မျက်နှာချင်းဆိုင်မှာက ဘုန်းကြီးကျောင်းတစ်ကျောင်းရှိတယ်။ ရှေးကျကျ ဆောက်ထားတဲ့ သစ်သားကျောင်းဖြစ်ပြီး ပြုပြင်ထိမ်းသိမ်းမှုမရှိတဲ့ ကျောင်းဝင်း၊ ဘုရားကျောင်းအဟောင်းတွေ၊ စေတီငယ်တွေနဲ့ ပြင်ပ ပုထုဇဉ်တို့ရဲ့ လောကနဲ့ မဆက်စပ်တဲ့ ဆိတ်ငြိမ်အေးချမ်းတဲ့ ဘအာဝါသရှိတယ်။ ဘုန်းကြီးကျောင်းရော၊ ကျွန်မတို့အိမ်ရော က တောင်ကုန်းခပ်သေးသေးနီးပါးအရွယ်ရှိတဲ့ ကုန်းမြင့်ပေါ်မှာ ရှိပြီး ကျွန်မတို့အိမ်ရှေ့က လမ်းဟာ တောင်ကြားဖြတ်လမ်း ကလေးလို ဖြစ်နေပါတယ်။
ကျွန်မတို့အိမ်ရဲ့ ဥယျာဉ်က အဆင့်မညီတဲ့ မြေခင်းသုံးထပ်ပေါ် ဖြန့်ကျင်းနေပြီး သစ်ပင်တွေ ပေါများတဲ့အတွက် ငှက်မျိုးစုံအတွက် နေချင်စရာနေရာ ဖြစ်လို့နေပါတယ်။ များသောအားဖြင့်ကတော့ ကျီးကန်းတွေ၊ ဆက်ရက်တွေ၊ ချိုးတွေ၊ ခိုတွေနဲ့ စာကလေးတွေ ဖြစ်ပါတယ်။ များလွန်းလို့ ကျမတို့ သတိမထား မိအောင်ပါပဲ။ ဒါပေမဲ့ ကျွန်မက ကျီးကန်းတွေ ညနေစောင်း အိပ်တန်းတက်ဖို့ ပျံကြတာကို စောင့်ကြည့်ရတာ သိပ်ကြိုက်ပါတယ်။ ကောင်းကင်တစ်ခုလုံး အမည်းတောင်ပံတွေ ဖြန့်ကြက် စွန်းထင်းပြီး အုတ်အုတ်ကျက်ကျက်နဲ့ ဖြစ်နေတာကိုပါ။ လွမ်းစရာကောင်းအောင် တွန်တတ်တဲ့ ဥသြသံကတော့ နွေဦးရဲ့ ဂီတတစ်ပိုင်းလိုပါပဲ။ ဒါပေမဲ့ သူ့ကို တွေ့ဖို့တော့ ခက်တယ်။ ကျွန်မ အခုပြန်စဉ်း-စားကြည့်တော့ ကျွန်မငယ်ငယ်တုန်းက အဲဒါအတွက် သိပ်ပြီးတော့ စူးစူးစမ်းစမ်းမရှိခဲ့ပါဘူး။ ကျွန်မ မှတ်မိတာ တစ်ခုကတော့ ကြက်တူရွေးတစ်ကောင် ခြံထဲက သစ်ပင်ပေါ်ကနေ ကျွန်မတို့ကို ငုံ့ကြည့်နေပုံဟာ လူတွေအားလုံး သူ့အပေါ် အံချီးဘနန်း ဖြစ်နေတာကို သိနေတဲ့ ပုံပေါက်နေတယ်။ တစ်ရက်မှာတော့ နေ့ခင်းကြီးမှာပဲ ဇီးကွက်တစ်ကောင် သစ်ပင်ပေါ်က ပြုတ်ကြလာတယ်။ ကျွန်မတို့ရဲ့ မာလီက ကောက်ယူပြီး လာပြတော့ သူ့ကို တအံတသြ ကြည့်နေတဲ့ ကျွန်မ မျက်နှာကို အိပ်ချင်မူးတူးနဲ့ မျက်တောင်ခတ်ကြည့်နေခဲ့ပါတယ်။
ကျွန်မတို့ လမ်းကလေးရဲ့အဆုံး အပေါ်ကုန်းထိပ်မှာ ၁၉ ရာစု လက်ရာ အိန္ဒိယနွယ်များနေခဲ့တဲ့ တိုက်အ်မ်ဟောင်းကြီး တစ်လုံးရှိပါတယ်။ အိမ်ရဲ့ခမ်းနားခဲ့တဲ့ အရိပ်အယောင်တွေနဲ့ ဖြစ်ချင်သလိုဖြစ် ပစ်ထားခြင်းခံရတဲ့ ဥယျာဉ်ရဲ့ လွမ်းမောဘွယ်ရာအဖြစ်ကို အိမ်ရှင် တောက်လျှောက်ကင်းမဲ့နေခဲ့တဲ့ အဖြစ်က ပိုလို့ အားဖြည့်ထားနေပါသေးတယ်။ ဟိန္ဒူသူဌေးတွေပိုင်တာဖြစ်ပြီး ဒုတိယကမ္ဘာစစ် မြန်မာပြည်ရောက်တဲ့ အချိန် အိန္ဒိယကို ပြန်ပြေးကြတယ်လို့ ပြောကြပါတယ်။ စိတ်ချရတဲ့ ခြံစောင့်တွေနဲ့ ထားခြဲ့တာ၊ စစ်အတွင်းတစ်လျှောက်လုံးလည်း စောင့်ရှောက်ပေးခဲ့ပြီး အိမ်ရှင်တွေ ဘယ်တော့မှ ပြန်ပေါ်မလာတော့ပေမဲ့ သစ္စာရှိရှိနဲ့ ဒီလိုပဲ ဆက်လက် နေထိုင် နေခဲ့ကြပါတယ်။ ကျွန်မ မှတ်မိသလောက် ရှားရှားပါးပါး တစ်ခါ နှစ်ခါလောက်ပဲ အရပ်ရှည်ပြီးဒိုတီဝတ်ထားတဲ့ အဲဒီ့ခြံစောင့်တွေက ကျွန်မတို့ကို သူတို့ ခြံထဲ လာလည်ခွင့်ပေးပါတယ်။ ချုံတွေ နွယ်ပင်တွေကြားထဲ မီးခိုးရောင် ကျောက်တုံး ရေကန်ထဲက ရေပန်းနှစ်ခုကတော့ ရေမရှိတော့ပေမယ့် ကျွန်မ အတွက် အင်မတန် ခမ်းနားကြီးကျယ်လှပါတယ်။ ဒီအပေါ် ထပ်ဆင့်အားဖြည့်လိုက်တာကတော့ ခုံတန်းလေးတွေပေါ် ထိုင်နေတဲ့ အကောင်ကြီးကြီး ကတ္တ၀ါကြီးနှစ်ကောင်က ခြောက်သွေ့လှတဲ့ ၀င်းခြံဥယျာဉ်ကို သူတို့ရဲ့ တောက်ပလှတဲ့ အရောင်တွေနဲ့ တောက်ပစေခဲ့ပါတယ်။ ကျွန်မ အတွက် သူတို့ကတော့ ရန်ကုန်တိရစ္ဆာန်ရုံကလွဲရင် အပြင်မှာ မြင်ဖူးတဲ့ အံဖွယ်အကောင်းဆုံး သတ္တ၀ါကြီးတွေပါပဲ။
အလည်အပတ်လုပ်ဖို့ နေရာတွေ နည်းလှတဲ့ အဲဒီ့အချိန်တွေတုန်းက တိရစ္ဆာန်ရုံသွားတယ်ဆိုတာ အထူးအခွင့်အရေးပဲ။ တိရစ္ဆာန်ရုံက ကျွန်မတို့အိမ်နဲ့ သိပ်မဝေးလှတော့ မှောင်ရီပျိုးလို့ တိတ်ဆိတ်တဲ့ အချိန်မျိုးမှာ ခြင်္သေ့တွေရဲ့ ဟိန်းဟောက်သံက ကျွန်မအတွက် အံစရာချည်းပါပဲ။ ခြင်္သေ့တွေဘာလို့ ညနေတိုင်း ဟိန်းနေတာလဲလို့ လူကြီးတွေကိုမေးတော့ တချို့က ညနေအစာကျွေန်းချိန်ကြောင့်လို့ ဖြေကြပြီး တချို့ကတော့ သူတို့အိမ်ကိုလွမ်းလို့ ဟိန်းကြတာလို့ ပြောကြတယ်။ သူတို့ကို တိရစ္ဆာန်ရုံမှာ သွားကြည့်တဲ့ အခါ ကျွန်မက သူတို့တွေ လှောင်အိမ်တွေထဲ ဂနာမငြိမ်ပုံကို စိတ်ဝင်စားမိပြီး ဟိုဘက်လျှောက်၊ ဒီဘက် လျှောကလှမ်းနေတဲ့ ခြေလှမ်းတွေဟာ အဝေးကြီးက သူတို့အိမ်ကို လွမ်းလို့ဖြစ်မှာပဲလို့ တွေးမိပါတယ်။ ကျွန်မ ကိုယ်တိုင်ကလည်း အင်္ဂါနေ့မှာ မွေးတာဖြစ်တဲ့အတွက် ဗမာ့အစဉ်အလာဗေဒင် အလိုအရ ခြင်္သေ့ဖြစ်တာကြောင့် ကျွန်မက ဒီခြင်္သေ့ကြီးးတွေကို သက်သက်သနားနေမိတာ ဖြစ်မှာပါ။
မျောက်မျိုးနွယ်တွေနဲ့ ပတ်သက်လို့ကတော့ တစ်မျိုး၊ တိရစ္ဆာန်ရုံ အလည်လာကြတဲ့ သူတွေ အကြိုက်များလှတဲ့ “မျောက်ရွာ”ကြတော့ ကျွန်မသိပ်မကြိုက်ဘူး။ ကျွန်မ မျက်စိထဲ မျောက်တွေကြည့်ရတာ သိပ်ပြီး မဖော်ရွေလှသလို ပျော်ရွင်ပုံလည်း မပေါက်ဘူး။ သူတို့ မျက်လုံးစိုက်ကြည့်ပုံက မလိုမုန်းထားရှိပြီး သူတို့ လုပ်ပုံကိုင်ပုံကိုကြည့်ပြီး ရယ်နေကြသူတွေကို လှောင်သလို သွားစေ့ပြတတ်ကြတယ်။ သူတို့ရှိရာ ပစ်ပေးသမျှ မြေပဲနဲ့ အခြားစားစရာတွေကို တရှု့်ရှုပ် တမဲမဲနဲ့ပဲ ပိုင်ပိုင်နိုင်နိုင် ဖမ်းကြတယ်။ ဒီနေရာမှာ ဆင်တွေနဲ့ သိပ်ကွတြယ်။ ဆင်တွေဆို သူတို့ကို ပေးတဲ့ ငှက်ပျော်သီးနဲ့ အမုန့်တွေကို လှမ်းယူရင်လည်း သူတို့ရဲ့ကြီးမားတဲ့ မျက်နှာကြီးတွေ့ ရောင့်ရဲမှုနဲ့ ဣနြေ္ဒရရ၊ နှာမောင်းတွေ ယမ်းလိုက်ပုံကလည်း ယို့ယို့ ကျိုးကျိုးနဲ့ ကျွန်မအထင်တော့ ကျေးဇူးတင်ကြောင်း ပြလိုက်တာလို့ ထင်ပါတယ်။
ကျွန်မ အရွယ်ရောက်လာပြီး နောက်ပိုင်းမှာတော့ တိရစ္ဆာန်ရုံကို နှစ်ခေါက်ပဲရောက်တော့တယ်။ နီပေါမှာ တစ်ခေါက်၊ လန်ဒန်မှာတစ်ခေါက်။ ကျွန်မတို့ရဲ့ တစ်နေ့လည်ခင်း အချိန်ဖြုန်းဖို့ အတွက်နဲ့ နောက်ပြီး ဟိမ၀န္တာတောင်တန်းပေါ်က တိရစ္ဆာန်ရုံဆိုတာလည်း ဖြစ်နိုင်ခြေ သိပ်မရှိသလိုမို့ မိုက်ကယ်နဲ့ ကျွန်မ ခတ္တူမန္ဒူ တိရစ္ဆာန်ရုံကို သွားကြတယ်။ ဒါပေမဲ့ ကြည့်ရတာ ၀မ်းနည်းစရာတောင်ကောင်းတယ်လို့ ထင်တယ်။ သန့်ရှင်းမှုလည်းမရှိ တိရစ္ဆာန်တွေကလည်း အသက်မ၀င်လှဘူး။ ခြင်္သေံ့တွေ ကျားတွေကို ခွေးသားတွေ ကျွေးတာမို့ ခွေးအရှင်နံရရင် သူတို့လှုပ်ရှားသောင်းကျန်းမှာ စိုးလို့ ကျွန်မတို့ရဲ့ ဘူတန်မျိုး တယ်ရီယာခွေးလေးကို အပြင်မှာ ထားခဲ့ခိုင်းတယ်။ ဒီလိုနေရာမျိုးတော့ နောင်လည်း ဘယ်တော့မှ သွားချင်စရာမကောင်းတဲ့ အတွေ့အကြုံပဲ ရခဲ့ပါတယ်။
နောက်တစ်ခေါက်၊ နောက်ဆုံးလည်းဖြစ်တဲ့ တိရစ္ဆာန်ရုံအလည်တစ်ခေါက်ကတော့ နောက်နှစ်အနည်းငယ်အကြာမှာ ကျွန်မသား အလက်စန္ဒြားကို ၀ှစ်ပ်စနိတ် တိရစ္ဆာန်ရုံကို လိုက်ပို့ရပါတယ်။ ခတ္တူမန္ဒူ တိရစ္ဆာန်ရုံနဲ့ ယှဉ်လိုက်ရင် အင်မတန် လှပအောင် ထိမ်းသိမ်းထားတယ်ဆိုပေမယ့် အလှောင်ခံ၊ အကျဉ်းကျခံရတဲ့ တိရစ္ဆာန်တွေ ကြည့်ရတာ စိတ်ပျက်မိတယ်။ တိရစ္ဆာန်တွေက မပြောင်းလဲပေမယ့် လူတွေက တိရစ္ဆာန်တွေအပေါ် လွှမ်းမိုးတာကို ခံစားမိတဲ့ ကျွန်မအမြင်က ပြောင်းလဲသွားပြီလေ။ ကျွန်မ ၀န်းကျင်ကမ္ဘာမှာ ကျွန်မ မျှော်လင့်မထားတဲ့ ပြောင်းလဲပုံတွေကြောင့် တိရစ္ဆာန်တွေနဲ့ လူတွေကြားထဲ ပတ်သက်မှုအပေါ် ကျွန်မရဲ့ အမြင်တွေ ပိုပြီးတောင် ပြောင်းလဲလာ လိမ့်မယ်ဆိုတာ ဒီတုန်းက မသိခဲ့ပါဘူး။
အောင်ဆန်းစုကြည်
ဇွန်လ ၂၅ ရက်နေ့ထုတ် Mainichi ဂျပန်သတင်းစာတွင် အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြပြီး)
ပြည်သူ့ခေတ် အတွဲ ၂ ၊ အမှတ် ၁၀၂
Khin Nyein Thit

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေများ






ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးးရ
ပြည်ထဲရေးဝန် ကြီးဌာန
အမိန့် ကြော်ငြာစာအမှတ်၃၆၄/၂ဝ၁၂
နေပြည်တော် ၊ ၁၃၇၄ ခုနှစ် ၊ ပထမဝါဆို လပြည့် ကျော် ၂ ရက်
(၂ဝ၁၂ ခုနှစ် ၊ ဇူလိုင်လ ၅ ရက် )

ပြည်ထဲရေးဝန်ကြီးဌာနသည်ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ(က)အရ အပ်နှင်းသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အောက်ပါနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။

အခန်း ( ၁ )
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤနည်းဥပဒေများကို ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေများဟု ခေါ်တွင်စေရမည်။
၂။ ဤနည်းဥပဒေများတွင်ပါရှိသောစကားရပ်များသည် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ တွင် ပါရှိသည့်အတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည့်အပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း
အဓိပ္ပာယ်သက်ရောက်စေရမည်-
(က) ဥပဒေ ဆိုသည်မှာ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့်ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကိုဆိုသည်။
(ခ) အုပ်ချုပ်ရေးမှူးဆိုသည်မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးကိုဆိုသည်။
(ဂ) ပုံစံ ဆိုသည်မှာ ဤနည်းဥပဒေများအရ သတ်မှတ်သည့်ပုံစံကို ဆိုသည် ။

အခန်း ( ၂ )
ခွင့်ပြုမိန့်လျှောက်ထားခြင်း

၃။ ငြိမ်းချမ်းစွာစုဝေးခွင့်ကိုဖြစ်စေ၊ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ကိုဖြစ်စေ၊ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီ တန်းလှည့် လည်ခွင့်ကိုဖြစ်စေ ရရှိလိုသူသည် မိမိဆောင်ရွက်လိုသည့်ကိစ္စရပ် အတွက်သက်ဆိုင်ရာ ပုံစံ (၁)၊ (၂)သို့မဟုတ် (၃)ပါ အတိုင်း အချက်အလက်များကိုဖော်ပြ၍ မိမိဆောင်ရွက်လိုသည့်နေ့ရက်မတိုင်မီ အနည်းဆုံးငါးရက် ကြိုတင်၍ သက်ဆိုင်ရာမြို့နယ် ရဲတပ် ဖွဲ့မှူးထံ လျှောက် ထားရမည်။
၎။ ငြိမ်းချမ်းစွာစုဝေးခြင်းကိုဖြစ်စေ၊ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းကိုဖြစ်စေ၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်း လှည့် လည်ခြင်းကိုဖြစ်စေ ဆောင်ရွက်လိုသူသည် မြို့နယ်တစ်ခုထက်ကျော်လွန်၍ ဆောင်ရွက်ရန် ရှိပါက သက်ဆိုင်ရာမြို့နယ် အားလုံး၏ ခွင့်ပြုချက်ရရှိရန်နည်းဥပဒေ ၃ ပါအတိုင်း လျှောက်ထားရမည်။
၅။ နည်းဥပဒေ ၃ သို့မဟုတ် ၄ အရ ခွ င့်ပြုမိန့် လျှောက်ထားရာတွင် လျှောက်ထားသူ ၊ ဦးဆောင်မည့်သူ၊ ဟောပြောမည့်သူတို့ ၏ ကိုယ်ရေးအချက်အလက်များကို ပုံစံ (၄) ပါ အတိုင်း ဖော်ပြ၍ ပူးတွဲရမည်။
၆။ ခွင့်ပြုမိန့်တောင်းခံသည့် လျှောက်လွှာကိုမြို့နယ်ရဲတပ်ဖွဲ့မှူးကိုယ်တိုင် လက်ခံရမည်။ မြို့နယ်ရဲတပ်ဖွဲ့မှူးမရှိပါက တာဝန်ကျ တပ်ဖွဲ့ဝင်တစ်ဦးဦးကလက်ခံ၍ မြို့နယ်ရဲတပ်ဖွဲ့မှူးထံဆောလျင်စွာ ဆက်လက်တင်ပြရမည်။
၇။ ခွင့်ပြုမိန့်တောင်းခံသည့် လျှောက်လွှာတွင်ပါဝင်ရမည့်အချက်များ မပြည့်စုံပါက သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူးကဖြစ်စေ၊ ယင်းက တာဝန်ပေးအပ်သော ရဲအရာရှိကဖြစ်စေ လျှောက်ထားသူအား လိုအပ်ချက်များရှင်းပြ၍ လျှောက်လွှာကို ဆောလျင်စွာ ပြန်လည်ပေးအပ်ရမည်။
၈။ ပါဝင်ရမည့်အချက်များ မပြည့်စုံသဖြင့်လျှောက်လွှာကိုနည်းဥပဒေ ၇ အရ ပြန်လည်ပေးအပ်ခံရပါက လျှောက်ထားသူသည် အချက်အလက် ပြည့်စုံစွာပါရှိသော လျှောက်လွှာကို ပြန်လည်တင်ပြနိုင်သည်။ ယင်းသို့လျှောက်လွှာကို ပြန်လည်တင်ပြပါက ခွင့်ပြု မိန့်တောင်းခံသည့် လျှောက်လွှာကို မိမိဆောင်ရွက်မည့်နေ့ရက်မတိုင်မီ အနည်းဆုံး ငါးရက်ကြိုတင်၍ တင်ပြရမည်။
၉။ မြို့နယ်ရဲတပ်ဖွဲ့မှူးသည် ခွင့်ပြုမိန့် တောင်းခံသည့်လျှောက်လွှာကို မိမိ၏သဘောထားမှတ်ချက်နှင့် အတူမြို့နယ် အုပ်ချုပ်ရေးမှူး ထံ တင်ပြရမည်။ မြို့နယ်အုပ်ချုပ်ရေးမှူးမရှိပါက ယင်းတင်ပြချက်ကို တာဝန်ရှိသူတစ်ဦးဦးက လက်ခံရမည်။ မြို့နယ်အုပ်ချုပ်ရေး မှူး သို့မဟုတ်မြို့နယ်အုပ်ချုပ်ရေးမှူး တာဝန်လွှဲအပ်ခံထားရသူက အဆိုပါ လျှောက်လွှာနှင့်စပ်လျဉ်း၍ အတည်ပြုရန် သင့်  မသင့်  ဆောလျင်စွာ အဆုံးအဖြတ်ပေးရမည်။
၁ဝ။ မြို့နယ်အုပ်ချုပ်ရေးမှူးသည် ခွင့်ပြုမိန့်တောင်းခံသည့်လျှောက်လွှာကို အတည်မပြုသင့်ကြောင်း ဆုံးဖြတ်ပါက အကြောင်း ပြချက် ဖော်ပြ၍ သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးထံပြန်ကြားရမည်။

အခန်း ( ၃ )
ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊ ငြင်းပယ်ခြင်းနှင့်အယူခံဝင်ခြင်း

၁၁။ ခွင့်ပြုမိန့်တောင်းခံသည့်လျှောက်လွှာကိုမြို့နယ်အုပ်ချုပ်ရေးမှူးက အတည်ပြုပါက မြို့နယ်ရဲတပ်ဖွဲ့မှူးသည်ငြိမ်းချမ်းစွာ စုဝေး ခွင့်ခွင့်ပြုမိန့်ကိုပုံစံ(၅)ဖြင့်လည်းကောင်း၊ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် ခွင့်ပြုမိန့်ကိုပုံစံ(၆)ဖြင့်လည်းကောင်း၊ ငြိမ်းချမ်းစွာ စုဝေး ခွင့်နှင့်ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ခွင့်ပြုမိန့် ကို ပုံစံ(၇)ဖြင့်လည်းကောင်း သက်ဆိုင်ရာလျှောက်ထားသူအား ထုတ်ပေးရမည်။
၁၂။ ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(င) ပါ ဒေသဆိုင်ရာလိုအပ်ချက်အရ သတ်မှတ်ထားသည့် စည်းကမ်းချက်များရှိပါက နည်းဥပဒေ ၁၁ အရ ထုတ်ပေးသောခွင့်ပြုမိန့် တွင် ဖော်ပြရမည်။
၁၃။ မြို့နယ်ရဲတပ်ဖွဲ့မှူးသည်ခွင့်ပြုမိန့်တွင်ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(င)ပါ ဒေသဆိုင်ရာ လိုအပ်ချက်အရ သတ်မှတ်သော စည်းကမ်း များကို ကြိုတင်ရေးဆွဲထားနိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ညှိနှိုင်းကာ ခရိုင်ရဲတပ်ဖွဲ့မှူးမှတစ်ဆင့် တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်ရဲတပ်ဖွဲ့မှူးထံတင်ပြရမည်။
၁၄။ တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်ရဲတပ်ဖွဲ့မှူးသည်နည်းဥပဒေ ၁၃ အရ တင်ပြချက်ကိုလက်ခံရရှိသည့်အခါ တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်အုပ်ချုပ်ရေးမှူးနှ င့်ညှိနှိုင်းအတည် ပြုချက်ရယူ၍ သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့မှူးထံ ပြန်ကြားရမည်။
၁၅။ ငြိမ်းချမ်းစွာစုဝေးခြင်းကိုဖြစ်စေ၊ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းကိုဖြစ်စေ၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းကိုဖြစ်စေ ဆောင်ရွက်ခွင့် ပြုရန် တင်ပြသည့်လျှောက်လွှာကိုငြင်းပယ်ပါက ပုံစံ (၈)ဖြင့်အကြောင်းပြန်ကြားရမည်။ ယင်းပုံစံတွင်ငြင်းပယ်ရသည့်အကြောင်းရင်းကိုခိုင်လုံစွာဖော်ပြရမည်။ သို့မဟုတ် ပြည်သူတို့၏ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်း ထားသည့် ဥပဒေများနှင့်မဆန့်ကျင်လျှင် ခွင့်ပြုမိန့်ထုတ်ပေးရန်ငြင်းပယ်ခြင်းမပြုရ။
၁၇။ ခွင့်ပြုမိန့်ထုတ်ပေးရန်ငြင်းပယ်ခြင်းခံရသူသည်ယင်းသို့ ငြင်းပယ်ကြောင်း အကြောင်းကြားစာကိုလက်ခံရရှိသည့်နေ့မှ ခုနစ်ရက် အတွင်း သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်ရဲတပ်ဖွဲ့မှူးထံအယူခံနိုင်သည်။
၁၈။ တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်ရဲတပ်ဖွဲ့မှူးသည် အယူခံလွှာကိုလက်ခံရရှိသည့်အခါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အုပ်ချုပ်ရေးမှူးထံတင်ပြ၍ အတည်ပြုချက်ရယူပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး၏အမိန့်ကိုအတည်ပြုကြောင်း သို့မဟုတ် ပယ်ဖျက်ကြောင်း အဆုံးအဖြတ်ပေးရမည်။
၁၉။ အယူခံခြင်းကိုခွင့်ပြုပါက ပုံစံ (၉)ဖြင့် လည်းကောင်း၊ အယူခံခြင်းကိုငြင်းပယ်ပါက ပုံစံ(၁ဝ)ဖြင့်လည်းကောင်း အယူခံ တင်သွင်း သူထံသို့ ပြန်ကြားရမည်။
၂ဝ။ အယူခံခြင်းကိုခွင့်ပြုကြောင်း ပုံစံ(၉)ဖြင့်အကြောင်းပြန်ကြားချက်ရရှိပါက လျှောက်ထားသူသည်ငြိမ်းချမ်းစွာ စုဝေးခြင်းကို ဖြစ်စေ၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းကိုဖြစ်စေ၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခြင်းကိုဖြစ်စေ ပြုလုပ် လိုသည့်နေ့ရက်အား မြို့နယ်ရဲတပ်ဖွဲ့မှူးထံပြန်လည်တင်ပြနိုင်သည်။
၂၁။ ငြိမ်းချမ်းစွာစုဝေးခွင့်ပြုသည့်နေရာ သတ်မှတ်ပေးရာတွင်အဆောက်အအုံအတွင်းဖြစ်လျှင်လိပ်စာအပြည့်အစုံကိုလည်းကောင်း၊ အဆောက်အအုံပြင်ပ နေရာဖြစ်လျှင်နေရာအတိအကျကိုလည်းကောင်း ခွင့်ပြုမိန့်တွင်ဖော်ပြရမည်။
၂၂။ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းပြုမည့် လမ်းကြောင်းကိုပြည့်စုံစွာာဖော်ပြ သတ်မှတ်ပေးရမည့်အပြင် လှည့်လည်ရာတွင် ယာဉ်အသွားအလာ၊ လမ်းဘေးရှိ နေအိမ်၊ ဈေးဆိုင်၊ အဆောက်အအုံများအား ပိတ်ဆို့မှု၊ နှောင့်ယှက်ဟန့်တားမှု မရှိစေရေး အတွက် လိုက်နာရမည့်အချက်များကိုခွင့်ပြုမိန့်တွင်ဖော်ပြရမည်။
၂၃။ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းတို့ကိုတစ်ဆက်တည်း ပြုလုပ်ခွင့်ပြုပါက စုဝေးရမည့်နေရာနှင့် လှည့်လည်ရမည့်လမ်းကြောင်းတို့ကို နည်းဥပဒေ ၂ဝ နှင့်၂၁ တွင်ဖော်ပြသည့်အတိုင်း ခွင့် ပြုမိန့်တွင်ဖော်ပြရမည်။

အခန်း ( ၄ )
အထွေထွေ

၂၄။ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်  ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းများကို ခွင့်ပြုမိန့်အရ ဆောင်ရွက်နေသူများအား ဥပဒေပုဒ်မ ၁၃ အရ ဒုတိယရဲအုပ်အဆင့်အောက်မနိမ့်သော ရဲအရာရှိတစ်ဦးဦးက ကာကွယ်စောင့်ရှောက်မှုပေးသည့်အခါ နယ်မြေ အခြေအနေနှင့် စုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်းပြုရာတွင်ပါဝင်သည့်လူဦးရေပေါ်မူတည်၍ လုံလောက်သော ရဲတပ်ဖွဲ့ဝင်အင်အားကို အသုံးပြု ရမည်။
၂၅။ ငြိမ်းချမ်းစွာစုဝေးခြင်းကိုဖြစ်စေ၊ ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခြင်းကိုဖြစ်စေ၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခြင်းကိုဖြစ်စေ ဆောင်ရွက်ရာတွင် ဦးဆောင်သည့်ပုဂ္ဂိုလ်သည် ခွင့်ပြုမိန့်ကို တစ်ပါတည်းယူဆောင်သွားရမည့်အပြင် တာဝန်ရှိသူက တောင်းဆိုပါက ပြသစစ်ဆေးခံရမည်။
၂၆။ ငြိမ်းချမ်းစွာစုဝေးခြင်းကိုဖြစ်စေ၊ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းကိုဖြစ်စေ၊ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်ငြိမ်းချမ်းစွာစီတန်းလှည့် လည်ခြင်းကိုဖြစ်စေ ဆောင်ရွက်ရာတွင် ဥပဒေပုဒ်မ ၁၄၊ ပုဒ်မခွဲ(က)အရ သတိပေးသည်ကိုလိုက်နာရန် ပျက်ကွက်လျှင်မြို့နယ် ရဲတပ်ဖွဲ့မှူးသည် ခွင့်ပြုမိန့်ပါ ဦးဆောင်သည့်ပုဂ္ဂိုလ်အား ဥပဒေပုဒ်မ ၁၅ အရ ခွင့်ပြုမိန့် ရုပ်သိမ်းကြောင်းနှုတ်ဖြင့် ကြေညာပြီးနောက် စာဖြင့်  အကြောင်းကြားရာ၌်အောက်ပါအချက်များ ပါဝင်ရမည်-
(က) လိုက်နာဆောင်ရွက်ခြင်းမရှိသည့်စည်းကမ်းချက်များ၊
(ခ) သတိပေးသည်ကိုလိုက်နာမှုမရှိခြင်းကြောင့်ခွင့်ပြုမိန့်ကိုရုပ်သိမ်းကြောင်း ဖော်ပြချက်၊
(ဂ) ခွင့်ပြုမိန့် ကိုရုပ်သိမ်းသည့်နေ့ရက်နှင့်အချိန်။
၂၇။ ငြိ မ်းချမ်းစွာစုဝေးခြင်းကိုဖြစ်စေ၊ ငြိမ်းချမ်းစွာစီ တန်းလှည့်လည်ခြင်းကို ဖြစ်စေ၊ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့်  ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခြင်းကို ဖြစ်စေခွင့်ပြုမိန့်အရ ဆောင်ရွက်ရာတွင် စုဝေးသည့်နေရာနှင့်စီတန်းလှည့်လည်ရာသို့ ရောက်ရှိနေသူများနှင့် ပတ်သက်၍ ဦးဆောင်လျှောက် ထားသည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းက တာဝန်ယူရမည်။

(ပုံ)
ဒုတိယဗိုလ်ချုပ်ကြီးကိုကို
ပြည်ထောင်စုဝန်ကြီး၊
ပြည်ထဲရေးဝန်ကြီးဌာန

ပုံ စံ ( ၁ )

သို့ 
မြို့နယ်ရဲတပ်ဖွဲ့မှူး
---------------မြို့
ရက် စွဲ ၊------------------

အကြောင်းအရာ။ ငြိမ်းချမ်းစွာ စုဝေးခွင့်ပြုရန်လျှောက်ထားခြင်း

၁။ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၄ အရ ငြိမ်ချမ်းစွာစုဝေးခွင့် ပြုနိုင်ပါရန် အောက်ဖော်ပြပါအချက်များဖော်ပြ၍ လျှောက်ထားအပ်ပါသည်
-(က) ရည်ရွယ်ချက်။------------------------------------------------------------------------------------------
(ခ)နေရာ။---------------------------------------------
(ဂ) နေ့ရက်။--------------------------------------------
(ဃ) အချိန်အပိုင်းအခြား။-----------မှ ---------------------------ထိ
(င) ဦးဆောင်မည့်ပုဂ္ဂိုလ်/အဖွဲ့အစည်း။-------------------------
(စ)ဟောပြောမည့်ပုဂ္ဂိုလ်(များ)။----------------------------------------------------------------------------------------
(ဆ)ဟောပြောမည့်အကြောင်းအရာ။------------------------------------------------------------------------------
(ဇ) ကြွေးကြော်မည့်ကြွေးကြော်သံများ။ (မလုံလောက်ပါက သီးခြား စာရွက်ဖြင့်ပူးတွဲဖော် ပြရန် )
(၁) ---------------(၂) ---------------(၃) ---------------
(ဈ ) တက်ရောက်မည့်ခန့်မှန်းအင်အား-----------------ဦး။
၂။ အောက်ပါတို့ကို ပူးတွဲတင်ပြပါသည် -
(က) ဦးဆောင်မည့်ပုဂ္ဂိုလ်၏ ကိုယ် ရေးအချက် အလက်များ၊
( ခ) ဟောပြောမည့်ပုဂ္ဂိုလ် (များ)၏ ကိုယ်ရေးအချက် အလက်များ၊
(ဂ ) လျှောက်ထားသူ၏ ကိုယ်ရေးအချက် အလက်များ၊
(ဃ) အသုံးးပြုမည့်ပိုစတာ၊ ဆိုင်းဘုတ်ပါစာသားနှင့်ရုပ်ပုံများ၊
(င ) ဆောင်ရွက်မည့်အစီအစဉ်။
၃။ ပါတီ ၊ အဖွဲ့အစည်းအနေဖြင့်  လျှောက်ထားခြင်းဖြစ်ပါသဖြင့်  အောက်ပါတို့ ကို ပူးတွဲတင်ပြပါသည် -
(က) ပါတီ၊ အဖွဲ့အစည်း၏အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်း သို့မဟုတ် သဘောတူညီကြောင်း လက်မှတ်ရေးထိုးထားသည့် မှတ်တမ်း၊
(ခ) အခြားလိုအပ်သော အထောက်အထားများ။
၎။ လျှောက်ထားသည့်အတိုင်း ငြိမ်းချမ်းစွာစုဝေးခွင့်ရရှိပါက ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပါ စည်းကမ်းချက်များအပြင် ခွင့်ပြုမိန့်တွင် သီးခြားသတ်မှတ်ထားသည့် စည်းကမ်းချက်များကိုပါ လိုက်နာမည် ဖြစ်ကြောင်း ဝန်ခံ ကတိ ပြုပါသည် ။

လျှောက် ထားသူ
ဦး/ဒေါ်--------------------
နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ----------------------

Photo..messenger journal

Wednesday, July 11, 2012

မက္ကဆီကို ရွေးကောက်ပွဲ အနိုင်ရခဲ့သော ပီညာနစ်တိုကို လူထောင်ပေါင်းများစွာက ဆန္ဒပြ





မက္ကဆီကို သမ္မတရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော အင်းနရစ်ပီညာ နစ်တိုကိုမြို့တော် မက္ကဆီကိုတွင် ဇူလိုင်လ ၇ ရက်က လူထောင်ပေါင်းများစွာ ဆန္ဒပြခဲ့ပြီး နစ်တိုနှင့် သူ၏ပါတီသည် မဲဝယ်မှု ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့ကြောင်း စွပ်စွဲခဲ့ကြသည်။

Institutional Revolutionary Party (PRI) ကိုယ်စားပြုနစ်တိုသည် ရွေးကောက်ပွဲ အနိုင်ရရန်အတွက် လက်ဆောင်ကတ်များ ဝေပေးခြင်း၊ အဓိက ရုပ်သံလိုင်းနှစ်ခုတွင် ဘက်လိုက်ဖော်ပြပေးရန်အတွက် လုပ်ဆောင် ခဲ့ခြင်း ပြုလုပ်ခဲ့သည်ဟု ဆန္ဒ ပြသူများက ပြောကြားခဲ့သည်။ ဆန္ဒပြသူများသည် ''ပီညာထွက်သွား။ PRI အလိုမရှိ'' ဟူသော စာတမ်းများကိုင်ဆောင်ကာ မြို့တော်ရှိအဓိက လမ်းမကြီးမှတစ်ဆင့် မြို့လယ်ရှိ ဇိုကာလိုရင်ပြင်သို့ ချီတက်ခဲ့ကြသည်။
ဇူလိုင်လ ၁ ရက်က ပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် နစ်တိုအနိုင်ရကြောင်း လွတ်လပ်သော ရွေးကောက်ပွဲ ကော်မရှင်က ဇူလိုင်လ ၆ ရက်တွင် အတည်ပြုခဲ့သည်။
သို့သော် မဲဆန္ဒရှင် ၁၁၂ သန်းအနက် အများအပြားက နစ်တိုအနိုင်ရမှုအပေါ် လက်ခံရန် ငြင်းဆန်ခဲ့သည်။ PRI ပါတီသည် ၂၀၀၀ ပြည့်နှစ်အထိ အနှစ် ၇၀ ခန့် အုပ်ချုပ်ခဲ့ဖူးပြီး ရွေးကောက်ပွဲ မသမာမှုပြုလုပ်ခြင်း၊ ဖိနှိပ်ချုပ်ခြယ်မှုများ ပြုလုပ်ခြင်းတို့ လုပ်ခဲ့သည်ဟု စွပ်စွဲခံရသည်။
၂၀၀၆ ခုနှစ် ရွေးကောက်ပွဲတွင်လည်း ဒုတိယနေရာသာ ရခဲ့သော ဒီမိုကရက်တစ်တော်လှန်ရေး (PRD) ပါတီမှ လိုပက်ဇ်အိုဘရာဒွန်ကမူ ဇူလိုင်လ ၇ ရက် ဆန္ဒပြမှုနောက်ကွယ်တွင် သူပါဝင်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။
ယခုဆန္ဒပြမှုကို #YoSay133 ကျောင်းသားလှုပ်ရှားမှုအဖွဲ့က Facebook ၊ Twitter တို့မှတစ်ဆင့် လှုံ့ဆော်ခဲ့ကြခြင်းဖြစ်သည်။
Ref:AFP
http://www.thespiritfruit.com/2012/07/blog-post_1508.html

မြစ်သားရေလှောင်တမံကြောင့် ကျေးရွာ ၄ ရွာ ပြောင်းရွှေ့ ခံရ

မြစ်သားရေလှောင်တမံကြောင့် ကျေးရွာ ၄ ရွာ ပြောင်းရွှေ့ ခံရ

မကွေးတိုင်းဒေသကြီး ဂန့်ဂေါ်မြို့နယ်အတွင်း မြစ်သားရေလှောင်တမံကြောင့် ကျေးရွာ ၄ ရွာ ပြောင်းရွှေခံရမယ်လို့ သိရပါတယ်။
ပြောင်းရွှေ့ရမယ့် ကျေးရွာတွေကတော့ စံပယ်၊ ပနန်း၊ ဆင်ပုံ၊ ယင်းမာ ကျေးရွာ ၄ ရွာဖြစ်ပါတယ်။ ကျေးရွာလူထု ၂၀၀၀ က ပြောင်းရွှေ့ရမှာနဲ့ ပတ်သက်ပြီး မပြောင်းရွှေ့ဖို့ကို နိုင်ငံတော် သမ္မတထံ မေတ္တာရပ်ခံ တောင်းဆိုထားတယ်လို့ စံပယ်ကျေးရွာမှ ဦးဇင်း ဦးဝါသ၀က မိန့်ကြားပါတယ်။
“ဒီစီမံကိန်းကို ရပ်ပေးဖို့ ဆိုတာ သမ္မတကြီးဆီကို ဦးဇင်းတို့ အရင်တုန်းက စာတင်ထားပါတယ်။ ရည်ရွယ်ချက်က အခု တာတမံဟာ သဘာဝဘေးအန္တရာယ်ကြောင့် တခုခုဖြစ်ခဲ့သည် ရှိသော် မြစ်သားဝဲယာတလျှောက် သက်ရှိသက်မဲ့တွေ ဆုံးရှုံးမှု ပမာဏ တအားများပြားတယ်။ ကုန်ကျငွေပမာဏကလည်း ပြည်တွင်းငွေကျပ် သန်းပေါင်း ၁၂၂,၈၅၁ သန်း အမေရိကန်ဒေါ်လာ ၁၄ ဒဿမ ၇ သန်းဆိုတော့ ကုန်ကျမှုပမာဏကြီးမားပြီး အကျိုးအမြတ်မရှိဘူးဆိုရင် ရုပ်သိမ်းပေးဖို့ ကျေးရွာလူထုက တောင်းဆိုတာပါ။”
မြစ်သာရေလှောင်တမံကို ဆည်မြောင်းဌာနကနေ ကန်ထရိုက်ပေးထားတဲ့ မြတ်အိနြေ္ဒနဲ့ သင်းကုမ္ပဏီကနေ တမံနဲ့ပတ်သက်တဲ့ အဆောက်အဦတွေကို ဆောက်လုပ်နေတယ်လို့လည်း မိန့်ပါတယ်။
“တမံက ပုဂ္ဂိုလ်တွေက ကုမ္ပဏီကိုခိုင်းတယ်။ မြတ်အိနြေ္ဒနဲ့ သင်းကုမ္ပဏီ ၂ ခု ရှိတယ်။ သူတို့က ရေအားလျှပ်စစ် မဂ္ဂါဝပ် ၂၀၊ ၄၀ ထုတ်နိုင်တယ်။ စိုက်ဧကပေါင်း ၁၂၀၀၀ ပေးနိုင်တယ်လို့ ကြေညာထားတာကို။ အရင်တုန်းက သူတို့က ဧကပေါင်း ၆၅၀၀၀ ပေးနိုင်တယ်ဆိုပြီးပြောတော့ ကျေးရွာက မဖြစ်နိုင်ဘူး လိမ်နေတာ ပြောတော့မှ ၁၂၀၀၀ လျော့သွားတာ။ ကျေးရွာဘေးမှာရှိတဲ့ လယ်ကွက်တွေ ထိုးပြတာပဲ သူတို့က။ ဦးဇင်းတို့ဘက်က တောတောင်တွေ ထူထပ်နေတာကတော့ အမြတ်အစွန်း သိပ်မမြင်ဘူး။”
အခု ပြောင်းရွှေ့ရမယ့် ကျေးရွာ ၄ ရွာဟာ စိုက်ပျိုးမြေဖြစ်ထွန်းပြီး နှစ်သီးစား စိုက်ပျိုးနေရတဲ့ ကျေးရွာတွေ ဖြစ်တဲ့အတွက် မပြောင်းရွှေ့ချင်ကြဘူးလို့ ဦးဇင်း ၀ါသ၀က မိန့်ကြားသွားပါတယ်။
“လုပ်ကိုင်စားသောက်ဖို့က မရေရာသေးဘူး။ ဒေသခံလူထုတွေကတော့ ဘာမှကို အကောင်အထည် မပေါ်သေးဘူး။ ဦးဇင်းတို့နေရာဆို မြောင်းရေသောက်ရှိတယ်။ မြစ်ရေ ၂၄ နာရီ လိုသလို ဖွင့်လို့ရတယ်။ စပါးကလည်း ၂ သီးစား စိုက်လို့ရတယ်။ တနှစ်ကို လေးရွာ တင်းပေါင်း ၈၀၀၀ ကျော်တယ်။ အဲဒီတော့ ကိုယ့်ဒေသကို မစွန့်လွှတ်ချင်ကြဘူး။”

http://www.thespiritfruit.com/2012/07/blog-post_4659.html

The Voice ဂျာနယ်

The Voice 8-29 HTWD

ဖေ့စ်ဘုတ်သုံးခြင်း ဘယ်လိုလူတွေ ဆင်ခြင်သင့်လဲ ???

















Wednesday, July 11, 2012  အိမ့်သံစဉ် 



အင်တာနက် လူမှုကွန်ရက်တွေထဲမှာ ဖေ့စ်ဘုတ်ကို တကမ္ဘာလုံးအတိုင်းအတာနဲ့ သုံးစွဲသူ သန်းပေါင်း ၉၀၀ ကျော် သုံးစွဲနေ ကြပါတယ်။ ဖေ့စ်ဘုတ် သုံးစွဲသူများဟာ အလွှာအသီးသီးက ပါဘဲ။ သမ္မတတွေ၊ ၀န်ကြီးချုပ်တွေ၊ ကုမ္ပဏီ အရာရှိကြီးတွေ၊ ထင်ရှားသူတွေနဲ့ လူငယ်ကျောင်းသားလေးတွေအထိ ဖေ့စ်ဘုတ်ကို သုံးစွဲနေကြပါတယ်။

အင်တာနက် လူမှုကွန်ရက်တွေထဲမှာ ဖေ့စ်ဘုတ်ဟာ ဘာကန့်သတ်ချက်မှ ရေးသား မထားပါဘူး။ ဒါပေမယ့် ဖေ့စ်ဘုတ် အကောင့်တခုကို ဒီကွန်ရက်နဲ့ မသင့်တော်ကြောင်း ကန့်ကွက်မှုတွေ များလာ ရင်တော့ ဖေ့စ်ဘုတ် အက်ဒမင် ( ဖေ့စ်ဘုတ်ကို ထိမ်းချုပ်ထားသည့်အဖွဲ့) က ကန့်ကွက်ခံရတဲ့ အကောင့်ကို သုံးသပ်ပြီး ပိတ်ပင်ဖျက်သိမ်းလိုက်ပါတယ်။

ဖေ့စ်ဘုတ်အနေနဲ့ သုံးစွဲသူများကို ကန့်သတ်ချက်တွေ မထားပေမယ့် အစိုးရအဖွဲ့တွေ၊ ကုမ္ပဏီကြီးတွေ မှာတော့ ဖေ့စ်ဘုတ် သုံးစွဲခွင့် တွေ ရှိပေမယ့် သူသုံးစွဲတဲ့ ဖေ့စ်ဘုတ်စာမျက်နှာတွေမှာ မှတ်ချက်တစုံ တရာ ပေးခွင့် မရှိဆိုပြီး ကန့်သတ်ထားပါတယ်။

အထူးသဖြင့် အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ဥရောပနိုင်ငံတွေနဲ့ ကမ္ဘာ့ ကုမ္ပဏီကြီးတွေက ဖေ့စ်ဘုတ် သုံးစွဲမှုတွေကို တင်းကြပ်စွာ ကန့်သတ်ထားပါတယ်။ သံတမန်တွေ၊ စီအီးအိုတွေ၊ အစိုးရအဖွဲ့တာဝန်ရှိသူတွေ၊ ညွှန်ကြားရေးမှူးတွေ စတာ တွေလည်း အလားတူပါဘဲ ဖေ့စ်ဘုတ်ကို သုံးစွဲခွင့်ရှိကြပေမယ့် ထင်မြင်ချက်တွေ တင်ပြတာတွေ မလုပ်ဖို့တော့ ကန့်သတ် ထားကြပါတယ်။

ဒါပေမယ့် တချို့ စီးပွားရေး ကုမ္ပဏီကြီးတွေက ဖေ့စ်ဘုတ်ကို ကြော်ငြာ အတွက် အသုံးပြုတာတွေ ရှိပါတယ်။ ဒါကိုလည်း ဘုတ်အဖွဲ့တွေ စည်းဝေး သဘောတူပြီး ထည့်သွင်းအသုံးပြုကြတယ်။ မိမိကုန်ပစ္စည်း၊ မိမိ ကုမ္ပဏီတွေ ရဲ့ ပရိုမိုးရှင်းအဖြစ်အသုံးပြုတဲ့သဘောသာ တွေ့ကြရပါတယ်။

ပုဂ္ဂလိက သုံးချင်တဲ့ အရာရှိကြီးတွေ၊ စီအီးအိုကြီးတွေအနေနဲ့တော့ ကိုယ့်ကို သူများမသိနိုင်တဲ့ တခြား အမည်ဝှက်တခုနဲ့ သုံးပြီး အချက်အလက်ရှာဖွေတာတွေမှာ ဖေ့စ်ဘုတ်ကို သုံးတာတွေလည်း ရှိပါတယ်။

မကြာသေးမီကပဲ အရှေ့တောင် အာရှ နိုင်ငံတခုဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံက ခရိုင် သတင်း ထုတ်ပြန်ရေး အရာရှိ ဖြစ်သူ Maynardo Valdez ဟာ အလုပ်ချိန် အတွင်း ကျောင်းသားဟောင်းတွေနဲ့ မိတ်ဆုံစားပွဲ တစ်ခု ကို ရောက်ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မသင့်တော်တဲ့ အပြုအမူ ပြုလုပ်မှု၊ ဂုဏ်သိက္ခာမဲ့ လုပ်ရပ်အတွက် ရာထူးက ထုတ်ပယ် ခံလိုက်ရတဲ့အကြောင်း ဇူလိုင် ၇ ရက်နေ့က AP သတင်းတပုဒ်မှာ တွေ့လိုက်ရပါတယ်။

ဖေ့စ်ဘုတ်ပေါ်မှာ သူက အပန်းဖြေကျွန်းတခုပေါ်က သူ့ဓာတ်ပုံတွေကို တင်ထားတာကို အထက်အရာရှိတွေ သိရှိခဲ့ရာက အပြစ်ပေးခံလိုက်ရတာလည်းဖြစ်ပါတယ်။ သူဟာ ခွင့်ပြုချက်မရဘဲ ၄ ရက်ကြာ ရုံးကို ပိတ်ပြီး အထက်တန်းကျောင်းသား ဟောင်းများ မိတ်ဆုံစားပွဲလုပ်တဲ့ အပန်းဖြေကျွန်းကို သွားရောက်ခဲ့တာ ကို ဖေ့စ်ဘုတ်မှာ ဓာတ်ပုံတွေ တင်မိလိုက်တာပါဘဲ။

လွန်ခဲ့တဲ့ တနှစ်ကျော်ကာလကလည်း နိုင်ငံကြီး တခုက သံတမန်တဦးဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တာဝန် ထမ်းဆောင်နေရင်း သူ့ရဲ့ ဖေ့စ်ဘုတ်အကောင့်တခုမှာ သူ့ရဲ့ ကိုယ်ပိုင်မှတ်ချက်ကို ရေးသားမိရာက ရာထူးက ချပြီး နေရပ်ပြန်ခေါ်ဖို့အထိ ပြင်း ထန်စွာ အရေးယူခံရလုနီးပါး ဖြစ်ခဲ့ရပါတယ်။ တောင်းပန်မှု အကြိမ်ကြိမ်ကြောင့် ပြင်းထန်စွာ သတိပေးခံရတဲ့ အဆင့်နဲ့သာ နောက်ဆုံး သက်သာရာ ရခဲ့ပါတယ်။

တော်တော်များများ ကုမ္ပဏီ တာဝန်ရှိသူတွေကလည်း ဖေ့စ်ဘုတ်သုံးစွဲမှုကန့်သတ်ရခြင်းဟာ ကုမ္ပဏီရဲ့ လျှို့ဝှက်သတင်း ပေါက်ကြားမှာ နဲ့ အခြား မလိုလား အပ်တဲ့ ကုမ္ပဏီအပေါ် ထင်မြင်ယူဆချက် မဖြစ်စေဖို့ တားမြစ်တာဖြစ်တယ်လို့ သူတို့ရဲ့ ကုမ္ပဏီ စည်းကမ်းတွေမှာ တွေ့ရပါတယ်။

ဒါကြောင့် အစိုးရပိုင်းကဖြစ်ဖြစ်၊ ကုမ္ပဏီပိုင်းကဖြစ်ဖြစ် တာဝန်ရှိသူတွေရဲ့ စိတ်လွတ်လက်လွတ် ဖေ့စ်ဘုတ်ပေါ် တခုခု တင်ပြလိုက်လို့ ပြန်လည် ရိုက်ခတ်လာမယ့် ဆိုးကျိုးတွေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကန့်သတ်ထား တာလည်းဖြစ် တယ်လို့ သိရပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ ဒီလို ကန့်သတ်ထားတာတွေ မရှိပါဘူး။ ဖေ့စ်ဘုတ်ပေါ်မှာ လူသိထင်ရှား ဖြစ်နေ တဲ့ အစိုးရ ပိုင်းက အရာရှိ တဦးနဲ့ ဥပမာပေးချင်ပါတယ်။ ဒီ ဥပမာပေးလို့ ပုဂ္ဂိုလ်ရေးကို တိုက်ခိုက်လိုတဲ့ ဆန္ဒလည်း မရှိပါဘူး။


ဖေ့စ်ဘုတ်အကောင့်အမည်က Hmuu Zaw (မှူးဇော်) ဆိုတဲ့ သမ္မတရုံးက ညွှန်ကြားရေးမှူး အဆင့်ရှိတဲ့ ဗိုလ်မှူးဇော်ဌေးဟာ သူ့ဖေ့စ်ဘုတ် စာမျက်နှာမှာ ကိုယ်ပိုင် သဘောထား မှတ်ချက်တွေ ရေးတာ၊ တချို့ သတင်းတွေကို မှတ်ချက်ပေးနေတာ၊ မ လိုလားအပ်တဲ့ ဆူပူမှုဖြစ်စေမယ့် စကားလုံးနဲ့ သတင်းတင်ပြမှု၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ထိခိုက်နိုင်တဲ့ စကား လုံး၊ သတင်း၊ မှတ်ချက်တွေ တင်ပြထား မှုတွေ မြင်တွေ့နေရပါတယ်။



ဒီလို သူ့ရဲ့ မှတ်ချက်တွေကြောင့် သမ္မတနဲ့ အစိုးရအဖွဲ့ဟာ ဒီလို သဘောထားမျိုးရှိသလားဆိုတဲ့ မေးခွန်းတွေ လည်း ပေါ် ထွက်လာခဲ့ပါတယ်။ ဒီမေးခွန်းဟာ မထင်မှတ်ဘဲ မရည်ရွယ်ဘဲ ဘေးထွက်ဆိုးကျိုး ဖြစ်လာခဲ့တာပါ။ သမ္မတနဲ့ အစိုးရအဖွဲ့ အပေါ် သံသယတွေဖြစ်စေခဲ့ပြီး ဘက် တဖက်ဖက်က ရပ်တည်နေတဲ့အစိုးရ၊ ဘက်မျှပြီး အုပ်ချုပ်နေတဲ့ အစိုးရ မဟုတ်ဘူး ဆိုတဲ့ အစိုးရအဖွဲ့အပေါ် သံသယတွေ ဖြစ်ပေါ်စေခဲ့တာ သတိထားမိပါတယ်။

သမ္မတရုံး ညွှန်ကြားရေးမှူး တဦးအနေနဲ့ အခု သူ့ရဲ့ ဖေ့စ်ဘုတ်သုံးစွဲမှုမှာ သူ့အတွေး၊ သူ့အမြင်တွေကို ဖော်ပြခွင့် ရှိ၊ မရှိ မေးခွန်းထုတ်ရမလို ဖြစ်လာပါတယ်။ ပြန်ကြားရေး ၀န်ကြီးဌာနက သတင်းကန့်သတ် ဖြတ်တောက် မှုတွေကြောင့် အစိုးရရဲ့ သတင်းတွေကို အရိုးခံအတိုင်း တင်ပြပေးနေတဲ့အတွက် ဖေ့စ်ဘုတ်သုံးသူတော်တော် များများက သူ့ဖေ့စ်ဘုတ်က ဖော်ပြချက်တွေကို အတည်ပြုချက်တွေ၊ အစိုးရ အသံတခုအနေနဲ့ ကောက်ယူ လက်ခံလာကြတာပါ။

သမ္မတနဲ့ အစိုးရပိုင်းရဲ့ သဘောထား အသံကို သူ့ဖေ့စ်ဘုတ်အကောင့် စာမျက်နှာတွေကတဆင့် တီးခေါက် ယူကြည့်ခွင့်တွေ ရလာတယ်။ စစ်တပ်မှာ လုံ ၄ လုံဆိုတာ ရှိပါတယ်။ သတင်း၊ အဆင်း၊ အသံ၊ အနံ့ ဆိုတဲ့ လုံခြုံရေး သတိရှိရမယ့် အချက် ၄ ချက်ပါ။ ဒီ လုံ ၄ လုံစည်းတွေ ဖေ့စ်ဘုတ်ကနေ ပေါက်ကြားမှုမဖြစ်စေဖို့ သတိပြုမိပါတယ်။ စေတနာ အရင်းခံနဲ့ ဒါဟာ တကယ်ဖြစ်သင့်ရဲ့လား ဆိုတာ မေးခွန်းထုတ်မိတာပါ။

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော် ပြည်တော်ပြန်လာနိုင်ရေး သမတထံပေးစာ ( ရဲဘော်မျိုးထွဋ်)

Myo Htut1

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စင်ပြိုင်အာဆီယံအမတ်များ (AIPMC) နှင့်တွေ့ ဆုံ



၂၀၁၂ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့က မြန်မာ့အရေးကို စိတ်ဝင်စားတဲ့ စင်ပြိုင်အာဆီယံအမတ်များ (AIPMC) အဖွဲ့နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးအုန်းကြိုင်၊ ဦးဝင်းမြင့်၊ ဒေါက်တာ ဒေါ်မေဝင်းမြင့်၊ ဦးဝင်းထိန်၊ ဒေါ်စုစုလွင်၊ ဒေါက်တာဇော်မြင့်မောင်၊ မန်းဂျော်နီ၊ ဦးဖြိုးမင်းသိန်း၊ ဒေါ်ခင်ဌေးကြွယ်၊ ဦးအောင်ကြည်ညွန့်တို့ နေပြည်တော်မှာရှိတဲ့ Capitalဟိုတယ်မှာ ညနေ ၆ နာရီခန့်က တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။ ဘာသာပြန်အဖြစ် ကိုတိုးကျော်လှိုင်မှ ဆောင်ရွက်ပေးခဲ့ပြီး AIPMC အဖွဲ့၏ လုပ်ဆောင်ချက်များ၊ နောက်ခံသမိုင်းကြောင်းနှင့် အဖွဲ့ဝင်များကို တဦးချင်းစီ မိတ်ဆက်ပေးခဲ့ကြတယ်လို့ သတင်းရရှိပါသည်။

မြန်မာ့ခရီးသွားလုပ်ငန်း စန်းထလာမူကြောင့် ထိုင်းအတွက်အန္တရာယ်ရှိလာနိုင်

yangonchronicle 



(Bangkok Post မှ 9 July 2012 ရက်စွဲပါ “Thai tourism at risk from Myanmar travel boom” သတင်းကိုဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံ၏ မြန်ဆန်စွာကြီးထွားလာသော ခရီးသွားကာလသည် ဒေသတွင်း အဓိကဂိတ်ပေါက်ဖြစ်နေသော ထိုင်းနိုင်ငံ၏အနေအထားကို ထိခိုက်စေနိုင်ကြောင်း ထိုင်းခရီးသွားအေဂျင်စီများက ထိုင်းအစိုးရကို မနေ့ကသတိပေး ပြောကြားလိုက်သည်။

မြန်မာ့ဟိုတယ်ခရီးသွားဝန်ကြီးဦးဋ္ဌေးအောင်က မြန်မာနိုင်ငံသည် ရုတ်တရက်များပြားလာသော ခရီးသွားဧည့်သည်များကို နိုင်နင်းစွာ ဧည့်ခံ ကြိုဆိုရန်အတွက် ခရီးသွားလုပ်ငန်းအခြေခံအဆောက်အဦးများကို မြင့်တင်လျက်ရှိသည်ဟု မနေ့က ဆာဆင်ဘန်ကောက်ဖိုရမ်တွင် ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ မှတ်ချက်ပေးမူများ ထွက်ပေါ်လာခြင်းဖြစ်သည်။

မြန်မာခရီးသွားလုပ်ငန်းဝန်ကြီးက မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းသည် မွေးကင်းစအဆင့်သာရှိသေးကြောင်း ဝန်ခံသော်လည်း ခရီးသွား ဧည့်သည်အရေအတွက် မြန်ဆန်စွာ တိုးပွားလာနေကြောင်း ထောက်ပြပြောဆိုသည်။

ယခုနှစ် ပထမ ၆ လအတွင်း ရန်ကုန်နှင့် မန္တလေးလေဆိပ်များသို့ ဝင်ရောက်လာသော နိုင်ငံခြားသားခရီးသည် အရေအတွက်သည် မနစ်ကထက် ၅၀ ရာခိုင်နှုန်း ပိုများသည်ဟု ဦးဋ္ဌေးအောင်က ဆိုသည်။

မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲလာပြီးနောက်ပိုင်း အရှေ့တောင်အာရှ၏ ခရီးသွားလုပ်ငန်းအချက်အချာအဖြစ် သူ့ကိုယ်သူထူထောင်နိုင်ရန် အလားအလာကောင်းနေသည်ဟု ဈေးကွက်အကဲခတ်သမားများကလည်း ယုံကြည်နေကြသည်။

ဦးဋ္ဌေးအောင်က ဆက်လက်၍ “၎င်းရည်မှန်းချက် အောင်မြင်နိုင်ရေးအတွက် အခြေခံအဆောက်အဦး ဖွံ့ဖြိုးမူသည် သော့ချက်ဖြစ်ကြောင်း မြန်မာနိုင်ငံသည် နော်ဝေးအစိုးရ၏ ပံ့ပိုးကူညီမူဖြင့် ခရီးသွားလုပ်ငန်း master plan ကို ရေးဆွဲနေကြောင်း အစီအစဉ်များထဲတွင် လာမည့်နှစ် အနည်းငယ်အတွင်း ရန်ကုန်နှင့် ၁၅ ကီလိုမီတာအကွာတွင် နိုင်ငံတကာလေဆိပ်သစ်တစ်ခုတည်ဆောက်ရန်ရှိကြောင်း၊ မကြာမီကာလအတွင်း မြန်မာနိုင်ငံသို့ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအခြေခံအဆောက်အဦးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည့်သူများ စုပြုံရောက်ရှိလာမည်ဟု မျှော်လင့်ရကြောင်း၊ မြန်မာနိုင်ငံတွင် အရေအတွက်တိုးပွားလာသောတိုးရစ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံတကာဧည့်သည်များအတွက် ဟိုတယ်ခန်းများလုံလောက်မှု မရှိကြောင်း” ရှင်းလင်းပြောဆိုသည်။

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းအခြေခံအဆောက်အဦးများ ဖွံ့ဖြိုးမူမရှိခဲ့ရခြင်းမှာ နိုင်ငံရေးနှင့်လုံခြုံရေးပြဿနာများက အတားအဆီးဖြစ်ခဲ့သည့် အပြင် အနောက်အုပ်စုနိုင်ငံများက အရေးယူဒဏ်ခတ်ထားသောကြောင့်ဖြစ်သည်ဟု ဦးဋ္ဌေးအောင်က ပြောကြားသည်။ အစိုးရနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ စီမံခန့်ခွဲမူအလွဲများကိုမူ ဦးဋ္ဌေးအောင်က ဝန်ခံပြောကြားခြင်းမပြုပါ။

ကူးစက်ပြန့်ပွားနိုင်သော ရောဂါများနှင့် သဘာဝဘေးအန္တရာယ်များကလည်း Sanctions များ ပိတ်ဆို့ထားခြင်းကြောင့် နိုင်ငံခြားမှဟိုတယ် လုပ်ငန်း ရင်းနှီးမြှုပ်နှံသူများ မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ကြကြောင်း၊ သို့သော်လည်း လက်ရှိအာဏာရစိုးရက ပြုပြင်ပြောင်းလဲရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ စီးပွားရေးပြန်လည်ထူထောင်ရေးတို့ကို ဆက်တိုက်လုပ်ဆောင်သွားရန် ကတိပြုထားသောကြောင့် ခရီးသွားလုပ်ငန်းကဏ္ဍသည် ယခုအခါ ပြန်လည်ရှင်သန်လာတော့မည်ဖြစ်ကြောင်း” ဦးဋ္ဌေးအောင်က ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် Shangri-la အုပ်စုက အခန်း၂၄၀ ဟိုတယ်တစ်ခုတည်ဆောက်နေပြီး Accor အုပ်စုနှင့် အိန္ဒိယ Oberoi တို့ကလည်း ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေသည်ဟု သိရှိရသည်။ လက်ရှိ မြန်မာနိုင်ငံတွင် ဟိုတယ်နှင့် တည်းခိုခန်းပေါင်း ၂၅၀၀၀ ခန့်ရှိသည်ဟုဆိုသည်။

မြန်မာ့ဟိုတယ်ခရီးသွားဝန်ကြီး ဦးဋ္ဌေးအောင်က မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများအား ဟိုတယ်နှင့်စားသောက်ဆိုင်လုပ်ငန်းများတွင် ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံပေးထားသော်လည်း မြေပိုင်ခွင့်မရှိဘဲ ၄၅ နှစ် မြေငှားစာချုပ်ဖြင့် လုပ်ဆောင်ရမည်ဖြစ်သည်ဟု ပြောကြားသည်။

နောက်ထပ်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စည်းကမ်းသစ်များကိုလည်း စဉ်းစားကြံဆနေသည်ဟု ဦးဌေးအောင်က ဆိုသည်။ သမ္မတဦးသိန်းစိန်ကလည်း ပျမ်းမျှ GDP ၇.၇ ရာခိုင်နှုန်းနှင့် တစ်ဦးခြင်း GDP ၃ ဆတိုးစေရန်ရည်မှန်းကာ ၂၀၁၁-၂၀၁၂ ငါးနှစ်ကာလဖွံ့ဖြိုးရေးအစီအစဉ်ကို ခွင့်ပြုထားသည်ဟု သိရှိရသည်။

ထိုင်းအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုမှတဆင့် အပြန်အလှန်အကျိုးရှိစေမည့် လက်တွေ့သဘောမဟာဗျုဟာကို ချမှတ်သင့်သည်ဟု ထိုင်း ခရီးသွားအေဂျင်စီများအသင်းအတွင်းရေးမူုးချုပ် ချာရွန်ဝါဂါနာနွန်က ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံ၏ လှေနံဓါးထစ် မပြောင်းလဲသောမူဝါဒများကြောင့် ဒေသတွင်းနိုင်ငံများထံ ခရီးသွားဧည့်သည်များ လက်လွတ်ဆုံးရှုံးရတော့မည့် အန္တရာယ်ရှိနေပြီဟု ချာရွန်ဝါဂါနာနွန်က သတိပေးပြောကြားသည်။
yangonchronicle

Tuesday, July 10, 2012

ဒု သမ္မတ ဘယ်သူဖြစ်မလဲ


 

တပ်မတော်သားတွေရဲ့ ကိုယ်စားလှယ်မှန်သမျှ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အတည်ပြုချက် လိုပါတယ် (ဓာတ်ပုံ – Reuters )
မနက်ဖြန် ကျင်းပမယ့် ပြည်သူ့လွှတ်တော်မှာ လစ်လပ်သွားတဲ့ ဒု သမ္မတ နေရာအတွက် တပ်မတော် ကိုယ်စားလှယ်တွေ အမည် စာရင်းတင်မှာ ဖြစ်တာကြောင့် ဘယ်သူဖြစ်မလဲဆိုတာ လွှတ်တော်ကိုယ်စားလှယ်များအကြား ထင်ကြေးပေးမှုတွေ တိုးလာနေပါတယ်။
ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းက ရာထူးအတွက် တပ်မတော်သားအရာရှိကိုသာလျှင် ပေးအပ်မယ်လို့ သိရှိထားတာကြောင့် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း ဖြစ်နိုင်ခြေများတယ်လို့ ဧရာဝတီကို ပြောပါတယ်။ ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း ဟာ အငြိမ်းစားယူဖို့နီးကပ်နေပြီး တပ်မတော်ရဲ့ အစဉ်အလာအရလည်း ဒု သမ္မတ ဖြစ်ထိုက်တဲ့ အတွေ့အကြုံများရှိ နေကြောင်း ဦးအောင်သောင်း က ဆိုပါတယ်။
အမေရိကန် စီးပွားရေး သတင်းအေဂျင်စီ Bloomberg က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောလှထွန်းကို ကိုးကားပြီး ကြည်း ရေ လေ ညှိ နှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး လှဌေးဝင်းနဲ့ ဒု ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းတို့ နာမည်တွေ ရှေ့ကပြေးနေတယ်လို့ လည်း သတင်းပို့ ထားပါတယ်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးတို့ကို လျာထားတဲ့ အထဲမှာ ပါတယ်လို့ ပြောသံတွေလည်း ကြားရပါတယ်။ ကနဦး ထင်ကြေးပေးခံရသူတွေထဲမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ကိုကို တို့ပါ ပါပါတယ်။
တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ဝေလင်း ကတော့ နာမည်စာရင်းအတည်ပြုဖို့ လတ်တလော ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိုင်ပင်နေဆဲဖြစ်ပြီး မနက်ဖြန်မှ သေချာအဖြေပေးနိုင်မယ်လို့ ဆိုပါတယ်။ တပ်မတော်သားတွေရဲ့ ကိုယ်စားလှယ်မှန်သမျှ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အတည်ပြုချက်လိုပါတယ်။
“ကျနော်တို့ချင်းတော့ ညှိပြီးပြီ။ ကျနော်တို့ခေါင်းဆောင်(ကာကွယ်ရေးဦးစီးချုပ်) နဲ့ တိုင်ပင်ရဦးမယ်။ အားလုံး တိုင်ပင်နေပါတယ်။ မနက်ဖြန်မှ အတိအကျ အဖြေထွက်မှာပါ”လို့ ဗိုလ်မှူးချုပ် ဝေလင်းက ဧရာဝတီကို ပြောပါတယ်။
ယနေ့မှစပြီး ပြည်သူ့လွှတ်တော်ကို တက်ရောက်လာတဲ့ အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒု သမ္မတသစ်ဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးကို ဆောင်ရွက်မယ့်သူ ဖြစ်သင့်တယ်လို့ သတင်းထောက်တွေကို မှတ်ချက်ပေးပါတယ်။
ဒု သမ္မတသစ် ရွေးချယ်တင်မြှောက်ရေးဟာ ပြုပြင်ပြောင်းလဲရေးကို ဦးတည်မယ့် ဥပဒေအသစ်များကို ပြဋ္ဌာန်းပြီး အစိုးရအဖွဲ့ အတွင်း မှာလည်း ခေတ်နောက်ပြန်ဆွဲသူတွေရဲ့ သြဇာအာဏာကို လျှော့ချရေး ရှေ့ပြေးလို့ လွှတ်တော် သတင်းရပ်ကွက်တွေက ဆိုပါတယ်။
လာမယ့် ရက်တွေ အတွင်းမှာလည်း အစိုးရ၀န်ကြီး အပြောင်းအလဲများပြုလုပ်မှာဖြစ်ပြီး အနည်းဆုံး ၀န်ကြီးလေးဦးမှ ငါးဦး အထိ အပြောင်းအလဲ သို့မဟုတ် အရွှေ့အပြောင်း လုပ်မယ်လို့ ဦးအောင်သောင်းက ပြောပါတယ်။ “အစိုးရ၀န်ကြီးတွေ ပြောင်းမယ်ဆိုတာ ဟုတ်တယ်။ ပြောင်းမှာ။ ဘယ်သူတွေတော့ မသိသေးဘူး။ အနည်းဆုံးတော့ လေး၊ ငါးဦး ပါမယ်”လို့ ဆိုပါတယ်။
ရာထူးမှ ဖယ်ရှားခံရနိုင်တယ်လို့ သတင်းပြေးနေသူတွေထဲမှာ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၊ အမှတ် ၁ လျှပ်စစ် စွမ်းအား ၀န်ကြီး ဦးဇော်မင်း တို့က ရှေ့ဆုံးလို့ လွှတ်တော်အမတ်တွေက ဆိုကြပါတယ်။

ပညာရေး ပြုပြင်ပြောင်းလဲရန် အမြန်လိုအပ်နေ


 
စီးပွားရေးဆိုင်ရာ ညီလာခံတခုမှာ အတူတူတွေ့ရသော ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးပညာရှင် ဒေါက်တာဦးမြင့် (ဓာတ်ပုံ – AP)
မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေချိန်တွင် တိုင်းပြည်အနာဂတ်အတွက် အရေးကြီးသော ပညာရေးကဏ္ဍနှင့် ပတ်သက်ပြီး မည်သို့ မူဝါဒချမှတ်ပြီး မည်သည့်ဗျူဟာအဆင့်ဆင့်ဖြင့် နိုင်ငံတကာအဆင့်မီ အမျိုးသားပညာရေးစနစ်ကို ထူထောင်သွားမည်ဟူသော ဆွေးနွေးပြောဆိုမှုများ နည်းပါးနေသေးသည်။
သမ္မတဦးသိန်းစိန်၏  နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကြောင့် စီးပွားရေးပိတ်ဆို့အရေးယူများ ရုပ်သိမ်းပြီး ရင်းနှီးမြှုပ်နှံမှုများနှင့် နိုင်ငံတကာအကူအညီများ ပြန်လည်ဝင်ရောက်လာမည့်နည်းတူ ယင်းရေစီးကြောင်းတွင် လူငယ်များ ပါဝင်နိုင်ရေးနှင့် ရေရှည်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ အရည်အသွေး မြှင့်တင်ရေးသည်လည်း အလွန်အရေးကြီးသည်။
ယခု ပြန်လည်ကျင်းပနေသော လွှတ်တော်အစည်းအဝေးတွင် ပညာရေးဝန်ကြီး ဒေါက်တာချမ်းငြိမ်းက ပညာရေးစနစ်မူဝါဒကို ဖတ်ကြားတင်သွင်းရန် ရှိနေသည့် တချိန်တည်းတွင် မြန်မာပြည်ပညာရေးကို အမြန်ပြန်လည် ပြုပြင်တည်ဆောက်ရေး ပညာရှင်များက လိုလားနေကြသည်။
မကြာသေးခင်က ထုတ်ပြန်ခဲ့သော သမ္မတ ဦးသိန်းစိန်၏ စီးပွားရေးအကြံပေး ဒေါက်တာ ဦးမြင့်၏ အိတ်ဖွင့်ပေးစာတွင်  မြန်မာနိုင်ငံ၏ အမျိုးသားပညာရေး အဆင့်အတန်း မြင့်မားခဲ့ပြီး အာရှတွင် ရန်ကုန်တက္ကသိုလ်သည် အကောင်းဆုံးနှင့် အကြီးကျယ်ဆုံး တက္ကသိုလ်တခုဖြစ်ခဲ့ကြောင်း၊ ရန်ကုန်တက္ကသိုလ်ကို ဧရာဝတီမြစ်နှင့် နှိုင်းယှဉ်ထားပြီး အမျိုးသားအမွေအနှစ်နှင့် အနာဂတ် မျိုးဆက်အတွက် အရေးပါကြောင်း ဖော်ပြထားသည်။
“ဧရာဝတီလိုပါပဲ။ ရန်ကုန်တက္ကသိုလ်ဟာ သူ့ရဲ့ အရင်က ရှိခဲ့တဲ့ ဂုဏ်ရောင်နဲ့ အသွေးရောင်စုံ တော်တော်များများ ပြယ်လွင့်ခဲ့ရသည်” ဟု ဦးမြင့်က ရေးသားထားသည်။
မြန်မာနိုင်ငံမှ တက္ကသိုလ်များကို လုံခြုံရေးအမြင်နှင့် ထိန်းချုပ်ခဲ့ခြင်းကြောင့် တက္ကသိုလ်၏ လွတ်လပ်မှုနှင့် အနှစ်သာရ ပျောက်ဆုံးနေရကြောင်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန်နိုင်ငံ လန်ဒန်မြို့ အောက်စ်ဖို့ဒ် တက္ကသိုလ်တွင် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ လက်ခံစဉ်က ပြောဆိုခဲ့သည်။
တံခါးပိတ်ထားဆဲ ရန်ကုန်တက္ကသိုလ် (ဓာတ်ပုံ – Steve Tickner / ဧရာဝတီ)
“ကျမတို့ မြန်မာနိုင်ငံက လူငယ်တွေမှာတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်အတွင်း လွတ်လပ်ခွင့်တွေလည်း မရှိကြပါဘူး။ ကျောင်းသားတွေ စည်းကမ်းတကျ ဖြစ်ဖို့လိုတယ်ဆိုတဲ့ အမြင်မျိုးနဲ့ ထိန်းထားချင်တဲ့ အတွက် တက္ကသိုလ် ကျောင်းသားတွေရဲ့ ဘ၀တွေဟာ မပီပြင် ပျက်စီးခဲ့ရပါတယ်။ ဒါဟာ မဖြစ်သင့်ပါဘူး။ ကျောင်းသားဆိုတာမျိုးက ဒီလို ထိန်းချုပ်ထားလို့ မရပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
တက္ကသိုလ်ဟူသည်၊ ကျောင်းဟူသည် လူငယ်များအတွက် သူတို့ကိုယ်ပိုင် ကမ္ဘာတွေအဖြစ် ဖန်တီးရမှာ ဖြစ်ကြောင်း၊ လက်ရှိ ကမ္ဘာကြီးကို သူတို့ စိတ်ကူးတွေနှင့် ပိုင်ဆိုင်ခွင့်၊ ဖန်တီးခွင့် ရသင့်ကြောင်း၊ မြန်မာပြည် တက္ကသိုလ် ကျောင်းသား ဘ၀များမှာမူ အနှစ်သာရ ကင်းမဲ့နေကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြသည်။
အမေရိကန်နိုင်ငံ မြောက်အီလီနွိုက် တက္ကသိုလ်မှ Intellectual  Property Protection (IPR-2001) ကို တက်ရောက်သင်ကြားခဲ့ပြီး ယခုအခါ ရန်ကုန်မြို့တွင် ပညာရေးကဏ္ဍများ၌ ပါဝင်ကူညီဆောင်ရွက်နေသည့် ဒေါက်တာ ကျော်ဇောနိုင်ကလည်း မြန်မာ့ပညာရေး နိမ့်ကျမှုမှာ ကျောင်းသားများ၏ ဉာဏ်ရည်ဉာဏ်သွေးကို ကန့်သတ်ထားသလို ဖြစ်နေသည့် အလွတ်ကျက်ခိုင်းပြီး ပြန်ရေးခိုင်းသောစနစ်အား ယနေ့အထိ လက်ခံကျင့်သုံးနေသောကြောင့်ဟု ဆိုသည်။
“ဒါကို ကျောင်းသားရော ဆရာရောက သဘောကျနေတယ်။ အလားတူ မိဘကလည်း အမှတ်များ ပြီးရောပဲ။ ဒီခေါက်ရိုးကျိုးနေတဲ့ ဆရာ၊ မိဘ၊ ကျောင်းသားတွေရဲ့ အတွေးအခေါ်တွေကို ပြောင်းပစ်ရမယ်။ မပြောင်းရင် ပညာရေး တိုးတက်ဖို့မလွယ်ဘူး” ဟု ဒေါက်တာကျော်ဇောနိုင်က ပြောသည်။
အစိုးရအဆက်ဆက် ထိုသို့ ခေတ်မီသည့်ပညာရေး အယူအဆအပေါ် အခြေခံပြီး ပြုပြင်ပြောင်းလဲရန် မလုပ်ဘဲ အပေါ်ယံကျသည့် အပြောင်းအလဲကို စနစ်မမှန်ဘဲ လုပ်ကိုင်ခဲ့ခြင်းများကြောင့် ကျောင်းပညာရေး ကမောက်ကမ ဖြစ်နေရကြောင်းလည်း ၎င်းဆိုသည်။
ဒေါက်တာ ကျော်ဇောနိုင်က ဆက်လက်ပြီး  “ဆရာတွေကလည်း ကျောင်းသားတွေကို Critical Thinking ရော၊ Creative Thinking ရော မပေးနိုင်ဘူး၊ သူတို့မှာလည်း မရှိဘူး။ နောက် သင်ရိုးညွန်းတမ်းဆိုတာ အမြဲတမ်း ရှင်သန်နေတယ်။ အခုတော့ တနှစ်လည်းဒါပဲ၊ နောက်တနှစ်လည်း ဒါပဲဖြစ်နေတယ်။ ဒါ ပညာရေးမူဝါဒ အပြောင်းအလဲမြန်မှုရဲ့ အားနည်းချက်နဲ့ ခေါက်ရိုးကျိုးနေတဲ့ ဆရာဗဟိုပြု သင်ကြားမှုစနစ်ကနေ ကျောင်းသားဗဟိုပြု မပြောင်းလဲနိုင်တာတွေကြောင့် ကျောင်းသားတွေမှာ ဝေဖန်ပိုင်းခြား တီထွင်နိုင်တဲ့စွမ်းရည် မရှိတော့ဘူး၊ နောက် တက္ကသိုလ်တွေဟာ လွတ်လပ်မှုမရှိဘဲ ဗဟိုချုပ်ကိုင်မှုအောက်မှာ ရှိနေမှု၊ သင်ရိုးညွန်းတမ်းကို အမြဲတမ်း ခေတ်နဲ့အညီ ဆီလျော်အောင် မပြုပြင်နိုင်မှုတော့ကြောင့် ဖြစ်တယ်” ဟု ဆိုသည်။
“နောက်တခုက ပြည်သူနီတိ မသင်တဲ့ အချိန်ကစပြီး ပညာရေးအတွေးအခေါ် ပျက်သွားတော့ ဒါကို သင်ကိုသင်ရမယ်။ ကျောင်းသားတွေလည်း စာကြည့်တိုက် သုံးတတ်ဖို့ သင်ရမယ်။ အခုပညာရေး အခြေအနေက ပတ်ဝန်းကျင် နိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် နိမ့်ကျရုံတင်မကဘူး ကျနော်တို့နိုင်ငံမှာ ပညာရေး ရှိပါသေးရဲ့လားလို့တောင် မေးခွန်းထုတ်ရမယ့် အခြေအနေပဲ” ဟုလည်း ဒေါက်တာ ကျော်ဇောနိုင်က ပြောသည်။
ပညာရေးမြှင့်တင်ရေးနှင့် ပတ်သက်သည့် အခန်းကဏ္ဍတွင် သင်တန်းများပေးခြင်း၊ စာအုပ်စာတမ်းများ ရေးသားပြုစုခြင်းများ ပြုလုပ်ခဲ့ပြီး မကြာသေးမီက အားလုံးအတွက် ပညာရေးနှင့် တိုင်းပြုပြည်ပြုဆောင်းပါးများ ဆိုသည့် ပညာရေးကဏ္ဍ တိုးတက်စေရန် ရည်ရွယ်၍ စာအုပ်ရေးသားခဲ့သူ အငြိမ်းစား ဆေးတက္ကသိုလ် ပါမောက္ခ ဒေါက်တာ မြင့်မြင့်ခင်ကလည်း “ပညာရေးနဲ့ ပတ်သက်လို့ မှတ်ချက်ပေးရရင် (၁) ညံ့တယ်၊ (၂) ညံ့တယ်၊ (၃) ညံ့တယ်။ ဘာကြောင့်ညံ့လည်းဆိုတော့ ပိတ်ထားလို့။ ပညာရေးစနစ်ကို မညံ့ချင်ရင် မူလတန်းကစပြီး ပြင်ရမယ်။ ပြင်ဖို့ကောင်းတာ ၂ ပိုင်းရှိတယ်။ အမြစ်ကလှန်ပြီး ပြင်ရလိမ့်မယ်။ တို့ကနန်း၊ ဆိတ်ကနန်း လုပ်လို့မရဘူး” ဟု ဆိုသည်။
အငြိမ်းစား ဆေးတက္ကသိုလ် ပါမောက္ခ ဒေါက်တာ မြင့်မြင့်ခင် (ဓာတ်ပုံ – မိုးမခ)
ယခု ဧရာဝတီက အင်တာဗျူး ပြုလုပ်နေချိန်တွင် ရန်ကုန်မြို့ ဗဟန်း ရွှေဂုံတိုင်ရှိ SSC အထူးကုဆေးရုံကြီး၌ ဆီးချိုရောဂါကို တက်ရောက်ကုသနေရသော ဒေါက်တာ ဒေါ်မြင်မြင့်ခင်က “ကျမအလိုအရ ဖြေရရင် အမြစ်ကလှန်ပြီး အကုန်ပြင်ရမယ်။ အခုဟာကတော့ ဒီလိုမေးမယ်၊ ဒီလိုကျက်၊ ဒီလိုဖြေ၊ ဒီလိုအောင် ဖြစ်နေတယ်၊ နှုတ်တိုက်အာဂုံဆောင်တာကို ပယ်ဖျက်ရမယ်၊ သင်ကြားပုံနဲ့ သင်ယူပုံနည်းနာကို ပြင်ရမယ်။ သင်တန်းအခန်းထဲမှာ ဆရာကရွတ် သူကပြန်ဆို စနစ်ကိုပြင်ရမယ်။ နောက် စာမေးပွဲစစ်တဲ့ပုံစံကို ပြင်ရမယ်။ အဲဒီလိုသာပြင်ရင် တော်ရုံအဆင့်တခုကို မြှင့်နိုင်လိမ့်မယ်လို့ထင်တယ်” ဟု ပြောဆိုသည့် အပြင် ပညာရေးအသုံးစရိတ် ပိုသုံးရန်လည်း တိုက်တွန်းသွားသည်။
သမိုင်းသုတေသနဌာနတွင် သုတေသနမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ အသက် ၉၀ အရွယ် ဒေါ်ကြန် မြန်မာစာအဖွဲ့ဝင်) ကလည်း “ပညာရေးကျဆင်းတယ်ဆိုတာ တိုင်းပြည်အခြေအနေ၊ နိုင်ငံရေး၊ စီးပွားရေး စတဲ့အခြေအနေတွေနဲ့ ဆိုင်တယ်” ဟု ဝေဖန်ထောက်ပြကာ “ကျမတို့ ဟိုတုန်းက ကျွန်ပညာသင်ရပေမယ့် အခုကလေးတွေကိုတော့ နိမ့်တယ်လို့မြင်တယ်။ ဟိုတုန်းကတော့ အခုခေတ်လို ကျူရှင်တွေဘာတွေ မရှိဘူး၊ ဒီလိုပဲသင်ရတာ။ တတ်စရာရှိရင် အခုခေတ်ကလေးတွေက ပိုတတ်ရမယ်၊ တခုခုမှားလို့ပဲ။ ပြုပြင်ရမယ်” ဟု ဧရာဝတီသို့ ပြောကြားသွားခဲ့သည်။

ရန်ပိုင် ဧရာဝတီ

ဆန္ဒပြခွင့် နည်းဥပဒေ ထွက်ပြီ



မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပြီ။ လွှတ်တော်တွေကလည်း ငြိမ်းချမ်းစွာ ဆန္ဒပြခွင့် ဥပဒေပြဌာန်းလိုက်ပါပြီလို့ ဆိုခဲ့ပေးမယ့် နည်းဥပဒေ မရှိသေးလို့ ဆန္ဒပြခွင့် မရခဲ့တာ အခုတော့ ဆန္ဒပြခွင့် ရဖို့ နည်းဥပဒေ ထွက်ပေါ်လာပါပြီ။

ယခင်က ဆန္ဒပြခွင့် ဥပဒေအရ ဆန္ဒပြလိုကြတဲ့ သူတွေအနေနဲ့ ပြည်ထဲရေး ဌာနကို အကြိမ်ကြိမ်လျှောက်ထား ခဲ့ကြပေမယ့် နည်းဥပဒေ မရှိသေးလို့ ဆန္ဒပြခွင့်တွေ မရခဲ့ကြပါဘူး။

ထူးခြားတာက ပြည်ထဲရေး ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကိုရဲ့ လက်မှတ်နဲ့တကွ ဒီနည်းဥပဒေကို ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့ကတည်းက ပြီးစီးခဲ့ပေမယ့် ဒီကနေ့ ဇူလိုင်လ ၁၀ ရက်နေ့ကျမှ နိုင်ငံပိုင် သတင်းစာတွေ က ဖော်ပြ လာတာပါ။

လွန်ခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့က သမိုင်းဝင် ဆဲဗင်း ဇူလိုင်နေ့ပြီးမှ အခုလို ပြည်သူကို အသိပေးလိုက် တာလည်းဖြစ်ပါတယ်။ ပြည်ထဲရေး ဌာနကိုတော့ နည်းဥပဒေ ပြီးကတည်းက ဖြန့်ဝေပြိးသားဖြစ်ပြီး အခု ပြန်လည်ကျင်းပနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို လည်း ဝေပေးထားခဲ့ပါတယ်။ ပြုပြင်ပြောင်း လဲရေး နဲ့အတူ မရိုးသားတဲ့ လက္ခဏာတွေ မြင်နေရသေးတာ စိတ်မကောင်းစရာပါ။

ဘာပဲ ပြောပြော အခုတော ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ရပါပြီ။ နည်းဥပဒေအရ အခန်း ၄ ခန်းပါဝင်ပြီး ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်တို့နဲ့ပတ်သက်ပြီး မြို့နယ် ရဲတပ်ဖွဲ့မှူးဆီကို ခွင့်ပြုမိန့်တောင်းခံတာ ၊ ရဲတပ်ဖွဲ့မှူးနဲ့ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီး ၀န်ကြီးချုပ်တွေနဲ့ ညှိနှိုင်းပြီး ခွင့်ပြုမိန့်ချပေးတာ၊ ငြင်းပယ်တာ၊ အယူခံဝင်တာဆိုတာတွေ ပါဝင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှင်းဆီစံအိမ်
















~


ရန်ပိုင်
ဒီဆိုင်းပုဒ်အရ ဆိုရင် နေပြည်တော်ဟာ ဖော်ရွေသဘောကောင်းပုံ ရတဲ့ မြို့တော်ကြီး ဖြစ်ပါတယ် (ဓာတ်ပုံ - ဧရာဝတီ)

လွှတ်တော်တက်ဖို့ နေပြည်တော် ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် နေထိုင်မယ့် အိမ်က ဥတ္တရသီရိမြို့နယ် ထဲက တဧကကျော် ကျယ်ဝန်းတဲ့ နှင်းဆီစံအိမ် ခြံဝန်းထဲမှာ ဖြစ်တယ်လို့ သိရပါတယ်။

ခြံအတွင်း လုံးချင်းတိုက် ၁၂ လုံး ရှိတဲ့ထဲက ကိုယ်ရေးအရာရှိများ၊ လုံခြုံရေးအဖွဲ့ဝင်များ ပါဝင်တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အဖွဲ့ နေထိုင်ဖို့ ၃ လုံး ယူထားပါတယ် တဲ့။

ငှားရမ်းခနှုန်းထားကတော့ ကျပ် ၁၅ သိန်းဖြစ်တယ်၊ ဒီအိမ်တွေရဲ့ ပိုင်ရှင်ကတော့ Common Purpose ကုမ္ပဏီက မန်နေးဂျင်းဒါရိုက်တာ ဒေါ်မာလာဝင်းဆီ လို့ သိရပါတယ်။

ဒေါ်မာလာဝင်းဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ရန်ကုန်မှာ ပြုလုပ်တဲ့ ပညာရေးရံပုံငွေပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အနုပညာရှင်တွေ စုပေါင်း လက်မှတ်ရေးထိုးထားတဲ့ တီရှပ်ကို ၁၂၅ သိန်းနဲ့ လေလံဆွဲ ၀ယ်ယူခဲ့သူပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော်လိပ်စာက နှင်းဆီစံအိမ်၊ အမှတ် ၆၃၃၂၊ လွိုင်ကော်လမ်း၊ ဥတ္တရသီရိမြို့နယ် ဖြစ်ပါတယ်။

အေးဆေးငြိမ်သက်ပြီး လုံးချင်း အိမ်ကြီးအိမ်ကောင်းများသာရှိတဲ့ လွိုင်ကော်လမ်းရဲ့ လက်ရှိ လုံခြုံရေးအခြေအနေကတော့ အလွန်ကောင်းတဲ့အခြေအနေမှာ ရှိပါတယ်၊ လမ်းထိပ်မှာ ရဲ၊ စရဖ၊ အထူးသတင်းတပ်ဖွဲ့ဝင်များ အမြဲတမ်း ရှိတယ်၊ ဒါ့အပြင် မြို့ခံ NLD အဖွဲ့ဝင်တွေကလည်း ဒီမိုကရေစီခေါင်းဆောင်ရဲ့ လုံခြုံရေးအတွက် အစီအစဉ်တွေ ရှိထားပြီးပြီလို့ ဆိုပါတယ်။

ဒီနေ့ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် လွှတ်တော်တက်ရောက်တဲ့နေ့ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နေဖို့ နေပြည်တော်မှာ အိမ်လိုက်ရှာနေတာကြာပါပြီ၊ ဒါပေမယ့်လည်း အာဏာပိုင်တချို့ က ဖိအားပေးနှောက်ယှက်တဲ့အတွက် ချောချောမွေ့မွေ့ ငှားရမ်းလို့ မရခဲ့ဘူး လို့ သိရပါတယ်။

အစိုးရအဖွဲ့အတွင်း ၀န်ကြီး အပြောင်းအလဲ




ဟိုးတလောထဲက အသံတွေ ထွက်နေတဲ့ အစိုးရ ၀န်ကြီးအပြောင်းအလဲ ဖြစ်မယ်ဆိုတာ အခုတော့ စတင်ပါပြီ။ ဒုဝန်ကြီး အသစ်များနဲ့ အစိုးရ အဖွဲ့အတွင်း ပြုပြင်ပြောင်းလဲရေးကို စတင်းလိုက်တာလည်းဖြစ်ပါလိမ့်မယ်။နိုင်ငံတော်သမ္မတရုံး
အမိန့်အမှတ်(၁၅/၂၀၁၂)

ဒုတိယ၀န်ကြီးများ ပြောင်းလဲ တာဝန်ပေးခြင်း

(၁) ဦးသန့်ရှင်း ဒုတိယ၀န်ကြီး၊ သမ္မတရုံးဝန်ကြီးဌာန(၁)

(၂) ဦးချန်မောင် ဒုတိယ၀န်ကြီး၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန

(၃) ဦးဝင်းရှိန် ဒုတိယ၀န်ကြီး၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန

(၄) ဦးဟန်စိန် ဒုတိယ၀န်ကြီး၊ ပို့ဆောင်ရေးဝန်ကြီးဌာန

(၅) ဦးဝင်းသန်း ဒုတိယ၀န်ကြီး၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန

(၆) ဒေါက်တာမျိုးမြင့် ဒုတိယ၀န်ကြီး၊ ပညာရေးဝန်ကြီးဌာန
နောက်ထပ် ဘယ်ဝန်ကြီးတွေ ဆက်ပြီး အပြောင်းအလဲဖြစ်မယ်ဆိုတာ စောင့်ကြည့်ရပါအုံးမယ်။

ရွှေပြည်သာမှာ ဆန္ဒပြ



ရွှေပြည်သာမှာ ဆန္ဒပြ
2012-07-09

ရွှေပြည်သာ စက်မှုဇုန် (၁) မှာရှိတဲ့ တရုတ်လူမျိုးပိုင် Good Family အထည်ချုပ်စက်ရုံမှာ ဒီကနေ့ မနက်ပိုင်းက အလုပ်သမား (၂၀၀) ခန့် ဆန္ဒပြ တောင်းဆိုမှု ဖြစ်ပွားခဲ့ပါတယ်။

စက်ရုံတွင်း ဖွဲ့စည်းထားတဲ့ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ ကိုထွန်းလင်းအောင်
ကို အလုပ်ထုတ်လိုက်တဲ့အတွက် မကျေမနပ်ဖြစ်ပြီး အခုလို ဆန္ဒပြကြတာ
ဖြစ်တယ်လို့ ဆန္ဒပြ အလုပ်သမား ခေါင်းဆောင်တစ်ဦးဖြစ်သူ မကြည်ကြည်ခင်က ပြောပါတယ်။

"ဒီထုတ်ပယ်မှုကို သမီးတို့ အနေနဲ့ လက်မခံနိုင်ပါဘူး။ လက်မခံနိုင်ပါဘူး
ဆိုတာက သမီးတို့ရဲ့ အလုပ်သမား အဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌ ဖြစ်နေတဲ့
အတွက်ကိုလည်း အလုပ်မခံနိုင်ပါဘူး။ ဒီအစိုးရကိုလည်း မလေးစား
သလိုမျိုးဖြစ်တယ်။ အလုပ်သမား အဖွဲ့အစည်းကိုလည်း မလေးစားသလို
မျိုးဖြစ်တယ်။ ဥပဒေကိုလည်း မလိုက်နာသလိုမျိုး ဖြစ်တဲ့အတွက် သမီးတို့က သူတို့ရဲ့ ထုတ်ပယ်မှုကို ငြင်းပယ်ပါတယ်"

အလုပ်သမား အချင်းချင်း ဖြစ်ပွားတဲ့ ပဋိပက္ခတစ်ခုကို အလုပ်သမား
ခေါင်းဆောင် ကိုထွန်းလင်းအောင်က ၀င်ရောက် ဖြေရှင်းပေးခဲ့တဲ့အပေါ် အလုပ်ရှင်ဘက်က နားလည်မှုလွဲပြီး ကိုထွန်းလင်းအောင်ကို အလုပ်
ထုတ်လိုက်တာ ဖြစ်တယ်လို့ စက်ရုံနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အခုလို ကိုထွန်းလင်းအောင်ကို ရုတ်တရက် အလုပ်ထုတ်လိုက်တာဟာ အလုပ်ရှင်ဘက်က အလုပ်သမား ဥပဒေကို ချိုးဖောက်ရာရောက်တယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသူ ၈၈ မျိုးဆက် ကျောင်းသားများ
အဖွဲ့မှ မမာမာဦးက ပြောပါတယ်။

ညနေပိုင်းမှာတော့ အလုပ်သမားတွေဘက်က တောင်းဆိုချက်ဖြစ်တဲ့ ကိုထွန်းလင်းအောင်ကို အလုပ်ပြန်လည် ခန့်အပ်ရေးကို အလုပ်ရှင်ဘက်က လိုက်လျောပေးတာကြောင့် နှစ်ဖက်ပြေလည်မှု ရရှိသွားတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ- RFA - ၂၀၁၂ ခုနှစ် ဇွန်လ ၉ ရက်က ရွှေပြည်သာ စက်မှုဇုန် (၁) ရှိ good family အထည်ချုပ်စက်ရုံတွင် အလုပ်သမားများ ဆန္ဒပြနေစဉ်။)



ဒေါ်စု ၏ 7 July အနှစ်(၅၀)အခမ်းအနား မိန့် ခွန်း

ဖဆပလ အဖွဲ့ချုပ်ရုံး၌ ၇-၇-၈၉ နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်း ......
အမှန်တရားအပေါ်မှာ စွဲစွဲမြဲမြဲ ယုံကြည် ခိုင်မာနေတာဟာ ၂၃ နှစ်ကြာပေမယ့်လည်း မပြောင်းလဲဘဲ ရှိနေတာကို သတိပြုနိုင်ရင် အတိုင်းအတာတခုအထိ ရဲရဲဝန့်ဝန့် အသိအမှတ် ပြုသင့်ပါတယ်။

 ဖဆပလ အဖွဲ့ချုပ်ရုံး၌ ၇-၇-၈၉ နေ့တွင် ပြောကြားသည့် မိန့်ခွန်း
* * *  ကျမတို့ ဇူလိုင်လ (၇) ရက်နေ့ဟာ သမဂ္ဂ ပြိုကွဲတဲ့နေ့လည်း ဖြစ်ပါတယ်။ ကျောင်းသား လူငယ်များ ကျဆုံးတဲ့နေ့လည်း ဖြစ်ပါတယ်။ ဒီတော့ ဒီနေ့ဟာ ပညာရေးနဲ့လည်း သက်ဆိုင်တယ်။ နိုင်ငံရေးနဲ့လည်း သက်ဆိုင်ပါတယ်။ အဲဒီတော့ ဒီနေ့နဲ့ ပတ်သက်လို့  နိုင်ငံရေး ကိစ္စများ၊ ပညာရေး ကိစ္စများ ပြောတဲ့အခါ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်ဟာ ဆက်စပ်နေတယ်ဆိုတာ ကျမတို့ သတိထားဖို့ လိုပါတယ်။ ဒီတော့ အတိတ်က ဖြစ်ခဲ့တဲ့ နိုင်ငံရေးပြဿနာများကို လေ့လာတဲ့ အခါမှာ အခုပစ္စုပ္ပန်မှာ ဘယ်လိုဖြစ်နေတယ်ဆိုတာ ကျမတို့ ကြည့်ရမယ်။ ကျောင်းသား သမဂ္ဂကို ဘာဖြစ်လို့ ဖြိုခွဲ သွားသလဲဆိုတာ ကျမတို့ ပြန်ပြီးတော့ ကြည့်ရမှာပဲ။ ဘယ်လိုနည်းတွေနဲ့ ဖြိုခွဲသွားသလဲဆိုတာ ကျမတို့ ပြန်ပြီးတော့ ကြည့်ရပါလိမ့်မယ်။
၁၉၆၂ ကျောင်းသားများကို ပစ်သတ်ခြင်း၊ ကျောင်းသားသမဂ္ဂကို ဖြိုခွဲခြင်းမဖြစ်ခင်မှာ ကျောင်းသားများဟာ အဲ့ဒီတုန်းက စစ်အာဏာပိုင်များနဲ့ ဆွေးနွေးပါ၊ ညှိနှိုင်းပါဆိုပြီးတော့ တောင်းဆိုခဲ့တယ်။ ဒါကိုလည်း ငြင်းခဲ့တယ်။ ဒီစစ်အာဏာပိုင်များဟာ ကျောင်းသားများနဲ့ ကျောင်းသား သမဂ္ဂအရေးကို ဖြေရှင်းတဲ့နေရာမှာ Aid to Civil Power လုပ်သင့်လုပ်ထိုက်တဲ့ စည်းမျဉ်းများကို မလိုက်နာဘဲ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်။ အဲဒီတော့ ဖြေရှင်းတဲ့နည်း၊ ညှိနှိုင်းတိုင်ပင်တဲ့နည်းကို ငြင်းဆန်ခဲ့တဲ့ Aid to civil Power ဆိုတဲ့ တပ်မတော် တခုအနေနဲ့ ထိန်းသင့်ထိန်းထိုက်တဲ့ စည်းမျဉ်းတွေကို မထိန်းခဲ့တာကတော့ ဦးနေဝင်းပဲ။ အဲ့ဒီဟာကို အားလုံးရင်ဆိုင်ရမယ်။
            ကျမ ဒီလိုပြောနေရခြင်းအကြောင်းဟာ ဦးနေဝင်းကို သက်သက် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ချင်လို့ မဟုတ်ဘူး။ အခု ပစ္စုပ္ပန်ဖြစ်နေတဲ့ ကိစ္စတွေနဲ့ ဆက်နွယ်နေလို့ပါ။ တနေ့တုန်းက ဗိုလ်ချုပ်ကြီးစောမောင်ဟာ မိန့်ခွန်းပြောသွားပါတယ်။ အဲဒီမိန့်ခွန်းထဲမှာ Aid to Civil Power ဆိုတာ သူအယုံအကြည်မရှိဘူး ဆိုတာကိုလည်း ပြောသွားပါတယ်။ အဲဒီတော့ အဒီသဘောထားတွေဟာ ဦးနေဝင်း သဘောထားတွေနဲ့ တထပ်ထဲပါပဲ။ ဦးနေဝင်းရဲ့ သဘောထားတွေနဲ့ တထပ်ထဲမို့လို့ အခုထိတိုင်အောင် ဦးနေဝင်းရဲ့ ဩဇာအာဏာဟာ မြန်မာနိုင်ငံပေါ်မှာ လွှမ်းမိုးနေတယ်ဆိုတာ အင်မတန်မှ ထင်ရှားပါတယ်။
            ကျမတို့ နိုင်ငံရေးပြဿနာတွေကို မှန်မှန်ကန်ကန် မရင်ဆိုင်နိုင်လို့ရှိရင်တော့ ဘယ်နည်းနဲ့မှ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ ကျမ ဒီကိစ္စတွေကို ဖော်ပြတာပါ။ အခုအချိန်မှာ ဗိုလ်ချုပ်ကြီးစောမောင်ဟာ ဘယ်လိုပဲ ဦးနေဝင်းဟာ အငြိမ်းစားသွားပြီလို့ပြောပြော၊ ဦးနေဝင်းလုပ်တဲ့အတိုင်း ဆက်ပြီး လုပ်မယ်ဆိုလို့ရှိရင် ဦးနေဝင်းရဲ့ အာဏာအောက်မှာ ရှိတယ်လို့ပဲ ကျမတို့ သတ်မှတ်ရမှာပဲ။ ပြည်သူလူထုနဲ့ ကျောင်းသား လူငယ်များကို လက်နက်နည်းနဲ့ ဆက်ပြီးတော့ ချေမှုန်းဦးမယ်၊ ထိခိုက်ဦးမယ်ဆိုလို့ ရှိရင်တော့လည်း ဦးနေဝင်းရဲ့ အမိန့်အရ လုပ်တယ်လို့ပဲ ကျမတို့ သတ်မှတ်ရမှာပဲ။ ဒီတော့ နဝတ အစိုးရ အနေနဲ့ တကယ်ပဲ ဦးနေဝင်းရဲ့ ဩဇာအဏာ အောက်ကနေပြီးတော့ လွတ်ကင်းတယ်ဆိုတာ ပြချင်လို့ရှိရင် ဦးနေဝင်းနည်းတွေကို ဆက်ပြီးတော့ မသုံးပါနဲ့တော့။ သမဂ္ဂကို ဖြိုခွဲတဲ့ ဦးနေဝင်း၊ ကျောင်းသားများကို သတ်ဖြတ်ခဲ့တဲ့ ဦးနေဝင်းရဲ့ နည်းတွေကို လုံးလုံးဆက်ပြီးတော့ မသုံးပါနဲ့တော့ ဆိုပြီးတော့ ကျမတို့ ဒီကနေ့ ဆက်ပြီးတော့ တောင်းဆိုရမှာပဲ။
                ဒါနိုင်ငံရေးအရ ဖြစ်ပါတယ်။ နိုင်ငံရေးအရ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတယ်ဆိုတာ ညှိနှိုင်းဆွေးနွေး တိုင်ပင်တဲ့နည်းပါ။ အရင်တုန်းက နိုင်ငံခြားကိုလိုနီအစိုးရများတောင်မှ ဒီနည်းကို သုံးခဲ့ပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့အချင်းချင်း ဒီနည်းကို ပိုပြီးတော့ သုံးသင့်ပါတယ်။ အချင်းချင်း ညှိနှိုင်းရမယ်၊ ဆွေးနွေးရမယ်၊ တိုင်ပင်ရမယ်။ အများကောင်းကျိုးအတွက် ဆွေးနွေးရမှာ၊ ညှိနှိုင်းရမှာ၊ တိုင်ပင်ရမှာဖြစ်ပါတယ်။ ညှိနှိုင်း၊ ဆွေးနွေး၊ တိုင်ပင်တယ်ဆိုတာ စကားရည်လုပွဲမဟုတ်ပါဘူး။ အရှုံးအနိုင်ရှာတဲ့ပွဲ မဟုတ်ပါဘူး။ ပြည်သူလူထုအတွက် အကောင်းဆုံးအဖြေရှာတဲ့ပွဲ ဖြစ်ပါတယ်။ ဒါကို ကျမတို့အားလုံး ဦးတည်ရမယ်။
            ကျောင်းသားလူငယ်များဟာ လွတ်လပ်ရေးမရခင်ကတည်းက နိုင်ငံရေးမှာ ပါဝင်ခဲ့တယ်၊ ပါလည်း ပါဝင်သင့်တယ်။ ကျမတို့အားလုံးမှာ တာဝန်ရှိပါတယ်။ ကျောင်းသားများဟာ နိုင်ငံရေးတာဝန်များလည်း ရှိတယ်။ ပညာရေးတာဝန်များလည်း ရှိတယ်။ ပညာရေးတာဝန်ဆိုတော့ ကျောင်းသားများဟာ ပညာရှာဖို့ပဲ။ ဒါပေမဲ့ တန်ဖိုးရှိတဲ့ပညာဆိုတာ ဘာလဲ။ ကျမအမြင်တော့ တန်ဖိုးရှိတဲ့ပညာဆိုတာ အများကောင်းကျိုးအတွက် သုံးနိုင်တဲ့ ပညာသာဖြစ်ရမယ်။ အများကောင်ကျိုးအတွက် မသုံးနိုင်တဲ့ ပညာဟာ တန်ဖိုးမရှိနိုင်ဘူး။ ဒါကြောင့် ကျမတို့ ကျောင်းသားလူငယ်များဟာ အများကောင်းကျိုးအတွက် သုံးနိုင်တဲ့ ပညာမျိုးကို ရှာရမယ်။ ဒီလိုရှာတဲ့နေရာမှာ ပညာမာန်တက်ဖို့ မဟုတ်ပါဘူး။
ကျောင်းသားသမဂ္ဂ ဖြိုခွဲရေးကိစ္စနဲ့ပတ်သက်လို့ မနက်တုန်းက အခမ်းအနားမှာ ပါဝင်ခဲ့တဲ့ အရင်တုန်းက ကျောင်းသားဟောင်း ဦးတင်မောင်ဝင်းဟာ ပြောသွားပါတယ်။ အဲ့ဒီအချိန်အခါတုန်းက အပြင်မှာ တပ်တွေကရှိတယ်၊ တပ်မတော်သားများဟာ ရှိတယ်၊ အတွင်းမှာ ကျောင်းသားများဟာ ရှိတယ်၊ အဲသလို တပ်မတော်သားများက ကျောင်းသားများကို သေနတ်တွေနဲ့ ချိန်ထားတဲ့အခါကျတော့ ကျောင်းသားများဟာ ဒေါသဖြစ်ပြီးတော့ အော်လိုက်ကြတယ်တဲ့။ မင်းတို့ သုံးယောက်ပေါင်းလို့မှ (၇) တန်းအောင်ရဲ့လားလို့ ပြောလိုက်ကြတယ်တဲ့။ (ဩဘာသံများ) ကျမနဲ့ နားလည်းမှုလွဲပြီလို့ ထင်ပါတယ်။ ကျမ မပြောသင့်ဘူးလို့ ပြောမလို့၊ ဒီလိုဟာ မပြောသင့်ပါဘူး။ ဒီလို (ပြောတာဟာ) ပညာမာန်ပါတယ်လို့ ကျမ ထင်ပါတယ်။
 ရဲဘော်များ၊ တပ်မတော်သားဟာလည်း ကျမတို့ရဲ့ နိုင်ငံသူ၊ နိုင်ငံသားအချင်းချင်းပဲ။ ဒီလိုတပ်မတော်ထဲကို ဝင်သွားရတဲ့ တပ်မတော်သားများဟာ ဘယ်လိုအခြေအနေက လာလဲဆိုတာ ကျမတို့ ပြန်ပြီးတော့ စဉ်းစားရမယ်။ တော်တော်များများဟာ ဆင်းရဲနွမ်းပါးတဲ့ မိသားစုထဲက လာတာပါ။ ကျမတို့တိုင်းပြည် ဆင်းရဲနေလို့ အဲ့ဒီလို ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေ ရှိနေတာပဲ။ အဲ့ဒီတော့ ပညာဆိုတာနဲ့ ပတ်သက်လို့ တခါထဲ ပြောသွားမယ်။ ဒီတပ်မတော်သားများဟာ ဟုတ်တယ်၊ သုံးယောက်ပေါင်းလို့ (၇) တန်းအောင်ချင်မှလည်း အောင်မယ်။ ဒါပေမဲ့ ဒါကြောင့်မို့လို့ ကျမတို့ဟာ နှိမ်ဖို့ မလိုပါဘူး။
            အရေးအခင်းတုန်းက ပြည်သူလူထု အော်သွားတဲ့ ကြွေးကြော်သံ တခုရှိတယ်။ ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ၊ ကျောင်းသားပြည်သူ သတ်ဖို့ မဟုတ်ဘူးတဲ့။ အဲဒီတော့ တပ်မတော်သားများကို စစ်ပညာပေးထားတယ်။ စစ်ပညာဆိုတာ ဘာလဲ။ ပြည်သူလူထုကို ကာကွယ်ဖို့၊ ပြည်သူလူထုအကျိုး ထမ်းဆောင်တဲ့ပညာပဲ။ အဲ့ဒီလို ပြည်သူလူထုအကျိုး ထမ်းဆောင်တဲ့ ပညာမရှိလို့သာ တပ်မတော်သားများကို ပညာမရှိဘူးလို့ ကျမတို့ ပြောရမှာပဲ။ (၇) တန်းမအောင်လို့ မဟုတ်ဘူး။ ဆယ်တန်းမအောင်လို့ မဟုတ်ဘူး။ တက္ကသိုလ်မရောက်လို့ မဟုတ်ဘူး။ မှန်မှန်ကန်ကန် ပြည်သူလူထုအကျိုး ထမ်းဆောင်ဖို့ ပေးထားတဲ့ပညာကို အလွဲသုံးစား လုပ်လို့သာဖြစ်တယ်။
ဒီတော့ ပညာဆိုတာဟာ တက္ကသိုလ် ကျောင်းသားများသာ ပိုင်ဆိုင်တာ မဟုတ်ပါဘူး။ တပ်မတော်သားများလည်း ပိုင်ဆိုင်နိုင်တယ်။ မှန်ကန်တဲ့ စစ်ပညာကို ပိုင်ဆိုင်နိုင်တယ်။ ဒါပေမဲ့ ကျမတို့ (၂၆) နှစ်အတွင်းမှာ ကျောင်းသားတွေကိုလည်း မှန်ကန်တဲ့ တွေးခေါ်တတ်တဲ့ပညာကို မပေးထားဘူး။ တပ်မတော်သားတွေကိုလည်း မှန်ကန်တဲ့စစ်ပညာကို မပေးထားဘူး။ အဲ့ဒီလိုမပေးတာလည်း ဦးနေဝင်းပဲ။ တရားခံကိုတော့ ကျမတို့ အားလုံးသိရမယ်။ ဦးနေဝင်း ဘာဖြစ်လို့ ဒီတိုင်းပြည်ကို ဒီလောက်ကြာကြာ အုပ်စိုးသွားလဲ။ ကျမတို့အားလုံးကြောင့်ပဲ။ ပြည်သူလူထုက ဘာဖြစ်လို့ လူတယောက်ရဲ့ ဩဇာအာဏာ၊ မှန်မှန်မလုပ်နိုင်တဲ့ လူတယောက်ရဲ့ ဩဇာအာဏာ၊ တန်ဖိုးရှိတဲ့ ပညာကို နားမလည်တဲ့ လူတယောက်ရဲ့ ဩဇာအာဏာကို ဒီတိုင်းပြည်ပေါ်မှာ ဒီလောက်ကြာကြာ လွှမ်းမိုးခွင့်ပေးသွားသလဲ။ ဒါကျမတို့ အားလုံးမှာ တာဝန်ရှိပါတယ်။
အခု ဒီမှာရှိတဲ့ ကျောင်းသားလူငယ်များကတော့ တာဝန်အကင်းလွတ်ဆုံးပဲ။ ဘာဖြစ်လို့လည်းဆိုတော့ အခုတောင်မှ (၂၆) နှစ်အရွယ်မရှိတဲ့ လူငယ်တွေ အများကြီးပါပဲ။ ငယ်ငယ်လေးတွေမို့လို့ မလုပ်နိုင်ဘူးလို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့လည်း အားလုံးကတော့ တာဝန်ရှိတာပဲ။ ဘယ်လိုမှ ကျမတို့ဟာ ဒီတာဝန် အောက်က ရုန်းကန်ပြီးတော့ ထွက်လို့မဖြစ်ပါဘူး။ နိုင်ငံတနိုင်ငံရဲ့ ကံကြမ္မာကို ဖန်တီးတာဟာ နိုင်ငံသူ၊ နိုင်ငံသား အပေါင်းဖြစ်တယ်။ ဒီတော့ ကျမတို့အားလုံးဟာ တာဝန်ရှိခဲ့ပြီ။ အရင်တုန်းက အဖြစ်အပျက်တွေအတွက် တာဝန်ရှိခဲ့ပြီ။ မှားတဲ့နိုင်ငံရေးလမ်းစဉ်တွေ၊ မှားတဲ့ ပညာရေးလမ်းစဉ်တွေနဲ့ ကျမတို့ တိုင်းပြည်ဟာ နွှဲခဲ့ရပြီ။ နောင်ကျလို့ရှိရင် မှန်ကန်တဲ့နိုင်ငံရေးလမ်းစဉ်နဲ့ မှန်ကန်တဲ့ပညာရေးလမ်းစဉ်တွေသာ ဒီတိုင်းပြည်မှာ ရှိဖို့လိုပါတယ်။
 ဒီတော့ ကျမတို့ရဲ့ ကျောင်းသားလူငယ်များဟာ အခုအချိန်မှာ ကျောင်းတွေပိတ်နေတယ်။ ပညာရေးနဲ့ ကင်းကွာနေတယ်ဆိုတာ ကျောင်းပညာရေးနဲ့ ကင်းကွာနေတယ်။ လောကထဲမှာ ပညာရှာနေတယ်။ လောကကြီးထဲမှာ ပညာရှာနေတဲ့အခါ နိုင်ငံရေးအသိုင်းအဝိုင်းထဲမှာ ပညာရှာတဲ့အခါမှာလည်း တန်ဖိုးရှိတဲ့ ပညာရှာဖို့ လိုပါတယ်။ အများအကျိုးအတွက်ဆိုတဲ့ ပညာ ရှာကြပါတယ်။ အများအကျိုးအတွက်ဆိုတဲ့ ပညာဟာ ကျောင်းတခါမှ မနေဖူးတဲ့ လူတောင်မှ ရှာနိုင်ပါတယ်။ ဒီလိုပညာတွေ ကျမတို့နိုင်ငံသူ၊ နိုင်ငံသားတွေမှာ အားလုံးရှိလို့ရှိရင် ဒီတိုင်းပြည်က နိုင်ငံရေးစနစ်ကလည်း မှန်ကန်မယ်။ လူမှုရေးစနစ်မလည်း မှန်ကန်မယ်။ လူမှုရေးစနစ်၊ နိုင်ငံရေးစနစ်၊ ပညာရေးစနစ်၊ စီးပွားရေးစနစ်ဆိုတာ အားလုံး ဆက်နွယ်နေပါတယ်။ ဒါလည်း အားလုံးသိပြီးသားပဲ။ ဒီတော့ မှန်ကန်တဲ့ပညာ ရှာရေးဆိုတာ မှန်ကန်တဲ့ နိုင်ငံရေးလုပ်ရေးလည်း ဖြစ်ပါတယ်။ တခါထဲနဲ့ ကျောင်းသားများဟာ နိုင်ငံရေးရော၊ ပညာရေးရော အောင်အောင်မြင်မြင် လုပ်သွားနိုင်ပါတယ်။ ဒီအချိန်မှာ ကျောင်းများပိတ်နေတာတောင်မှ အောင်အောင်မြင်မြင် လုပ်သွားနိုင်ပါတယ်။
            အခုဆိုလို့ရှိရင် ခုနှစ် ဇူလိုင်လ (၇ ဇူလိုင်) သတိရတဲ့အခါမှာ အင်မတန်မှ ဝမ်းနည်းတယ်။ တို့ရဲ့တိုင်းပြည်မှာ အင်မတန်မှ ရိုင်းရိုင်းစိုင်းစိုင်း ပြုမူသွားကြတယ်။ ယဉ်ကျေးတဲ့ တိုင်းပြည်တခုမှာ မဖြစ်သင့်၊ မဖြစ်ထိုက်တဲ့ ဖြစ်ရပ်တွေဟာ ဖြစ်သွားကြတယ်။ ယဉ်ကျေးတဲ့တိုင်းပြည်တခု ပြန်ပြီးတော့ဖြစ်အောင် ကျမတို့ ကြိုးစားရမယ်။ ဒီလိုယဉ်ကျေးတဲ့ တိုင်းပြည်တခုဖြစ်ဖို့ဆိုတာကလည်း ကျောင်းသားလူငယ်များရဲ့ လက်ထဲမှာ ရှိပါတယ်။ စောစောက ဝိဓူရဦးချစ်မောင် ပြောသွားတဲ့အတိုင်းပဲ အနာဂတ်ဆိုတာကလည်း လူငယ်တွေရဲ့ လက်ထဲမှာ အများဆုံးပဲရှိပါတယ်။ ဒီအနာဂတ်ကို ချီတက်သွားတဲ့အချိန်မှာ မှန်မှန်ကန်ကန် ချီတက်သွားကြပါ။ ကျမတို့တိုင်းပြည်ရဲ့ ရှေ့ရေးကို အမြဲပဲကြည့်ပါ။ ဒါကြောင့် ကျမတို့ တမင်သက်သက် တပ်မတော်သားများရဲ့ ပညာရေးကို ထည့်ပြီးတော့ ပြောတာပါ။ တပ်မတော်နဲ့ ပြည်သူ အစဉ်အမြဲကွဲနေလို့တော့ မဖြစ်ပါဘူး။ ဒီတပ်မတော်သားများဟာ အင်မတန်မှ ဆင်းရဲတဲ့ အသိုင်းအဝိုင်းများက လာတယ်ဆိုတာ ကျမတို့ သတိထားရမယ်။ ဒါကြောင့်မို့လို့ ကျမတို့မှာ ကြင်နာစိတ်တွေ ရှိရမယ်။
ဒီတပ်မတော်သားများဟာ ကျမတို့ တက္ကသိုလ်ကျောင်းသားတွေလို ပညာသင်ရတဲ့ အခွင့်အရေးတွေ မရှိခဲ့ဘူး။ တပ်မတော်ထဲမှာ ဦးနေဝင်းတို့လို ပုဂ္ဂိုလ်မျိုးပေးလိုက်တဲ့ စစ်ပညာတွေ၊ မမှန်မကန်တဲ့ စစ်ပညာတွေသာ ရှိခဲ့တယ်။ ဒီတော့ ဒီလိုမမှန်မကန်တဲ့ စစ်ပညာတွေအစား မှန်ကန်တဲ့အမျိုးသားရေးစိတ်ဓာတ်တွေ ကျမတို့ ပြန်ပြီးတော့ သွင်းပေးရမယ်။ ဒါ အားလုံးမှာ တာဝန်ရှိပါတယ်။ နိုင်ငံတနိုင်ငံဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်ဖို့၊ တည်တံ့ခိုင်မြဲ၊ ဂုဏ်သက္ခာရှိတဲ့ တပ်မတော် ရှိဖို့ လိုပါတယ်။ အခုအချိန်မှာတော့ အထူးသဖြင့် စိတ်ဝမ်းကွဲနေတာကတော့ ကျောင်းသားတွေနဲ့ တပ်မတော် ကြားထဲမှာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ တပ်မတော်လက်ထဲမှာ အခံရဆုံးက ကျောင်းသားတွေပဲ။ စစ်ဆိုလို့ ရေတောင်စစ်မသောက်ဖူးလို့ ကျမကို ပြောပါတယ်။ ရေ စစ်မသောက်လို့ရှိရင်တော့ ပိုးဝင်ရုံပဲရှိတယ်။ အဲဒီတော့ ကျမတို့ ဒီလိုစိတ်တွေ ထားလို့မဖြစ်ဘူး။ ကျောင်းသားများဟာ ပညာသင်တဲ့လူတွေပဲ။ ဒါကြောင့်မို့လို့ ပိုပြီးတော့ သဘောထားကြီးရမယ်။ ပိုပြီးတော့ အမြင်ကျယ်ရမယ်။ သဘောထားကြီးကြီး အမြင်ကျယ်ကျယ်နဲ့ ခွင့်လွှတ်နိုင်တဲ့ စိတ်ဓာတ်တွေရှိရမယ်။ ပညာမရှိတဲ့လူနဲ့ ရုန်းနေလို့၊ နဘမ်းသတ်နေလို့လည်း မသင့်တော်ပါဘူး။ ဒီတော့ ကိုယ်နဲ့ တန်းတူညီတူဖြစ်အောင် ပညာပေးပြီးမှ နဘမ်းသတ်တာမှ နဘမ်းသတ်ရကျိုး နပ်ပါတယ်။ ဒါကြောင့် ကြိုးစားကြပါ။
            စစ်ပညာများ ပြန်ပြိးတော့ သင်ပေးနိုင်ရမယ်၊ စစ်ပညာဆိုတာ ပြည်သူ့အတွက်၊ ပြည်သူ့ကို ကာကွယ်ဖို့၊ ပြည်သူကိုသတ်ဖို့ မဟုတ်ဘူးဆိုတာ ကျမတို့ ပြန်ပြီးတော့ သင်ပေးရမယ်။ အခုအချိန်မှာ ကျမတို့ သတိထားရပါလိမ့်မယ်။ မနေ့တနေ့တုန်းက ဗိုလ်ချုပ်ကြီးစောမောင်ပြောသွားတဲ့ မိန့်ခွန်းထဲမှာ ပြည်သူလူထုကို ခြိမ်းခြောက်တဲ့ အရိပ်ယောင်တွေ ပါတယ်လို့ ကျမ မြင်ပါတယ်။ ဒီလို ခြိမ်းခြောက်တဲ့ အရိပ်ယောင်ဆိုတာ ကျမ လုံးလုံးမနှစ်သက်ပါဘူး။ ဒီလို အာဏာကို ကိုင်ပြီးတော့၊ လက်နက်ကို ကိုင်ပြီးတော့ ပြည်သူလူထုကို ခြိမ်းခြောက်တယ်ဆိုတာ အင်မတန်မှ မသင့်တော်ပါဘူး။ နည်းအမျိုးမျိုးနဲ့ မဟုတ်မမှန်ကန်တာတွေ ပြောပြီးတော့ ဒီမိုကရေစီရေးကို ထိုးနှက်နေတယ်။ ဒါတွေက ဆိုးလှပါပြီ။ ကျမတို့နိုင်ငံမှာ အာဏာစက် ဆက်ပြီးတော့ သုံးသွားမယ်ဆိုလို့ရှိရင်တော့ ဘယ်လိုမှ အဖတ်ဆယ်နိုင်မှာ မဟုတ်ဘူး။ ပြည်သူလူထုကလည်း ဘယ်တော့မှ ခွင့်လွှတ်နိုင်မှာ မဟုတ်ပါဘူး။ အာဏာစက်သုံးတဲ့ အလေ့အထကြီးကိုတော့ ကျမတို့ ဒီကနေပြီးတော့ ရပ်ဆိုင်းရတော့မယ်။ နဝတ အနေနဲ့ နိုင်ငံအပေါ်မှာ စေတနာရှိရင်၊ နဝတ အနေနဲ့ ဦးနေဝင်းရဲ့ အမိန့်အာဏာကို လွန်ဆန်ရဲတဲ့ သတ္တိရှိရင် အာဏာစက်ဆိုတဲ့ စကားလုံးကို လုံးလုံး ဆက်ပြီးတော့ မသုံးပါနဲ့တော့။ ပြည်သူလူထုနဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေနဲ့ ညှိနှိုင်း၊ ဆွေးနွေး၊ တိုင်ပင်ရဲတဲ့ သတ္တိကိုသာ မွေးမြူပါ။ အဲ့ဒါမှ တကယ့်သတ္တိပါ။ သေနတ်ကြီးရှိလို့ ပစ်ရဲတယ်ဆိုတာဟာ သတ္တိမဟုတ်ပါဘူး။ ဘာမှ လက်ထဲမှာ မရှိဘဲနဲ့ အမှန်တရားအရ အဖြေရှာချင်တဲ့ သတ္တိမျိုးသား ကျမတို့ လိုချင်ပါတယ်။
ဒါကြောင့်မို့လို့ ကျမတို့ ကျောင်းသားလူငယ်များ၊ ဒီမိုကရေစီလိုလားတဲ့ အင်အားစုများကလည်း အတိတ်ကဖြစ်ရပ်များကို စဉ်းစားပြီးတော့ မှန်မှန်ကန်ကန်လုပ်ဖို့ သန္နိဌာန်ချကြပါ။ ကျမ ဒါ ထပ်တလဲလဲပြောနေတဲ့ကိစ္စပါ။ မှန်မှန်ကန်ကန်လုပ်ရင် ကျမတို့ တနေ့မဟုတ်တနေ့ အောင်မြင်ရမယ်။ ပြည်သူလူထုရဲ့ မှန်ကန်တဲ့အင်အား၊ ညီညွှတ်မှုအင်အားကို ဘယ်သူမှ ရေရှည်လွန်ဆန်နိုင်မှာ မဟုတ်ပါဘူး။ နဝတ လည်း လွန်ဆန်နိုင်မှာ မဟုတ်ပါဘူး။ တပ်မတော်လည်း လွန်ဆန်နိုင်မှာ မဟုတ်ပါဘူး။ နဝတတို့၊ တပ်မတော်တို့ဆိုတာလည်း ပြည်သူလူထုက ကျွေးမွေးထားတဲ့ အဖွဲ့အစည်းတွေဖြစ်ပါတယ်။ ဒီတော့ ပြည်သူလူထုအပေါ်မှာ အင်မတန်မှ ကျေးဇူးရှိပါတယ်။ ကျေးဇူးရှင်ကို ကျေးဇူးမသိတတ်လို့ရှိရင်တော့ ဒုက္ခရောက်စမြဲပဲ။ ဒီတော့ ကျမတို့ရဲ့ ကျောင်းသားလူငယ်များအနေနဲ့ စိတ်ဓာတ်မကျပါနဲ့။ ခြိမ်းခြောက်တာကြောင့် မကြောက်ပါနဲ့။ ဒါပေမဲ့ သတ္တိဆိုတာတော့ ရှိပါ။
            ကျမကို ဆရာတော်ကြီးတပါးကနေပြီးတော့ မိန့်လိုက်သလိုပေါ့လေ။ အရင်တုန်းက ဖေဖေ့ကိုလည်း မိန့်ခဲ့ပါတယ် ဆိုပြီး ကျမကို ထပ်ပြီးတော့ မိန့်လိုက်ပါတယ်။ ခြောက်တိုင်းလည်း မကြောက်ပါနဲ့၊ မကြောက်ဘဲလည်း မနေပါနဲ့ပေါ့လေ။ ခြောက်တိုင်းလည်း မကြောက်ပါနဲ့၊ မကြောက်ဘဲလည်း မနေပါနဲ့ဆိုတာဟာ သတိထားရမယ်။ အကာအကွယ် ယူရမယ်။ ဒီလိုခြိမ်းခြောက်နေတယ်ဆိုတာ နားလည်ရမယ်။ ဘယ်လိုသဘောနဲ့ ခြိမ်းခြောက်နေသလဲဆိုတာ ကျမတို့ နားလည်ရမယ်။ ကျမတို့ရဲ့ အကောင်းဆုံးအကာအကွယ်ကတော့ ညီညွှတ်မှုအင်အားပဲ၊ စည်းကမ်းပဲ။ ကျမတို့ ညီညီညွှတ်ညွှတ် စည်းကမ်းရှိရှိနဲ့ လုပ်သွားမယ်ဆိုလို့ရှိရင် ကျမတို့ကို ရန်ရှာဖို့ အင်မတန်မှ ခဲယဉ်းပါလိမ့်မယ်။ အခုလို ကျောင်းသား လူငယ်များဟာ စည်းကမ်းရှိရှိ တညီတညွှတ် အခမ်းအနာကြီး ကျင်းပသွားနိုင်တယ်ဆိုတာဟာ အင်မတန်မှ အားတက်စရာဖြစ်ပါတယ်။ မနက်တုန်းကလည်း ပါတီပေါင်းများစွာဟာ (၇) ရက်နေ့ ဇူလိုင်လ အခမ်းအနားများကိုလည်း ကျင်းပသွားပါတယ်။ ဒီလိုညီညွှတ်မှုအင်အားဟာ တနေ့ထက်တနေ့ တက်လာတယ်ဆိုတာ မြင်တွေ့ရပါတယ်။ ဒီလိုတက်လာတဲ့ ညီညွှတ်မှုအင်အားနဲ့ပဲ ကျမတို့ အောင်ပန်းကို ဆင်နိုင်ပါတယ်။ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ရောက်သွားမှာပါ။ တဖြေးဖြေး မဟုတ်ဘဲနဲ့ ပိုပြီးတော့ မြန်မြန်ဆန်ဆန် ရောက်ရေးအတွက် ကျမတို့ ပိုပြီးတော့ ကြိုးစားရမယ်။
            ဒီနောက် တလ၊ နှစ်လအတွင်းမှာ ဆိုလို့ရှိရင် အခမ်းအနားအမျိုးမျိုး ကျင်းပရမယ်ဆိုတာ ကျမ ပြောခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ဗိုလ်ချုပ်ကြီးစောမောင်ကနေပြီးတော့ (၇) ရက်နေ့ ဇူလိုင်လ၊ (၁၉) ရက်နေ့ ဇူလိုင်လဆိုပြီးတော့ ကြိမ်းမောင်းနေတယ်လို့ ပြောသွားပါတယ်။ ကျမ ကြိမ်းမောင်းနေတာ မဟုတ်ပါဘူး။ သတိပေးနေတာပါ။ ပြည်သူလူထုကို၊ ဒီအခမ်းအနားတွေရှိတယ်။ ဒီအဖြစ်အပျက်အားလုံးဟာ ကျမတို့နိုင်ငံမှာ နိုင်ငံရေးပြဿနာများကို လက်နက်နည်းနဲ့ ဖြေရှင်းခဲ့လို့ဖြစ်တယ်။ နောင်ထပ်ပြီးတော့ လက်နက်နည်းနဲ့ နိုင်ငံရေး ပြဿနာများ မဖြေရှင်းနိုင်အောင်လို့ ကျမတို့ ကြိုးပမ်းသွားရမယ်။ စည်းကမ်းရှိရှိ၊ အေးအေးချမ်းချမ်းနဲ့ ကြိုးပမ်းသွားရမယ်။ ဒါပဲ ကျမ ထပ်တလဲလဲ ပြောသွားတာပါ။ ကျမ စပီကာမကောင်းလို့ အော်မိလို့ ကြိမ်းမောင်းနေတယ်ထင်သလားတော့ မသိဘူး။ ဒီတော့ ကျမတို့ ပြည်သူလူထုက ဒါကို စိတ်ထဲမှာထားပါ။ နောင် ဒီတိုင်းပြည်မှာ နိုင်ငံရေးပြဿနာများကို လက်နက်နည်းနဲ့ မဖြေရှင်းရေး၊ မဖြေရှင်းနိုင်အောင်လို့ ကျမတို့ ကြိုးစားရမယ်။ ဆက်ပြီး ကြိုးစားသွားရမှာပဲ။ ဒီ နှစ်လ၊ သုံးလရဲ့ ပြဿနာများကို ကျမတို့ အောင်အောင်မြင်မြင် ကျော်လွှားနိုင်လို့ရှိရင်တော့ ဒီမိုကရေစီကို မြန်မြန်ဆန်ဆန် ရနိုင်တယ်လို့ ကျမ ယုံကြည်ပါတယ်။ အရင့်အရင်တုန်းက ကျောင်းသားလူငယ်များဟာလည်း ဆက်ပြီးတော့ တိုင်းပြည်ရဲ့အကျိုးကို ထမ်းဆောင်သွားနိုင်မယ်လို့ ကျမ ယုံကြည်ပါတယ်။ ဒီယုံကြည်ချက်အတိုင်းပဲ အားလုံး ညီညီညွှတ်ညွှတ်၊ သတ္တိရှိရှိ၊ သတိရှိရှိနဲ့ ဆက်လက်ချီတက်သွားကြပါလို့ တောင်းပန်ရင်းနဲ့ ကျမ နိဂုံးချုပ်ပါတယ်။ ။
(ဒေါ်အောင်ဆန်းစုကြည် အင်္ဂလိပ်လို ရေးသားထားသော “ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး (Freedom from Fear)” စာအုပ်ကို မြန်မာ ဘာသာပြန်၍ ဒေါက်တာအောင်ခင် တည်းဖြတ်ထုတ်ဝေထားသည့်  စာအုပ်မှ ကူးယူးဖေါ်ပြပါသည်။)
ဆက်လက်ဖော်ပြပါမည်။
((( ကိုဇော်မင်းဦး Zaw Min Oo ဖေ့ဘုစ် စာမျက်နှာမှ (( ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းများ - Freedom from Fear - 22 ဆောင်းပါးမှ ကူးယူပါသည် ။ ကူးယူခွင့်ပေးသော ကိုဇော်မင်းဦးကိုလည်း အထူးကျေးဇူးတင်ရှိပါသည် ။  )))))