Saturday, July 7, 2012
7 ဂျူလိုင်ကြောင့် ကျောင်းသား ၁၄ဦးကို ဖမ်းဆီး
ယမန်နေ့ည သန်းခေါင်ယံအချိန်တွင်း ၈၈ မျိုးဆက်ကျောင်သားများက ၈၈ မျိုးဆက် ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲ လုပ်နေစဉ် ၊ ဓာတ်ပုံ - The Messenger News Journal
မနေ့ ကျရောက်မယ့် ဆဲဗင်းဇူလိုင် နှစ် ၅၀ ပြည် အထိမ်းအမှတ် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပရန်ကြိုးစားအားထုတ်ခဲ့ကြတဲ့ မဖြိုးဖြိုးအောင်၊ ရဲမြတ်ဟိန်း၊ ဟန်နီဦး၊ ကိုဒီငြိမ်းလင်း၊ ကိုစည်သူမောင် စတဲ့ ကျောင်းသား ခေါင်းဆောင် ၆ ဦး ကို ယမန်နေ့ ဇူလိုင်လ ၆ ရက်နေ့ည ၁၀ နာရီ ၀န်းကျင်က ရဲ သတင်းအထူးတပ်ဖွဲ့၊ ရဲမှူးကြီးများပါသော အဖွဲ့များက အသီးသီး နေအိမ်များက ခေါ်ဆောင်သွားကြကြောင်း သတင်းရရှိပါတယ်။
"ရန်ကုန်၊ သင်္ကန်းကျွန်း မြို့နယ်မှာ ရှိတဲ့ ၈၈ မျိုးဆက်ကျောင်းသားများရုံးကိုလည်း ယနေ့ည ၁၀း၁၅ နာရီတွင် ရဲသတင်းတပ်ဖွဲ့(SB) ၂၀ ကျော်ခန့် ရောက်ရှိလာပါတယ်။ ဗကသကျောင်းသားခေါင်းဆောင်တွေဖြစ်ကြတဲ့ ကိုကျော်ကိုကိုနဲ့ ဂျိမ်းစ်တို့ ၈၈ ရုံးမှာ ရှိနေမယ်ထင်လို့ လာရောက်မေးမြန်းတာဖြစ်ပါတယ်။ ဒါပေမယ့် ၈၈ ရုံးမှာ သူတို့ တတွေ မရှိကြပါဘူး။ ၈၈ ရုံးမှာ မနက်ဖြန် ကျင်းပမယ့် 7July အခမ်းအနားအပေါ် စိုးရိမ်စိတ်နဲ့ အထက် လူကြီးတွေက တွေ့ဆုံဆွေးနွေးဖို့ သူတို့နှစ်ယောက်ကို လာရှာခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ည ၁၀း၅၅ နာရီမှာ SB တွေ ပြန်လည်ထွက်ခွာသွားကြပါတယ်"လို့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က ဆိုပါတယ်။
ဆဲဗင်း ဇူလိုင် အခမ်းအနားများကို မန္တလေးမြိုကတွင်လည်း အောက်မေ့ဖွယ်ကျင်းပရန် ကြိုးစား သဖြင့် ရွှေဘိုက ကျောင်းသား ၂ ဦးနှင့် အတည်ပြုလို့မရသေးတဲ့ ကျောင်းသားခေါင်းဆောင် ၅ ဦးတို့ကို အသီးသီး ခေါ်ဆောင်သွားကြကြောင်း သိရပါတယ်။
ယခု ဇူလိုင်လ ၆ ရက်ည ရ ရက်နေ့ ည ၁၂ နာရီ ၃၅ မိနစ် ရသော သတင်းများအရ လားရှိုး၊ မန္တလး၊ ရန်ကုန်မြို့တို့မှာ စုစုပေါင်း ကျောင်းသား ၁၄ ယောက် ကို ဖမ်းဆီးခေါ်ဆောင်သွားကြကြောင်း ၈၈ မျိုး ဆက်ကျောင်းသား ခေါင်းဆောင် ကိုအံ့ဘွယ်ကျော်က အတည်ပြုပြောကြားပါတယ်။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ယနေ့ကျရောက်သော ဆဲဗင်းဇူလိုင် အောက်မေ့ဖွယ် အခမ်းအနားကို သူ့အနေဖြင့် ဦးဆောင် ကျင်းပမှာ ဖြစ်ကြောင်း ရဲတပ်ဖွဲ့များနှင့် ရဲသတင်းတပ်ဖွဲ့များ လာစဉ် ပြောကြားလိုက်ပါတယ်။
Friday, July 6, 2012
★ ၆၅ နှစ်မြောက်အာဇာနည်နေ့ ★
- မြို့မိမြို့ဖ များနဲ့ ညီလေး ညီမလေးတို့ရေ -
အခုလာမယ့် ဇူလိုင်လ (၁၉) ရက်၊ ၂၀၁၂ မှာ မြန်မာပြည်က ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ
အာဇာနည်ခေါင်းဆောင်ကြီး (၉) ဦး ကျဆုံးခဲ့ကြတာ နှစ်ပေါင်း (၆၅) နှစ် တိုင်တိုင်ရှိခဲ့ပြီ။
တို့ မြန်မာပြည်သားတွေ မမေ့သင့်တဲ့ နေ့ တနေ့ပေါ့။ ညီလေး ညီမလေးတို့တွေအားလုံး
ဒီနေ့ကိုမမေ့ကြဘူးလို့ မျှော်လင့်ပါတယ်။
တို့ မမေ့သင့်တဲ့ ဒီအာဇာနည်နေ့ကို အခု နယူးယောက်မြို့မှာ အမှတ်တရ ကျင်းပကြရအောင်။
အားလုံး စုံစုံညီညီ သိုက်သိုက်ဝန်းဝန်းနဲ့ပေါ့။
ဒီတခါ အာဇာနည်နေ့မှာ ထူးထူးခြားခြားလေးဖြစ်အောင် အားလုံးလည်း မမေ့လျော့သင့်တဲ့
နေ့ထူးတခုအနေနဲ့ ဆုပေးဂုဏ်ပြုပွဲလေး လုပ်ဖို့ စီစဉ်ထားတယ်၊အားလုံး ပါဝင်နိုင်ပါတယ်။
ဒီပြိုင်ပွဲလေးကတော့ ညီလေး ညီမလေးတို့တွေ အားလုံးသိပြီးဖြစ်တဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေနဲ့
ပတ်သက်တဲ့ အကြောင်းအရာပါပဲ၊ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးပန်းချီကားပဲဆွဲဆွဲ၊
စာစီစာကုံးပဲရေးရေး၊ ကဗျာပဲစပ်စပ်(အင်္ဂလိပ်လိုပဲဖြစ်ဖြစ် ဗမာလိုပဲဖြစ်ဖြစ်)ရပါတယ်။
ဒါမှမဟုတ် ပန်းပုထုတာ၊ ဓာတ်ပုံရိုက်တာ၊ ကာတွန်းဆွဲတာလဲ ရပါတယ်။
အဲဒါတွေမှ မလုပ်ချင်ရင် အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ အတ္ထုပ္ဗတ္တိ ဆောင်းပါးတွေ စုဆောင်းပြီးပြတာ၊
ဒါမှမဟုတ်
စာအုပ်တွေမဂ္ဂဇင်းတွေစုဆောင်းတာပဲဖြစ်ဖြစ်၊
အဲဒီ စုဆောင်းထားတာတွေကိုဖြတ် ညှပ် ကပ်ပြီး ဒီဇိုင်းလုပ်တာ၊ ဒါမှမဟုတ်
ဒီအာဇာနည်နေ့နဲ့ ပတ်သက်တဲ့ ကိုယ့်ရဲ့အမြင် ခံစားမှုကို ကိုယ်ခံစားရသလိုရေးတာ စတဲ့
ဘယ်လိုစုဆောင်းမှုမျိုး၊ဖန်တီးမှုမျိုးမဆို ဖြစ်နိုင်ပါတယ်။
အဲဒီလို ကိုယ့် စိတ်ကူးနဲ့ကိုယ် လွတ်လွတ်လပ်လပ် ဖန်တီးထားတာကို
အာဇာနည်နေ့ကျင်းပမယ့် ပွဲရှိရာကို ဇူလိုင်လ (၁၅) ရက်နေ့မှာ ယူလာခဲ့ဖို့ပါပဲ။
ဒီပွဲကိုလာတဲ့ လူကြီးတွေက စိတ်ကူးအကောင်းဆုံးနဲ့ စိတ်ဝင်စားစရာ
အကောင်းဆုံး ဖန်တီးနိုင်သူတွေကို ရွေးချယ်ပြီး ဆုပေးမှာ ဖြစ်ပါတယ်။
ဆုတွေကိုတော့ ပထမ၊ ဒုတိယ၊ တတိယနဲ့
နှစ်သိမ့်ဆု (၂) ဆု ဆိုပြီး ပေးဖို့ စီစဉ်ထားပါတယ်။
စိတ်ဝင်စားပြီး ပါဝင်ကြမယ်လို့ မျှော်လင့်ပါတယ်။ ပျော်ပျော်ပါးပါးပေါ့။
အာဇာနည်နေ့ လွတ်လပ်စွာ ဖန်တီးမှု ဆုပေးပွဲရဲ့ အသေးစိတ် အချက်အလက်တွေကတော့ ......
(က) အသက် (၂၀)အောက် (မည်သူမဆို) ပါဝင်နိုင်ပါတယ်။
(ခ) ဇူလိုင်လ (၁၅) ရက် နေ့လည် (၁) နာရီ နောက်ဆုံးထားပြီး အခမ်းအနား ကျင်းပရာသို့ယူလာခဲ့ရပါမယ်။
Project Reach, 39 Eldridge Street, 4th Floor, NY, 10002
- (ဂ) ဆုကြေး -
ပထမဆု --------- ၁၂၅ ဒေါ်လာ
ဒုတိယဆု------- ၇၅ ဒေါ်လာ
တတိယဆု------ ၅၀ ဒေါ်လာ
နှစ်သိမ့်ဆု------- ၂၅ ဒေါ်လာ (၂) ဆု
အာဇာနည်နေ့ ပွဲနဲ့ ပတ်သက်ပြီး အသေးစိပ် သိလိုပါက
U Pyinnyar Zawta: 415 518 7663
Mg Swam yi: 718 606 6370, U Kyaw Win: 646 712 0983
ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
ပြိုင်ပွဲနဲ့ ပတ်သက်ပြီး အသေးစိပ် သိလိုပါက
art@apt. 347 527 2296
၆၂ ကျောင်းသား ခေါင်းဆောင်ရဲ့ အတွေ့အကြုံ
၁၉၆၂ ခုနှစ် ကျောင်းသားခေါင်းဆောင်ဟောင်း ဦးလှရွှေ (ဓာတ်ပုံ – ဗကသများအဖွဲ့ချုပ်ဝက်ဘ်ဆိုက်မှ)
၁၉၃၁ ခုနှစ်ကတည်းက ရန်ကုန် တက္ကသိုလ်ဝန်း အတွင်း တည်ရှိခဲ့သော သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက် အဦးကို ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်သည့် တော်လှန်ရေး ကောင်စီ အစိုးရက မိုင်းခွဲဖျက်ဆီး ခဲ့သည့်အပြင် ရန်ကုန် တက္ကသိုလ် ကျောင်းသား လှုပ်ရှားမှုကို ပြင်းထန်စွာ ဖြိုခွင်းခဲ့သောကြောင့် ကျောင်းသားများစွာ အသက်ဆုံးခဲ့ရသည်။ ယခုနှစ်သည် ကျောင်းသားသမဂ္ဂ အဆောက်အဦး မိုင်းခွဲဖျက်ဆီး ခံရသည့် နှစ် ၅၀ ပြည့် ဖြစ်သည်။ ဤဖြစ်ရပ်များနှင့် ပတ်သက်၍ ထိုစဉ်က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ၏ အတွင်းရေးမှူး အဖွဲ့ဝင် တဦးဖြစ်သည့် ၁၉၆၂ ကျောင်းသား ခေါင်းဆောင်ဟောင်း ဦးလှရွှေကို ဧရာဝတီ သတင်းထောက် လင်းသန့်က ဆက်သွယ် မေးမြန်းထားသည်။
မေး။ ။ ၁၉၆၂ ခုနှစ် ကျောင်းသား ခေါင်းဆောင်ဟောင်း တယောက်ဖြစ်တဲ့ ဦးလှရွှေအနေနဲ့ ဒီနှစ် ဆဲဗင်း ဇူလိုင် နှစ် ၅၀ ပြည့်နဲ့ ပတ်သက်လို့ ဘယ်လို အစီအစဉ်တွေ ရှိပါသလဲ။
ဖြေ။ ။ ဆဲဗင်းဇူလိုင် နှစ် ၅၀ ပြည့်နဲ့ ပတ်သက်လို့တော့ ကျနော် နိုင်ငံရေး အကြောင်းတွေနဲ့ မပြောတော့ပါဘူး။ ဒီနှစ် ဆဲဗင်းဇူလိုင် အခမ်းအနားမှာ အချက် ၃ ချက် သတင်းစကား ပါးဖို့ရှိပါတယ်။ အဲဒီ ၃ ချက်ကို ကျနော်ပြောပြ ချင်တယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အခုအထိ ဆဲဗင်းဇူလိုင် အခမ်းအနားဟာ ရန်ကုန်မှာ လုပ်လို့ရမလား၊ မရဘူးလားဆိုတာ မသေချာသေးဘူး။ နံပတ် ၁ က ဆဲဗင်းဇူလိုင် အဖြစ်အပျက်ကို တရားမျှမျှတတနဲ့ ကိုယ်စားပြုနိုင်မယ့် သူတွေပါမယ့် စုံစမ်းရေးကော်မရှင် တခုဖွဲ့ပြီးတော့ တိုင်းပြည်ကို အသိပေးကြေညာဖို့၊ အဆိုပြုဖို့ စဉ်းစားထားတယ်။ ဒါဟာ အနှစ် ၅၀ ရှိပြီ။ ဆဲဗင်း ဇူလိုင်ကို တတ်နိုင်သမျှ မှေးမှိန်အောင်၊ မေ့အောင် လုပ်တာတွေရော၊ မတော်တဆ ဖြစ်တာတွေရော ရှိတယ်။ ဒီလို ကျောင်းသားတွေ ရာချီပြီး အသက်ပေးရတဲ့ အဖြစ်အပျက်ကြီးတခု ဗမာပြည်မှာ လူမသိ သူမသိနဲ့ မပျောက်ပျက် သွားရ အောင်လို့ပါ။
အသက်ပေးသွားရတဲ့ ကျောင်းသားတွေရဲ့ အသက်တွေ၊ ချွေးတွေ သွေးတွေအတွက် ကျနော်တို့မှာ တာဝန်ရှိတယ်။ ကျနော်တို့ ကျောင်းသား ခေါင်းဆောင်တွေလည်း အများကြီး မရှိတော့ဘူး။ ဒုတိယ အချက်နဲ့ ပတ်သက်လို့ ပြဿနာ ၂ ခုရှိ တယ်။ ဒါက ၁၉၃၁ ခုနှစ်က တည် ဆောက်ထားခဲ့တဲ့ သမဂ္ဂ အဆောက်အဦးကို ဖြိုဖျက်ရုံတင် မကဘူး၊ နောက် ဆဲဗင်း ဇူလိုင် ၁ နှစ်မြောက် နေ့မှာ ကျနော်တို့ ကျောင်းသား ခေါင်းဆောင်တွေနဲ့ စိတ်ဝင်စားသူတွေ အားလုံး ၀ိုင်းဝန်းပြီးတော့ ပြန်ဆောက်တဲ့ သမဂ္ဂ အဆောက်အဦးပေါ့။ ဒါက ဆဲဗင်းဇူလိုင် ၁ နှစ်မြောက်တဲ့အချိန်မှာ ပြန်အစားထိုးတဲ့ ၀ါးတဲကြီး။ ငြိမ်း ချမ်းရေး ဆွေးနွေးပွဲပျက်ပြီး ၁၉၆၃ ခု နိုဝင်ဘာ ၁၄ ရက်နေ့ နောက်ပိုင်းမှာ အဲဒီ သမဂ္ဂ အဆောက်အဦး ကိုလည်း သူတို့ ဖြိုလှဲ ပစ်လိုက်တယ်။
အခုဆိုရင် ဆရာမြင့် (ဒေါက်တာဦးမြင့်) က တက္ကသိုလ်ကြီး တခုလုံး ပြန်ဖွံ့ဖြိုးဖို့နဲ့ ကျောင်းသား သမဂ္ဂ အဆောက်အဦးကြီး ပြန်ဆောက်ဖို့ အဆိုပြုခဲ့တာရှိတယ်။ ဒီလိုအဆိုပြုတာ အတွက်လည်း ကျနော်တို့ ယေဘုယျ ပြောရရင် ကြိုဆိုရမှာပဲ။ သမဂ္ဂ အဆောက်အဦး ကိစ္စက ဆဲဗင်းဇူလိုင်ကိစ္စရဲ့ အကျိုးဆက်ပဲ။ ဆဲဗင်းဇူလိုင် ကိစ္စကို ဘာမှ မပြောဘဲနဲ့ နောင် တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦး ပြန်ဆောက်ဖို့ပဲ ပြောမယ်ဆိုရင် အဲဒီတုန်းက တာဝန်ရှိတဲ့ ကျောင်းသား ခေါင်းဆောင် တဦးအနေနဲ့ ဒီဟာကို ကျနော်တို့ လက်မခံနိုင်ဘူး။ ဒါကြောင့် ဆဲဗင်း ဇူလိုင်အကြောင်းကို ပထမပြောပါ၊ ပြီးရင် သမဂ္ဂ အဆောက်အဦး ပြန်ဆောက်ဖို့ ပြောပါ။
ဒေါက်တာ မောင်မောင်ကလည်း ပြီးခဲ့တဲ့ ၁၉၈၈ တုန်းက ပြောခဲ့တာပဲလေ။ ပျော်ပျော်ကြီး အုတ်မြစ် ချရအောင်ဆိုပြီး။ ဆဲဗင်းဇူလိုင် အကြောင်း ဘာမှ မပြောဘဲနဲ့ ကျောင်းသားတွေ ကျေနပ်အောင် သမဂ္ဂ အဆောက်အဦး ဆောက်ပေးမယ် ဆိုတဲ့ဟာမျိုး ကျနော်တို့ လက်မခံနိုင်ဘူး။ ဒါကြောင့်မို့လို့ ဒုတိယ အချက်က သမဂ္ဂ အ ဆောက် အဦး ပြန်ဆောက်ပေးဖို့ ကြိုးပမ်းနေကြတာ ရှိတယ်၊ ဒါလည်း အကောင်အထည်က မပေါ်လာသေးပါဘူး။
တတိယ အချက်ကတော့ ဆဲဗင်း ဇူလိုင် ၆ လပြည့်မှာ အထိမ်းအမှတ် ကျောက်တိုင် ကျနော်တို့ စိုက်ခဲ့တာ ရှိတယ်။ အဲဒါလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်ပြီးတော့ သူတို့ ဖျက်ပစ်လိုက်တယ်။ ဒါကို ပြန်ဆောက်ပေးဖို့ပေါ့။ ပြန်ချုပ် ရမယ်ဆိုရင် ဆဲဗင်းဇူလိုင် အဖြစ်အပျက်ကို စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီး တိုင်းပြည်ကို အသိပေး ကြေညာဖို့၊ သမဂ္ဂ အဆောက်အဦး ပြန်ဆောက်ပေးပြီး မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှု သမိုင်းပြတိုက် ဆိုပြီးထားဖို့နဲ့ ဆဲဗင်း ဇူလိုင် ၆ လ ပြည့် အထိမ်းအမှတ် ကျောက်တိုင် ပြန်ဆောက်ပေးဖို့ ၃ ချက်ကို ဆဲဗင်း ဇူလိုင် နှစ် ၅၀ ပြည့်မှာ သတင်း စကား ပါးချင်တယ်။
မေး။။ ဦးလှရွှေနဲ့ ဆဲဗင်းဇူလိုင်ရယ်၊ သမဂ္ဂ အဆောက်အဦးရယ်က တိုက်ဆိုင်မှုတွေလည်း ရှိတယ်လေ။ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့မှာပဲ ဖြိုချခံခဲ့ရတဲ့ အဆောက်အဦးမှာ ဦးလှရွှေနဲ့ ဒေါ်ခင်မာအေးနဲ့ မင်္ဂလာ လက်ထပ်ပွဲ ကျင်းပခဲ့တယ်။ အဲဒီလို ဆိုတော့ ဒီဆဲဗင်းဇူလိုင် ဖြစ်ရပ် ကာလတုန်းက သမဂ္ဂမှာ ဦးလှရွှေက ဘာတာဝန်တွေ ထမ်းဆောင် နေခဲ့တဲ့ အချိန်လဲ၊ အဲဒီတုန်းက ကျောင်းသား အဖွဲ့အစည်းတွေရဲ့ ဖွဲ့စည်းပုံ မြင်ကွင်းကိုလည်း ပြောပြပေးပါ။
ဖြေ။ ။ ကျနော်က အဲဒီတုန်းက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗကသ) အတွင်းရေးမှူး အဖွဲ့ဝင်ပါ။ ဗကသမှာ အမှုဆောင် ၁၂ ယောက်ရှိတယ်။ သဘာပတိ (ဥက္ကဋ္ဌ) အဖွဲ့ဝင် ၆ ယောက်နဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ၆ ယောက်၊ ကျနော်က အဲဒီထဲက အတွင်းရေးမှူး အဖွဲ့ဝင် တဦးပေါ့။
ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂရဲ့ အမှုဆောင်နဲ့ အိုးဝေ မဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာ၊ ရန်ကုန် တက္ကသိုလ် ကျောင်းသား ညီညွတ်ရေး တပ်ဦးမှာ ထောင်ထဲမှာ ကွယ်လွန်သွားတဲ့ ဦးညိုဝင်းက ဥက္ကဋ္ဌ၊ ကျနော်က အထွေထွေ အတွင်းရေးမှူး၊ နောက် ရန်ကုန်တက္ကသိုလ်မှာ အဲဒီတုန်းက အဆောင် ၂၂ ခုရှိတယ်၊ သဟာယနဲ့ စာဖတ်အသင်းဆိုတာ ရှိတယ်။ ဥက္ကဋ္ဌက ရှေ့နေတယောက်၊ အတွင်းရေးမှူးက ကျနော်။
နောက်တခါ ရန်ကုန်တက္ကသိုလ်မှာ ကျောင်းဆောင် ကော်မတီ ဆိုတာ ရှိတယ်။ အဲဒီမှာ ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂကို ပို့တဲ့ ကျောင်းဆောင် ကော်မတီဝင် ၂ ယောက်ထဲမှာ တယောက်က ကျနော်တ။ အဲဒီတုန်းက ဗကသ၊ တကသ၊ တပ်ဦး စတဲ့ ၆၂ ခုနှစ်က ကျောင်းသား အဖွဲ့အစည်းတွေထဲက ကျန်တဲ့သူတွေလည်း အတော့်ကို နည်းနေပြီ။
မေး။။ ဦးလှရွှေဟာ ၆၂ ခုနှစ် ဆဲဗင်းဇူလိုင် အဖြစ်အပျက်ကြီးနဲ့ ပတ်သက်လို့ အထင်အရှား သိသူတဦး ဖြစ်တော့ ကျောင်းသား သမဂ္ဂ အဆောက်အဦး ကြီးမိုင်းခွဲဖျက်ဆီး ခံရတာနဲ့ ဆဲဗင်းဇူလိုင်မှာ ကျောင်းသားတွေရဲ့ အသက်တွေ ဆုံးရှုံးခဲ့ရတဲ့ ဒီကိစ္စကြီးမှာ ဘယ်သူတွေက တာဝန်အရှိဆုံးလို့ ယူဆပါသလဲ။
ဖြေ။ ။ ဒါကတော့ ကျနော် တယောက်ထဲတင် မဟုတ်ဘူးပေါ့။ အားလုံးရဲ့ ပြောဆိုတဲ့ အသံကတော့ အဲဒီတုန်းက တာဝန် အရှိဆုံး သူတွေပဲလေ။ ဥပမာ – ဗိုလ်အောင်ကြီးက ၈၈ အရေးအခင်းမှာ ၄၁ မျက်နှာ စာထွက်ပြီး ဆဲဗင်းဇူလိုင်မှာ သူမပါတဲ့ အကြောင်း ပြောတာပေါ့။ ဒီလို ငြင်းချက်တွေ ရှိပေမယ့် အားလုံး ပြောနေတာကို ကျနော်ပြောမယ်။ ဆဲဗင်းဇူလိုင် အရေးအခင်းမှာ ဗိုလ်နေ၀င်းက တရားခံ ၁ ဆိုရင် ဗိုလ်အောင်ကြီးက ၂ ပေါ့။ ဗိုလ်အောင်ကြီးက တရားခံ ၁ ဆိုရင် ဗိုလ်နေ၀င်း က ၂ ပေါ့။ ဖြစ်စဉ်အရ အဲဒီတုန်းက တည်ရှိနေတဲ့ တာဝန်အရှိဆုံးသူတွေပေါ့။
နောက်တခုက အဲဒီ ဆဲဗင်းဇူလိုင် ဖြစ်တဲ့နေမှာ အဲဒီ အဖြစ်အပျက်တွေကို လက်တွေ့ ကွပ်ကဲနေတဲ့ အဖွဲ့တဖွဲ့က အသံလွှင့်ရုံမှာ ထိုင်တယ်။ အဲဒီတုန်းက ဗဟို လုံခြုံရေးနဲ့ အုပ်ချုပ်မှု ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ကျော်စိုး ဆိုတာ အသံလွှင့်ရုံမှာ ထိုင်တာ။ သူက အဲဒီမှာ တာဝန်အရှိဆုံးသူ ဖြစ်တယ်။ နောက် အဲဒီ ကွပ်ကဲရေး အဖွဲ့ကို သူက ကိုင်တွယ် တယ်။ နောက် ဗိုလ်မှူးကြီး ဗစိန်ဆိုတာရှိတယ်။ သူ့ကို ဗိုက်ပူဗစိန်လို့ ခေါ်တယ်။ တခြား ဗစိန်တွေလည်း ရှိနေလို့ပေါ့။ ပြန်ကြားရေး ၀န်ကြီးဖြစ်တဲ့ ဗိုလ်မှူးကြီး ဘနီ ရှိတယ်။ နောက် ပညာရေး ၀န်ကြီး ဒေါက်တာ လှဟန်ရှိတယ်။ နောက် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဦးကာ ရှိတယ်။ သူတို့ အကုန်လုံးက အသံလွှင့်ရုံ ကွပ်ကဲရေးခန်းမှာ ရှိနေကြတယ်။
အဲဒီနေ့နဲ့ ပတ်သက်တဲ့ လက်တွေ့ တခုချင်းစီနဲ့ ပတ်သက်လို့ ကွပ်ကဲမှုတွေက သူတို့ဆီက လာတာ။ အဲဒီအထဲမှာ ဒုတိယ ဗိုလ်မှူးကြီး စိန်လွင်ပါတယ်။ သူက အဲဒီတုန်းက ဗိုလ်နေ၀င်း လုံခြုံရေးတပ်တွေဖြစ်တဲ့ တပ်ရင်း ၄ လား ၅ လားတော့ ကောင်းကောင်း မမှတ်မိတော့ဘူး၊ အဲဒီမှာ သူက တပ်မှူး။ အဲဒီတုန်းက တက္ကသိုလ်ဝန်းထဲမှာ ပစ်တဲ့ ခတ်တဲ့ တပ်ရင်းမှာ ဗိုလ်စိန်လွင်က တာဝန်ယူတာ။ ဒီလူတွေဟာ အဲဒီ ဆဲဗင်းဇူလိုင်နေ့နဲ့ ပတ်သက်တဲ့ ဆိုးမွေ ကောင်းမွေနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေပဲ။
ဒီလောက်ကြီးကျယ်တဲ့ အရုပ်ဆိုးတဲ့ ဒီအဖြစ်အပျက်ကြီးမှာ အားလုံးက ပြောနေတာက ဗိုလ်နေ၀င်းနဲ့ ဗိုလ်အောင်ကြီး နှစ်ယောက်ပဲ။ ဒါဘာသက်သေ ရှိသလဲ ဆိုရင် ဆဲဗင်းဇူလိုင် ဖြစ်တဲ့ညမှာ ဦးနေ၀င်းပြောတဲ့ မိန့်ခွန်းဗျာ၊ ဒါတွေတော့ မှတ်တမ်းတွေ ရှိမှာပေါ့ဗျာ။ သူက အဲဒီမှာ ဘာပြောလဲဆိုတော့ ဒီနေရာဟာ သံတမန်အခွင့်အရေး ရတဲ့နေရာ ဖြစ်နေတယ်တဲ့။ အာခံတွင်းထဲက အရိုးဖြစ်နေတယ်တဲ့။ ကျနော်တို့ကတော့ ဓား ဓားချင်း၊ တုတ် တုတ်ချင်းပဲလို့ အဲဒီည ၈ နာရီ ၁၅ မိနစ် မိန့်ခွန်းမှာ အဲဒီလို ပြောခဲ့တာ။
အဲဒီမိန့်ခွန်းဟာ သက်သေတခုပဲလို့ အဲဒီလို ပြောလို့ရတယ်။ သူက နောက် ၈၈ တုန်းကလည်း တပ်မတော်ဆိုတာ သေနတ် မိုးပေါ်ထောင်မပစ်ဘူး၊ တည့်တည့် ပစ်တယ်လို့ ထပ်ပြောတာ။ အဆိုးဆုံးက ဒီကျောင်းသား သမဂ္ဂကြီးက ကျောင်းသား မျိုးဆက် ၃ ဆက် လောက်ကို မွေးထုတ်ပေးခဲ့တဲ့ နေရာ၊ ဒီနေရာက အမျိုးသားရေး လှုပ်ရှားမှုတွေ မွေးဖွားလာတာ။ ဒါကို ဖြိုဖျက်တာဟာ အဆောက်အဦးကို ဖြိုဖျက်တာတင်မကဘူး သမိုင်းဆိုင်ရာ အဖြစ်အပျက်တွေကိုပါ ဖျက်ဆီးပစ်ခဲ့တာ။
လင်းသန့်   ဧရာဝတီ
“အနီးမြင် အဝေးထင် တက်တက်စင်အောင်မလွဲဖို့” .. ဆောင်းပါးရှင် ကျော်သောင်း(ရွှေလုပ်သား)
“အနီးမြင် အဝေးထင် တက်တက်စင်အောင်မလွဲဖို့” 
ဆောင်းပါးရှင် ကျော်သောင်း(ရွှေလုပ်သား)
စစ်တွေမြို့ ဒုက္ခသည်စခန်းတခုမှ တိုင်းရင်းသား ရခိုင်မိသားစုဝင် တစုမြင်ကွင်း
ဒီကနေ့ သတင်းမီဒီယာတွေမှာ ရခိုင်ဒုက္ခ သည်တွေက နိုင်ငံတကာ အလှူတွေကို လက်မခံ ဆိုတဲ့ သတင်းတစ်ပုဒ် တက်လာတယ်။ ကျနော်တို့လည်း ရခိုင် အဓိကရုဏ်း ဒုက္ခသည်တွေ အတွက် တတ်နိုင်သလောက် ကူညီ ထောက်ပံ့နေကြသူတွေ ဖြစ်ကြတာကြောင့် မိတ်ဆွေတစ်ယောက်က အထင်အမြင်တမျိုးနဲ့ မေးလ်နဲ့ လာတာကြောင့်ကျနော်ကြုံခဲ့တာလေးကိုပြောပြ ဖြစ် ပါတယ်။
လမ်းပန်းဆက်သွယ်ရေး အထူးညံ့ဖျင်းပြီး မိုးများတဲ့ ဒီလို ရာသီဥတုမျိုးမှာ ရခိုင်ဒေသကို ရောက်အောင် သွားရောက်ကြတဲ့ ပြည်တွင်း ပြည်ပ ကအလှူရှင် တွေကို အလွန်ပဲ ကျေးဇူးတင်ဖို့ကောင်းပါတယ်။ ဆိုးရွားတဲ့ရာသီဥတုကြောင့် လေယာဉ်၊ ကား၊ မော်တော် ဘာမှ ကိုပုံသေတွက်လို့မရတဲ့ ခရီးလမ်းတွေဖြစ်ပါတယ်။ အစားအသောက်နဲ့ သန့်ရှင်းတဲ့ သောက်သုံးရေ၊ အိမ်သာနဲ့ ကျမ္မာရေး စောင့်ရှောက်မှုတို့ ဆိုတာလည်း အတော်နုံရှာပါတယ်။
ရခိုင်ပြည်နယ်ဆိုတာ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ်လျှက် မှာရှိတာကြောင့် မိုးတွင်းကာလတွေမှာ ရက်ပေါင်း များစွာအဆက်မပြတ် မိုးရွာသွန်းခြင်း၊ လေမုန်းတိုင်း ကျရောက်တတ်ခြင်းတို့ကြောင့် မီးဖိုချောင် သုံး အစားအစာတွေ အသုံးအဆောင် အကုန်လုံးကို နွေနှောင်းပိုင်းနဲ့ မိုးဦးကျရာသီတွေမှာ အကုန်စုဆောင်း ထားမှ ထမင်းနပ်မှန်အောင် စားသောက် ရတဲ့ ဒေသဖြစ်ပါတယ်။ ဒီလိုဒေသမျိုးကို ထင်တိုင်းကြဲ စစ်အာဏာရှင်စံနစ်နဲ့ အုပ်ချုပ်လိုက်တော့ မြန်မာနိုင်ငံမှာ ဒုတိယ အဆင်းရဲဆုံးပြည်နယ်အဖြစ် သတ်မှတ်ခံ ထားရအောင် စုတ်ပြတ်သတ် သွားခဲ့ရပါတယ်။
နဂိုကတည်းက ခက်ခက်ခဲခဲ အသက်မွေးဝမ်းကြောင်း ပြုရတဲ့ ဒေသမှာ ရခိုင်ပြည်တွင်းကို နည်းပေါင်းစုံနဲ့ လူဦးရေနဲ့ အခွင့်အရေး အသာစီးရရှိနေတဲ့ ဘင်္ဂါလီလူမျိုးက မီးလောင်တိုက် သွင်းလိုက်တော့ ပြောပြစရာ ဝေါဟာရ နဲ့ နှိုင်းယှဉ်စရာ အသုံးအနှုန်း မရှိတော့ဘူး။
ကျနော် ဘူသီးတောင်မောင်တောမှာ ၁၉၉၃နဲ့ ၁၉၉၉ ခုနှစ်တွေမှာ အရောင်းအ၀ယ်ကိစ္စတွေနဲ့  အသွားအလာ ရှိနေခဲ့ပါတယ်။ စာရေးခြင်းကို ၀ါသနာပါသူပီပီ ရောက်လေရာဒေသကို အထူးသတိပြုလေ့လာ မှတ်သားပါတယ်။ ကျနော်က ရခိုင်ပြည်နယ် အလယ်ပိုင်း ကျောက်ဖြူ ဇာတိ ဖြစ်လေတော့ ဘူးသီးတောင် မောင်တော ဆိုတာ အသွင်အမြင် လုံးဝ နီးပါး ကွာခြားတဲ့ဒေသလို့ ပြောရပါမယ်။
 မြင်ကွင်းတွေကတော့ ဘူးသီးတောင်မောင်တော မြို့တွေမှာ ရခိုင်လူမျိုးတွေကို လက်ချိုးရေလို့ ရပါတယ်။ ဈေးမှာ တစ်နေ ကုန်ထိုင်နေလို့ရခိုင်နဲ့ ဗမာတစ်ယောက် မြင်ရဖို့ဆိုတာ မလွယ်လောက်အောင်ကို ဘင်္ဂါလီလူဦးရေများ နေပါတယ်။ ဘင်္ဂလားဒေ့ခ်ျကို ရောက်နေတယ်လို့ ပြောလို့တောင်ရမယ် ထင်ပါတယ်။ ရခိုင်ပြည်နယ်မြောက်ဖက် မှာတည်ရှိတဲ့ မြစ်ချောင်းတွေမှာ ဂျွန်ဆင်(စပိဘုတ်)ဆိုတာ ကုလသမဂ္ဂ အဖွဲ့အစည်း မှာသာရှိပါတယ်။ အဲဒီရေပေါ် လျှပ်ပြေး ရေယာဉ်တွေကို ကုလားဖြူလို့ ခေါ်တဲ့အင်္ဂလိပ်တွေနဲ့ ကုလားမဲလို့ ခေါ်တဲ့ ခေါ်တော(ခ) ဘင်္ဂါလီ ကုလားတွေသာ မောင်းနှင်ကြပါတယ်။
ဇွန်လ ၂၁ရက်နေ့က စစ်တွေမြို့ အင်ဗာလာ ရပ်ကွက်မှ ဘင်္ဂါလီများအား သဲချောင်းရွာသို့ လုံခြုံရေးတပ် အကူအညီဖြင့် ပြောင်းရွှေ့လာစဉ်..
ခြစားမှုစနစ်နဲ့ လည်ပတ်နေတဲ့ စစ်အာဏာရှင်အောက်မှာ ၀န်ထမ်းတွေက ဟောက်စား၊ ခြောက်စား၊ ခိုးစားမှ စားရတဲ့သူတွေပါ။ လမ်းကြောင်းတွေကတော့ - - - နေ၀င်ရီတရော အချိန် မောင်တောက ထွက်တဲ့ကား ဘူသီးတောင်ကို လာတဲ့လမ်းတလျှောက် ဂိတ်တွေ မှာ နယ်စပ်ကဖြတ်ကျော်လာတဲ့ ဘင်္ဂါလီတွေကို ဓါတ်မီးထိုးပြီး ခေါင်းရေတွက်လိုက်တယ်။ ကားခေါင်းခန်း မှာစီးလာတဲ့ ဘင်္ဂါလီ သူဌေးက ကြွပ်ကြွပ်အိပ်နဲ့ ထည့်ပြီးတော့ ငွေတွေကို ပေးလိုက်တယ်။ ဒီလူတွေ ဘူးသီးတောင် သင်္ဘောဆိပ်မှာ တစ်ညအိပ်တယ်။ မနက်မိုးလင်းတော့ စစ်တွေသင်္ဘောပေါ်မှာ ရောက်နေပြီ။ ဘူးသီးတောင် က မနက်ပိုင်းထွက်တဲ့ နှစ်ထပ်သင်္ဘောတွေက ညနေ ၅နာရီလောက်ဆိုရင် စစ်တွေ ဆပ်ရိုးကျချောင်း သင်္ဘောဆိပ်ကို ၀င်တယ်။ နယ်စပ်ကလာတဲ့ ဘင်္ဂါလီတွေကို ဆိပ်ကမ်း ကိုတက်စရာ မလိုပဲ နာဇီရွာကို တစ်ယောက် ကျပ်ငွေ၅၀၀နဲ့ လှေသမ္ဗာန်တွေနဲ့ ပို့ပေးလိုက်တယ်။
ဇွန်လ(၂၃)ရက်နေ့က စစ်တွေမြို့နယ် ဘင်္ဂလီများနေထိုင်ရာ သံတော်လီရွာမှ အကြမ်းဖက် လူသတ်၊ မီးရှို့သူများအား လုံခြုံရေးတပ်ဖွဲ့မှ သွားရောက် ဖမ်းဆီးစဉ်က ဘင်္ဂလီ ရွာသားများအား တွေ့ရစဉ်..
စစ်တွေက တစ်ဆင့် ငါးဖမ်းစက်လှေတွေနဲ့ ဂွ၊ သံတွဲ၊ ကျောက်ဖြူနဲ့ ကျောက်နီမော် ဆိုတဲ့ နေရာတွေကို တဖြည်းဖြည်းခြင်း ပို့ဆောင်ပေးတယ်။ ထိုမှတစ်ဆင့် မြန်မာနိုင်ငံအထဲကို နည်းလမ်းပေါင်းစုံနဲ့ ၀င်ရောက် သွားခဲ့ကြတယ်။
နောက်တစ်နည်းက မောင်တောနဲ့ သုံးမိုင်လောက်အကွာမှာရှိတဲ့ ကုလသမဂ္ဂ ရုံးရှိတယ်။ အဲဒီ ကုလ တံဆိပ်
တွေ ကပ်ထားတဲ့ ကားနဲ့မောင်တောက ဘင်္ဂါလီတွေကို တင်ပြီးသွားရင် ဂိတ်တွေမှာ စစ်ဆေးမခံရဘူး။ နေ့တိုင်း၊ အချိန်တိုင်း အဲဒီ ကုလသမဂ္ဂကားတွေနဲ့ ဘူးသီးတောင်ကို ပို့နေတယ်။ စပိဘုတ်တွေ၊ နှစ်ထပ် သင်္ဘောတွေနဲ့ ကုလ တံဆိပ်ပါ အင်ဂျီအိုတွေ လက်ဆွဲအိပ်တွေ အထုတ်အပိုးတွေနဲ့ ကုလသမဂ္ဂ ၀န်ထမ်းလိုလို ပုံမှားရိုက်ပြီး ရခိုင်နဲ့ မြန်မာပြည်တွင်းကို နည်းလမ်းအမျိုးမျိုးနဲ့ ဘင်္ဂါလီတွေကို ပို့ ဆောင်ပေးနေတာကို မြင့်တွေကြရမှာ ဖြစ်ပါတယ်။
နဂိုကတည်းက မြန်မာစစ်သားတွေကိုကြောက်၊ ကုလသမဂ္ဂ နဲ့ နိုင်ငံတကာ အင်ဂျီအိုတွေရဲ့ လုပ်ရပ်တွေကို ကို ရွံချာစက်ဆုတ် နေခဲ့ရတဲ့ ဒေသခံ ဗမာနဲ့ ရခိုင်တိုင်းရင်းသားတွေဟာ ဒီကနေ့ လာလှူပါတယ် ဆိုတဲ့ နိုင်ငံတကာ အလှူတွေကို လက်မခံတာကို လက်မခံရ ကောင်းလားလို့ အပြစ်မြင်လို့ သင့်တော်ပါ့မလား။ ပရော်ဖက်ရှင်နယ် အလှူရှင်တွေ ဘယ်လောက်ရိုးသားမှု ရှိသလဲ။ အင်ဂျီအိုတွေရဲ့ အထာကို ပြည်တွင်း ကလူတွေ မသိတောင် ပြည်ပကလူတွေ သဘောတော့ပေါက်သင့် ပါတယ်။
ထူးခြားချက်။ ။ ရခိုင်ပြည်နယ် ၁၇ မြို့နယ်အနက် မြို့တိုင်းတွင် ဘင်္ဂါလီလူမျိုးများ ရှိကြသော်လည်း အမ်းမြို့နှင့် မာန်အောင်မြို့တို့တွင် မည်သည့် ဘင်္ဂါလီလူမျိုးကိုမှ အခြေချ နေထိုင်ခွင့် ယနေ့တိုင်မပြုပါ။
၂၀၁၂ ဇူလိုင် ၅ ကျော်သောင်း
ရင်းမြစ် http://goldenworkers.blogspot.jp/2012/07/blog-post_05.html
ဓာတ်ပုံများ... ဒီမိုဝေယံ သတင်းထောက် (ခေတ္တစစ်တွေ)
http://www.demowaiyan.org/2012/07/blog-post_1346.html
Demowaiyan
 on Friday, July 6, 2012 at 2:26pm
ဘာသာရပ်ဆိုင်ရာ ပညာရှင်များ၏ ဟောပြောပွဲအခမ်းအနား
သီးလေးသီး တိုက်စစ်ဆင်တော့မည်ဟု ဆို
Thee Lay Thee –
မိုးတွင်းကာလ ပွဲရာသီအနေဖြင့် ဇူလိုင် ၁၄ ရက်နေ့ ပြည်မြို့နယ် ယဉ်ကျေးမှုခန်းမကြီးတွင် သီးလေးသီးဆေးရောင်စုံ အငြိမ့်အဖွဲ့ ဖျော်ဖြေတင်ဆက်မည်ဖြစ်ကြောင်း သိရှိရပါသည်။
၂၀၁၂ နဲ့၂၀၁၃ ပွဲရာသီအသစ်ဖြစ်တဲ့အတွက် ပြက်လုံးသစ် ၊သီချင်းသစ်တွေနဲ့ ၊ထူးထူးခြားခြား တင်ဆက်မည့်ပွဲတပွဲဟု သိရှိရပြီး. သီးလေးသီးရဲ့တိုက်စစ်ဆင်မယ့် နှစ်တနှစ်လို့  သီးလေးသီး အဖွဲ့ ဝင် လူရွင်တော်တဦးက ပြောကြားခဲ့ပါတယ်။
လက်ရှိနိုင်ငံရေး အခင်းအကျင်းနဲ့ ကိုက်ညီမဲ့ ပေါ်လစီပြက်လုံးဇာတ်ကွက်လေးများ စိတ်ကူးတင်ဆက်ပြီး ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုထားတဲ့တေးသီချင်းလေးတွေကို အငြိမ့်ပုံစံလေးဖြင့် ဖန်တီးတင်ဆက်ထားကြောင်း သိရှိရပါတယ်။
ရုံဝင်ခကိုလည်း လူတန်းစားမရွေး ကြည့်ရှုနိုင်ရန်အတွက် လူတဦးလျင် ကျပ် တထောင် ဖြင့်သာ ကြည့်ရှုနိုင်ရန်စီစဉ်ထားကြောင်း ပွဲကိုကိုယ်တိုင်စီစဉ်သူ လူရွင်တော်ကိုပန်းသီးက မိုးမခကို ပြောပြခဲ့ပါတယ်။
သီးလေးသီးအငြိမ့်အဖွဲ့ဟာ ၂၀၀၆ ခုနှစ်မှာ ဇာဂနာရဲ့ မျိုးဆက်သစ်အငြိမ့်အဖွဲ့အဖြစ် ထင်ရှားလာပါတယ်။ ၂၀၀၇ နောက်ပိုင်းမှာ ပြည်ပသို့ ထွက်ပြီး ဆင်ဆာမဲ့အငြိမ့်များ ကပြဖျော်ဖြေခဲ့ပါတယ်။ ဇာဂနာကို စစ်အစိုးရက ၂၀၀၈ ခုနှစ်ကနေ ၂၀၁၁ အထိ ဖမ်းချုပ်ထားခဲ့သည့် ကာလအတွင်း ပြည်ပမှာ ကျင်လည်ပြီး ရပ်တည်ခဲ့ပါတယ်။ ၂၀၁၁ နှောင်းပိုင်း ကိုဇာဂနာ လွတ်မြောက်လာချိန်မှာ သီးလေးသီးအဖွဲ့ဟာ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ပြီး အနုပညာအဖွဲ့အဖြစ် ဆက်လက်ရပ်တည်လျက် ရှိပါတယ်။
မိုးမခအထောက်တော်  ဇူလိုင် ၆၊ ၂၀၁၂
(photo – Thee Lay Thee seen at one of local business promotion event)
ဦးဥာဏ်ဝင်း (NLD) ကို တရားစွဲရခြင်း အကြောင်း
ကိုမြအေးခေါင်းဆောင်တဲ့ ၈၈ကျောင်းသားခေါင်းဆောင်များဂျယ်ဂေါင်မြို့  မြန်မာလူထု နဲ့ တွေ့ဆုံ
တရုတ်မြန်မာနယ်စပ်က မြန်မာလူထုကို SKYPE ကနေ တိုက်ရိုက်စကားပြောနေတဲ့ ကိုမင်းကိုနိုင် (Photo: zawmoehetet)
ကိုမြအေးခေါင်းဆောင်တဲ့ ၈၈ကျောင်းသားခေါင်းဆောင်များအဖွဲ့ဒီနေ့ 5.7.2012 နေ့ညမှာ တရုတ်မြန်မာ နယ်စပ် ဂျယ်ဂေါင်မြို့   ဖြိုးမောက်သာ လက်ဖက်ရည်ဆိုင်မှာ တရုတ်နယ်စပ်မှာ လာရောက်အလုပ်လုပ်ကြ တဲ့ မြန်မာလူထု နဲ့ တွေ့ဆုံပွဲလေး လုပ်ခဲ့ပါတယ် ။ အပြန်အလှန်ဆွေးနွေးမှုလေးတွေလဲ လုပ်ခဲ့ပါတယ် ။ ကိုမင်းကိုနိုင် နဲ့ ကိုကိုကြီး တို့ကလဲ SKYPE က နေ တဆင့် မြန်မာလူထုကို တိုက်ရိုက် ဆွေးနွေးပေးခဲ့ ပါတယ်။ မြန်မာလုပ်ငန်းရှင်များနှင့်ရွေ့ပြောင်းလုပ်သားအပါဝင်လူတစ်ရာကျော်လောက်တက်ရောက်ခဲ့ပါတယ် ။
   ဒီပွဲလေးကို လူထုကကျေနပ်သလို ကိုမြအေးတို့အဖွဲ့မှလဲ အားရကျေနပ်တယ်လို့ဆိုပါတယ် ။လူထုနဲ့ အပြန်အလှန် ဆွေးနွေး မှုလေးက ပွဲလေးကို ပိုပြီးကျေနပ်မိတယ်လို့ဆိုပါတယ် ။
တရုတ်ပြည်ဂျယ်ဂေါင်မှာ ကိုမြအေးနဲ့ 88 ကျောင်းသားများကိုလာရောက်တွေ့ဆုံသော မြန်မာလူထု. . .
လူထုနဲ့ တွေ့ဆုံနေတဲ့ ကိုမြအေးနဲ့ 88ကျောင်းသားအဖွဲ့. .
news zawmoehetet
နေ ဇော်ရဲ့  ကျောင်နံရံ နဲ့ ဒေါင်းအလံ
7 ဂျူလိုင်မှာ ကျဆုံးသွားသော ကျောင်းသားများကိုတတ်စွမ်းတဲ့အနုပညာနှင့် ဂါရ၀ပြုပါတယ် NAY ZAW(TH-Z)
“ကျောင်းနံရံနဲ့ဒေါင်းအလံ”ဒေါင်းငှက်မင်း လှောင်ကာချ အတောင်ပံက အမြင့်မပျံနိုင်လဲ ...တွန်ကျူးသံ မြန်မာပြည်မက ကဘာမြေအထိ ကြားယောင်နိုင်တယ်...ဒေါင်းငှက်တွေံပြန်ကာကြွ ညီညာမှ အချုပ်အနှောင်ခံဆဲ ဒေါင်းငှက်မင်းပျံနိုင်မှ မြန်မာပြည်သူက မင်းကိုနိုင်မယ်..
အာဏာရှင်အားလုံး ဆင်ခြင်နိုင်အောင်လို့
အမှန်တရား ၀ှက်ထားလို့မရ
ဘယ်ဇာတ်လမ်း ဘယ်မှတ်တမ်းမှာမဆို
လူကြမ်း လူသရမ်းတို့ရဲ့သွားရာလမ်းဟာ
မပြန်လမ်း ငရဲခန်းသာ မြန်းရမှာကို
လန်းနေတဲ့ အာဏာရှင်တွေ
မဆင်ခြင်မိလေရော့သလား။
မကောင်းမှုမှာ ဆိတ်ကွယ်ရာမရှိ
ဖုံးဖိကျော်လွှား ၀ှက်ထားလို့မရ
အရှိတရားဟာ ဖိထားလိုလဲမပိ
ဖုံးဖိလို့လဲမလုံ ဟိုပုံပြင်ထဲကလို
ငါ့ဘုရင်ဂျို(ချို)ပေါက်နေတဲ့ဇာတ်လမ်း
ဆန်းစစ်ပြီးပြန်ကြည့် အရှိတရား
အမှန်တရားဟာ ပျောက်ပျက်၍မသွား
တနေ့မှာ ဘွားကနဲပေါ်
တအားပဲကျော်သွားနိုင်တယ်။
အများမသိ အများမမိစေချင်ရင်
ရှိအောင်မဖန်တီး အပြစ်ကြီးကိုမကျူးလွန်
ထူးချွန်အောင်နေတတ် အနေမြတ်မှ
ကောင်းလဒ်အထွေထွေ
အကြောင်းရပ်အဆင်ပြေပြီး
လူ့ပြည်မှ လူဖြစ်ကျိုးနပ်ပေလိမ့်မည်။
မည်သူ့ကိုညာညာ
ကိုယ့်နှလုံးသားကို ကိုယ့်မှာ
ဘယ်လိုမှ ညာလို့မရပါ။
(အာဏာရှင်အားလုံး ဆင်ခြင်နိုင်အောင်လို့ပါ)
တက္ကသိုလ်ဘုန်းကြွယ် (ဇူလိုင် ၅ ၂၀၁၂)
by Victor Tan on Friday, July 6, 2012 at 7:33am ·
ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်
ဇူလိုင် ၇ ရက် ကျောင်းသားအရေးတော်ပုံကို သက်ဆိုင်ရာက အကြမ်းဖက် နှိမ်နင်းခဲ့တာဟာ အင်မတန်ဝမ်းနည်းဖွယ်ရာဖြစ်ကြောင်းနဲ့ ဖျက်ဆီးခံခဲ့ရတဲ့ သမဂ္ဂအဆောက်အဦးကို ကျောင်းသားတွေ ပြန်လည် တည်ဆောက်ခွင့်ရသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က
ပြောဆိုလိုက်ပါတယ်။
ဒါ့အပြင်သူက ပြီးခဲ့တဲ့ဥရောပ ခရီးစဉ်အတွင်း သက်ဆိုင်ရာအစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ မြန်မာနိုင်ငံအပေါ် ကူညီနိုင်မယ့်နည်းလမ်းတွေကို အကျိုးရှိစွာ ဆွေးနွေးနိုင်ခဲ့ကြောင်း စသဖြင့် RFA ကိုထုတ်ဖေါ် ပြောဆို လိုက်ပါတယ်။
အပြည့်အစုံကို ဦးခင်မောင်စိုးတင်ဆက်တဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာနားဆင်ပါ။
ဦးသိန်းစိန်အစိုးရအပါအ၀င် နောင်အစိုးရအဆက်ဆက် ရင်ဆိုင်ရမည့် ဆိုးမွေများကို သုံးသပ်ခြင်း။
အခု ဖော်ပြသော အချက်များသည် ယခုဦးသိန်းစိန်အစိုးရသစ်လက်ထက်မှ စတင်ကာ နောင် တက်လာမည့်အစိုရတိုင်းအတွက် အမြစ်တွယ် ဖြိုဖျက်ရခက်သည့် ကင်ဆာကဲ့သိုသော ပျက်စီးမှုဟု တင်စားနိုင်ပါသည်။ အကျင့်ပျက်ချစားခြင်း၊ Rule Of Law မရှိခြင်း အစရှိသည်ကို အခြေခံထားသော ယိုယွင်းမှုများသည် ယခု ဦးသိန်းစိန် အစိုးရလက်ထက် မီဒီယာလွတ်လပ်ခွင့် အနည်းငယ်ပေးထားချိန်တွင်  မတိုင်ပင်ထားပါပဲ တစ်ပြိုင်တည်း ထွက်ပေါ်လာနေသည်မှာ မျက်မြင်ပင်ဖြစ်သည်။ နှစ်ပေါင်းများစွာ ခေါင်းငုံခံနေကြရသူများ ခေါင်းမော့လာကြသလို ဝေဖန်ထောက်ပြသူ ပညာရှင်များ မီဒီယာများ ပေါ်ထွက်လာသည်။ ထို့ကြောင့် ယခင် စစ်အစိုးရ၏ အဖက်ဖက်မှ စွန့်ပစ်ခဲ့သော ချေးထုပ်ကြီးအား ယခု အစိုးရသစ်မှ ခေါင်းပေါ်ရွက်ကာ လိုက်ဖြေရှင်းနေရသည့်ဘ၀ရောက်နေသည်ကိုလည်း စာနာမိပါသည်။ ထို့ကြောင့် ထိုကိစ္စများထဲမှ မိမိ လက်လှမ်းမီရာများကို လေ့လာဖော်ပြလိုက်ပါသည်..။
(၁) ဦးသိန်းစိန်အစိုးရသစ်လက်ထက် ၂၀၁၀ အတွင်းမှ .. ၂၀၁၂ အတွင်း ဖြစ်ပေါ်ခဲ့သော လယ်သမားများနှင့် ပြည်သူများ အိုးအိမ်ရုံး အစရှိသည်တို့တွင် ဆန္ဒပြပွဲများ ဖြစ်ပွားခြင်း။
အဖြေ    =    ယခင်စစ် အစိုးရလက်ထက် ၁၉၈၉ မှစခဲ့သောဖြစ်စဉ်များဖြစ်ပြီး.. အစိုးရနှင့် ပလဲပနံသင့်သော ကုမဏီများ၏ ငွေမတန်တဆပေးချေကာ ..လယ်မြေ/မြေယာသိမ်းယူမှုများပြုလုပ်ခဲ့ခြင်းကို မကျေနပ်ကြသဖြင့် ယခု အစိုးရသစ်လက်ထက် ကြမှ ဆန္ဒပြကြခြင်း။ ဆန္ဒပြရဲသောဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားနေခြင်း။  (ယခုဆန္ဒပြမှုများမှာ ၁၉၈၉ မှ ၂၀၁၀) အတွင်း မြေယာသိမ်းယူမှုများကို ဆန္ဒပြခြင်းဖြစ်ပါသည်။
(၂) ဦးသိန်းစိန်အစိုးရသစ်လက်ထက် ၂၀၁၀ အတွင်းမှ ၂၀၁၂ အတွင်း ဖြစ်ပေါ်ခဲ့သော
စက်မှု့ဇုံ အလုပ်သမားများ ဆန္ဒပြပွဲများ..
အဖြေ    =    ယခင်စစ်အစိုးရလက်ထက် ၁၉၈၉ မှ စခဲ့သော အလုပ်သမားဥပဒေများ/အလုပ်သမားအကျိုးခဲစားခွင့်များ (အခြေခံလစာဆိုင်ရာ သတ်မှတ်ချက်များ) အားနည်းခြင်း ကြောင့် အလုပ်ရှင်များ နှိပ်ကွပ်သမျှ နှစ် (၂၀) ခန့် နင်းပြား ဖြစ်ခဲ့ရခြင်း။
(ယခင်က ဆန္ဒပြလျှင် ... ယခုလောက် အလုပ်သမားဝန်ကြီးဌာနမှ မဆောင်ရွက်ပဲ မသိချင်ယောင်ဆောင်ထားခြင်းက အားလုံးအသိပင်။
(၃) ဦးသိန်းစိန်အစိုးရသစ်လက်ထက် ၂၀၁၀ မှ ၂၀၁၂ အတွင်း မော်တော်ယာဉ် လိုင်များအားလုံးနီးပါးမှ ဖြစ်ပေါ်လာသော ယာဉ်စည်းကမ်းဖောက်ဖျက်မှုများ။ ယာဉ်မတော်တဆမှုများ.. အုပ်စုဖွဲ့အနိုင်ကျင့်မှုမှုများ သိသာထင်ရှားလာခြင်း။
အဖြေ။  == ယခင် စစ်အစိုးရလက်ထက် မထသ နှင့် အပါအ၀င် အခြားယာဉ်လိုင်းစုံတို့အား စစ်မှုထမ်းဟောင်များနှင့် စီးပွားရေးဦးပိုင်လီမိတက်တို့မှာ အင်အားသုံးချယ်လှယ်နေကြသဖြင့် လုပ်ချင်တာလုပ်နေကြခြင်။  ယာဉ်ထိန်းရဲများအားလည်း လေးစားကြောက်ရွှံခြင်းမရှိတော့ဘဲ ငွေပေးရင်ရတယ်ဟုသောသဘောဖြင့် ပိုက်ဆံလိုချင်သော သူတောင်းစားသာသာ ဆက်ဆံခဲ့သည်မှာ နှစ်ပေါင်းများစွာ ထုံးစံလိုဖြစ်နေခြင်း။
(မထသ ၃၅ လိုင်းဆိုလျှင် ယာဉ်ထိန်းရဲအား တိုက်သတ်မှုမှာ တစ်ခုထက်ပိုပါသည်။)
(၄) ဦးသိန်းစိန်အစိုးရသစ်လက်ထက် ၂၀၁၀ မှ ၂၀၁၂ အတွင်း ရေအားလျှပ်စစ် စီမံကိန်းကြီးများ ကန့်ကွက်ခံရခြင်းင့် ရပ်တန့်ခံရခြင်း။
အဖြေ === ယခင်စစ်အစိုးရလက်ထက် ရေအားလျှပ်စစ်စီမံကိန်းများကို ကော်မရှင်ရလျှင်ပြီးရော/ဒေါ်လာရလျှင်ပြီးရော စိတ်ထားဖြင့်..  MOU ထိုးကာ ခွင့်ပြုခဲ့ခြင်း။ လက်မှတ်ထိုးသူ တာဝန်ရှိသူဝန်ကြီးများမှမှ MOU တွင် ဘယ်လိုရေးထားသလဲဆိုတာတောင် သေသေချာချာ မဖတ်ပဲ ဆုံးဖြတ်ခဲ့ကြခြင်း။  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာနှင့် ပြည်သူလူထုကို အကျိုးပြုခြင်းဆိုင်ရာ EIA, SIA များကို လျစ်လျူရှုကာ..ထင်သလိုပြုမူခဲ့ခြင်း။
(၅) အစိုးရသစ်လက်ထက် ၂၀၁၀-၂၀၁၂ တွင် ဖြစ်ပေါ်လာသော နယ်မြေတွင်း တရားမ၀င်/တရားဝင် နည်းများဖြင့် စိမ့်ဝင်ပျံ့နှံ့လာသော ဘင်္ဂလီများကြောင့် အရေးအခင်းများဖြစ်ပွားခြင်း။ ရခိုင်တိုင်းရင်းသားများ သေကြေပျက်စီးခြင်း
အဖြေ === ယခင် စစ်အစိုးရလက်ထက် နိုင်ငံတ၀ှမ်း မကြုံစဖူး အဂတိလိုက်စားမှုကြီးများဖြစ်ပေါ်ခဲ့ပြီး နယ်စပ်ဒေသ (ဘင်္ဂလား) မှ ဘင်္ဂလီများ ငွေပေးလျှင် အလွယ်တကူ ၀င်ရောက်လာခဲ့ခြင်း။ ထိုမှတစ်ဆင့် ပိုမိုများပြားလာခြင်း။ လ၀ကဥပဒေ ခိုင်မာသောလည်း  White card ကို လူဦးရေ ငါးသိန်းနီးပါးကို ထုတ်ပေးထားခြင်းအပြင် လက်ရှိ တရားမ၀င် လူဦးရေ ငါးသိန်းနီးပါး (အဂတိလိုက်စားမှုများအရ) ရခိုင်ပြည်တွင်းတွင် ရောက်ရှိနေခြင်း။ ထို့အပြင် ၁၉၈၉ နောက်ပိုင်းမှဝင်ရောက်လာသော ဘင်္ဂလီများက ရန်ကုန်တွင် အခြေချကာ နိုင်ငံတော်သူဌေးများအဆင့်အဖြစ်ရောက်ရှိနေခြင်။ ထိုသူဌေးများထဲမှ ပြည်ခိုင်ဖြိုးအမတ်များအဖြစ်ရောက်ရှိနေကာ ရိုဟင်ဂျာကို တိုင်းရင်းသားလူမျိုးအဖြစ်သတ်မှတ်ပြီး  စိစစ်ရေးကတ် ပန်းရောင် ထုတ်ပေးရန်တောင်းဆိုသည်အထိ ဆိုးဝါးလားခြင်း။
(၆) ဦးသိန်းစိန် အစိုးရသစ်လက်ထက်တွင် .ရွှေတူးနှင့် သတ္တုတူးဖော်ထုတ်လုပ်သော ကုမဏီ ရာပေါင်းများစွာမှ အစိုးရသစ်သို့ အခွန်ဆောင်ရန် ပျက်ကွက်ခြင်းနှင့် အလုပ်သမားများ ဆန္ဒပြခြင်း။ ပညာရှင်းများ/စစ်ဆေးရေးအဖွဲ့များ ဖြင့် ဖွဲ့စည်းဆာင်ရွက်ခြင်းမရှိသဖြင့်  မြစ်ချောင်းများ ပတ်ဝန်းကျင်ညစ်ညမ်းခြင်း
အဖြေ === ယခင် စစ်အစိုးရလက်ထက် မျက်နှာကြီးသူများ၊ သြဇာရှိသူများနှင့် (တရုတ်) သြဇာခံကုမဏီများအား ရွှေတူးဖော်ခွင့်ပြုခြင်းအပြင် ဒေသအာဏာပိုင်များ ၀င်ရောက်စွက်ဖက်ရန်မလွယ်သော အခြားလုပ်ပိုင်ခွင့်များကို ပေးထားခြင်း။ ရင်းနှီးမြုပ်နှံမှုဥပဒေများ ခိုင်ခိုင်မာမာ မရှိခြင်း။
(၇) အစိုးရသစ်လက်ထက် ၂၀၁၀-၂၀၁၂ ခုနှစ်တွင် အစိုးရ၏ လယ်လုပ်သူများ လယ်ပိုင်ရေးနှင့် လယ်သမားများ လယ်ပိုင်ရေးမျှော်လင့်ချက်များအား ကြိုးစားသမျှ အရာမထင်ခြင်။
ဖြေ  =  စစ်အစိုးရလက်ထက် ၂၀၀၀ ၀န်းကျင်ခန့်မှစတင်ပြီး (ဦးရွှေမန်း၏သားပိုင်ဆိုင်သော) ဧရာရွေှ့ဝါ၊ ၀ါဝါ၀င်း အစရှိသော ကုမဏီကြီးများက လယ်သမားကို စပါးပေး (စိုက်ပျိုးစရိတ်ချေးငွေ) ထုတ်ခြင်းပြီး လယ်များကို အပိုင်ရယူရန်(ချစ်တီး) များကဲ့သို့ ကြိုးစားခဲ့ခြင်း။ ၂၀၀၈ နာဂစ်အပြီးတွင်လယ် (ဦးတေဇပိုင်) ထူး .. စသော ကုမဏီများမှ ပြန်လည်ထူထောင်ရေးအကြောင်းပြကာ လယ်ယာလုပ်ငန်းများတွင် ၀င်ရောက်ရင်းနှီးမြုပ်နှံလာကြခြင်း။ ယနေ့အချိန် ၂၀၁၂ တွင် လယ်လုပ်သူလယ်သမားးများထက် ကုမဏီပိုင်လယ်များ များပြားနေသလို လယ်သမားအများစုမှာ သူရင်းငှား အဖြစ် ကုမဏီလယ်များတွင် ပြန်လည်လုပ်ကိုင်နေရခြင်း။
(၈) အစိုးရသစ်လက်ထက် ၂၀၁၀-၂၀၁၂ တွင် နိုင်ငံအတွင်း အင်အားအကြီုံးဆုံး စီးပွားရေးလုပ်ငန်းစုကြီများ အခွန်ဆောင်မှု နည်းပါးခြင်း
အဖြေ =  စစ်အစိုးရလက်ထက် (၁၉၈၈-၂၀၁၀) မှ အစပြုကာ အစိုးရထိပ်ပိုင်းခေါင်းဆောင်များနှင့် ပလဲပနံသင့်နေသော ကုမဏီများ၊ တပ်မတော်ပိုင် စီးပွားရေးဦးပိုင်လီမိတက်နှင့် စစ်ထောက်ချုပ်ဦးဆောင်သော မြန်မာနိုင်ငံစီးပွားရေးကော်ပိုရေးရှင်း (MEC) အစရှိသည်တို့မှ အခွန်ဆောင်မှု နည်းပါးခြင်းမှစတင်ကာ ယနေ့အချိန်အထိ အခွန်ရှောင်နေကြခြင်း။
(၉) အစိုးရသစ်လက်ထက် နိုင်ငံတကာမှ စီးပွားရေးကန့်သန့်မှုများ ပျက်ပြယ်ကာ စီးပွားရေးပိတ်ဆိုမှုကို လျှော့ချလိုက်သော်လည်း နိုင်ငံခြားရင်းနှီးမြုပ်နှံသူများ မ၀င်သေးခြင်း။
အဖြေ == စစ်အစိုးရလက်ထက် (၁၉၈၈-၂၀၁၀) မှ စတင်ကာ ယနေ့အထိ ပြဌာန်းထားသော နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေများ/အလုပ်သမားဥပဒေများ ခိုင်မာမှုမရှိခြင်း။ နှစ်ပေါင်းများစွာ ..အမိန့်ကြော်ငြာစာများဖြင့်သာ စီမံခန့်ခွဲခဲ့ခြင်း ..။ ယခု အစိုးရသစ်လက်ထက်တွင် ၂၀၁၂ တွင် မခိုင်မာ၊ ခေတ်မမီတော့သော ဥပဒေများကို ပြင်ဆင်ရေးဆွဲပြဌာန်းနေရခြင်း။ 
(၁၀) အစိုးရသစ်လက်ထက် Myanmar အစား Burma ဟုသော အသုံးအနှုန်းကို ကန့်ကွက်ရန်ကြိုးစားခြင်။။ လူငယ်များ တိုင်းရင်းသားများမှ Myanmar - Burma ဟုသော အသုံးအနှုန်းများအား ၀ိဝါဒ သဘောထား ကွဲလွဲစပြုလာခြင်း။  
အဖြေ ==== ယခင်စစ်အစိုးရလက်ထက် ၁၉၈၉ တွင် အင်္ဂလိပ်အသုံအနှုန်းများအား မြန်မာအသံထွက်ဖြင့် စာလုံးပေါင်းရန် သတ်မှတ်ခဲ့ခြင်းကြောင့် Burma ကို Myanmar ဟုသော စကားရပ်ဖြင့် ပြဌာန်းချက်ထုတ်ကာ အာဏာတည်စေခဲ့ခြင်း။
(၁၁) အစိုးရသစ်လက်ထက်တွင် မော်တော်ယာဉ်များအား တင်သွင်းမှု ပေါ်လစီနှင့် အခွန်များ လျှော့ချကာ ပြုပြင်ပြောင်းလဲလိုက်ခြင်းကြောင့် မော်တော်ယာဉ်ပိုင်ဆိုင်သူများ နစ်နာခဲ့ခြင်း။ စီးပွားရေးထိခိုက်လာခြင်း။
အဖြေ === ယခင်အစိုးရလက်ထက်တွင် နှစ်ပေါင်းများစွာ ကားတင်သွင်းမှုကို ကန့်သတ်ကာ ဦးပိုင်ကဲ့သို လုပ်ငန်းရှင်များကိုသာ သီးသန့်ဖွင့်ပေးခဲ့ခြင်းကြောင့် ၁၉၉၀ ခုနှစ်မှ ၂၀၁၀ အတွင်း ကားတစ်စီး၏ပေါက်ဈေးမှာ အဆ ၁၀၀ နီးပါးခန့်တက်သွားခဲ့သဖြင့် ယခုလို ပြုပြင်ပြောင်းလဲမှုများစွာလုပ်ဆောင်နေချိန်တွင် ထိုအချိန်က ကားဈေးမြှင့်ကာဝယ်ယူထားသူများမှာ များစွာနစ်နာခဲ့ခြင်း။
အဲဒီကိစ္စများဟာ .. ၂၀၁၅ အတွင်းမှာ အားလုံး အဆင်ပြေသွားနိုင်ဖို့ မလွယ်ပါ။ အမြစ်ကအစနှုတ်ယူဖို့ ဆယ်စုနှစ်များစွာ အချိန်ယူရမှာပါ။
အစရှိတဲ့ အထုပ်အရှုပ်တွေကို လေ့လာရင်းနဲ့ပဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ  ပုဒ်မ (၄၄၅) ကို ပြန်လည်မြင်ယောင်မိပါတော့တယ်.။
“ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သည် နိုင်ငံတော်
ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ မူဝါဒ
လမ်းညွှန်မှုများ၊ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့်ပြန်တမ်းများ၊ ကြေငြာချက်များကို လည်း
ကောင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံ
တော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး
ကောင်စီတို့၏ ဆောင်ရွက်ချက်များ၊ တာဝန်များနှင့် ရပိုင်ခွင့်များကိုလည်းကောင်း ဆက်ခံသည်။ ယင်းအဖွဲ့
သို့မဟုတ် အဖွဲ့ဝင်တဦးဦး၊ သို့မဟုတ် အစိုးရအဖွဲ့ဝင်တဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များ အပေါ်
အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်းမရှိစေရ။”
ကဲ... ဘယ်လိုလုပ်ကြမလဲ....။
သမ္မတကြီးကတော့ ပြောပါတယ်..။ နောက်ကြောင်းပြန်မလှည့်ကြေး..တဲ့... သူပြောတာကို.. သဘောပေါက်သလိုလိုတော့ ရှိသား။။။
ရန်အောင်..
။မည်သူမဆို Share နိုင်ပါသည်။
 by Yan Aung on Friday, July 6, 2012 at 2:35am ·
'လှေကလေးကိုလှော်မည်၊ ဘေးမသမ်းဘဲ အေးချမ်းတော့သည်' သီချင်း ဆိုပါလေဦး ကြီးကြီး ဘိလပ်ပြန်သန်း
ကေအမ်အက်စ်
အတွဲ ၂၉ ၊ အမှတ် ၅၇၆ (၆ - ၁၂ ၊ ၇ ၊ ၂၀၁၂)
ကြီးကြီးရေ... ဒီနေ့ဒီအချိန် ဒီကာလ မှာ ကျွန်တော်လေ ကြီးကြီးရယ်၊ ပက်ထရစ်ရှာဂိုးလ်ဘုသ်(PGB လေဒီ ဂိုးလ်ဘုသ်)ရယ်၊ အစ်ကိုမိုက်ကယ်ရယ် ကို အရမ်းသတိရနေမိပါတယ်။
ဘာ ကြောင့်လဲဆိုတော့ ကြီးကြီးချစ်တဲ့၊ ကြီးကြီးခေါ်လေ့ရှိတဲ့ 'စု'တစ်ယောက် ၁၃-၆-၂၀၁၂ နေ့ကစပြီး ကြီးကြီးတို့ဆီကို ရောက်နေ လို့ပါပဲ။
ကြီးကြီးတို့ သုံးယောက်သာ သက်ရှိထင်ရှားရှိနေကြမယ်ဆိုရင် အစ်မကိုလာရောက်ကြိုဆို နေကြမယ့်သူတွေထဲမှာ ရှေ့ဆုံးကရှိနေ ကြမယ်ဆိုတာ မျက်စိထဲမှာ မြင်ယောင် နေမိလို့ပါပဲ။
အခုလိုမျိုး အစ်မတစ်ယောက် သွားရလိမ့်မယ်ဆိုတာကို ကျွန်တော်ဖြင့် အိပ်မက်တောင်မမက်ခဲ့ရဲပါဘူး။
ကြီးကြီး တို့ဆို ဘယ်ထင်မိကြပါ့မလဲ။
တကယ် အဟုတ်ပါကြီးကြီးရဲ့။
၁၃-၆-၂၀၁၂ နေ့ မနက် ၉ နာရီကျော်လောက်မှာ ထိုင်းလေကြောင်း TGနဲ့ မြန်မာနိုင်ငံက ထွက်ခွာသွားခဲ့တာပါ။
ခရီးစဉ်က ပထမ ဆွစ်ဇာလန်နိုင်ငံ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်က ကျင်းပတဲ့ ဂျနီဗာမြို့က အစည်းအဝေး၊ ပြီးတော့ နော်ဝေနိုင်ငံ အော်စလိုမြို့က နိုဘယ်ငြိမ်းချမ်းရေးဆု ပေးပွဲအခမ်းအနား၊ ရပ်ဖတိုဆုပေးပွဲ အခမ်းအနား၊ ပြီးတော့ အိုင်ယာလန် နိုင်ငံ ဒဗ္ဗလင်မြို့က လူ့အခွင့်အရေး အတွက် ပေးတဲ့ ဆုအခမ်းအနား၊ ပြီးတော့ ဗြိတိန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်က ပေးတဲ့ ဂုဏ်ထူးဆောင်ဥပဒေ ဒေါက်တာ ဘွဲ့ပေးတဲ့ အခမ်းအနား၊ ၁၉-၆-၂၀၁၂ မှာ ကျရောက်တဲ့ အစ်မရဲ့ ၆၇ နှစ်မြောက် မွေးနေ့အခမ်းအနားကို အစ်ကိုနဲ့ အစ်မ တို့ရဲ့ နေအိမ်မှာ မိသားစုတွေနဲ့ ကျင်းပ မယ့်အခမ်းအနားတွေ တက်ရောက်ဖို့ အစ်မထွက်ခွာသွားခဲ့ပါတယ်။
တကယ်ပါ ကြီးကြီး၊ ယုံလိုက်ပါနော်။
ကြီးကြီးရေ၊ ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလမှာ အစ်မနဲ့ တွေ့ရပြီးနောက်ပိုင်း ကျွန်တော်တို့ဆီမှာ အပြောင်းအလဲတွေ ဟာ အံ့ဩဖို့ ကောင်းအောင် ပြောင်းလဲ လာကြတာဟာ မြန်ဆန်လွန်းလှပါ တယ်။
၂၀၁၁ ခုနှစ်ရဲ့ နှစ်ဝက်ကျော် ကာလတွေဟာ ကြီးကြီးရဲ့ 'စု'အတွက် အပြောင်းအလဲမြန်ဆန်တဲ့ ကာလတွေ ပါပဲ။
'သမိုင်းတစ်ကွေ့ပြောင်းလဲလာမှု လို့' ခေါ်ဆိုရင်လည်း ရပါတယ်။
မဖြစ်နိုင်ပါဘူးဆိုတဲ့ အရာတွေဟာ မထင်မှတ်တဲ့ အနေအထားတွေ ဖြစ်လာလို့ပါပဲ။
တချို့ကတော့ အရွေ့ တစ်ခုလို့ တင်စားကြပါတယ်။
(၁) ၂၀၁၀ နိုဝင်ဘာလ ၁၃ ရက်နေ့ မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာခြင်း၊
(၂) သတင်းလွတ်လပ်ခွင့်လေးများ အနည်းငယ်ဖြစ်ပေါ်လာခြင်း၊
(၃) ဒေါ်အောင်ဆန်းစုကြည်ကို ဧည့်သည်တွေက လွတ်လပ်စွာလာ ရောက်တွေ့ဆုံနိုင်ခြင်း၊
(၄) ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက် နေ့မှာ အရပ်သားဒီမိုကရေစီအစိုးရသစ် တစ်ခု ပေါ်ထွက်လာခြင်း၊
(၅) ၂၀၁၁ ခုနှစ်၊ ဩဂုတ်လမှာ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သမ္မတ အိမ်တော်မှာ တွေ့ဆုံ ဆွေးနွေးကြခြင်း၊ (အဲဒီမှာ ထူးခြားချက်က နိုင်ငံတော် သမ္မတကြီးရဲ့ ဧည့်ခန်းမှာ အမျိုးသား ခေါင်းဆောင်ကြီး တပ်မတော်ဖခင်ကြီး အစ်မရဲ့ဖေဖေ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံကို ချိတ်ဆွဲထားတာကို မြင်တွေ့ ရတဲ့အတွက် သန်း ၆၀ သော ပြည်သူ တွေက အံ့ဩ ၀မ်းသာစွာဖြင့် ဂုဏ်ယူ ကြပါတယ်။ သမ္မတကြီးဦးသိန်းစိန်ကို လည်း ပြည်သူတွေက လေးစားထောက်ခံ မှု ပြုကြပါတယ်။)
မြန်မာနိုင်ငံမှာ မီဒီယာလွတ်လပ်ခွင့် လေးတွေ တချို့လည်း ရှိလာခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေကို မီဒီယာတွေမှာ ဖော်ပြခွင့်တွေ ပေးခဲ့ ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းတွေကိုလည်း လွတ်လပ်စွာ ဖော်ပြခွင့်တွေ ပေးခဲ့ကြပါတယ်။
အဲသည်လို လုပ်ခွင့်ပေးတယ်လည်းဆို ရော ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို မျက်နှာဖုံးမှာ အပြိုင်အဆိုင် အလု အယက် ဖော်ပြကြတာ တကယ့်ကို မှတ်တမ်းပါပဲ။
ကျွန်တော်ကလည်း ဘယ်ရမလဲ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးခဲ့ဖူးတဲ့၊ မိသားစုလိုနေတဲ့၊ မွေးစား အဒေါ်လို့ ဒေါ်အောင်ဆန်းစုကြည် ခေါ်ဝေါ်ခဲ့တဲ့ ခေတ်ဟောင်းက အဆိုတော်ကြီး 'ဘိလပ်ပြန်သန်း'ဆိုတဲ့ အဒေါ် ကြီးအကြောင်း ဆောင်းပါးရေးတာပေါ့။
တော်ပါသေးရဲ့၊ စာပေစိစစ်ရေးကလည်း ခွင့်ပြုကြပါတယ်။
ကျေးဇူးလည်း တင်မိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ အင်တာဗျူးလုပ်ဖို့ တောင်းဆို ကြတာများ ကြီးကြီးရယ် ကိုသိန်းဦး၊ ကိုဝင်းထိန်တို့မှာ မအားလပ် အောင်ဖြစ် ကြရတာပါပဲ။
ထုတ်ဝေတဲ့ ဂျာနယ်တိုင်းမှာ အစ်မပုံ ပါတဲ့ ဂျာနယ်ဆို ရောင်းအကောင်းဆုံး ပါပဲ။
တချို့က ဘာလုပ်သလဲဆိုတော့ ဟိုတုန်းက ငယ်စဉ်ဘ၀က ဓာတ်ပုံ တွေရော၊ မိသားစုဆွေမျိုးမိတ်ဆွေတွေ နဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေရော၊ ရှားပါးဓာတ်ပုံတွေရော ဂျာနယ်တိုင်းမှာ ဖော်ပြကြတာဟာ အားရစရာပါပဲ။
ကိုယ့်အစ်မပုံပါတဲ့ ဂျာနယ်ဆိုပြီး ကျွန်တော့မှာ ၀ယ်လိုက်ရတာ မပြောပါ နဲ့တော့ ကြီးကြီးရယ်(အဲဒီမှာ ထူးခြားတဲ့ အမျိုးသမီးကြီး တစ်ယောက်ရဲ့ ဓာတ်ပုံ တွေ ပါပါလာတာကို လူတွေက သတိ မထားမိကြဘူး။ မသိတာလည်းပါပါ တယ်။ မသိဆို လွန်ခဲ့တဲ့ ခေတ်ဟောင်း ကာလကဆိုတော့ ဘယ်သိကြတော့ မလဲ။ တချို့ကတော့ နာမည်ကြားဖူး ကြတယ်။ သူ့သီချင်းတွေ နားထောင်ဖူး ကြတယ်။ ခေတ်ဟောင်းမီလိုက်တဲ့သူ တွေဆို သိကြပါတယ်။ အစ်မဖေဖေ ဗိုလ်ချုပ်အောင်ဆန်း နှစ်သက်တဲ့ ခေတ်ဟောင်း အဆိုတော်ကြီး 'ဘိလပ် ပြန်သန်း'ရဲ့ ဓာတ်ပုံပေါ့။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုတွေနဲ့အတူတွဲ ပြီး ပါလာလေ့ရှိတဲ့ခေါင်းမှာ ပ၀ါလေးကို မေးသိုင်းစီးပြီး နေကာပါဝါမျက်မှန် တပ် ထားတဲ့ မြန်မာအမျိုးသမီးကြီး တစ်ယောက်ဟာ အမြဲပဲပါနေတတ်ပါ တယ်။
တစ်ခါတလေ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ခွေးကြီးပါပီ့ကို လက်ကနေ ပွေ့ထားတဲ့ပုံလည်း မြင်ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က အဆိုတော်ကြီး ဘိလပ်ပြန်သန်းကို 'သူ့ရဲ့ မွေးစား အဒေါ်'လို့ ခေါ်ဝေါ်သုံးနှုန်းတတ်ပါ တယ်။
'ကြီးကြီး'လို့လည်း ခေါ်ဆိုပါ တယ်။ (အစ်မတို့မိသားစု ဆွေမျိုးအသိုင်း အ၀ိုင်းဟာ မြန်မာဆန်တဲ့ အခေါ်အဝေါ် မျိုးတွေသာ သုံးစွဲကြပါတယ်။ ဖေဖေ၊ မေမေ၊ ဒေါ်ကြီး၊ ဒေါ်လေး၊ ကြီးကြီး၊ မမ၊ မမတင်လှ၊ မမချော၊ ကိုကိုအေး၊ ကိုကိုဦး၊ ကိုကိုလင်း၊ ကိုထွေး၊ ချိုချို၊ ကိုကိုညီ ဆိုတာတွေ ဆွေမျိုးအသိုင်းအ၀ိုင်းမှာ သုံးနှုန်းတဲ့ အခေါ်အဝေါ်တွေပါပဲ။) အစ်မရဲ့ဘ၀မှာ အဆိုတော်ကြီး ဘိလပ်ပြန် သန်းနဲ့အတူ တန်းတူထားရမယ့် မိတ်ဆွေတစ်ယောက်လည်း ရှိခဲ့ပါတယ်။
PGB လို့ ခေါ်တဲ့၊ ပက်ထရစ် ရှာဂိုးလ်ဘုသ်လို့ ခေါ်တဲ့ အမျိုးသမီးကြီး ပါပဲ။
အစ်မမိသားစုပုံနဲ့ သူ့ပုံဟာလည်း အမြဲပဲပါတတ်ပါတယ်။ PGB ဟာ ၁၉၅၃ ခုနှစ်မှ ၁၉၅၆ ခုနှစ်အထိ မြန်မာ နိုင်ငံမှာ တာဝန်ထမ်း ဆောင်ခဲ့တဲ့ ဗြိတိသျှသံအမတ်ကြီး Mr.Gore Booth ရဲ့ ဇနီးပါပဲ။ (၁၉၉၁ ခုနှစ်၊ ဒီဇင် ဘာလ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့ထုတ်၊ အတွဲ ၂၉၊ အမှတ် ၈၆၊ လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာပါ ပုဂ္ဂိုလ်) အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းဟာ အိန္ဒိယနိုင်ငံမှ ခေါင်းဆောင်ကြီး ဂျာဝါဟာလာနေရူး နဲ့ ခင်မင်ရင်းနှီးခဲ့သလို ဗြိတိသျှနိုင်ငံမှ နိုင်ငံရေးခေါင်းဆောင်များ၊ စစ်ရေး ခေါင်းဆောင်များ နဲ့လည်း ခင်မင် ရင်းနှီးခဲ့ပါတယ်။ လော့ဒ်လူဝီအားလ် မောင့်ဘက်တန် (မြန်မာ) တို့ဆိုလည်း ရင်းနှီးသော မိတ်ဆွေစာရင်းမှာ ပါဝင် ပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာ နိုင်ငံမှာ လာရောက်ပြီး သံတမန်တာဝန် ထမ်းဆောင်ခဲ့ကြတဲ့ သံတမန် တော်တော် များများဟာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိသားစုတွေအပေါ်မှာ လေးလေးစားစား ဂုဏ်ယူစွာနဲ့ ခင်ခင်မင်မင် ဆက်ဆံ ကြပါတယ်။
အထူးသဖြင့် အိန္ဒိယ သံတမန်များ၊ ဗြိတိသျှသံတမန်များဟာ ဗိုလ်ချုပ်အောင်ဆန်း မိသားစုအပေါ်မှာ လေးလေးစားစား ဆက်ဆံလေ့ ရှိပါ တယ်။
၁၉၅၃ ခုနှစ်မှ ၁၉၅၆ ခုနှစ်အထိ မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗြိတိသျှသံအမတ်ကြီး Mr. Gore Booth မိသားစုဟာ ဗိုလ်ချုပ်အောင်ဆန်း မိသားစုအပေါ်မှာ ခင်မင်ရင်းနှီးစွာနဲ့ နိုင်ငံ့ခေါင်းဆောင် မိသားစုသဖွယ် ဆက်ဆံကြပါတယ်။ ဗိုလ်ချုပ်အောင် ဆန်း သားသမီးတွေအပေါ်မှာလည်း မိသားစုသဖွယ် ဆက်ဆံပါတယ်။ (သာဓကအနေနဲ့ပြရရင် သံအမတ်ကြီး ဂိုးဘုသ်မိသားစုက ၁၉၅၄ ခုနှစ်၊ နိုဝင် ဘာလမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုးနှစ် သမီးအရွယ် အောင်ဆန်းစုကြည်ကို အဲလီဇဘက် ဘုရင်မကြီးရဲ့ မိသားစုဝင် လေးဦးရဲ့ ပုံတွေပါဝင်တဲ့ ဓာတ်ပုံစာအုပ် အမှတ်စဉ်(၄) စာအုပ်လေး လက်ဆောင် ပေးခဲ့တာဟာ နှစ်ပေါင်း ၆၀ နီးပါးထိတိုင် အောင် ရှိနေပါသေးတယ်။)
သံအမတ်ကြီး Mr. Gore Booth ဟာ မြန်မာနိုင်ငံမှာ တာဝန်ပြီးဆုံးခဲ့သော် လည်း အိန္ဒိယနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီးအဖြစ် တာဝန်အပေးခံရပါ တယ်။
မြန်မာနိုင်ငံအစိုးရဟာ ၁၉၆၀ ခုနှစ်မှာ ဒေါ်ခင်ကြည်ကို အိန္ဒိယနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခဲ့ပါတယ်။
Mr. Gore Booth မိသားစုဟာ ဗိုလ်ချုပ်အောင် ဆန်း မိသားစုနဲ့ နယူးဒေလီမြို့မှာ ပြန်လည်ဆုံတွေ့ခဲ့ကြပြန်ပါတယ်။
ထိုအချိန်က အဆိုတော်ကြီး ဘိလပ် ပြန်သန်း (ဒိုရာသန်းဧ)ဟာ အိန္ဒိယနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ လက် အောက်ခံအဖွဲ့ အစည်း တစ်ခုမှာ တာဝန် ထမ်းဆောင်နေပါတယ်။
အစ်မဖေဖေနဲ့ ခင်မင်ခဲ့ဖူးတော့ အစ်မမိသားစုနဲ့လည်း ရင်းနှီးခဲ့ကြပါတယ်။
အစ်မဟာ အိန္ဒိယနိုင်ငံမှာ ပညာသင် ကြားပြီး လန်ဒန်မှာ ပညာသင်ကြားဖို့ အခွင့်အရေးရတဲ့အခါ လေဒီဂိုးလ်ဘုသ် မိသားစုက အစစအရာရာ ကူညီစောင့် ရွက်ခဲ့ကြပါတယ်။
ကြီးကြီး ဘိလပ်ပြန် သန်းကလည်း အိန္ဒိယနိုင်ငံကနေ အယ်လ်ဂျီးယားနိုင်ငံ ကုလသမဂ္ဂအဖွဲ့ အစည်းမှာ ပြောင်းရွှေ့တာဝန်ထမ်း ဆောင်ရပြန်ပါတယ်။ အစ်မဟာ ကျောင်းပိတ်ရက်တွေမှာ ကြီးကြီး ဘိလပ်ပြန်သန်းရှိရာ အယ်လ်ဂျီးရီးယား နိုင်ငံကို သွားလည်ပြီး ကြီးကြီးနဲ့အတူ လမှုဝန်ထမ်းတာဝန်တွေကို လုပ်အား ပေးခဲ့ပါတယ်။
ကုလသမဂ္ဂအဖွဲ့အစည်း ကြီးရဲ့ လုပ်ငန်းအတွေ့အကြုံတွေကို ပထမဆုံးယူခဲ့တာပါပဲ။ နောင် ကြီးကြီး ဘိလပ်ပြန်သန်း နယူးယော့ခ် ကုလသမဂ္ဂ ဌာနချုပ်မှာ တာဝန်ထမ်းတော့လည်း အတူလိုက်ပါပြီး ကုလသမဂ္ဂ၀န်ထမ်း အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ထိုစဉ်အချိန်ကတည်းက အစ်မရဲ့ ဘ၀မှာ ကြီးကြီးဒေါ်သန်းဧနဲ့ ပတ်ထရာ ရှာဂိုးလ်ဘုသ်တို့ မိတ်ဆွေရင်းတွေပါပဲ။
အစ်မရဲ့ အိမ်ထောင်ရှင်ဘ၀မှာလည်း ကြီးကြီးတို့နှစ်ယောက်က အစ်မအနား မှာ အမြဲရှိပေးလျက်ပါပဲ။ ၁၉၉၅ ခုနှစ်မှာ ကြီးကြီး ဘိလပ်ပြန် သန်းနဲ့ လေဒီဂိုးလ်ဘုသ်တို့နှစ်ယောက် မြန်မာနိုင်ငံကိုရောက်ရှိခဲ့ပြီး အစ်မရဲ့ခြံ ရှေ့ ဟောပြောပွဲတွေကို အားပေးခဲ့ကြပါ တယ်။
ကြီးကြီးရဲ့ လက်ခုပ်တီးပြီး အား ပေးနေတဲ့ပုံလေးကို ယနေ့ထက်တိုင် မြင်ယောင်နေမိပါတယ်။ အစ်မနဲ့ ကြီးကြီး တို့နှစ်ယောက်ဟာ နောက်ဆုံးတွေ့ဆုံ ကြခြင်းဆိုလည်း မမှားပါဘူး။
ကြီးကြီး ဘိလပ်ပြန်သန်းက ၂၀၀၈ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပြီး လေဒီဂိုးလ်ဘုသ်က တော့ ၁၃-၂-၂၀၁၂ ခုနှစ်က ကွယ်လွန် သွားခဲ့ကြလို့ပါပဲ။
အခုလို အစ်မရဲ့ ဥရောပခရီးစဉ်မျိုးမှာ ကြီးကြီးတို့ နှစ်ယောက်သာ ရှိနေခဲ့မယ်ဆိုရင် ဘယ် လောက်ဝမ်းသာကြမယ်ဆိုတာ ပြော မပြတတ်အောင်ပါပဲ။ အစ်မက ကြီးကြီး တို့ဆီရောက်နေပေမယ့် ကြီးကြီးတို့က မရှိကြတော့ပါဘူး။
အစ်မကို ဆွစ်ဇာလန်သမ္မတကြီးက နိုင်ငံတော်အဆင့် ဂုဏ်ပြုကြိုဆိုပါတယ်။ လုံခြုံရေးကလည်း အပြည့်အ၀ တာဝန် ယူပေးပါတယ်။ နော်ဝေရောက်တော့ လည်း ဘုရင်မင်းမြတ်နဲ့ မိဖုရားကြီးက ဂုဏ်ပြုကြိုဆိုပြီး ညစာစားပွဲနဲ့ တည်ခင်း ဧည့်ခံပါတယ်။
၁၉၉၁ ခုနှစ်က ရခဲ့တဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် ထပ်ဆင့် ဂုဏ်ပြုပါတယ်။ U2 တေးဂီတအဖွဲ့က ဘိုနိုကလည်း နော်ဝေအထိ လာပြီး ကိုယ်ပိုင်လေယာဉ်ပျံနဲ့ ကြိုဆိုပါတယ်။
အစ်မကို အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့ အထိ ပို့ဆောင်ပေးပါတယ်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက ပေး အပ်တဲ့ဆုကို အဖွဲ့ကိုယ်စား ဘိုနိုက ပေး အပ်ပါတယ်။ (မောင်ထိန်လင်းက သူ့ အမေကို နော်ဝေကနေ စောင့်ကြိုနေပါ တယ်) အစ်မရဲ့ ၆၇ နှစ်မြောက် မွေးနေ့ ကိုတော့ အောက်စဖို့ဒ်မှာ မိသားစုနဲ့ အတူ ကျင်းပပါတယ်။
အစ်ကို မိုက်ကယ် နဲ့ ကြီးကြီးတို့နှစ်ယောက်သာ မရှိခဲ့တာ မို့ စိတ်မကောင်းဖြစ်မိပါတယ် ကြီးကြီး။ အောက်စဖို့ဒ်တက္ကသိုလ်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဥပဒေ ပါရဂူဘွဲ့ကို တက် ရောက်ယူခဲ့ပါတယ်။
ချားလ်မင်းသားနဲ့ ကဗီလာတို့ကလည်း ကလဲယားစ်ရင့် အိမ်တော်မှာ ဂုဏ်ပြုခဲ့ပါသေးတယ်။ အစ်မဖေဖေရောက်ခဲ့တဲ့ အမှတ်(၁၀) ဒေါင်းနင်းလမ်းကအိမ်မှာ ၀န်ကြီးချုပ်က ကြိုဆိုဂုဏ်ပြုပါတယ်။ ဗြိတိသျှပါလီမန် အထက်အောက် လွှတ်တော်နှစ်ရပ်စလုံး က ၀က်စ်မင်စတာခန်းမမှာ ဟောပြော ခွင့်ပေးခြင်းခံရတဲ့ ကမ္ဘာပေါ်မှာ ပဉ္စမ မြောက် ပုဂ္ဂိုလ်အဖြစ် မှတ်တမ်းဝင်သွား ပါတယ်။
ပထမဆုံးအမျိုးသမီး၊ အာရှ တိုက်ရဲ့ ပထမဆုံးခေါင်းဆောင်ဆိုတဲ့ ဂုဏ်ပုဒ်တွေ ရရှိခဲ့ပါတယ်။
တမလွန် ဘ၀တွေကနေ 'စု'အတွက် ကြီးကြီးတို့ သုံးယောက် ဂုဏ်ယူနေကြမယ်ဆိုတာ ယုံကြည်ပါတယ် ကြီးကြီး။ 
မြန်မာတိုင်းမ်
သဘောထားကြေငြာချက် လျော့မတွက်နဲ့ 
စက်မှုတက္ကသိုလ်ကျောင်းသားများကွန်ယက်နှင့် မြန်မာနိုင်ငံဝိဇ္ဇာ၊သိပ္ပံတက္ကသိုလ်ကျောင်းသားများကွန်ယက်
ပူးတွဲကြေညာချက်
သဘောထားထုတ်ပြန်ချက်
(၁၃၇၄ ၊ပထမ ၀ါဆိုလပြည့်ကျော်(၂)ရက်)
(၂၀၁၂ ခုနှစ်၊ ဇူလိုင်လ (၅)ရက်)
(၅.၇.၂၀၁၂)
၁၉၆၂ခုနှစ်၊ ဇူလိုင်လ (၇)ရက်နေ့ဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်အံတုခဲ့တဲ့ တက္ကသိုလ်ကျောင်းသားများ ရဲ့ အသက်သွေးပေါင်းများစွာ ပေးဆပ်ခဲ့ရတဲ့ နှစ်(၅၀) ပြည့်တဲ့နေ့ ဖြစ်တယ်။ ဇူလိုင်လ(၇)ရက်နေ့မှာ စက်မှုတက္ကသိုလ် ကျောင်းသားများ ကွန်ယက်နှင့် မြန်မာနိုင်ငံ ၀ိဇ္ဇာ၊သိပ္ပံ တက္ကသိုလ် ကျောင်းသားများ ကွန်ယက်မှ ၀မ်းနည်းခြင်း အထိမ်း အမှတ်အဖြစ် အနက်ရောင် အ၀တ်များ ၀တ်ဆင်၍ နိုင်ငံလုံးဆိုင်ရာ လှုပ်ရှားမှုများကို ဖေါ်ဆောင်ခြင်း၊ အထက်ဗမာပြည် နှင့် အောက်ဗမာပြည်ရှိ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တို့က နှစ်(၅၀) ပြည့် 7 - JULY အောက် မေ့ဖွယ် အခမ်းအနားများ ကျင်းပခြင်း တို့ကို ပြုလုပ်သွားမည် ဖြစ်သည်။ ယင်းကဲ့သို့ နှစ်(၅၀) ပြည့် ရွှေရတု 7 - JULY အ ခမ်းအနားများကို နိုင်ငံတ၀ှမ်းလုံးတွင် ကျင်းပပြုလုပ်သွားမည့် ကိစ္စရပ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အ စည်းများမှ တာဝန်ရှိသူများက ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (အထက်ဗမာပြည်) လုပ်ငန်း ကော်မတီနှင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီမှ ကျောင်းသား ခေါင်းဆောင်များ အပါအ၀င် ဗမာတစ်ပြည်လုံးရှိ ခရိုင်အသီးသီးမှ ကျောင်းသား ခေါင်းဆောင်များကို ခေါ်ယူတွေ့ဆုံပြီး ခြိမ်းခြောက်၊ တားမြစ်၊ ပိတ်ပင်ခြင်း များ ပြုလုပ်လျက် ရှိနေပါသည်။ ယင်းကဲ့သို့ အာဏာပိုင်များမှ ပြုမူ ဆက်ဆံပုံများသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံး အ ကောင်အထည် ဖော်ဆောင်နေသည့် လမ်းကြောင်းမှ သွေဖယ်နေသလို မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီစနစ် နှင့် ပတ်သက်ပြီး ကျွန်ုပ်တို့ စက်မှုတက္ကသိုလ် ကျောင်းသားများ ကွန်ယက်နှင့် မြန်မာနိုင်ငံ ၀ိဇ္ဇာသိပ္ပံ တက္ကသိုလ် ကျောင်းသားများ ကွန်ယက် နှစ်ခုမှ မေးခွန်းများ ထုတ်ရတော့မည် ဖြစ်သည်။ ထို့ကြောင့် ယခု ကြုံတွေ့နေရသည့် ဖြစ်ရပ်များနှင့် ပတ်သက်၍ ပြင်းထန်စွာ ရှုံ့ချလိုက်ပြီး ခြိမ်းခြောက် ဟန့်တား နှောင့်ယှက်မှုများကို သက်ဆိုင်ရာ အာဏာပိုင်များမှ ချက်ချင်း လက်ငင်း ရပ်တန့်ပေးရန် ကျွန်ုပ်တို့ ကွန်ယက်နှစ်ခုမှ သဘောထား ထုတ်ပြန် ကြေညာလိုက်သည်။
စက်မှုတက္ကသိုလ်ကျောင်းသားများကွန်ယက်နှင့်မြန်မာနိုင်ငံဝိဇ္ဇာ၊သိပ္ပံ တက္ကသိုလ်ကျောင်းသားများကွန်ယက်
သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ
(၅.၇.၂၀၁၂)
ပိတ်လို့ ရရင် ပိတ်စမ်းပါ မင်းတို့ တားဆီးနိုင်တားထားလိုက်..စည်းမကျော်စေနဲ့ ...
“ချိန်ခြောက် လို့ နောက်တွန့်တက်ရင် ခွတ်ဒေါင်းဘယ်မည်လိမ့်မလဲ”
ငါတို့ ကြေငြာချက် က သေမင်းတမာန် လား .. ကျောက်စာလား သိဖို့ အချိန်ကပေတံမဟုတ်ဘူး...ငါတို့ ကြေငြာချက် က မင်းတို့ အတွက် ငရဲပြည် ဘဲ...ကျောင်းသားသမိုင်း မှာ ဘယ်တော့မှမရိုင်းစေရဘူး..မှတ်...။
တိုင်းရင်းသားတန်းတူရေး လွှတ်တော်က ဥပဒေပြဋ္ဌာန်းပေးသင့်ဟု သမ္မတပြော
ရန်ကုန် (မဇ္ဈိမ) ။         ။ သမ္မတ နှစ်ဦး ဦးဆောင်ပါဝင်ဖွဲ့စည်းထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ဗဟိုကော်မတီ၏ ပထမဆုံး အစည်းအဝေးတွင် တိုင်းရင်းသားတို့ တန်းတူအခွင့်အရေးရရှိရန် လွှတ်တော်မှ ဥပဒေ
ပြဋ္ဌာန်းဆောင်ရွက်ပေးသင့်ကြောင်း သမ္မတ ဦးသိန်းစိန်မှ မှာကြားသည်ကို နိုင်ငံတော် သမ္မတရုံး အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။
နေပြည်တော် သမ္မတ အိမ်တော်တွင် ဇွန်လ ၃ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စု
ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ဗဟိုကော်မတီ
နှစ်လပြည့် သည့်နေ့ ပထမဆုံးစည်းဝေးမှုတွင် တိုင်းရင်းသားများ အခွင့်အရေး အတွက် ဥပဒေ တရပ် ပြဋ္ဌာန်းမှသာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပိုမိုအောင်မြင်မည် ဟုလည်း သမ္မတ ဦးသိန်းစိန်က ပြောသွားသည်။
"တိုင်းရင်းသားများအတွက် အသက်တမျှ အရေးကြီးတဲ့ ဥပဒေတရပ်ပြဋ္ဌာန်းထားသော တန်းတူရည်တူ အခွင့်အရေးများနဲ့ အခြား
သော တိုင်းရင်းသားများ အခွင့်အရေးများကို လွှတ်တော်မှ လေ့လာသုံးသပ်ပြီး ဥပဒေ ပြဋ္ဌာန်းပေးမယ်ဆိုရင် မိမိတို့ တာဝန်ယူ ဆောင်ရွက်နေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဗဟိုကော်မတီရဲ့ လုပ်ငန်းများ အလျင်အမြန် အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။" ဟု သမ္မတက ပြောသွား သည်။
သမ္မတက "ပြည်ထောင်စု မြန်မာနိုင်ငံကို တိုင်းရင်းသားအားလုံး ပိုင်ဆိုင်ကြသည့်အတွက် တန်းတူရည်တူ ဆက်ဆံမှုနဲ့ တန်းတူရည်တူ အခွင့်အရေးရသင့်သူများ ဖြစ်ကြပါတယ်။ တိုင်းရင်းသားတို့ရဲ့ တူညီတဲ့ အဓိကဆန္ဒဟာ ပြည်ထောင်စု အတွင်း တိုင်းရင်းသား လူမျိုးစုအားလုံး တန်းတူရည်တူ ဆက်ဆံမှုနဲ့ တန်းတူရည်တူ ညီမျှစွာ အခွင့်အရေး ရရှိရေးပင်
ဖြစ်ပါတယ်။" ဟုလည်း ပြောသွားသည်။
ယင်းအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၃၆၅ တွင်ပါရှိသည့် "နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ မိမိတို့အမြတ်တနိုး ထားရှိသော စာပေ၊ ယဉ်ကျေးမှု အနုပညာနှင့် ဓလေ့ထုံးတမ်းတို့ကို လွတ်လပ်စွာ ပြုစုပျိုးထောင် ဆောင်ရွက်ပိုင်ခွင့် ရှိသည်။" ဟူသည့် အပိုဒ်ကို ကိုးကားထည့်သွင်း ပြောကြားသွားသည်။
ထို့ကြောင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှု မထိခိုက်အောင် လွှတ်တော်မှ ဥပဒေများ ပြဋ္ဌာန်းပေးပါက တိုင်းရင်းသား တို့၏ လိုအင်ဆန္ဒ ပြည့်ဝမည်ဖြစ်ပြီး အမျိုးသား ပြန်လည်ပေါင်းစည်းညီညွတ်ရေးနှင့် တိုင်းရင်းသား ပဋိပက္ခများ
ပြေလည်သွားနိုင်သည်ဟုလည်း ပြောသွားသည်။
စစ်အစိုးရထံမှ ၂၀၁၁ ခုနှစ် မတ်လအတွင် အာဏာလွှဲပြောင်းရယူခဲ့သည့် ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန်က
ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ "စနစ်ဟောင်းမှ စနစ်သစ်သို့ ကူးပြောင်းရာမှာ ပြည်သူတွေဟာ စာရွက်ပေါ် တွင်သာ ကူးပြောင်းခြင်းမျိုး မဟုတ်ဘဲ လက်တွေ့ကျတဲ့ အပြောင်းအလဲကို လိုလားနေခြင်းဖြစ်ပါတယ်။ " ဟုလည်း သမ္မတက ဖြည့်စွက်ပြောကြားသည်။
သမ္မတ ဦးသိန်းစိန် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် မေလ ၃ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ဗဟိုကော်မတီတွင် ဒုသမ္မတ ရာထူးမှ အနားယူသွားပြီ ဖြစ်သည့် သူရသီဟ ဦးတင်အောင်မြင့်ဦး၊ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဒုတိယ ဗိုလ်ချုပ်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးလှမင်း၊ ဗိုလ်ချုပ်ကြီး သိန်းဋ္ဌေးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာ ထွန်းရှင်တို့က အဖွဲ့ဝင်များအဖြစ် ပါဝင်ဖွဲ့စည်းထားသည်။
မျိုး သန့် 
7 July အမှတ်တရကဗျာ
Ko Htoo
မနှစ်ကရေးထားတဲ့ 7 July အမှတ်တရကဗျာလေးပါ။ တိုင်းတပါးနယ်ချဲ့လက်အောက်ကလွတ်မြောက်ဖို့၊ စစ်အာဏာရှင်စနစ်ဆိုးအောက်ကလွတ်မြောက်ဖို့၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အသက်ပေး စွန့်လွှတ်အနစ်နာခံသွားခဲ့ရတဲ့ ကျောင်းသားအပေါင်းတို့ရဲ့ အရိုးတွေဟာ ဟိုးအောက်ဆုံးအလွှာကနေ ရှိနေကြမှာပါ။
မောင်ပါလ 
Thursday, July 5, 2012
ယုံကြည်ချက် အကျဉ်းသား ၃၃၀ ကျန်ရှိသေးကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
ဇော်ဝင်းသန်းနှင့် ကျော်ဆုမွန်
အတွဲ ၂၉ ၊ အမှတ် ၅၇၆ (၆ - ၁၂ ၊ ၇ ၊ ၂၀၁၂)
သတင်းစာရှင်းလင်းပွဲတွင်ဒေါ်အောင်ဆန်းစုကြည်ပြောကြား
နေစဉ်။
ဓာတ်ပုံ-ရတနာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြုစုထားသည့် စာရင်းအရ ယုံကြည်ချက်အကျဉ်းသား ၃၃၀ ခန့် အကျဉ်းထောင်များထဲတွင် ကျန်ရှိနေသေးကြောင်း အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ဇူလိုင်လ ၃ ရက်နေ့က အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသည်။
"ကျွန်မတို့ အမြဲပြောနေတာက အားလုံးကို ပြန်လွှတ်ပေးဖို့ ပြောထား ပါတယ်။ ကျွန်မတို့ ပါတီမှာ ရှိတဲ့စာရင်း အရအယောက် ၃၃၀ ကျန်ပါ သေးတယ်။ ကျွန်မတို့အနေနဲ့ အဲဒီအယောက် ၃၃၀ လွှတ်ဖို့အတွက်ပဲ တောင်းဆိုပေးမှာဖြစ်ပါတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ (က)နှင့်အညီ အကျဉ်းထောင် အသီးသီးမှ နိုင်ငံသားနှင့် နိုင်ငံခြား အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၈၀ ဦးအား ဇူလိုင်လ ၃ ရက်နေ့မှစတင်ပြီး ပြည်ထောင်စုသမ္မတ ဦးသိန်းစိန်က ပြစ် ဒဏ်လွတ်ငြိမ်းခွင့် ပြုခဲ့ပြီး နိုင်ငံခြားသားများအား ပြည်နှင်ဒဏ်ပေးခဲ့သည်။
စာရင်းအရ အကျဉ်းထောင် အသီးသီးမှ နိုင်ငံသားအကျဉ်းသား ၃၇ ဦး၊ နိုင်ငံသားအကျဉ်းသူ ကိုးဦး စုစုပေါင်း ၄၆ ဦးနှင့် နှစ်နိုင်ငံ ချစ်ကြည်ရေး၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေး နှင့် လူမှုရေးအရ ငဲ့ညှာသောအားဖြင့် နိုင်ငံခြားသား အကျဉ်းသား ၃၄ ဦး စုစု ပေါင်း ၈၀ ဦးအား ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ (၁)အရ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်နှင့် ပြည်နှင်ဒဏ် အသီးသီး ပေးခဲ့သည်။
ယခုလွှတ်ပေးခဲ့သူများတွင် ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရသူ ၂၂ ဦးခန့် ပါဝင်သည်ဟု သိရသည်။
အင်းစိန်ထောင်မှ လွတ်မြောက် လာသည့် အကျဉ်းသား ၁၁ ဦးအနက် အမျိုးသားကိုးဦးနှင့် အမျိုးသမီးနှစ်ဦး တို့ဖြစ်သည်။
ထိုသူတို့မှာ အောင်မိုးဇော် (ခ) မိုးသီး၊ စောဖရန်စစ် (ခ)ကျော်ကျော်၊ အန်ထော်နီ(ခ) ထွန်းမြတ်၊ မြင့်ကြိုင်၊ စောနိုင်ဝင်း၊ ရန်နိုင်(ခ)အေးသိန်း၊ ထွန်းမြတ်သူ၊ ဇော်မင်းအောင်၊ စောဝီလျံနှင့် ဇာဏီဦး (ခ)ဇာဇာ၊ အေးအေးနွယ်တို့ ဖြစ်ကြသည်။
အင်းစိန်ထောင်အပြင် ကသာ၊ မြင်းခြံ၊ ကော့သောင်း၊ ပြည်၊ သရက်၊ ဖားအံနှင့် မန္တလေးထောင်များမှလည်း ပါဝင်ရာ ထောင်ဒဏ် အများဆုံး ၅၉ နှစ် ချမှတ်ခံခဲ့ရသော ဗကသမှ ကိုအေးအောင်သည် ဇူလိုင် ၄ ရက်နေ့တွင် လေကြောင်းခရီးဖြင့် ကသာမှ ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာသည်။
မြန်မာအစိုးရသည် ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရသူ ၂၀၀ ခန့် ကို ပြန်လွှတ်ပေးခဲ့ပြီး ယခုနှစ် ဇန်န၀ါရီ လက ၃၀၀ ခန့် လွှတ်ပေးခဲ့သည်။
"ဒီမိုကရေစီနိုင်ငံကို ထူထောင်နေတဲ့ အချိန်မှာ ယုံကြည်ချက်အကျဉ်းသားဆိုတာ မရှိသင့်တော့ပါဘူး။ ကျန်သေးတဲ့သူတွေကိုလည်း မကြာသေးမီလွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်"ဟု ၈၈ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက အေအက်ဖ်ပီကိုပြောသည်။
http://www.myanmar.mmtimes.com/2012/news/576/news10.html
7 July နှစ်(၅၀)ပြည့် အခမ်းအနားအား ပြောင်းရွှေ့ ကျင်းပမည်ကို ကြေညာ ၂၀၁၂-၇-၅
7 July နှစ်(၅၀)ပြည့် အခမ်းအနားအား ပြောင်းရွှေ့ ကျင်းပမည်ကို ကြေညာ
၂၀၁၂-၇-၅
ဗကသများအဖွဲ့ ချုပ်မှ ပြုလုပ်မည့် 7 July နှစ်(၅၀)ပြည့် အခမ်းအနားအား ယခင် တော်ဝင်နှင်းဆီ ခန်းမတွင် ကျင်းပရန် စီစဉ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့်ပြုလုပ်ခွင့်မရပါသဖြင့်  ၈၈
ပါသည်။
ရက်စွဲ။ ။၇-၇-၂၀၁၂ အချိန်။ ။၉း၀၀-မှ-၁၂း၀၀ နေရာ။ ။
၂၈၄/က ၊ ၁၆/၃ ရပ်ကွက်၊ ဝေဇယန္တာလမ်း ၊ သင်္ဃန်းကျွန်းမြို့ နယ်။ရန်ကုန်တိုင်းဒေသကြီး။
http://luthuorthan.blogspot.jp/2012/07/7-july.html
သာသနာကို ကြည်ညိုလွန်းလို့ မြန်မာဦးဇင်း ဖြစ်လိုသူ
အရှင် သရဏ၊ ဓာတ်ပုံ- Reiko's facebook
“မြန်မာကို ကမ္ဘာက လေးစားတာ သာသနာကြောင့်၊ ဒီသာသနာကို ကြည်ညိုလွန်းလို့ မြန်မာ ဦးဇင်းဖြစ်ချင်တဲ့ အရှင် သရဏ ကို သူပျော်သလောက်နေပါစေ” တဲ့၊ တိပဋိက ယောဆရာတော်က ပြောလိုက်တဲ့ စကားပါ။
ဒါဆို မြန်မာ ဦးဇင်းဖြစ်ချင်တဲ့ အရှင် သရဏဆိုတာ ဘယ်သူလဲ။
တိပိဋိက ယောဆရာတော်နှင့် အတူ
သူကတော့ ဟိုး အရှေ့ဥရောပက ကမ္ဘာကျော် ကတ္တီပါ တော်လှန်ရေးခေါင်းဆောင်ကြီး မစ္စတာ ဗားကလပ်ဗ် ဟာဗဲလ် ရဲ့ နိုင်ငံဖြစ်တဲ့ ချက်ရီပတ်ဗလစ် (Czech Republic) နိုင်ငံက ချက်လူမျိုး တဦးပါ။ ဗုဒ္ဓ ဘာသာကို ကြည်ညိုလွန်း လို့ ရှင် သာမဏေ အဖြစ်ခံယူခဲ့တယ်။ မြန်မာစာ မြန်မာယဉ်ကျေးမှုကိုလည်း အလွန် ချစ်မြတ်နိုး လို့ မြန်မာစာ၊ မြန်မာစကားကို လည်း တန်ဘိုးထား ပြောကြားတဲ့ သူပါ။
မကြာသေးခင် ရက်သတ္တပတ်ကမှ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး ဆရာတော် ဦးပညာဝံသကို ဥပဇ္ဈာယ် ဆရာ အဖြစ်ခံ ယူကာ ဗုဒ္ဓဘာသာ ရှင်ရဟန်းဖြစ်လာတဲ့ အရှင် သရဏပါ။
ဥပဇ္ဈာယ်ဆရာတော်နှင့် အတူ
သူဟာ မြန်မာ့မြေကို ခြေမချခင်၊ ထေရ၀ါဒ ရဟန်းတပါးအဖြစ် မရခင်ကတည်းက မြန်မာစာ၊ မြန်မာစကား ကို ကောင်းမွန် ပိုင်နိုင်စွာ ပြောကြားနိုင်ရုံ မကပါဘူး။ ချက်-မြန်မာ အဘိဓာန်စာအုပ်ကို လည်း ပြုစုထားနိုင် သူတဦးပါ။
အရှင် သရဏ ပြုစု ထားတဲ့ ချက်-မြန်မာ အဘိဓာန်စာအုပ်ဟာ ပထမဆုံးဖြစ်ပါလိမ့်မယ်။ ဒီအရင် ချက်-မြန်မာ အဘိဓာန်ဆိုတာ မကြားဖူးခဲ့ ပါဘူး။
သီရိလင်္ကာနိုင်ငံ..ကိုလံဘိုမြို့ မှာ သွားရောက်နေထိုင်ပြီး ဗုဒ္ဓစာပေ၊ မြန်မာစာတွေ သူက လေ့လာခဲ့တယ်။ တခြား မြန်မာ အပါအ၀င် ဗုဒ္ဓဘာသာ ရှင်ရဟန်းတွေကို သူက အင်္ဂလိပ်စာသင်ပေးတယ်။ သီရိလင်္ကာနိုင်ငံ မှာ နေပြီး သီဟိုဠ် ဘာသာစာပေ၊ စကား လည်း သူက ကျွမ်းကျင်တယ်။ မြန်မာရဟန်းတော်တွေ ထံ ကရော အခြား နေရာများကပါ မြန်မာစာ တတ်မြောက်လာပြီး မြန်မာစာမှာ တော်လွန်းလာတော့ နောက်ဆုံး သူဟာ ချက်-မြန်မာ အဘိဓာန်ကို ရေးသားပြုစုနိုင်ခဲ့ တာပါဘဲ။
အခုလို ချက်လူမျိုး ရဟန်းတော် အရှင် သရဏဟာ မြန်မာနိုင်ငံကို ရောက်ပြီး သူ့ရင်ထဲက အဖြစ်ချင်ဆုံး ကို အခုလိုလည်း ဖွင့်ဟ ထားပါတယ်။
“လူ့ဘဝကို ရတာဟာ ဒုလဘ္ဘတရားဖြစ်တယ်။ ဦးဇင်း ငယ်ငယ်ကတည်းက သူများနားလည်ရင် ကိုယ် နားမလည်သေးဘူး။ခုလို ဗုဒ္ဓဘာသာဖြစ်လာဖို့ မြန်မာနိုင်ငံမှာ ရဟန်းဖြစ် ဖို့ အများကြီးကြိုးစား ခဲ့ရ တယ်။ မြတ်ဘုရား သာသနာမှာ လူဖြစ်ရတာ ဒီဘဝမှာတင် နိဗ္ဗာန်ရောက်အောင်ကြိုးစားရမယ်။ တန်အောင်ကြိုးစားရမယ်” လို့ အရှင်သရဏက ဆိုပါတယ်။
ဒါကြောင့် အရှင် သရဏက ၀ိပဿနာ တရား ဘာဝနာ ကျင့်ကြံပွားများ အားထုတ်ပုံကို အခု ရန်ကုန်မြို့မှာ စနစ်တကျ အနီးကပ် သင်ယူလေ့လာနေပါတယ်။ ၅ နှစ်ကြာရင်တော့ တောရပ်မှာသွားပြီး တရား ကျင့်ကြံ မှာ ဖြစ်ပါတယ်တဲ့။
ကောင်းချီးပေးရန် စောလွန်းနေသေးသောနေ့ရက်များ
(The Star News မှ 5 Apr 2012 ရက်စွဲပါ "Still early days in Myanmar"သတင်းကို ဘာသာပြန်ဆိုသည်။)
မြန်မာနိုင်ငံကို အရေးယူဒဏ်ခတ်ထားသော Sanctions များကိုရုတ်သိမ်းရန် အာဆီယံက တောင်းဆိုနေသည့် အချိန်တွင် ဥရောပသမဂ္ဂ ကလည်း ထိုသို့ပြုလုပ်ရန် စိတ်ဝင်တစားရှိနေသည့် လက္ခဏာရှိသည်။ သို့သော် ထိုသို့ပြုလုပ်ပါက အချိန်မကျခင် အလောတကြီး အလျင်စလို ပြုလုပ်ရာ ရောက်ပေလိမ့် မည်။
မကြာသေးမီက နွေဦးကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ NLD ပါတီ က ၄၅ နေရာအနက် ၄၃ နေရာ အနိုင် ရရှိသွားသည့် သတင်းကိုဖတ်ရခြင်းမှာ အမှန်တကယ်ပင် ကြည်နူးစရာကောင်းသည်။
ယခင်အာဏာပိုင်များက နှစ်ပေါင်း ၂၀ နီးပါး အကျယ်ချုပ်ထိန်းသိမ်းခဲ့သည့်ကြားမှ သူမ၏ ကြာရှည်ခံပေါ်ပြူလာဖြစ်မှုကို စမ်းသပ်သည့် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထောက်ခံမဲ ၉၀ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိသည်ဟု ကနဦးသတင်းများက ဆိုသည်။
တပ်မတော်ကျောထောက်နောက်ခံပြုထားသော အာဏာရပါတီကြီးစိုးထားသည့် နေပြည်တော် မဲဆန္ဒနယ်များတွင်ပင် NLD ပါတီက အနိုင် ရရှိသည်ဟူသော သတင်းများမှာလည်း အလွန်စိတ်ဝင်စားစရာ ကောင်းပေသည်။
ဤအချက်ကိုကြည့်၍ မြန်မာပြည်သူလူထုတစ်ရပ်လုံး တစ်ယောက်မကျန် အပြောင်းအလဲကို မျှော်လင့်နေကြကြောင်း ထင်ရှားပေါ်လွင်နေသည်။ သို့သော် စာရေးသူ၏မိတ်ဆွေ မြန်မာတစ်ဦးပြောသကဲ့သို့ အနုစိတ်သော အဆင့်ပေါင်းများစွာ ကျန်ရှိနေသည်။ အချိန်စောလွန်းနေသေးသည်။
အာဏာရပါတီက လွှတ်တော်ကိုယ်စားလှယ်နေရာ ၆၀၀ ခန့်ကို ထိန်းချုပ်ထားဆဲဖြစ်သောကြောင့် တကယ့်အပြောင်းအလဲ မှန်သမျှ ဖြစ်ပေါ်လာရန်အတွက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဘာတွေဖြစ်လာမလဲဆိုသည်ကို စောင့်ကြည့်ရန် လိုအပ်သည်။ ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်ကိုသာမကပဲ ရွေးကောက်ပွဲမတိုင်မီ အာဏာရပါတီ၏ အပြုအမူများကိုပါ စောင့်ကြည့်ရန် လိုသည်။
မြန်မာနိုင်ငံသည် လူ့အခွင့်အရေးနှင့်ဒီမိုကရေစီ ကျင့်ဝတ်များကို လေးစားလိုက်နာရန် စတင်ကြိုးစား နေသော်လည်း ယခင်က အလွန့်အလွန်အဆိုးဝါးဆုံး မှတ်တမ်းဟောင်းရှိခဲ့သည်။
ရွှေဝါရောင်တော်လှန်ရေးအပါအဝင် ဒီမိုကရေစီဆန္ဒပြပွဲများတွင် လူ့အသက်များသေဆုံးသည်အထိ နှိမ်နင်းဖြိုခွင်းခဲ့သော အစိုးရ၏ ရက်စက်မှု သည် ကမ္ဘာတစ်လွှား ထင်သာမြင်သာသော လူသေဆုံးမှုများစွာတို့အကြား ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့လေသည်။
လုပ်ပိုင်ခွင့်အပေါ် ပွင့်ပွင့်လင်းလင်းစိန်ခေါ်မှုနှင့် ရင်ဆိုင်ရချိန်တွင် မြန်မာအစိုးရက တုန့်ပြန်လာနိုင်ခြင်းအတွက် မည်သူကမှ မကူညီနိုင်သော်လည်း ဝိုင်းဝန်း ပူပန်စိုးရိမ်လျက်ရှိကြသည်။
"မြန်မာနိုင်ငံတွင် အတိုက်အခံများ၏ အယူအဆကို ပွင့်ပွင့်လင်းလင်းအပြည့်အဝ ဖော်ထုတ်ခွင့်ရှိပြီလား၊ လာမယ့်အထွေထွေရွေးကောက်ပွဲမှာ လွတ်လပ်မျှတမှုရှိမှာလား၊ ဒီမိုကရေစီဆန့်ကျင်ရေး နှိမ်နင်းဖြိုခွဲမှုတွေ နောက်ထပ်ရှိဦးမှာလား"စသည့် မေးခွန်းများစွာသည် ယခုတိုင်အဖြေမရှိသေးပါ။
မှန်ပါသည်။ အချိန်တွေစောလွန်းနေသေးသည်။ အာဆီယံဆီက တောင်းဆိုထားသလို၊ ဥရောပသမဂ္ဂကလည်း စိတ်ဝင်စားနေသည့် Sanctions ရုတ်သိမ်းရေးကိစ္စသည် အလျင်လိုလွန်းရာရောက်နေသည်။
အမှန်အတိုင်းပြောရလျှင် မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ဆိုးဆိုးဝါးဝါးရက်စက်မှုများကို အာဆီယံက လုံးဝအရေးတယူ မရှိခဲ့သည့်အပြင် ကုန်သွယ်မှုမှာလည်း လုံးဝမရပ်သွားခဲ့ပါ။ မြန်မာအစိုးရ(ဟောင်း)၏ ရက်စက်မှုများ၊ ပျက်ကွက်မှုများအပေါ် အာဆီယံအဖွဲ့ဝင်များက ငြင်ငြင်သာသာ လူသိရှင်ကြား ဝေဖန်ထောက်ပြမှုမျိုးကိုပင် မတွေ့ရှိရပါ။
အာဆီယံအဖွဲ့၏ ကြားဝင်မစွက်ဖက်ရေးမူဝါဒသည် "လုပ်ချင်ရာလုပ်၊ ဖြစ်ချင်ရာဖြစ်၊ မင်းထိုက်နဲ့မင်းကံ"ဟူသော သဘောတရားနှင့် ကွာခြား ခြင်းမရှိခဲ့ပါ။
သို့ရာတွင် ယခုအခါ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ တရားသောဥပဒေစိုးမိုးရေးတို့ကို မြှင့်တင် ရန် အာဆီယံချာတာတွင် သဘောတူ လက်မှတ်ရေးထိုးကြခြင်းနှင့်အတူ အာဆီယံ၏မူဝါဒသည်လည်း စတင်ပြောင်းလဲ လာပြီဖြစ်သည်။
သို့သော် မြန်မာနှင့် နိုင်ငံတကာဆက်ဆံရေး၊ ပုံမှန်အဆင့်ဖြစ်လာအောင် အာဆီယံက အလျင်စလိုတောင်းဆိုနေခြင်းကို ကြည့်ခြင်းအားဖြင့် အာဆီယံချာတာပါ နားထောင်ကောင်းသော စာသားများကို ထိန်းသိမ်းမြှင့်တင်ကြမှာလားဟု စာရေးသူ သံသယဖြစ်မိသည်။
ထိုနည်းတူစွာ အနောက်အုပ်စုနိုင်ငံများကလည်း မြန်မာအစိုးရနှင့် ပူးပေါင်းလုပ်ကိုင်နိုင်ရေးအတွက် အပြေးအလွှား ခုန်ဝင်ကြရန် အလောတကြီး ဆန္ဒပြင်းပြနေကြခြင်းမှာ ရယ်စရာအကောင်းဆုံးဖြစ်စဉ်တစ်ခုပင်ဖြစ်သည်။
အမှန်အတိုင်းဆိုရလျှင် အဆိုးဝါးဆုံးကာလများ၌ပင် အနောက်နိုင်ငံကုမ္ပဏီများက မြန်မာ့ရေနံ၊ ဓာတ်ငွေ့ ကမ္ဘာတွင် ဆက်လက်လုပ်ကိုင်နေကြခြင်းကြောင့် အနောက်အုပ်စုသည် မြန်မာအစိုးရ(ဟောင်း)နှင့် အပြည့်အဝ အဆက်ဖြတ်ခြင်းလုံးဝ မရှိခဲ့ဘူးပါ။
သို့ဖြစ်ရာ မြန်မာအစိုးရအပေါ် နိုင်ငံတကာကပေးထားသော ဖိအားကလေးအနည်းငယ်ကို ကြားဖြတ်ရွေးကောက်ပွဲရလဒ်အပေါ် အလွယ်တကူ အခြေခံ၍ ရုတ်တရက်ရပ်ဆိုင်းခြင်း မပြုသင့်သေးပါ။ ဒေါ်အောင်ဆန်းစုကြည်ပြောသည့် စကားအတိုင်း ယခုအောင်ပွဲလေးသည် ပြည်သူလူထု၏ အောင်ပွဲသာ ဖြစ်သည်။
မြန်မာပြည်သူများသည် လွတ်လပ်ခွင့်နှင့်ဒီမိုကရေစီအတွက် အချိန်ကြာမြင့်စွာ တိုက်ပွဲဝင်ခဲ့ကြပြီး သူတို့ တတ်နိုင်သလောက် လက်တွေ့ကျကျ လုပ်ဆောင်ခဲ့ကြသည်ဟု စာရေးသူအသိအမှတ်ပြု တင်ပြလိုသည်။ ယခုအခါ မြန်မာအစိုးရကို ပုံမှန်ပြန်လည် ဆက်ဆံခြင်းအားဖြင့် မြန်မာပြည်သူတို့၏ ကံကြမ္မာကို လွှတ်ထားပေးရန်အတွက် အချိန်စောလွန်းနေသည်။
မြန်မာနိုင်ငံမှ ရဲရင့်သောပြည်သူများက သူတို့ ကြာမြင့်စွာစောင့်ဆိုင်းခဲ့ရသော လွတ်လပ်ခွင့်ကို အမှန်တကယ် စတင်ခံစားရပြီဟူသော သဲသဲကွဲကွဲလက္ခဏာများ ထွက်ပေါ်လာချိန်အထိ စာရေးသူတို့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် စိတ်ရှည်သည်းခံ စောင့်ဆိုင်းကြရန် သေချာပေါက် လိုအပ်နေသည်ဟု သုံးသပ်တင်ပြလိုက်သည်။
yangonchronicle
ဥဒါန်းမကြေ 7_July
ဥဒါန်းမကြေ
သမိုင်းမှတ်တမ်းလည်း ၀င်စေ ...။ နောင်တော့် နောင်တော်ကဗျာဆရာ တက္ကသိုလ်ကျောင်းတော်သား၊ အာဏာရှင်ဆန့်ကျင်ခဲ့ကြသူများရဲ့ သက်စွန့်ဆံဖျား ရေးသားသွားခဲ့တာတွေကိုလည်း နှောင်းလူ (မျိုးဆက်သစ်) တို့ သတိထား ဂုဏ်ပြုနိုင်ကြရန် ရည်ရွယ်ရင်း ...
ခင်လွန်း
(Less) 
7-July-1962-PDF
Weekly Eleven 7-39 ဂျာနယ်ဖတ်ကြမလား
Weekly Eleven 7-39 Hady
7 Day News ဂျာနယ် 2012.5.7
7Day News 11-17 Hdwd
ကျောက်ဖြူတွင် သောက်ရေကန် အဆိပ်ခတ်ခံရ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဂြင်းကြီးအုပ်စု ကပိုင်ချောင်းကျေးရွာရှိ သောက်ရေကန် နှစ်ကန်ကို မသမာသူ များမှ အဆိပ်ခတ်သွားကြောင်း သိရှိရသည်။
အဆိုပါ အဆိပ်ခတ်မှုကို ယမန်နေ့ ညနေပိုင်းက ပြုလုပ်သွားခြင်းဖြစ်ကြောင်း ကပိုင်ချောင်းကျေးရွာမှ အမျိုးသမီးတဦးက ပြောသည်။
“ ဘယ်သူခတ်သွားတယ် ဆိုတောတော့မသိဘူး။ ဒီနေ့မနက်က ငါးတွေသေနေတာတွေ့ရပါတယ်။ လူတွေ ထိခိုက်မှုတော့ မရှိသေးပါဘူး။ ဒီနေ့ ကျောက်ဖြူက ဆရာဝန်တွေ စစ်ဆေးဖို့လာမယ်လို့ ပြောတယ်။”
ယခုအခါ ကပိုင်ချောင်းကျေးရွာသို့ ရဲတပ်ဖွဲ့ဝင် ၁၅ ဦးခန့်ရောက်ရှိနေပြီး စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရန် စီစဉ် နေကြောင်းလည်း သူမကဆက်ပြောသည်။
“ ဒီမနေ့မနက်က ရဲတွေရောက်တယ်။ ကျောက်ဖြူက ဆရာဝန်ကြီးတွေ မရောက်သေးတဲ့အတွက် ဘာမှမ လုပ်ကြသေးဘူး။ ရွာသားတွေကို စစ်ဆေးမေးမြန်းတာလည်း မရှိသေးဘူး။ မွတ်ဆလင် လူမျိုး နှစ်ဦးကိုတော့ ရွာက လူတွေ သံသယ ရှိနေကြတယ်။ ဆရာဝန်တွေ အလာကို စောင့်နေကြ တယ်။”
ကပိုင်ချောင်းကျေးရွာမှာ ကျောက်ဖြူမြို့ အရှေ့ဘက် ၁၀ မိုင်ခန့်အကွာတွင် တည်ရှိသည်။
ဇွန်လ ၂၉ ရက်နေ့ကလည်း မြေပုံမြို့ မြို့သူမြို့သားများ သောက်သုံးနေသည့် အထက်တန်းကျောင်း ရှေ့တွင် တည်ရှိသည့် တရာတန်ကို မသမာသူများက အဆိပ်ခတ်ခဲ့သည်။
http://www.narinjara.com/
ညမထွက်ရအမိန့် မလိုက်နာသူများကို စစ်တွေမြို့ တွင် ဖမ်းဆီးစစ်ဆေး
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည်ကို လိုက်နာ မှုမရှိသူများအား ယမန်နေ့ ညနေက လိုက်လံ ဖမ်းဆီးကာ စစ်ဆေးမူများ ရှိခဲ့သည်ဟု သိရသည်။
လုံခြုံရေးကို တိုးမြှင့်ချထားပြီးနောက် ထိုသို့ ဖမ်းဆီးစစ်ဆေးမှုများ ရှိခဲ့ခြင်း ဖြစ်ကြောင်း စစ်တွေမြို့ မြို့သူကြီး ရပ်ကွက်မှ အမျိုးသမီးတဦးက ပြောသည်။
“ မနေ့က ရခိုင်တွေကို ဖမ်းတယ်ဆိုတာက စည်းကမ်း မလိုက်နာတဲ့ အတွက် ဖြစ်ပါတယ်။ ဆိုင်ကယ်တွေနဲ့ ညဥ့် အချိန် မတော် ထွက်နေကြတယ်။ သတ်မှတ်ထားတဲ့ အချိန် မထွက်ပါနဲ့လို့ အာဏာပိုင်တွေက ပြောထားတာကို မလိုက်နာတဲ့ ထွက်တဲ့ အတွက် ဖမ်းဆီး စစ်ဆေး ခံရတာ ဖြစ်ပါတယ်။ တချို့လည်း အဖမ်းခံရတယ်လို့ ကြားပါတယ်။”
ယမန်နေ့ညဥ့်က လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆိုင်ကယ်ဖြင့် သွားလာနေသူတ ချို့ကို မြို့သူကြီးရပ်ကွက် မောင်ရွှေလုံးလမ်းထိပ်တွင် ဖမ်းဆီး စစ်ဆေးမှုများရှိခဲ့သည်ဟု အဆိုပါ ရပ်ကွက်မှ မျက်မြင် ဦးကလည်း ယခုကဲ့သို့ ပြောသည်။
“ညမထွက်ရ အမိန့်ထုတ်ထားပေမဲ့ ည ၈ နာရီ ၉ နာရီအထိ ဆိုင်ကယ်တွေနဲ့ သွားလာ နေတဲ့သူတွေကို ဖမ်းပြီး စစ်ဆေးတာတွေ တွေ့လိုက်ပါတယ်။ သူတို့ကိုလည်း ပြန်လွှတ် ပေးလိုက်တယ်လို့ထင်ပါတယ်။ ပြန်သွားကြ တာ တွေ့လိုက်တယ်” ဟု ဆိုသည်။
အလားတူ စစ်တွေမြို့ ဆေးရုံကြီး အနီးတ၀ိုက်တွင်လည်း ညနေပိုင်း ဆေးရုံလာသူများကို ဖမ်းဆီးမူများ ရှိခဲ့သည်ဟု သိရသည်။
“ ဆေးရုံကို လာကြတာကတော့ လူနာတွေ ကြောင့်ပါ။ မနေ့ ညနေက အဖမ်းအဆီး တချို့ ရှိတဲ့ အတွက် လူတွေက ဆေးရုံကို မလာနိုင်တော့ လူနာတွေ အထူး ဒုက္ခရောက်ခဲ့ကြတယ်လို့ ကြားပါတယ်။ ဒါကြောင့် မသွားမဖြစ် သွားရမယ့် လူတွေအတွက် ပုဒ်မ ၁၄၄ ကြောင့် အခက်အခဲတွေတော့ ရှိနေပါတယ်” ဟု ပြောသည်။
သို့သော်လည်း ကျန်းမာရေးကိစ္စအပါအ၀င် တခြားအရေးပေါ်ကိစ္စများပေါ်ပေါက်လျှင် လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်လံ ပို့ဆောင် ပေးနေသဖြင့် ဆက်သွယ် ဆောင်ရွက်ပြီး သွားလာကြရန် အာဏာပိုင်များက ပြောဆိုထားသည်ဟု ဆိုသည်။
ယခုအခါ စစ်တွေမြို့ အခြေအနေမှာ တည်ငြိမ်နေပြီဟု ပြောဆိုနိုင်သော်လည်း စိတ်ချရသည့်အနေ အထားမ ဟုတ်သေးကြောင်း အစိုးရ၀န်ထမ်းတဦးက ယခုကဲ့သို့ ပြောသည်။
“ ဇူလိုင်လ ၁ ရက်နေ့ ၀န်ထမ်းအိမ်ရာမှာ အိမ်တဆောင် မီးရှို့ခံရတယ်။ နောက်တနေ့ ဘုမေရွာမှာ တစ် ဆောင် လောင်တယ်။ အဲဒီလို တစ်နေ့တစ်ဆောင်လို ဟိုနားကလောင် ဒီနားက လောင် ဖြစ်နေတဲ့ အတွက် အသွားအလာတွေကို ဆင်ခြင်ဖို့ လိုပါတယ်။ လုံခြုံရေးကလည်း အခု တိုးမြှင့်ထားပြီး အသေအချာ ကြတ်မတ်နေတာကို တွေ့နေပါတယ်” ဟု သူက ဆိုသည်။
စစ်တွေမြို့ဈေးကြီးကို ယနေ့စတင်ဖွင့်လှစ်မည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ယနေ့ နံနက်ပိုင်းထိ ဈေးကြီးမဖွင့်သေးကြောင်းနှင့် ဟင်းသီးဟင်းရွက် နှင့် အသား၊ ငါးများရောင်းသည့် ဈေးဆိုင်များကိုသာ ဖွင့်လှစ်ထားသည်ကို တွေ့ခဲ့ရကြောင်း မြို့သူကြီးရပ်ကွက်မှ အမျိုးသမီးက ပြောသည်။
http://www.narinjara.com/