Saturday, June 23, 2012
ငါတို့ မမေ့ဘူးဆဲဗင်းဂျူလိုင်
(ဇော်မြင့် ...ကဗျာ)
ငါတို့မမေ့ဘူးဆဲဗင်းဂျူလိုင်
စစ်အာဏာရှင်ကို ခေါင်းချင်းဆိုင်တိုက်ခဲ့တာ
ကိုအောင်ဆန်း ကိုဗဟိန်းတို့ရဲ့သွေး
အဓိပတိလမ်းပေါ် ရဲရဲဝင့်ဝင့်ရေးလို့
ပြည်တွင်းစစ်မှာတောင်
မသုံးရသေးတဲ့ ဂျီသရီးဂျီဖိုး
မောင်းပြန်ဆိုးတွေနဲ့
ဒေါင်းအလံထိုးဖောက်ခံခဲ့ရတာ
ပေါင်ပြတ်သွားပြီးကျတဲ့သွေးတွေနဲ့
မန္တလေးဆောင်ရဲ့နံရံမှာ
ရေးခဲ့တဲ့ကိုကျော်ဝင်းရေ
စိတ်ချပါ ရွှေရတုမြောက်သွေးမော်ကွန်းအဖြစ်
ရင်ဘတ်တွေပေါ်ရေးခြစ်
သမိုင်းတကွေ့ ဘယ်လိုရွေ့လဲ
ငါတို့မမေ့ဘူးဆဲဗင်းဂျူလိုင်..။
သန်းခေါင်ယံ အိပ်မက်ဆိုးတွေကို
အမြစ်ပြတ်ချေမှုန်းဖို့
ဂျူလိုင်မိုးစက်တွေက ခွန်အားတွေပေးတယ်
တိုင်းပြည်ကို ကောင်းစားစေချင်တဲ့လူမျိုးထဲမှာ
ကျောင်းသားတွေဟာ ထိပ်တန်းကပါတယ်
ဆဲဗင်းဂျူလိုင်က သက်သေပဲ
အလုံးစုံငြိမ်းချမ်းရေးနဲ့လောကပါလတရားတွေရဖို့
ကျောင်းနံရံတဝိုက်မှာ
ဒေါင်းအလံတွေစိုက်ပြီး တိုက်ခဲ့တယ်
ခေတ်ရဲ့တာဝန်တွေကို
ပြတ်ပြတ်သားသားထမ်းခဲ့တဲ့
သမဂ္ဂအိုကြီးဟာ
အိုကေတလုံးကြောင့်
အစိပ်စိပ်အမွှာမွှာကြေခဲ့ရပေမယ့်
ခွပ်ဒေါင်းစိတ်ဓါတ်ဆိုတာကိုတော့
ကျောင်းသားအားလုံးရင်ထဲ သံမှိုစွဲခဲ့တယ်
ငါတို့ ဘယ်လိုမေ့မလဲဆဲဗင်းဂျူလိုင်..။
တက်ကျိုးရင် လက်ထိုးလို့
မြေအုပ်တို့ပြိုလေရာ
ကျောက်အုပ်တို့နဲ့အစားထိုး
ဓားမိုးတဲ့ခေတ်ကိုတော်လှန်
မင်းပေးခဲ့တဲ့အမှန်တရား
ရှင်သန်ကြီးထွားလန်းဆန်း
အသေခံပန်းတွေဟာ
တပွင့်ကြွေလေ နှစ်ပွင့်ဝေလို့
ဟော မနက်ခင်းအသစ်ရဲ့မိုးဖွဲလေးတွေကြားမှာ
ငါတို့တိုင်တည်မိပါပကော
ငါတို့မမေ့ဘူး
ငါတို့ မမေ့ဘူး
ငါ တို့ မ မေ့ ဘူး ဆဲဗင်းဂျူလိုင်....။ ။
နှစ်(၅၀)မြောက်ဆဲဗင်းဂျူလိုင်သို့....
Zaw Myint
on Saturday,
June 23, 2012 at 3:32am ·
မွန်ပြည်နယ်သို့ ၀င်ရောက်လာသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၉၀ ခန့် လူဝင်မှုဥပဒေအရ ထောင်ဒဏ်ချမှတ်
သတင်း Ag Myint Tham
on Saturday, June 23, 2012 at 7:27am ·
By နိုင်ကွန်းအိန်၊ သောကြာနေ့ ဇွန် ၂၂၊ ၂၀၁၂
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သဲခုန်ကျေးရွာကိုဆိုက်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရ်နိုင်ငံသား (၈၄) ဦးကို မြန်မာ အာဏာပိုင်တွေကနေ ဖမ်းဆီးခဲ့ပြီး လူဝင်မှု ကြိကြပ်ရေးဥပဒေပုဒ်မနဲ့ ထောင်ဒဏ် တနှစ် ချမှတ်ခဲ့ပါ တယ်။ ထောင်ချခံဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဟာ ပြီးခဲ့တဲ့လက မွန်ပြည်နယ်အတွင်းကို ဒုက္ခသည် အဖြစ် ၀င်ရောက်လာခဲ့ပြီး ပြန်လည်လွှတ်ပေးရာကနေ အခုတဖန်ပြန်လည်ဝင်ရောက်လာတယ်လို့လည်း ဆိုပါတယ်။ ဒီအခြေအနေအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်ကနေ အခုလိုသတင်းပေးပို့ထားပါတယ်။
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သဲခုန်တံငါစခန်းကိုရောက်လာတဲ့ စက်လှေတစ်စီးပေါ်က ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို ရေးမြို့နယ် လူဝင်မှုကြိကြပ်ရေး ဌာနနဲ့ မြို့နယ်ရဲစခန်းတွေကနေ တရားမ၀င် ပြည်တွင်း ခိုးဝင်မှုဥပဒေနဲ့ အပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ ရေးမြို့၊ မြို့မရဲစခန်းကနေ အတည်ပြု ပြောဆိုခဲ့ ပါတယ်။
မြန်မာ့ပင်လယ်ပြင်ပိုင်နက်ထဲကို ၀င်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို လူဝင်မှုကြိကြပ်ရေး အက် ဥပဒေပုဒ်မ ၁၃/၁ နဲ့ အရေးယူခဲ့တယ်လို့ ရေးမြို့၊ မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။
“ဘင်္ဂလား ဘင်္ဂလီလူမျိုးတွေကို ကျနော်တို့ မော်လမြိုင်အကျဉ်းထောင်ကို ပို့လိုက်ကုန်ပြီ၊ ထားဝယ်အပိုင် ကနေ မိတာ။ ထောင်ဒဏ် တနှစ်စီ ချလိုက် တယ်။ လ.၀.က Act နဲ့။ လှေပေါ်မှာအားလုံး (၈၄) ယောက်။ ပြီးခဲ့တဲ့အပတ်က လူတွေပဲ ပြန်မိတာ။”
ဒီတရားမ၀င် ၀င်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို ပြီးခဲ့တဲ့အင်္ဂါနေ့က ရေးမြို့နယ် တရားရုံး ကနေ အားကစားရုံအတွင်းမှာ ယာယီတရားရုံး ဖွင့်ပြီး စီရင်ချက်ချမှတ်ခဲ့ပြီးတော့ ဇွန်လ (၁၉) ရက်နေ့ မှာ မော်လမြိုင် အကျဉ်းထောင်ကို ပို့ခဲ့တယ်လို့ ရေး မြို့မရဲစခန်းအရာရှိတစ်ဦးက ပြောပါတယ်။
တကယ်တော့ ဒီဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေဟာ မေလ (၂၃) ရက်နေ့ကတည်းက စက်လှေ ပျက်ပြီး ရေးမြို့နယ် ငါးမျှားစခန်းမှာ ၀င်ရောက်လာခဲ့တဲ့ သူတွေ ဖြစ်ပါတယ်။ သူတို့ စက်လှေပြန်အထွက်မှာ စက်လှေချွတ်ယွင်းမှုကြောင့် အခုလို ကမ်းဘက်ကို ပြန်ကပ်လာရတယ်လို့ ဒေသခံ သဲခုန်ကျေးရွာ အမျိုးသမီးတစ်ဦးက မွန်ဘာသာနဲ့ အခုလိုပြောပါတယ်။
“အဲဒီလှေက သဲခုန်ရွာကိုဝင်လာတယ်။ လူ (၈၆) ယောက်ပါလာတယ်။ အဲဒီဆိုက်ရောက်တဲ့နေ့မှာ (၂) ယောက် ပျောက်သွားတယ်။ သူတို့တတွေက ငါးမျှားစခန်းကနေ ထွက်ခွာလာပြီး မန်ကျည်းကျွန်း ကိုရောက်လာတယ်။ အဲဒီမှာလှေပျက်လာပြီးတော့ ကျွန်မတို့ သဲခုန်ရွာဘက်ကို ၀င်လာတယ်။ လှေပြင်ဖို့နဲ့ စက်ဆီဝယ်ဖို့အတွက်လို့ ပြောတယ်။ အခု မြန်မာအာဏာပိုင်တွေက ရေးမြို့ဘက်ကိုခေါ်သွားပြီ၊ သူတို့ တတွေကို။”
မလေးရှားနိုင်ငံကို တရားမ၀င်အလုပ်လုပ်မယ့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား (၈၆) ဦးပါ တန်ကေးစက်လှေ တစီးဟာ စက်ချွတ်ယွင်းမှုကြောင့် ပြီးခဲ့တဲ့မေလ (၂၃) ရက်နေ့က မွန်ပြည်နယ်၊ ရေးမြို့နယ်ကမ်းခြေ ဘက်ကို ဒုက္ခသည်အဖြစ် ရောက်လာခဲ့ပြီးဖြစ်ပါတယ်။ ဒီဒုက္ခသည်တွေဟာ ကပ္ပလီ ပင်လယ်ပြင် ထဲမှာ ရက်ကြာကြာ လှေမျောနေပြီး အစာရေစာငတ်မှုကြောင့် လမ်းခရီးမှာ သေဆုံးမှုတွေလည်း ရှိနေပါတယ်။
ဘင်္ဂလားဒေ့ရှ် စက်လှေပျက်ဒုက္ခသည်တွေရဲ့စားဝတ်နေရေးနဲ့ ယာယီနေထိုင်ရေးအတွက် ဒေသခံ ရွာသားတွေကနေ ကူညီစောင့်ရှောက်ထားပြီး ဒေသခံ အာဏာပိုင်တွေကနေ စစ်ဆေးမေးမြန်းပြီး မူလဒေသကို ပြန်လည် ပို့ဆောင်ပေးခဲ့ရာကနေ အခုတဖန် ပြန်လည်ဝင်ရောက်လာတဲ့အတွက် လူဝင်မှု ကြိကြပ်ရေး အက်ဥပဒေပုဒ်မနဲ့ အရေးယူရခြင်းဖြစ်တယ်လို့ အမည်မဖော်လိုသူ ဥပဒေအရာရှိ တဦးက ပြောပါတယ်။
လက်ရှိအခြေအနေအရ ရခိုင်ပြည်နယ်ဘက်မှာ ဘင်္ဂလီလူမျိုးတွေနဲ့ ရခိုင်ပြည်နယ်သားတွေအကြား တင်းမာမှု ပဋိပက္ခတွေဖြစ်ပွားနေတာကြောင့် မွန်ပြည်နယ်အတွင်း လူမျိုးခြားတွေ ၀င်ရောက်မှာကို စိုးရိမ်နေတယ်လို့ ဒေသခံသံဃာတော်တွေက ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သဲခုန်ကျေးရွာကိုဆိုက်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရ်နိုင်ငံသား (၈၄) ဦးကို မြန်မာ အာဏာပိုင်တွေကနေ ဖမ်းဆီးခဲ့ပြီး လူဝင်မှု ကြိကြပ်ရေးဥပဒေပုဒ်မနဲ့ ထောင်ဒဏ် တနှစ် ချမှတ်ခဲ့ပါ တယ်။ ထောင်ချခံဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဟာ ပြီးခဲ့တဲ့လက မွန်ပြည်နယ်အတွင်းကို ဒုက္ခသည် အဖြစ် ၀င်ရောက်လာခဲ့ပြီး ပြန်လည်လွှတ်ပေးရာကနေ အခုတဖန်ပြန်လည်ဝင်ရောက်လာတယ်လို့လည်း ဆိုပါတယ်။ ဒီအခြေအနေအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်ကနေ အခုလိုသတင်းပေးပို့ထားပါတယ်။
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သဲခုန်တံငါစခန်းကိုရောက်လာတဲ့ စက်လှေတစ်စီးပေါ်က ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို ရေးမြို့နယ် လူဝင်မှုကြိကြပ်ရေး ဌာနနဲ့ မြို့နယ်ရဲစခန်းတွေကနေ တရားမ၀င် ပြည်တွင်း ခိုးဝင်မှုဥပဒေနဲ့ အပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ ရေးမြို့၊ မြို့မရဲစခန်းကနေ အတည်ပြု ပြောဆိုခဲ့ ပါတယ်။
မြန်မာ့ပင်လယ်ပြင်ပိုင်နက်ထဲကို ၀င်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို လူဝင်မှုကြိကြပ်ရေး အက် ဥပဒေပုဒ်မ ၁၃/၁ နဲ့ အရေးယူခဲ့တယ်လို့ ရေးမြို့၊ မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။
“ဘင်္ဂလား ဘင်္ဂလီလူမျိုးတွေကို ကျနော်တို့ မော်လမြိုင်အကျဉ်းထောင်ကို ပို့လိုက်ကုန်ပြီ၊ ထားဝယ်အပိုင် ကနေ မိတာ။ ထောင်ဒဏ် တနှစ်စီ ချလိုက် တယ်။ လ.၀.က Act နဲ့။ လှေပေါ်မှာအားလုံး (၈၄) ယောက်။ ပြီးခဲ့တဲ့အပတ်က လူတွေပဲ ပြန်မိတာ။”
ဒီတရားမ၀င် ၀င်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို ပြီးခဲ့တဲ့အင်္ဂါနေ့က ရေးမြို့နယ် တရားရုံး ကနေ အားကစားရုံအတွင်းမှာ ယာယီတရားရုံး ဖွင့်ပြီး စီရင်ချက်ချမှတ်ခဲ့ပြီးတော့ ဇွန်လ (၁၉) ရက်နေ့ မှာ မော်လမြိုင် အကျဉ်းထောင်ကို ပို့ခဲ့တယ်လို့ ရေး မြို့မရဲစခန်းအရာရှိတစ်ဦးက ပြောပါတယ်။
တကယ်တော့ ဒီဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေဟာ မေလ (၂၃) ရက်နေ့ကတည်းက စက်လှေ ပျက်ပြီး ရေးမြို့နယ် ငါးမျှားစခန်းမှာ ၀င်ရောက်လာခဲ့တဲ့ သူတွေ ဖြစ်ပါတယ်။ သူတို့ စက်လှေပြန်အထွက်မှာ စက်လှေချွတ်ယွင်းမှုကြောင့် အခုလို ကမ်းဘက်ကို ပြန်ကပ်လာရတယ်လို့ ဒေသခံ သဲခုန်ကျေးရွာ အမျိုးသမီးတစ်ဦးက မွန်ဘာသာနဲ့ အခုလိုပြောပါတယ်။
“အဲဒီလှေက သဲခုန်ရွာကိုဝင်လာတယ်။ လူ (၈၆) ယောက်ပါလာတယ်။ အဲဒီဆိုက်ရောက်တဲ့နေ့မှာ (၂) ယောက် ပျောက်သွားတယ်။ သူတို့တတွေက ငါးမျှားစခန်းကနေ ထွက်ခွာလာပြီး မန်ကျည်းကျွန်း ကိုရောက်လာတယ်။ အဲဒီမှာလှေပျက်လာပြီးတော့ ကျွန်မတို့ သဲခုန်ရွာဘက်ကို ၀င်လာတယ်။ လှေပြင်ဖို့နဲ့ စက်ဆီဝယ်ဖို့အတွက်လို့ ပြောတယ်။ အခု မြန်မာအာဏာပိုင်တွေက ရေးမြို့ဘက်ကိုခေါ်သွားပြီ၊ သူတို့ တတွေကို။”
မလေးရှားနိုင်ငံကို တရားမ၀င်အလုပ်လုပ်မယ့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား (၈၆) ဦးပါ တန်ကေးစက်လှေ တစီးဟာ စက်ချွတ်ယွင်းမှုကြောင့် ပြီးခဲ့တဲ့မေလ (၂၃) ရက်နေ့က မွန်ပြည်နယ်၊ ရေးမြို့နယ်ကမ်းခြေ ဘက်ကို ဒုက္ခသည်အဖြစ် ရောက်လာခဲ့ပြီးဖြစ်ပါတယ်။ ဒီဒုက္ခသည်တွေဟာ ကပ္ပလီ ပင်လယ်ပြင် ထဲမှာ ရက်ကြာကြာ လှေမျောနေပြီး အစာရေစာငတ်မှုကြောင့် လမ်းခရီးမှာ သေဆုံးမှုတွေလည်း ရှိနေပါတယ်။
ဘင်္ဂလားဒေ့ရှ် စက်လှေပျက်ဒုက္ခသည်တွေရဲ့စားဝတ်နေရေးနဲ့ ယာယီနေထိုင်ရေးအတွက် ဒေသခံ ရွာသားတွေကနေ ကူညီစောင့်ရှောက်ထားပြီး ဒေသခံ အာဏာပိုင်တွေကနေ စစ်ဆေးမေးမြန်းပြီး မူလဒေသကို ပြန်လည် ပို့ဆောင်ပေးခဲ့ရာကနေ အခုတဖန် ပြန်လည်ဝင်ရောက်လာတဲ့အတွက် လူဝင်မှု ကြိကြပ်ရေး အက်ဥပဒေပုဒ်မနဲ့ အရေးယူရခြင်းဖြစ်တယ်လို့ အမည်မဖော်လိုသူ ဥပဒေအရာရှိ တဦးက ပြောပါတယ်။
လက်ရှိအခြေအနေအရ ရခိုင်ပြည်နယ်ဘက်မှာ ဘင်္ဂလီလူမျိုးတွေနဲ့ ရခိုင်ပြည်နယ်သားတွေအကြား တင်းမာမှု ပဋိပက္ခတွေဖြစ်ပွားနေတာကြောင့် မွန်ပြည်နယ်အတွင်း လူမျိုးခြားတွေ ၀င်ရောက်မှာကို စိုးရိမ်နေတယ်လို့ ဒေသခံသံဃာတော်တွေက ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
“ပြည်သူ့သမီး ၆၇ နှစ်” ရေးသူ .. မောင်စွမ်းရည်

ဒီဇိုင်း ko myoe
“ပြည်သူ့သမီး ၆၇ နှစ်”
ရေးသူ .. မောင်စွမ်းရည်
သူ့ခင်ဗျာ မိဘမရှိရှာ
မိခင်လည်း ဆုံး၊ ခင်ပွန်း ဆုံးတော့
လုံးချင်းတကိုယ်၊ အိမ်အိုကြီးမှာ
တဦးသာ။
သူ့မှာ သား နှစ်ယောက်
တယောက်က အင်္ဂလန်မှာ
တယောက်က အမေရိကန်မှာ
သူနေတာက မြန်မာပြည်။
မိတကွဲ၊ ဖတကွဲ၊
လင်တကွဲ၊ သားတကွဲ
တကွဲစီနေ ဗမာမြေမှာ
ကန်ခြေက အိမ်အိုကြီးမှာ
မီးမလာလဲ တယောက်ထဲ
ရေမလာလည်း တယောက်ထဲသာ။
အိပ်ယာဝင်လည်း ဘုရားတရား
အိပ်ယာထလည်း ဘုရားတရား
စန္ဒယားသာ ဖျော်ဖြေရာ။
သို့သော် သူ့မှာ
မြန်မာပြည်သား ပြည်သူများက
သူ့မိသားစု
သူ့ရဲ့ အဖေ၊ သူ့ရဲ့ အမေ
အကိုတွေ မောင်တွေ
ညီမ အမတွေ
တောနေ မြို့နေ
ဝေးနေ နီးနေ
တပြေလုံးမှာ အားလုံးဆွေမျိုး
အဖိုး အဖွား၊ အားလုံး ရှိတယ်
ဘယ်အခါမှ အဖော်မမဲ့
ဆွေလည်း မမဲ့ မျိုးမမဲ့။
ယခု သူ့အသက် ၆၇
နောက် ၁၀ နှစ်မှာ ၇၇
နောက် ၁၀ နှစ် လည်း နောက် ၁၀ နှစ်
၈၇ ပြီး ၉၇
၁၀၀ လွန်လည်း ပြည်သူ့ထဲက သမီးစု
ပြည်သူ့ထဲက အမေစု
ပြည်သူ့အကျိုး ဆထက်တိုး
ကောင်းကျိုးအထွေထွေ မွန်စေသော်
ဒေါင်အိုးတဝေေ၀ တွန်စေသော်ဝ်။ ။
မောင်စွမ်းရည်။
လန်ဒန် မြန်မာမိသားစု နှင့် ဒေါက်တာဒေါ်အောင်ဆန်းစုကြည် တွေ့ ဆုံတဲ့ပွဲ(တိုက်ရိုက်ရုပ်သံ)
ဒီကနေ့ ဇွန်လ ၂၂ ရက်နေ့မှာ လန်ဒန်ကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာမိသားစုတွေ ဆုံတွေ့ကြတဲ့ပွဲပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုတံဆိပ်များနှင့် လန်ဒန်မြို့  မြန်မာ့ယဉ်ကျေးမှုပွဲ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုတံတိပ်များ
လန်ဒန်မြို့  မြန်မာ့ယဉ်ကျေးမှုဆိုင်ရာ
အစီအစဉ်ကိုဒေါက်တာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ခဲ့ပါတယ်။
ဇွန်(၂၂)ရက်နေ့က မြန်မာ့ယဉ်ကျေးမှုဆိုင်ရာ အစီအစဉ်ပြုလုပ်ခဲ့ရာ လန်ဒန်မြို့က တော်ဝင်ပွဲတော်ခန်းမ (Royal Festival Hall)မှာ တွေ့ရတဲ့ ဒေါက်တာ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်မာမာအေး ၊ ကိုဇာဂနာတို့  နှင့်အတူ ထိုပွဲကို မြန်မာနိုင်ငံသားများ အမြောက်အများတက်ရောက်ကြပြီး အဆို အတီး အကများဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ဖျော်ဖြေခဲ့ကြပြီး မေးခွန်းများမေးမြန်းခဲ့ရာ ပြန်လည် ဖြေကြားခဲ့ကြောင်း သိရပါတယ်..။
ဓါတ်ပုံ လူထုအော်သံ
ကိုမြသိန်း
Friday, June 22, 2012
တိုကျိုငလျင်အတွက် မီးသတ်တွင် ဆောင်ရန် ရှောင်ရန် သင်ကြားမှု ရက်ပြောင်းရွှေ့ကြောင်းအသိပေးခြင်း..
ယခုနှစ် နွေအကုန်ဆောင်းအကူးမှာလှုပ်ခတ်မယ့် (ပြင်းအား ၇.၃ အဆင့်ရှိ) အင်အားပြင်းငလျင်အတွက် ဂျပန်ရောက်မြန်မာများလည်း ဆောင်ရန်၊ ရှောင်ရန်နဲ့ ကြိုတင်ကာကွယ်နည်းများအပါအ၀င် ရှေးဦးသူနာပြုနည်း၊ အရေးပေါ်အသက်ကယ်နည်းများနဲ့ စုရပ်(သို့)စုံရပ်တွေ အားလုံးသိရအောင် တာကာဒါနိုဘာဘာ ဘူတာအနီးရှိ ရှင်းဂျူးကုမီးသတ်တွင် ကျွမ်းကျင်သည့် မီးသတ်အရာရှိများမှ ရှင်းလင်းသင်ကြားပို့ချမည့်အ...စီအစဉ်ကို ယခင်က ဇွန်လ ၂၄ ရက်(တနင်္ဂနွေနေ့)တွင် ပြုလုပ်ဖို့ စီစဉ်ထားသော်လည်း မီးသတ်နှင့် မြို့နယ်ရုံးမှ အချိန်နှင့် ရှင်းလင်းပို့ချပေးမည့်သူများ၏ အခက်အခဲများကြောင့် အောက်ပါအတိုင်းပြောင်းလဲလိုက်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။
(နီးစပ်ရာ မိတ်ဆွေများကိုလည်း လက်ဆင့်ကမ်း အသိပေးအကြောင်းကြားပေးစေလိုပါသည်။)
ကျင်းပမည့်နေ့- ဇူလိုင်လ ၁ ရက်(တနင်္ဂနွေနေ့)
ကျင်းပမည့်အချိန်-နေ့လယ် ၂ နာရီမှ ၃း၃၀ အထိ
ကျင်းပမည့်နေရာ- ရှင်းဂျူကု ဗဟိုမီးသတ်ဌာန(တကာဒါနိုဘာဘာ ဘူတာမှ လမ်းလျှောက်လျင် 8 မိနစ်ခန့်၊ အိုလံပစ် ကုန်တိုက်အနီး)
ဆက်သွယ်ရန်- ဒေါ်တင်တင်ဝင်း(၀၉၀ ၈၇၂၀ ၉၀၂၇)၊ မနန်းအိမွန်ချစ်(၀၈၀ ၃၇၁၅ ၅၇၅၂)၊ ဒေါ်ချယ်ရီသန်း(၀၈၀ ၁၂၁၉ ၈၅၃၀)၊ ဦးစိုးဝင်းရှိန်(၀၉၀ ၄၁၂၈ ၄၇၂၅)၊ ဦးမင်းညိုဝမ်း(၀၈၀ ၄၀၆၄ ၆၈၀၆)၊ ဦးဝင်းအောင်(၀၈၀ ၆၅၀၇ ၃၈၀၇)၊ ဦးတိုးကြည်ဆွေ(၀၉၀ ၆၁၉၈ ၁၉၆၂)၊ ဦးမိုးညို(၀၈၀ ၅၆၄၂ ၄၂၁၆)၊ ဦးဟန်ဝင်းထွန်း(၀၈၀ ၆၇၉၁ ၈၄၀၂)၊ ဦးထွန်းဝေ(080 3099 1503)၊ ဦးမောင်သန့်(၀၈၀ ၃၆၉၉ ၆၀၄၅)၊ ကိုထွန်းထွန်း(၀၈၀ ၃၄၃၅ ၀၆၆၃)တို့ထံ ဆက်သွယ်နိုင်ပါတယ်။
မောင်၇ှင်... မိုးသောက်ကြယ် အယ်ဒီတာ
on Friday, June 22, 2012 at 9:30pm ·
"မမေ့အပ်သူ/ မမေ့ရက်သူ"
မောင်ထိန်လင်း၊ သခင်အောင်ဆန်း
တန်လူ့လျှို၊ အိုမိုဒါ မိုဂျိ
ဗိုလ်တေဇ၊ ဦးနောင်ချို
ဗိုလ်ချုပ်အောင်ဆန်း
နာမည်တွေသာ ပြောင်းခဲ့တယ်
တိုင်းချစ်ပြည်ချစ် စိတ်ကမပြောင်းလဲခဲ့။
လူကိုသာ သတ်လို့ရခဲ့မယ်
ခေတ်အဆက်ဆက် သူ့နာမည်ကို သတ်မရခဲ့ ....
"မမေ့အပ်သူ/ မမေ့ရက်သူ"
ဒီမြေမှာမွေး၊ ဒီရေသောက်ပြီး
ဒီမြေဒီရေ အတွက်
တိုင်းချုပ်ပြီး မွေးလာခဲ့သလား
ဒီမြေဒီရေ အတွက်ပဲ ရှင်ခဲ့တယ်
ဒီမြေဒီရေ အတွက်ပဲ သေခဲ့တယ်
ထူးထူးခြားခြား
ပဲပြုတ်နဲ့ နံပြား တော့စားချင်ခဲ့သတဲ့ ။
မောင်ထိန်လင်း၊ သခင်အောင်ဆန်း
တန်လူ့လျှို၊ အိုမိုဒါ မိုဂျိ
ဗိုလ်တေဇ၊ ဦးနောင်ချို
ဗိုလ်ချုပ်အောင်ဆန်း
နာမည်တွေသာ ပြောင်းခဲ့တယ်
တိုင်းချစ်ပြည်ချစ် စိတ်ကမပြောင်းလဲခဲ့။
လူကိုသာ သတ်လို့ရခဲ့မယ်
ခေတ်အဆက်ဆက် သူ့နာမည်ကို သတ်မရခဲ့
တမျိုးသားလုံးရဲ့ ဖခင်
လွတ်လပ်ရေးရဲ့ အရှင်
လွတ်မြောက်ရေးအတွက် သခင်
အို အသင် အောင်ဆန်း ....
ကျုပ်တို့ရဲ့ ခန္ဓာထဲမှာ
သင့်သွေးတို့ မခမ်းသေးပါဘူး။
(မောင်ရင်ငဇေ)
LWIN PWIN
NLABR
တန်လူ့လျှို၊ အိုမိုဒါ မိုဂျိ
ဗိုလ်တေဇ၊ ဦးနောင်ချို
ဗိုလ်ချုပ်အောင်ဆန်း
နာမည်တွေသာ ပြောင်းခဲ့တယ်
တိုင်းချစ်ပြည်ချစ် စိတ်ကမပြောင်းလဲခဲ့။
လူကိုသာ သတ်လို့ရခဲ့မယ်
ခေတ်အဆက်ဆက် သူ့နာမည်ကို သတ်မရခဲ့ ....
"မမေ့အပ်သူ/ မမေ့ရက်သူ"
ဒီမြေမှာမွေး၊ ဒီရေသောက်ပြီး
ဒီမြေဒီရေ အတွက်
တိုင်းချုပ်ပြီး မွေးလာခဲ့သလား
ဒီမြေဒီရေ အတွက်ပဲ ရှင်ခဲ့တယ်
ဒီမြေဒီရေ အတွက်ပဲ သေခဲ့တယ်
ထူးထူးခြားခြား
ပဲပြုတ်နဲ့ နံပြား တော့စားချင်ခဲ့သတဲ့ ။
မောင်ထိန်လင်း၊ သခင်အောင်ဆန်း
တန်လူ့လျှို၊ အိုမိုဒါ မိုဂျိ
ဗိုလ်တေဇ၊ ဦးနောင်ချို
ဗိုလ်ချုပ်အောင်ဆန်း
နာမည်တွေသာ ပြောင်းခဲ့တယ်
တိုင်းချစ်ပြည်ချစ် စိတ်ကမပြောင်းလဲခဲ့။
လူကိုသာ သတ်လို့ရခဲ့မယ်
ခေတ်အဆက်ဆက် သူ့နာမည်ကို သတ်မရခဲ့
တမျိုးသားလုံးရဲ့ ဖခင်
လွတ်လပ်ရေးရဲ့ အရှင်
လွတ်မြောက်ရေးအတွက် သခင်
အို အသင် အောင်ဆန်း ....
ကျုပ်တို့ရဲ့ ခန္ဓာထဲမှာ
သင့်သွေးတို့ မခမ်းသေးပါဘူး။
(မောင်ရင်ငဇေ)
LWIN PWIN
NLABR
ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုဆွေးနွေးပွဲ
ပထမ ခဏနားချိန်တွင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ
ဒီကနေ့ 22.6.2012 မနက် ၉း၀၀ မှ ညနေ ၄း၀၀ အထိ ဗိုလ်အောင်ကျော်လမ်း အောက်ဘလောက်ရှိ House of Media Entertainment (Home) တွင် အမေရိကမှ နိုင်ငံရေးပညာရှင် Dr. Larry Diamond မှနေ၍ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကာလတွင် တွေ့ကြုံရင်ဆိုင်ရမည့် အခက်အခဲများကို တင်ပြဆွေးနွေး သွားခဲ့ပါသည်။ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ မှ ကိုဂျင်မီ၊ ကိုမင်းဇေယျာ၊ ကိုဘသက်အောင် ကျောင်းသားအဖွဲ့အစည်းများမှ ဒီငြိမ်းလင်းတို့အဖွဲ့၊ မြန်မာနိုင်ငံလူငယ်များအစည်းအရုံး (MYU)၊ ရုပ်ရှင်သရုပ်ဆောင် အေးဝတ်ရည်သောင်း၊ အခြားအခြားသော နိုင်ငံရေးလေ့လာလိုသော လူငယ်၊ လူရွယ်များ တက်ရောက်ခဲ့ကြပါသည်။ ဘာသာပြန်အစီအစဉ်ကို စာရေးဆရာ (Atta Kyaw) မှ ကူညီဆောင်ရွက်ပေးပါသည်။
သတင်း By Htet Aung (Albums)
နှစ်ဖက်စလုံးက လူတွေမှာ ပြောစရာတွေချည်းပဲ တဲ့ (မိုးမခ)
ဦးဝင်းတင်နဲ့ စကားပြောဖြစ်သမျှ။
ဒီတပတ်မှာ ဆရာဦးဝင်းတင်နဲ့ စကားပြောဖြစ်တာတွေ ရှိတယ်။ မေးခွန်းနဲ့ အဖြေတွေကို အတိအကျ မရေးတော့ဘူး။ ဆရာ့မိတ်ဆွေ ပါတီကလူငယ်တွေ၊ စာနယ်ဇင်းက သတင်းသမားတွေနဲ့လည်း စကားပြောဖြစ်တာတွေ ရှိတယ်။ တချို့ကို မေးဖြစ်တယ်။ တချို့ကို မမေးဖြစ်ဘူး။ ကိုယ်မေးတာတွေ သူဖြေခဲ့တာ ရှိသလို၊ မိတ်ဆွေတွေ မေးခဲ့တာကိုလည်း သူဖြေခဲ့သမျှ မှတ်စုထုတ်ပြီး ပြန်ရေးလိုက်ပါတယ်။
(၁) ဆရာက အမြဲတမ်း တဦးတည်း သွားလာ နေထိုင်တယ်။ အခြွေအရံလည်း မရှိဘူး။ သူ့အတွက် အဖော်သဟဲလိုတယ်။ ဒါကို လူတွေက အမြဲပြောတယ်။ မေးတယ်။ ဆရာကတော့ သူ့မှာ မလိုဘူးပဲ ပြောတယ်။ သူ့မိတ်ဆွေဟောင်းတွေဆီ သွားရင်လည်း တဦးတည်းပဲ။ ဘတ်စ်မစီးနိုင်တော့လို့သာ ကားငှားစီးတာ။ ကားကြုံလိုက်ပို့ပေးသူတွေနဲ့ လိုက်တာ၊ သွားတာ တွေ့ရတယ်။ အမြဲတန်း ၀ိုင်းဝန်းနေတဲ့ ရဲဘော်တွေ မိတ်ဆွေတွေမပြတ်လို့သာ ဆရာကတော့ တဦးတည်းပဲ သွားလာ နေထိုင်ချင်တယ်လို့ ပြောပါတယ်။
သူက ဒုတ်ကောက်တောင် သယ်ချင်တာမဟုတ်ဘူးတဲ့။ ဒုတ်ကောက်ကို ပြန်သယ်နေရလို့တဲ့။ အခြွေအရံတွေနဲ့လည်း မနေချင်ဘူးတဲ့။ ယစ်မူးမိ၊ သာယာမိမှာ စိုးတယ်လို့ ပြောတယ်။ တဦးတည်း သူ့ကိုယ်ကိုသူ သယ်ဆောင်ပြီး စွမ်းဆောင်နေချင်တာလို့ ပြောတယ်။
(၂) နောက်တချက်က သူက ဧည့်ပရိသတ်၊ မိတ်ဆွေတွေ၊ လူထု လူတန်းစား အားလုံးနဲ့ တံခါးမရှိ ဒါးမရှိပဲ။ မနက်ကနေ ဧည့်သည်တွေ၊ ဖုံးတွေ၊ ပြောဆို တိုင်ပင်နေတာတွေ တိုင်တန်းနေတာတွေဟာ အဆက်မပြတ်ပဲ။ ဘယ်သူ့ကိုမှ ကျောခိုင်းသွားတယ် မရှိဘူး။ အကုန်လုံး တံခါးဖွင့်ထားတာပဲ။ သူ့မှာ ပြောစရာတွေ အများကြီးပဲ။ ပြောနေလိုက်တာမှ၊ သူ့မှာ မေးခွန်းတွေအတွက် အဖြေတွေ အဆင်သင့် ရှိနေသလိုပဲ။
တနေ့ကတော့ သူပြောတယ်။ ငါမောတယ်ကွာ။ ပင်ပန်းတယ်။ ပါတီကော ဒီလှိုင်းစာစောင်ကော။ အလုပ်က နေ့တိုင်းပဲ။ ဧည့်ကလည်း မပြတ်ဘူး။ ဒီနောက်ပိုင်းတော့ ငါ ဆုတ်တော့မယ်တဲ့။ အမြဲတန်းမှာ ဒေါ်စု၊ ဦးတင်ဦး မဟုတ်ရင် ဦးဝင်းတင် တဦးမဟုတ် တဦးက ၀င်ပါနေရတယ်။ လုပ်နေရတယ်။ တခါတလေများ အရူးတွေတောင် လာတယ်တဲ့။ သူက ရယ်ရယ်မောမောပြောတယ်။
(၃) အဲသည်အကြောင်းကို အတည်ပြုချင်လို့ ထပ်မေးတယ်။ ဒါကို အတိအကျ မဖြေပါဘူး။ တဦးကတော့ ဆရာ့ကို နိုင်ငံရေးသမားလို့ မမြင်ချင်ဘူး။ သတင်းစာသမားလို့ပဲ မြင်ချင်တယ်လို့ ပြောမိတယ် တဲ့။ တခါတလေတော့လည်း သူက သတင်းစာဆရာလို ပြောတယ်။ အာလုပ်စကားကလည်း သတင်းသမားလိုပဲ။ ဒါပေမယ့် သူက အတိုက်အခံနိုင်ငံရေးသမားခေါင်းဆောင် တဦးအဖြစ် ကြံ့ကြံ့ခံပြီး ရပ်တည်ပေးနေရတယ်။
အဲသည်တော့ လက်ရှိမှာ ပါတီညီလာခံလုပ်မယ်၊ ညီင်္လာခံဖြစ်မြောက်ရေးကော်မီတီတွေ ဖွဲ့စည်းရေးကိုပဲ အာရုံထားပြီး ပြောနေတယ်။ စည်းရုံးရေးအဖွဲ့တွေ မရှိတော့ ဗဟိုကနေ ရပ်ကျေးအထိ ညီလာခံဖြစ်မြောက်ရေး အခက်အခဲတွေ ရှိတယ်။ ဒါတွေကို အာရုံစိုက်ပြီး ပြောနေတာ များပါတယ်။
(၄) ပါတီမှာ လူဟောင်းတွေ၊ လူသစ်တွေ ပြသနာတွေ ရှိတယ် ဆိုတာ သူကိုယ်တိုင် ၀န်ခံ ပြောဆိုပါတယ်။ အနီးကကော အဝေးက လူတွေကပါ ပါတီနဲ့ ပတ်သက်ရင် အားမလို အားမရတာတွေ၊ လူဟောင်းတွေ လူသစ်တွေ အယူအဆ အသစ် အဟောင်းတွေကို ပြောဆို ဝေဖန်နေကြတာတွေလည်း ရှိတယ်။
သူကတော့ ဒီမိုကရေစီနည်းကျမှုနဲ့ အခုလို အခြေအနေတွေကို ဖြတ်ကျော် ဖြေရှင်းနိုင်မယ်လို့ အပြည့်အ၀ ယုံကြည်နေတယ်။ အရင်တုံးကတည်း နိုင်ငံရေးအကြပ်အတည်း အခက်အခဲတွေကြောင့် ဗဟိုပြု နည်းစနစ်တွေ၊ လူနည်းစုအခြေပြုပုံစံတွေနဲ့ ရင်ဆိုင် လှုပ်ရှားခဲ့ကြရတယ်။ အခုချိန်ကစပြီး ဒီမိုကရေစီနည်းကျ လုပ်ကိုင် အကောင်အထည်ဖော်ကြဖို့ဟာ စိန်ခေါ်မှုပဲ။ ဒါကို ဖြစ်အောင် လုပ်ကြရမယ်လို့ သူကတော့ မောင်းတင်ထားတာပဲ။ လူဟောင်းနဲ့ လူသစ်တွေ လက်တွဲပြီး ဒီမိုကရေစီနည်းကျ လုပ်နိုင်ရမယ်လို့ သူက မျှော်လင့်တယ်။ အဲလိုမလုပ်နိုင်ရင်တော့ ပါတီက ပြန်ပြီး လျော့ကျသွားမှာပဲလို့ပြောတယ်။
(၅) အဲသလို ဆရာတို့ ဦးဝင်းတင်တို့ဖက်က အခက်အခဲတွေ အကြပ်အတည်းတွေ ပြောနေတော့ ဦးသိန်းစိန်တယောက် သမ္မတမိန့်ခွန်းအဖြစ် လူထုကို မီဒီယာကနေ တိုက်ရိုက်ပြောတဲ့ နေ့နဲ့ တိုက်ဆိုင်တယ်။ လွန်ခဲ့တဲ့ တနလာင်္နေ့လောက်ပေါ့။ အဲဒါနဲ့ တွေးမိတာ တခုပြောမိတယ်။ ဆရာတို့ဖက်မှာတောင် လူဟောင်းတွေ၊ လူသစ်တွေ၊ အတွေးဟောင်းတွေ၊ အတွေးသစ်တွေနဲ့ ပဋိပက္ခတွေ၊ မတူညီတာတွေ ငြင်းခုံနေရတာတွေ ရှိနေသေးတာ … ဟိုဖက်က အာဏာလက်ရှိ၊ သြဇာလက်ရှိ၊ ငွေကြေး ဓန ဥစ္စာ လက်ရှိ၊ လက်နက်အင်အား လက်ကိုင်ရှိတဲ့ အစိုးရတွေ၊ တပ်မတော်တွေမှာလဲ အယူအဆတွေ၊ နည်းလမ်းတွေ၊ ရပ်တည်ချက်တွေမှာ ပြသနာတွေ ရှိနေမယ်။ ပြောဆိုစရာတွေ အငြင်းအခုံတွေ အတွင်းထဲမှာ ရှိနေမယ်ဆိုတာ တွေးကြည့်လို့ ရတာပေါ့လို့ ပြောမိတယ်။
ဆရာတို့ဖက်က အနည်းဆုံးတော့ ပွင့်ပွင့်လင်လင်းမေးလို့ရတယ်။ ဖြေချင်တဲ့ သူကလည်း ဖြေချင်ဖြေမယ်။ မဖြေဘဲ နေချင် နေမယ်။ အာဏာလက်ရှိ လက်နက်အင်အား လက်ရှိ သူတို့တွေကတော့ မေးခွန်းလည်း မေးချင်တိုင်း မေးလို့မရ၊ ဖြေချင်တိုင်းလည်း ဖြေလို့မရတော့ ဒါတွေက သူတို့ဆီက အတည်တကျ ထွက်လာဖို့တော့ မလွယ်ဘူး ဆိုတာ သေချာပါတယ်။ တွေးကြည့်ရုံပဲ တွေးလို့ ရတာပေါ့လေ။
ဆရာကတော့ ငါလည်း သည်မှာ အလုပ်က များတော့ ချက်ခြင်း နားမထောင်ရသေးဘူး။ ပြန်ပြီး မသုံးသပ်ရသေးဘူးတဲ့။ ဒါပေမယ့် ဦးသိန်းစိန်တို့ဖက်က စီးပွားရေးတွေ စားဝတ်နေရေးတွေကို ပြည်သူတွေ ပြေလည်အောင်လုပ်ပေးမယ်ဆိုပြီး လျောက်ပြောနေတာမျိုးထက် တကယ် ပြည်သူတွေ အခုတောင်းဆိုနေတဲ့ အလုပ်သမား လယ်သမား ခံစားခွင့်၊ ရပိုင်ခွင့်၊ ကျန်းမာရေး၊ ပညာရေး အာမခံချက်တွေအကြောင်း ပြောသင့်တာ။ ဒါတွေကို စေတနာထားကြောင်း ပြောဆိုရမယ့်အချိန်လို့ အလျင်အမြန် ထောက်ပြသွားပါတယ်။
(၆) ဆရာလူထုစိန်ဝင်း ဆုံးသွားတာနဲ့ ပတ်သက်ပြီး အမှတ်တရ စကားတွေ ပြောကြတယ်။ ဆရာကြီးတွေဟာ ဘ၀တသက်တာလုံး မဆုတ်မနစ် ရဲရဲဝံ့ဝံ့နဲ့ ယုံကြည်ရာ အမှန်တရားနဲ့ တရားမျှတမှုကိုသာ မြုပ်နှံလုပ်ကိုင်သွားကြသူတွေချည်းပဲ။ ပြီးတော့ သူတို့တွေဟာ အချင်းချင်းမှာ လူဟောင်း လူသစ်ဆိုပြီး မတည့်တာတွေ၊ ပဋိပက္ခတွေလည်း မရှိပါဘူး။ အဲသည်အတွက်လည်း သူတို့ဘ၀တွေကို အချိန်အကုန်ခံပြီး ပြောဆိုဆွေးနွေးနေခြင်းလည်း မရှိဘူး။ သူတို့တွေက ရှေ့ဆက်ပြီး ချီတက်နေတဲ့သူတွေချည်းပဲလို့ တွေးနေမိပါတယ်။
သည်တခါတော့ အင်တာဗျူး အမေး အဖြေတွေ မရေးတော့ဘူး။ မေးတာတွေ ဖြေတာတွေ၊ မှတ်ချက်ပေးမိတာတွေကိုပါ ကောက်နုတ်ပြီး ချရေးလိုက်ပါတယ်။ နောက်တပတ်မှာ မေး ဖြေ အင်တာဗျုး ပြန်လုပ်ပါဦးမယ်။
မိုးမခ။ ဇွန် ၂၂၊ ၂၀၁၂
အထက်/အောက် ပါလီမာန်ရဲ့ Westminster Hall မှာမိန့်ခွန်းပြောကြားခွင့်ရတဲ့ဒေါက်တာ ဒေါ်အောင်ဆန်းစုကြည်

ဒုတိယကမ္ဘာစစ် နောက်ပိုင်း ခမ်းနားကြီးကျယ်လှတဲ့ United Kingdom
အထက်/အောက် ပါလီမာန်ရဲ့ Westminster Hall မှာ
မိန့်ခွန်းပြောကြားခွင့်ရတဲ့ နိုင်ငံရပ်ခြားမှ နိုင်ငံ့ခေါင်းဆောင်များ စာရင်း။
၅ဦးမြောက်ကတော့
အနာဂတ်မြန်မာနိုင်ငံရဲ့ ဒေါက်တာ ဒေါ်အောင်ဆန်းစုကြည်ပါ..
7 April 1960 Charles de Gaulle President of France
11 July 1996 Nelson Mandela President of South Africa
17 September 2010 Benedict XVI Pope (state Visit)
25 May 2011 Barack Obama President of the United States
21 June 2012 Dr. Aung San Suu Kyi Union of Myanmar
ဦးဇင်း Venpunna Vamsa တက္ကသိုလ် မြတ်မင်း..။
"ဒေါ်စု ဗြိတိန်ပါလီမန်မိန့်ခွန်း အပြည့်အစုံ"
Aung San Suu Kyi's address to both Houses of Parliament - in full
"ဒေါ်စု ဗြိတိန်ပါလီမန်မိန့်ခွန်း အပြည့်အစုံ"
လွှတ်တော်ဥက္ကဌ၊ ၀န်ကြီးချုပ်၊ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် အမတ်များရှင့် -
ခမ်းနားတင့်တယ်တဲ့ ဒီခန်းမကြီးမှာ စကားပြောဖို့ ဖိတ်ခေါ်ခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီဂုဏ်ပြုမှုရဲ့ ထူးခြားတဲ့ သဘောသဘာဝကိုလည်း ကျမ သတိပြုမိပါတယ်။ ဒီနေရာမှာ စကားပြောဖို့ ခွင့်ပြုသင့်သလား ဒါမှမဟုတ် ဒီအဆောက်အအုံထဲက တခြားတနေရာမှာဘဲ ပြောခွင့်ပေးမလား ဆိုတာတောင် အစောပိုင်းက အငြင်းအခုံဖြစ်ခဲ့တာကိုလည်း သိရှိခဲ့ပါတယ်။ ဒီလိုအခြေအတင် ဆွေးနွေးတာတွေဟာ ကောင်းပါတယ်။ ဒါဟာ ပါလီမန် လွှတ်တော်ရဲ့ အလုပ်ပါဘဲ။
ကျမ အခုဘဲ ဒေါင်းနင်းလမ်းက လာခဲ့တာပါ။ ကျမအတွက် တစိမ်းနေရာတော့ မဟုတ်ပါဘူး။ တီဗွီမှာတင် မကဘဲ ကျမ ဖခင် ဦးအောင်ဆန်း ၁၉၄၇ ခုနှစ်မှာ လုပ်ကြံသတ်ဖြတ် မခံရခင် ၀န်ကြီးချုပ် အက်တလီနဲ့ အတူ လွတ်လပ်ရေး ကိစ္စဆွေးနွေးအပြီး ဒေါင်းနင်း လမ်းရှေ့မှာ ရိုက်ကူးထားခဲ့တဲ့ ဓာတ်ပုံဟာ ထင်ရှားပါတယ်။ ဓာတ်ပုံထဲမှာ သူဟာ ဗြိတိသျှစစ်သုံး ကုတ်အကျီ င်္ရှည်ကို ၀တ်ထားပါတယ်။ သူ မကြုံဖူးတဲ့ အအေးဒဏ်ကို ခံနိုင်အောင် ဗြိတိန် အလာလမ်းမှာ အိန္ဒိယ ခေါင်းဆောင် ဂျဟာဝါလာနေရူးက ပေးလိုက်တာပါ။ ကျမလည်း အပူပိုင်း နိုင်ငံမှာ ၂၄ နှစ်လုံးလုံး နေခဲ့ပြီးတဲ့နောက် ဒီဘက်ကို အလာမှာ အဲလို ကုတ်အကျီ င်္ကိုများ လိုမလားလို့တောင် တွေးခဲ့တာမျိုး ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ နာရီပိုင်းကတော့ ကျမ အဖေ ဓာတ်ပုံ ရိုက်သွားတဲ့ နေရာမှာဘဲ အခု ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းနဲ့ ဓာတ်ပုံရိုက်နေချိန်မှာတော့ မိုးတွေက ရွာနေပါတယ်။ ဒါ ဗြိတိန် ရာသီဥတုပါဘဲ။
ဒုတိယ ကမ္ဘာစစ် အတွင်းက ကျမ ဖခင်ဟာ ဗမာ့လွတ်လပ်ရေး တပ်မတော်ကို တည်ထောင်ခဲ့တာပါ။ လွတ်လပ်တဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ တည်ထောင်ချင်လို့ ဒီတာဝန်ကို သူယူခဲ့တာပါ။ လွတ်လပ်တဲ့ နိုင်ငံတခုနဲ့ ထိုက်တန်တဲ့ နိုင်ငံရေး စနစ်ဟာ ဒီမိုကရေစီ စနစ်သာ ဖြစ်တယ်လို့ သူယုံကြည်ခဲ့ပါတယ်။ ကျမလည်း ဒါကို ယုံကြည်လက်ခံပါတယ်။ ဗြိတိသျှ မဟာမိတ်တပ်ဖွဲ့တွေရဲ့ ဗိုလ်ချုပ်ကြီး ဆလင်းက သူ့ရဲ့ ကိုယ်ရေးမှတ်တမ်းမှာ ကျမဖခင်နဲ့ ပထမဆုံး တွေ့ဆုံပုံ အကြောင်း ရေးထားတာ ရှိပါတယ်။ ဒုတိယ ကမ္ဘာစစ် ပြီးခါနီး ဗမာ့လွတ်လပ်ရေး တပ်မတော်က မဟာမိတ်တွေနဲ့ လက်တွဲဖို့ ဆုံးဖြတ်ပြီး ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်ချုပ်ကြီး ဆလင်းနဲ့ သွားတွေ့တဲ့ အခါမှာ ဗိုလ်ချုပ်ကြီးဆလင်းက ငါတို့ စစ်နိုင်နေလို့ လာပေါင်းတာ မဟုတ်လားလို့ ပြောတဲ့အခါ ကျမ အဖေက ခင်ဗျားတို့ စစ်မနိုင်ရင် လာပေါင်းလို့ ဘာအကျိုးရှိမှာလဲလို့ ပြန်ပြောခဲ့တယ်လို့ သူက ရေးထားပါတယ်။
ကျမ အဖေကို လက်တွေ့သမားလို့ ဗိုလ်ချုပ်ကြီး ဆလင်းက ယုံကြည်ပြီး လက်တွဲလုပ်နိုင်မယ့်သူလို့ မှတ်တမ်းတင်ထားပါတယ်။ အခု အနှစ် ၆၀ ကျော်လာတဲ့ အခါမှာ ကျမလည်း ဖခင်ကြီးလို လက်တွေ့ကျကျ လုပ်နိုင်အောင် ကြိုးစားနေပါတယ်။ ဒါကြောင့်လည်း အခုလို လာရောက်ပြီး လက်တွေ့အကူအညီပေးဖို့ မိတ်ဆွေအနေနဲ့ ဒိုးတူပေါင်ဖက် လာရောက် ပြောကြားနေတာပါ။ အခွင့်အရေးတွေ နှစ်ပေါင်းများစွာ ဆုံးရှုံးနေတဲ့ မြန်မာပြည်သားတွေရဲ့ ဘ၀နဲ့ အခွင့်အလမ်းတွေ အတွက် ပြုပြင်ရေး လုပ်ငန်းတွေကို ကူညီထောက်ခံကြဖို့ ကျမပြောလိုပါတယ်။
ကောင်းမွန်တဲ့ အနာဂတ်ကို လျှောက်လှမ်းနိုင်ဖို့ ကျမတို့ တိုင်းပြည်ဟာ အခုမှ တာစူနေတုန်းပါ။ ကျော်ဖြတ်ရမယ့် တောင်ကုန်းတွေ ချောက်ကမ်းပါးတွေ အခက်အခဲတွေ အများကြီးရှိနေပါသေးတယ်။ ကျမတို့ ကြိုးစားလို့ အခုအခြေအနေထိ ရောက်လာတာပါ။ ဗြိတိန်နဲ့ ကမ္ဘာတ၀ှမ်းက ပြည်သူတွေ ၀ိုင်းကူရင် ဒီထက်ပိုပြီး ခရီးတွင်ပါလိမ့်မယ်။ ပြုပြင်ပြောင်းလဲရေး အကြောင်းဆိုတာဟာ အခု ဒီ ၀က်စ်မင်နင်စတာခန်းမကြီးမှာ ပြောရတာ အသင့်တော်ဆုံးပါဘဲ။ ကျမတို့ တိုင်းပြည်မှာ ပါလီမန် စနစ် ခိုင်မာရေးဟာ အဓိက အကျဆုံး ဖြစ်ပါတယ်။ ဗြိတိသျှ ပါလီမန်ဟာ ကမ္ဘာ့ အဖိနှိပ်ခံတွေရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ပတ်သက်ပြီး စံ ထားရမယ့် အကောင်းဆုံး သင်္ကေတပါဘဲ။ ဒီနိုင်ငံမှာ ဒီလွတ်လပ်ခွင့်တွေဟာ အလိုအလျောက်ရှိနေပြီးသားမို့ အမှုမဲ့ ဖြစ်နေတတ်ကြပါလိမ့်မယ်။ ကျမတို့ မြန်မာနိုင်ငံမှာတော့ ဒီလွတ်လပ်မှုတွေကို နှစ်ပေါင်းများစွာ အနစ်နာခံပြီး တိုက်ပွဲဝင်နေရတာပါ။ လူတွေ အများအပြား စွန့်လွှတ် ဆုံးရှုံးခဲ့ရတာတွေ ရှိပါတယ်။ အခုမှ ဒီစွန့်လွှတ်မှုတွေရဲ့ ရလဒ် အသီးအပွင့်ကို စပြီး မြင်တွေ့စ ရနေတာပါ။
ဥပဒေပြုတဲ့ ဖြစ်စဉ်မှာ ပြည့်သူ့ဆန္ဒကို အကောင်အထည်ဖော်ပေးရမှာ Wesrminster ဟာ ပြောင်မြောက်တဲ့ ဥပမာ ဖြစ်နေတာကြာပါပြီ။ မြန်မာ့ ပါလီမန်ကတော့ အခုမှ အစပဲ ရှိပါသေးတယ်။ ၂၀၁၁ မတ်လမှာ အသက်ဝင်တဲ့ ပါလီမန်ဖြစ်ပြီး ၄၉ နှစ်ကြာခဲ့တဲ့ စစ်အုပ်ချုပ်ရေး ဓလေ့ကို ကျော်လွှားနေရတဲ့ အတွက် မိမိဘာသာရပ်တည်ပြီး ပြောနိုင်ဆိုနိုင်ဖို့ အချိန်ယူရဦးမှာ ဖြစ်ပေမယ့် အရင်ရှိခဲ့တာထက် စာရင် ပိုပြီး ခိုင်မာတယ်လို့ပြောနိုင်ပါတယ်။ ဒါပေမယ့် သိသာမြင်သာမူ ရှိသင့်သလောက် မရှိသေးပါဘူး။
အခြေခိုင်ပြီးသား ပါလီမန် ဒီမိုကရေစီနိုင်ငံတွေကို လေ့လာလိုပါတယ်။ ဒါမှ အချိန်ရလာတဲ့ အခါ ကျမတို့ရဲ့ ဒီမိုကရေစီ ဓလေ့ဟာလည်း နက်ရှိုင်းလာမှာဖြစ်ပါတယ်။ ပါလီမန်စနစ်ကို ယုံကြည်မူ တည်ဆောက်တဲ့ ဖြစ်စဉ်ဟာ ပါလီမန်မကျင်းပမီ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမှာ ပြည်သူလူထု ပါဝင်လာဖို့ ဖြစ်ပါတယ်။ ဒီနှစ်အစောပိုင်းက ရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် ကျမ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
ဒါပေမယ့် ဒီကနေ့အထိ ဘယ်ရွေးကောက်ပွဲမှာမှ ကျမ လွတ်လွတ်လပ်လပ် မဲဆန္ဒ မပေးဖူးပါဘူး။ ၁၉၉၀ ရွေးကောက်ပွဲမှာ နေအိမ်အကျယ်ချုပ် ကနေ ကြိုတင်မဲပေးပါတယ်။ ၀င်ရောက် ယှဉ်ပြိုင်ခွင့်တော့ မရပါဘူး။ နိုင်ငံခြား အကူအညီယူတယ်။ ဘီဘီစီက ကျမဘက်က ပါတယ်လို့ အကြောင်းပြပြီး ရွေးကောက်ပွဲ ၀င်ခွင့်မပေးတာပါဘဲ။
လွန်ခဲ့တဲ့ ရွေးကောက်ပွဲ မတိုင်မီမှာ အသိသာဆုံး ကတော့ နိုင်ငံရေး ဖြစ်စဉ်မှာ ဘယ်လို ပါဝင်ရမယ် ဆိုတာကို မဲဆန္ဒနယ်မြေက ပြည်သူက သိရှိနေတာပဲဖြစ်ပါတယ်။ မဲပေးခွင့် ဆိုတာ လူတိုင်းကို ပေးတာမဟုတ်လို့ အခွင့်သာတုန်း ရယူရမယ်။ ဒီအခွင့်အရေး ဆုံးရူံးရင် ဘာဖြစ်မယ် ဆိုတာကို ပြည်သူတွေ သဘောပေါက် သွားကြတာဖြစ်ပါတယ်။
ကျမ ဗြိတိန်နိုင်ငံမှာ နေစဉ်ကလည်း မဲဆန္ဒပေးခွင့် တစ်ခါမှ မရှိခဲ့ပါဘူး။ တက္ကသိုလ် ကျောင်းသူဘ၀မှာတော့ မဲပေးခွင့် မရှိပေမယ့် မိတ်ဆွေသူငယ်ချင်းတွေကို မဲဆန္ဒ ပေးဖြစ်အောင် ပေးကြဖို့ ဆော်သြပါတယ်။ ကျမ တိုက်တွန်းသလို လုပ်မလုပ်တော့ ကျမ မသိပါဘူး။ ကိုယ်ရထားတဲ့ အခွင့်အရေးကို ကိုယ်က မလေးစားရင် ပျောက်ကွယ် သွားနိုင်ဖွယ်ရှိပါတယ်။ မိမိကိုယ်မိမိ နိုင်ငံရေးထက်မြင့်တယ်လို့ ထင်သူတွေကို ပြောချင်ပါတယ်။ နိုင်ငံရေးကို ကျမတို့ အပေါ်မှာရှိတယ် သို့မဟုတ် အောက်မှာ ရှိတယ်လို့ မမြင်သင့်ပါဘူး။ နိုင်ငံရေးဆိုတာ ကျမတို့ နေ့စဉ်ဘ၀ရဲ့ အစိတ်အပိုင်း တစ်ခုသာ ဖြစ်တယ်။ ကျမ အိမ်ထောင်သည် ဘ၀မှာလည်း လင်ယောင်္ကျားကို နိုင်ငံရေးမှာ ပါဝင်ဖို့ ပြောလေ့ရှိပါတယ်။ ကျမကောင်းကောင်း မှတ်မိနေတဲ့ ဖြစ်ရပ် တစ်ခုရှိပါတယ်။ ကျမတို့ Oxford အိမ်ကို မဲဆွယ်သူတွေလာ တံခါးခေါက်တော့ မိုက်ကယ်က တံခါးဖွင့်ပေးပြီး ငါ့ကို စည်းရုံးနေလို့ အပိုပဲ ငါဘယ်သူ့ကို မဲပေးရမယ်ဆိုတာ ငါ့မိန်းမက ဆုံးဖြတ်တာ သူအပြင်သွားနေတယ်။ နောက်မှ ပြန်လာပါလားလို့ ပြောလိုက်တယ်။ လင်ယောက်ျား မဲပေးဖို့ ဆုံးဖြတ်တဲ့ ဇနီးကို ကြည့်ချင်လို့ ထင်ပါရဲ့ မဲဆွယ်သူဟာ နောက်တစ်ခေါက် ပြန်လာပါသေးတယ်။
မြန်မာတပြည်လုံးမှာ ရွေးကောက်ပွဲ စည်းရုံးရေး ဆင်းခဲ့တာ အခုဆိုရင် ရက် ၁၀၀ တောင် မရှိသေးပါဘူး။ ဧပြီလ ၁ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပတာမို့ April Fool ဆိုတာကို သတိထားမိပါတယ်။ ဒါပေမယ့် April of New Hope ဖြစ်နေပြီး မဲဆန္ဒပေးပွဲဟာ လွတ်လပ်ပြီး တရားမျှတတာ တွေ့ရပါတယ်။
သမ္မတ ဦးသိန်းစိန်ကို ချီးကျူးဂုဏ်ပြု လိုပါတယ်။ ကျမ အရင်တုန်းက ပြောခဲ့တဲ့အတိုင်း နိုင်ငံရေး ကွဲပြားခြားနားမူတွေကို တွေ့ဆုံဆွေးနွေးပြီး ပူးပေါင်း လုပ်ကိုင်ရင် ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်နိုင်အောင် အခိုင်အမာတာဝန်ယူ လုပ်ဆောင်မှာ ဖြစ်ပါတယ်။
မြန်မာပြည်က ရွေးကောက်ပွဲဟာ ဗြိတိန်လို အခြေခိုင်ပြီးသား ဒီမိုကရေစီ နိုင်ငံတွေနဲ့ မတူပါဘူး။ မြန်မာပြည်မှာ လူငယ်တွေ ရွေးကောက်ပွဲတွေကို စိတ်ဝင်စားမူ နည်းပါးတဲ့ ပြသနာ မရှိပါဘူး။ လူငယ်တွေ အများအပြား ပါဝင်လာတာဟာ အားရကျေနပ်စရာ အကောင်းဆုံး ဖြစ်ပါတယ်။ ကလေးငယ်တွေ တက္ကသိုလ် ကျောင်းသားတွေနဲ့ မြို့လုံး လမ်းတလျှောက် ကြိုဆိုကြတဲ့ လူအုပ်ကြီးကို ထိန်းသိမ်းရတာဟာ တကယ့် စိန်ခေါ်မူကြီး ဖြစ်နေပါတယ်။ ရွေးကောက်ပွဲမတိုင်မီမှာ တောင်ကုန်းလေး တစ်ခုပေါ်မှာ အသက် ၁၀နှစ် ၁၁ နှစ် အရွယ် ကလေးတစ်စုနဲ့ သူတို့ခေါင်းဆောင်က NLD အလံထောင်ပြီး ကြိုဆိုနေတာတောင် တွေ့ခဲ့ရဖူးပါတယ်။ ကာလကြာရှည် ငြင်းပယ်ခံခဲ့ရတဲ့ အခွင့်အရေးတွေကို မဲဆန္ဒရှင်တွေက လိုချင်စိတ် ပြင်းထန်နေတာပဲ ဖြစ်ပါတယ်။
၁၉၄၈မှာ မြန်မာပြည် လွတ်လပ်ရေးရတော့ ဗြိတိန်မှာ ကျင့်သုံးတဲ့ စနစ်ကို အခြေခံတဲ့ ပါလီမန် စနစ်ကို ကျင့်သုံးတဲ့အတွက် မြန်မာလို ပါလီမန်ခေတ်လို့ ခေါ်ပါတယ်။ ကျမတို့ ပါလီမန်စနစ်ဟာ ၁၉၆၂ အထိ ခံခဲ့ပါတယ်။ အပြစ်ကင်းစင်တဲ့ စနစ်မဟုတ်ပေမယ့် တိုတောင်းလှတဲ့ လွတ်လပ်ရေးခေတ်မှာ အတိုးတက်ဆုံးနဲ့ အလားအလာ အရှိဆုံး ဖြစ်ပါတယ်။ အဲဒါကြောင့် မြန်မာကို အရှေ့တောင်အာရှမှာ အောင်မြင်မယ့် အလားအလာ အရှိဆုံး တိုင်းပြည်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
ဒါပေမယ့် မျှော်မှန်းထားတိုင်း ဖြစ်မလာတတ်တာတွေဟာ မြန်မာနိုင်ငံတင် မက နေရာတိုင်းမှာ ရှိခဲ့ပါတယ်။ အခုတခါ စစ်မှန်တဲ့ ဒီမိုကရေစီ မြန်မာပြည်မှာ ပြန်လည် တည်ဆောက်နိုင်မယ့် အခွင့်အလမ်း ပေါ်လာပါပြီ။ ဒီအခွင့်အလမ်းကို အသုံးမပြုနိုင်ရင် ဒီလို အခွင့်အလမ်းမျိုး ပေါ်လာအောင် ဆယ်စုနှစ်နဲ့ချီပြီး စောင့်ရနိုင်ပါတယ်။
ဒါကြောင့်မို့ ကမ္ဘာ့ဝါအရင့်ဆုံး ပါလီမန်ဒီမိုကရေစီ ဖြစ်တဲ့ ဗြိတိန်နိုင်ငံ အနေနဲ့ ကျမတို့ နိုင်ငံရဲ့ ပါလီမန် ဒီမိုကရေစီထူထောင်ရေးမှာ စစ်မှန်တဲ့ လုပ်ငန်းဌာနတွေ ပေါ်လာရေး ကူညီပေးဖို့ အပြင် သမ္မတ ဦးသိန်းစိန် ဦးဆောင်လုပ်ကိုင်နေတဲ့ ပြုပြင်ရေးလုပ်ငန်းစဉ်တွေကို ကြိုဆိုဖို့ ပြောလိုပါတယ်။ ဒါပေမယ့် ပြုပြင်ရေးဟာ ပုဂ္ဂိုလ်မှာ အခြေခံတဲ့ ဖြစ်စဉ်မဟုတ်ပါဘူး။ ခိုင်မာတဲ့ လုပ်ငန်းအဖွဲ့အစည်းတွေ မရှိရင် ရေရှည်ခံမှာ မဟုတ်ပါဘူး။
ကျမတို့ လွှတ်တော်ဟာ ဒီမိုကရေစီ လုပ်ငန်းစဉ်နဲ့ ပတ်သတ်ပြီး အတော်လေ့လာဖို့ လိုပါသေးတယ်။ ဒီနေရာမှာ ဗြိတိန်က အကူအညီ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လွန်ခဲ့တဲ့လက မြန်မာ့လွှတ်တော်မှာ မိနစ်ပိုင်းလောက်နေပြီး ကျမ်းကျိမ်ဆိုပွဲမှာ ပါဝင်ခဲ့ပါတယ်။ ကျမ အမြင်တော့ သိပ်ပြီး အခမ်းအနား ဆန်လွန်းနေတယ် ထင်ပါတယ်။ သမားရိုးကျအတိုင်း လွှတ်တော်ကိုယ်စားလှယ် အမျိုးသားတွေဟာ ခေါင်းပေါင်းတွေ ပေါင်းကြရပါတယ်။ Westminster မှာလို ခွန်းကြီးခွန်းငယ်နဲ့ အဖြေရခက်တဲ့ အပြန်အလှန် မကြားရသေးပါဘူး။ နောက်ပိုင်းမှာတော့ ကျမတို့ လွှတ်တော်မှာလည်း ဗြိတိသျှ ပါလီမန်လို ၀န်ကြီးချုပ်နဲ့ တိုက်ရိုက် မေးမြန်းခန်း ဆိုတဲ့ အစီအစဉ်မျိုးတွေ ပေါ်လာမယ် ဆိုရင်တော့ ဒါဟာ ကျမတို့ရဲ့ ပါလီမန် ဒီမိုကရေစီ စနစ် အသက်ဝင်လာပြီလို့ ပြောရပါလိမ့်မယ်။
နိုင်ငံရဲ့ ဘဏ္ဍာရေး ဘတ်ဂျက်ကို ပါလီမန် လွှတ်တော်က ထိန်းချုပ်ရမယ်ဆိုတဲ့ အရေးအကြီးဆုံး လိုအပ်ချက်ကိုလည်း ကျမ ထောက်ပြလိုပါတယ်။ ဒါဟာ ဘာကို ညွှန်ပြသလဲ ဆိုတော့ ပြည်သူလူထုရဲ့ လုပ်ပိုင်ခွင့် ဆိုတဲ့ ဒီမိုကရေစီရဲ့ အဓိက အကျဆုံး အချက်ကို ဖော်ညွှန်းနေခြင်းပါဘဲ။ အခြေခံ ဥပဒေ တရပ်ဆိုတာ ထိထိရောက်ရောက် ရှိဖို့အတွက် အလုံးစုံ တသမတ်တည်း ရေးချထားဖို့ မလိုဘူး ဆိုတာကို ဗြိတိသျှ ပါလီမန် စနစ်က လက်တွေ့ သက်သေပြနေပါတယ်။ အခြေခံ ဥပဒေ ဆိုတာကို လူထုက လက်ခံဖို့ဘဲ လိုအပ်ပါတယ်။ သူတို့နဲ့ မဆိုင်ဘဲ သီးသန့် တည်ရှိနေတဲ့ ဥပဒေ စာရွက်စာတမ်းတွေ အဖြစ်မဟုတ်ဘဲ သူတို့ ကိုယ်တိုင် ပိုင်ဆိုင်တဲ့ အခြေခံ ဥပဒေ တခု အဖြစ် လက်ခံ ထားဖို့ ဆိုတာလည်း အရေးကြီးပါတယ်။ ကျမတို့ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ အခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲရေးကို လိုလားကြောင်း အတိအကျ ဖော်ပြထားပြီးပါပြီ။ မြန်မာနိုင်ငံရဲ့ အရင်က ရှိခဲ့တဲ့ အခြေခံဥပဒေဟာ ကျမ အဖေ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗြိတိသျှ ၀န်ကြီးချုပ် အက်တလီတို့ ၁၉၄၇ ခုနှစ် လန်ဒန်မှာ တွေ့ခဲ့အပြီး သိပ်မကြာခင်မှာဘဲ ရေးဆွဲခဲ့တာပါ။ အဲဒီ အခြေခံ ဥပဒေဟာ လုံးဝ ပြည့်စုံကောင်းမွန်တယ်လို့ မဆိုနိုင်ပေမယ့် လူထုရဲ့ လိုလားချက်တွေနဲ့ ဆန္ဒတွေကို လေးစားနားလည်မှုတွေ ပါရှိခဲ့ပါတယ်။ အခုလက်ရှိ မြန်မာနိုင်ငံရဲ့ အခြေခံ ဥပဒေကတော့ ၂၀၀၈ ခုနှစ်မှာ စစ်အစိုးရက ရေးဆွဲခဲ့တာပါ။ ဒီအခြေခံ ဥပဒေကို မြန်မာတိုင်းရင်းသား လူမျိုးစုတွေ အားလုံးရဲ့ အခြေခံ အခွင့်အရေးနဲ့ လိုလားချက်တွေ နဲ့ အညီ ထင်ဟပ်နိုင်ဖို့ ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်ပါတယ်။
လွတ်လပ်ရေး ရပြီး နှစ်ပေါင်း ၆၀ အတွင်း မြန်မာနိုင်ငံမှာ တနိုင်ငံလုံး ငြိမ်းချမ်းနေတယ်ဆိုတဲ့ အချိန် မရှိခဲ့ပါဘူး။ အခုဆိုရင်ဘဲ နိုင်ငံမြောက်ပိုင်းမှာ ကချင်တပ်ဖွဲ့တွေနဲ့ တပ်မတော် အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ နိုင်ငံ အနောက်ပိုင်းမှာ ဆိုရင်လည်း လူထုအတွင်း အဓိကရုဏ်တွေကြောင့် အပြစ်မဲ့ ပြည်သူတွေ သေကြေခဲ့ရတဲ့ အပြင် ထောင်သောင်းချီပြီး ရပ်ရွာစွန့် ထွက်ပြေးနေရတာတွေလည်း ရှိခဲ့ပါတယ်။ ဒီမိန့်ခွန်းကို ရေးနေတဲ့ အချိန်မှာဘဲ နိုင်ငံ အရှေ့ပိုင်းမှာ ရှမ်းတပ်ဖွဲ့ဝင်တွေနဲ့ မြန်မာ အစိုးရတပ်တွေ တိုက်ပွဲပြန်ဖြစ်နေပြန်ပြီ ဆိုတဲ့ သတင်းလည်း ကြားရပါတယ်။ ကျမတို့ အနေနဲ့ ဒီပြသနာတွေရဲ့ အရင်းအမြစ်ကို ရှာပြီး ဖြေရှင်းကြရမှာပါ။ နှစ်ဘက် ညှိနှိုင်းပြီး နိုင်ငံရေး အရ အဖြေရှာတဲ့ ဓလေ့ကို ထွန်းကားအောင် လုပ်ရပါလိမ့်မယ်။ မြန်မာပြည်မှာ နေထိုင်တဲ့သူတွေ အားလုံး လွတ်လပ်လုံခြုံစွာ နေခွင့်ရစေမယ့် ဥပဒေရဲ့ စိုးမိုးမှုဆိုတာကိုလည်း မြှင့်တင်ပေးကြရပါလိမ့်မယ်။
လတ်တလော အားဖြင့်တော့ ကျမတို့ အနေနဲ့ နိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ပိုင်းက လူထု အတွက် လူသားချင်းစာနာတဲ့ ကူညီမှုတွေ လိုအပ်နေပါတယ်။ အဲဒီမှာ အမျိုးသမီးတွေ ကလေးငယ်တွေ အပါအ၀င် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတာပါ။ မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် နိုင်ငံရေးနည်းလမ်းကျ ဖြေရှင်းဖို့ အဓိက ဖြစ်တယ်ဆိုတာ နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ သဘောပေါက်ပြီး ဒီလို နိုင်ငံရေးအရ ဖြေရှင်းမှုတွေ ဖြစ်လာဖို့ကို ရေတိုစီးပွားရေး လုပ်ငန်းတွေထက် ပိုပြီး ဦးစားပေး လာလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ ကွဲလွဲမှုတွေကို မစေ့စပ်ပေးနိုင်ရင် လိုလားမှုတွေကို မဖြည့်ဆည်းပေးနိုင်ရင် ရေရှည်တည်တံ့မယ့် ဖွံ့ဖြိုးမှု အတွက် အခြေခံ ကောင်းတွေ ဖြစ်မလာနိုင်ပါဘူး။ ဒါဟာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဗြိတိန်နိုင်ငံဟာ အခုလက်ရှိ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်ဒီမိုကရက်၊ ညွှန့်ပေါင်းအစိုးရ အပါအ၀င် စဉ်ဆက် တလျှောက်လုံး မြန်မာနိုင်ငံကို အကူအညီတွေ ပေးလာခဲ့တာပါ။
ကျမတို့ နိုင်ငံအပေါ် လိုအပ်တဲ့ နေရာတွေကို အဓိက ပစ်မှတ်ထားပြီး အားလုံးနဲ့ ညှိနှိုင်းဆောင်ရွက်မယ့် ဖွံ့ဖြိုးရေး အကူအညီတွေ ဆက်ပေးသွားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လက်ရှိ အချိန်အထိ ဗြိတိန်နိုင်ငံဟာ မြန်မာနိုင်ငံကို အများဆုံး အကူအညီပေးနေခဲ့တာပါ။ အထူးသဖြင့် ပညာရေးပိုင်းမှာ ဗြိတိန်နိုင်ငံက အဓိက ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မြန်မာပြည်သူတွေ အနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေဟာ သူတို့ရဲ့ ဘ၀မှာ ကောင်းကျိုးရလဒ် လက်ငင်းရနိုင်ပါတယ်ဆိုတဲ့ အမြင်မျိုး ရသွားဖို့ လိုပါတယ်။ လုပ်ငန်းခွင် သင်တန်းတွေ အပြင် မြန်မာလူငယ်တွေကြားထဲမှာ ရေရှည်ခံစားနေကြရတဲ့ အလုပ်လက်မဲ့ ပြသနာကို ဖြေရှင်းနိုင်ဖို့ အလုပ်ခွင်တွေ ဖန်တီးပေးနိုင်ဖို့လည်း အင်မတန် အရေးပါပါတယ်။ ရေရှည်အားဖြင့်ဆိုရင်တော့ မြန်မာ့ ပညာရေး စနစ်ဟာ အင်မတန် နိမ့်ကျနေတာမို့ ပြုပြင်ပြောင်းလဲရေးတွေ လိုအပ်နေပါတယ်။ ကျောင်းတွေ၊ သင်ရိုးညွှန်းတမ်းတွေ ပြုပြင်ရေး ဆရာဆရာမတွေ လေ့ကျင့်သင်ကြားရေး အပြင် လတ်တလောအားဖြင့် ပညာရေး စနစ်အပေါ် ထားရှိတဲ့ ကျဉ်းမြောင်းတဲ့ အယူအဆတွေကိုလည်း ပြုပြင်ရပါလိမ့်မယ်။
ဗြိတိန်နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေကလည်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ ကျမ အရင်က ပြောခဲ့ဖူးတဲ့ ဒီမိုကရေစီ နည်းလမ်းကျ ရင်းနှီးမြှုပ်နှံမှု ဆိုတာနဲ့ အညီ တတပ်တအား ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါဟာ ပွင့်လင်းမြင်သာမှု တာဝန်ခံမှု အလုပ်သမားအခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိမ်းသိန်းရေးတွေကို ဦးစားပေးမှု စတာတွေနဲ့ ညီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဆိုလိုတာပါ။ လုပ်အားကို အခြေခံတဲ့ ကဏ္ဍတွေမှာ တာဝန်သိသိနဲ့ ၀င်ပြီးရင်းနှီးမြှုပ်နှံခဲ့ရင် ကျမတို့ ပြည်သူ အားလုံးအတွက် တကယ့် အကျိုးအမြတ်တွေကို ဖော်ဆောင်နိုင်ပါလိမ့်မယ်။
ဗြိတိန်နိုင်ငံဟာ ဒီလုပ်ငန်းကဏ္ဍတွေမှာ ပွင့်လင်းမြင်သာမှုတွေကို ဆန်းစစ်လေ့လာရေး အဖွဲ့တခု မြန်မာနိုင်ငံကို ရှေ့လအတွင်း စေလွှတ်ဖို့ အဓိက လုပ်ဆောင်ပေးနေတာ တွေ့ရတယ်။ ဒါဟာ ရှေ့လာမယ့် ကာလတွေ အတွင်း ကောင်းသော ခြေလှမ်းတွေရဲ့ အစလို့ ကျမ မြင်ပါတယ်။
အောက်စဖို့ဒ်မှာ ပညာသင်ခဲ့စဉ်က ဗြိတိန်နိုင်ငံရေးသမာကြီး နှစ်ဦးရဲ့ အတွေးအခေါ်တွေက တဆင့် ပါလီမန်ဒီမိုကရေစီ ဆိုတဲ့ အကြောင်း ကျမ ပထမဆုံး နားလည်ခဲ့ရပါတယ်။ မဲဆန္ဒရှင်တွေရဲ့ ဆုံးဖြတ်ချက် အရ အုပ်ချုပ်သူတွေဟာ အာဏာကို ရယူရမယ်၊ စွန့်လွှတ်ရမယ်ဆိုတဲ့ အခြေခံအချက် ဖြစ်ပါတယ်။ ဒီစနစ်အတိုင်း ရှေ့ဆက်သွားနေမယ်ဆိုရင် အချိန်နဲ့အမျှ အားလုံး အတွက် အခွင့်အရေးတွေ မလွဲမသွေ ရကြရမှာပါ။ ဒီအခွင့်အလမ်းတွေကို ဗြိတိန်မှာတော့ အားလုံးရပြီးသားပါ။ မြန်မာနိုင်ငံမှာတော့ လွန်ခဲ့တဲ့ ၁၉၉၀ တုန်းက ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ အနိုင်ရရှိခဲ့ပေမယ့် လွှတ်တော်ခေါ်ခွင့်တောင် မရခဲ့ပါဘူး။ ကျမ အနေနဲ့ ဒီလို ဖြစ်ရပ်ဆိုးတွေကို အတိတ်မှာဘဲ ချန်ထားခဲ့ချင်ပါတယ်။ ရှေ့ အနာဂတ်မှာတော့ မြန်မာနိုင်ငံရဲ့ ပြောင်းလဲနေတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်မှာ လူထုရဲ့ ဆန္ဒတွေကိုဘဲ သစ္စာရှိစွာ ဖြည့်ဆည်း ထင်ဟပ်လာပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
အခု ကျမ ဗမာပြည်က ထွက်လာတဲ့ ခရီးစဉ်မှာ အတိတ်က အရိပ်တွေကို လွမ်းလွတ်ဆွတ်ဆွတ် ပြန်ပြောင်းကြည့်ဖို့ မဟုတ်ပါဘူး။ မြန်မာပြည်သူတွေရဲ့ လက်မှာ ဘယ်လို အခွင့်အလမ်းတွေ ရောက်လာနိုင်မလဲ ဆိုတာကို ရှာဖွေပေးဖို့ ခရီးစဉ်ဘဲ ဖြစ်ပါတယ်။ ဒီခရီးစဉ် တလျှောက်မှာ ကမ္ဘာ့ပြည်သူတွေက ကျမတို့ အပေါ် ဘယ်လောက်များ ထူးထူးခြားခြား နွေးနွေးထွေးထွေး ရင်ဖွင့်ကြိုဆိုခဲ့ကြတယ်ဆိုတာ မြင်ခဲ့ရပြီးပါပြီ။ ကမ္ဘာကြီးနဲ့ ဝေးနေခဲ့ရပြီး နောက်ပိုင်း အခုလို ကြုံရတဲ့ အတွက် သိပ်လဲ စိတ်လှုပ်ရှားဝမ်းသာခဲ့ရပါတယ်။
ကမ္ဘာ့နိုင်ငံတွေဟာ မြန်မာနိုင်ငံနဲ့ ဝေးနေတာတောင်မှဘဲ တကယ့်အရေးကိစ္စတွေမှာ နီးစပ်ပါတယ်ဆိုတဲ့ အချက်ကိုတွေ့ရပါတယ်။ မြန်မာပြည်သူတွေရဲ့ လိုလားချက်တွေကို သူတို့ နီးနီးစပ်စပ် သိကြပါတယ်။ ပထ၀ီဝင် အနေအထားအရ ကွာခြားမှု လူသားတွေ လုပ်ထားတဲ့ အကာအရံ အတားအဆီး ဘယ်အရာကမှ ကျမတို့ ကြားထဲမှာ တူညီတဲ့ တန်ဖိုးထားမှုတွေ အတွက် စည်းတားမထားနိုင်ပါဘူး။
ကျမ နေအိမ်အကျယ်ချုပ်ကျနေစဉ် ကာလတွေ အတွင်းမှာလည်း ဘီဘီစီတင်မက ကမ္ဘာ့အသံလွှင့်ဌာနတွေဟာ ကျမကို ကမ္ဘာကြီးနဲ့ အဆက်အသွယ်မပြတ် ရှိစေခဲ့ပါတယ်။ မိုးဇက်နဲ့ ရာဘီရှန်ဂါရဲ့ ဂီတ၊ လူမျိုးဘာသာ ပေါင်းစုံက အမျိုးသမီး အမျိုးသားတွေရဲ့ ကိုယ်ရေးရာဇ၀င် စတာတွေကို ကြားနေခဲ့ရတာ ကျမ အတွက် ဒီ ဒီမိုကရေစီရေး ကြိုးပမ်းမှုမှာ အထီကျန် တယောက်တည်း မဟုတ်ဘူးဆိုတာ ဖြေသိမ့်စေခဲ့ရပါတယ်။
နိုင်ငံတကာဆုတွေ ဂုဏ်ပြုမှုတွေ လက်ခံရရှိတယ်ဆိုတာကလည်း ကျမတယောက်တည်း အတွက် မဟုတ်ပါဘူး။ ဒါတွေဟာ အထီးကျန် ပိတ်ဆို့ခံထားရတဲ့ သူတယောက်အတွက် ကျန်တဲ့ ကမ္ဘာကြီးနဲ့ ကူးလူးဆက်ဆံပေးနေတယ်ဆိုတဲ့ အခြေခံ လူသားခြင်းစာနာတဲ့ အသိအမှတ်ပြုမှုတွေပါဘဲ။ အခက်အခဲတွေ အများကြီးကြုံနေခဲ့ရတဲ့ ၁၉၉၀ နှစ်တွေတုန်းက ကျမကို မိတ်ဆွေတယောက်က ကဗျာဆရာ အာသာဟူဂ်ျတပ်ခ်ျရဲ့ ကဗျာတပုဒ် ပို့ပေးခဲ့ဖူးပါတယ်။ ကြိုးပမ်းမှုနဲ့ လိုအပ်ချက်တွေ အကြောင်း ရေးထားတဲ့ ဒီကဗျာရဲ့ အစပိုဒ်လေးကို ဗြိတိန်နိုင်ငံရေး သမားကြီး ၀င်စတန်ချာချီ ကိုယ်တိုင်က နာဇီဂျာမဏီတို့ရဲ့ ရန်ကနေ ကူညီတွန်းလှန်ပေးဖို့ အမေရိကန် ပြည်ထောင်စုကို မေတ္တာရပ်ခံခဲ့စဉ်မှာ သုံးခဲ့ဖူးတယ်ဆိုတာ အားလုံးသိပါလိမ့်မယ်။ ဒီနေ့မှာတော့ ကျမ အနေနဲ့ ဒီကဗျာထဲက တခြား အပိုဒ်ကလေး တခုကိုဘဲ သုံးပြီးတော့ အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အရှေ့နဲ့ အနောက်ရဲ့ နိုင်ငံရေး အမြော်အမြင်တွေကို ပေါင်းစပ်ပြီး မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ့ပြည်သူတွေ အားလုံး ဒီမိုကရေစီ အကျိုးအမြတ်တွေကို ခံစားနိုင်ဖို့ မေတ္တာရပ်ခံလိုပါတယ်။
နိဂုံးချုပ် အနေနဲ့ ပြောရရင်တော့ အခုအချိန်ဟာ မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံး အချိန်ဖြစ်ပါတယ်။ လိုအပ်ချက်တွေ အများဆုံး ရှိနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ဗြိတိန်နိုင်ငံနဲ့ မိတ်ဆွေများကို မြန်မာနိုင်ငံရဲ့ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ မျှတတဲ့ လူ့ဘောင်ပေါ်ထွန်းရေး လုပ်ငန်းစဉ်မှာ ၀ိုင်းဝန်းပါဝင် ကူညီပေးကြပါလို့ ပန်ကြားလိုပါတယ်။ အခုလို ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဒီမိုကရေစီ ခန်းမကြီးတခုမှာ လွှတ်တော်အဖွဲ့ဝင်တွေကို မိန့်ခွန်းပြောကြားခွင့် ရရှိတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ကျမတို့ နိုင်ငံဟာ လက်ရှိမှာတော့ စစ်မှန်တဲ့ ဒီမိုကရေစီ လူ့ဘောင်ဆီကို မရောက်ရှိသေးပါဘူး။ ဒါပေမယ့်လည်း မကြာခင်မှာဘဲ အားလုံးရဲ့ အကူအညီနဲ့ ရောက်နိုင်ပါတော့မယ်လို့ အပြည့်အ၀ ယုံကြည်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်။
(မိန့်ခွန်းမူရင်း ဗီဒီယိုကိုကြည့်ရှု၍ ဆီလျှော်အောင် ဘာသာပြန်ထားခြင်းဖြစ်ပါသည်။)
ဒေါက်တာဒေါ်အောင်ဆန်းစုကြည် ၏ ဥရောပ ခရီးစဉ်ဓါတ်ပုံများ (ဝေဖြိုးအောင် ဓါတ်ပုံမှ ကူးယူဖော်ပြပါတယ်)
By VOA at 6/22/2012 07:59:00 AM
ထိပ်ထားနဲ့သေနာ (ဟံသာဝတီ ဦးဝင်းတင်)
၁၉၈၀ ကျော်က ပန်းပုဆရာကြီး ဦးဟန်တင်က လူထုဒေါ်အမာရဲ့
ဦးခေါင်းပိုင်း ပုံတူရုပ်တုထုလုပ်ခဲ့တယ်။ အဲဒီပုံတူရုပ်တုကို စထုကတည်းက
ကျွန်တော်ဘေးက ထိုင်ကြည့်ခွင့်ရခဲ့တယ်။ ထုပြီးသွားတော့ ကျွန်တော်
ဆောင်းပါးတစ်ပုဒ်ရေးခဲ့တယ်။
ကျွန်တော် ဘယ်လိုရေးဖွဲ့ခဲ့သလဲဆိုတာ ရေးရေးပဲ မှတ်မိပါတော့တယ်။
ဒေါ်ဒေါ်ရဲ့ပါးသွယ်မေးချွန်း ဦးစွန်းပင့်မြှောက်ဟန်။ ဒေါ်ဒေါ်ရဲ့ပါးလျားနှုတ်ခမ်း
အပြုံးသန်းဟန်။ ဒေါ်ဒေါ်ရဲ့စူးရှမျက်ဝန်း တောက်ထွန်းထွင်းဖောက်ဟန်တွေ
ကို ကျွန်တော် မြင်တွေ့ခံစားရတဲ့အတိုင်းခြ
မှတ်မိပါတော့တယ်။
၁၉၉၄-၉၅ လောက်မှာ ဒေါ်ဒေါ်ရဲ့မိန်းမသားမာန် လူသားမာန် ပုံရိပ်လို
သဏ္ဌာန်တစ်ခုကို အမေရိကန်သတင်းမဂ္ဂဇင်း TIME မျက်နှာဖုံးမှာ
မြင်ရတယ်။ဒီပုံရိပ်ရဲ့အဓိပ္ပ
မှုတွေ ရောထွေးပေါင်းစည်းပြီး ဒီရေမြင့်သစ်နေလေရဲ့။ လူထုဒေါ်အမာရဲ့ ပုံရိပ်မဟုတ်ပါဘူး။ဒါပေမဲ့ လူထုဒေါ်အမာလိုပဲ လေးနက်ခိုင်ကြည် သန်မာပြတ်သားတဲ့ " တော်လှန် မာန် ဥာဏ်သတ္တိ " ပိုင်ရှင်တစ်ဦးရဲ့
့ပုံရိပ် ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချ
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားအင်အားစုအားလံ
မှုကို ခံယူရရှိတဲ့ ပြည်ထောင်စုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ကမ္ဘာ့
နိုင်ငံပေါင်းများစွာရဲ့ချစ
ဒေါ်အောင်ဆန်းစုကြည်။ သူ့ရဲ့ဂုဏ်ရည် ပြည့်လျှမ်းဖြိုးမောက်တဲ့ဥပ
ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြည်လင်ပြတ်သားတဲ့ ပုံရိပ်နောက်မှာ
မှုန်တုန်တုန် ဝါးတားတား မပြတ်မသား ပုံရိပ်တစ်ခုက အရိပ်လိုထိုးနေ
တယ်။တစ္ဆေချောက်သလို ပြူးတူးပြဲတဲ ပုံရိပ်တစ်ခုက ထပ်ချပ်မကွာ
ပါလာနေတယ်။ဘုရားစောင်းတန်းေ
တတ်တဲ့နိပါတ်တော်ဆေးရေးပန်း
ကို မြင်ရသလိုပါပဲ။ အဲဒီပုံရိပ်ကတော့မှုန်တေတေ မိုက်တိုက်တိုက်
ငေးစိုက်ကြည့်နေတဲ့ စစ်ဗိုလ်တစ်ယောက်ရဲ့ ပုံရိပ်ပါ။
ထောက်လှမ်းရေးတပ်မှူးကြီး၊ စစ်မဟာဗျူဟာဌာနကြီးမှူးကြီး
တော်ငြိမ်ဝပ်ပိပြားရေးအဖွဲ့
ပုံရိပ်ဖြစ်ပါတယ်။ဒီပုံရိပ်
အတွင်းဘက်မှာ မျက်နှာဖုံးသတင်းဆောင်းပါးရ
ဒေါ်စု လွတ်မယ်လွတ်မယ် သတင်းဖြစ်နေလို့ သတင်းထောက်တွေ တက္ကသိုလ်ရိပ်သာလမ်း ခြံဝမှာ ပြုံတိုးစောင့်ဆိုင်းနေကြပံ
ဒေါ်စုရဲ့လှုပ်ရှားမှုတွေ၊ဒေါ်စ
ရာဇဝင်တွေ စတာတွေကိုတခမ်းတနားရေးပါတယ်
ဆောင်းပါးအရှည်ကြီးထဲမှာ ဗိုလ်ချုပ်ကြီးခင်ညွန့်အကြေ
ကြိုကြားကြိုကြားပါပါတယ်။ ဗိုလ်ချုပ်ကြီးရဲ့ ပါဝါအာဏာ တန်ခိုးဩဇာတွေ
အကြောင်းလည်း ဖော်ပြပါတယ်။ဒေါ်အောင်ဆန်းစု
မြန်မာပြည်ရဲ့နိုင်ငံရေး အမယ်ဘုတ်ချည်ခင်ထုပ်ကြီး ရှင်းလင်းကြည်လင်
သွားမယ်။ တစ်မျှင်စီ ရှောခနဲ ရှောခနဲ ဖျောခနဲ ဖျောခနဲ ချောသွားမယ်။
မောသွားမယ်။ ပြေသွားမယ်။ လည်သွားမယ်လို့ ရေးထားတယ်။
သတင်းထောက်ရဲ့ဆောင်းပါးဖတ်ြ
မျက်စိလည်သွားတယ်။ ချောတာတွေ၊ ပြေတာတွေတော့ မမြင်မိပေါင်။ ဆောင်းပါးဖတ်ရင်း ရင်သာလေးနေမိတော့တယ်။
အမေရိကန်နိုင်ငံလူ့အဖွဲ့အစည
တွေကလည်း အတော်ရင်လေးအောင် လုပ်တတ်တယ်။ သူတို့ခေါင်းထဲမှာ
ဘုတ်တိုင်ထိုင်နေတဲ့ပုဏ္ဏားတ
သလို လွင့်စင်ပျံဝဲနေတဲ့ ပေါက်ကရအမှတ်အယူတွေလည်းရှိတ
ရမယ့်လူကို မုန့်ပေးကြိုက်ချင်တတ်တယ်။ ခိုင်းလို့ရမယ့်လူကို အကူပေး
တပည့်မွေးချင်တတ်တယ်။ ခြောက်လို့ရမယ့်လူကို ခြတောင်ပို့ မြင့်မိုရ်တောင်
ထင်အောင်လုပ်ပြီး ချောင်ပိတ်ချင်တတ်တယ်။ ဆရာဇော်ဂျီရဲ့ကဗျာထဲကလို
မသိဝိုးဝါး ထင်ဝိုးဝါးအကျင့်တွေကလည်း ဘိန်းစွဲသလို စွဲနေလိုက်သေး။
ကျွန်တော်တို့ မြန်မာနိုင်ငံသတင်းစာဆရာအသင
အတွင်းဝန်ချုပ်ဦးသန့် မြန်မာနိုင်ငံပြန်လာစဉ်က ပန်းချီကျော်ပေါ်ဦးသက်ရဲ့
ဆီဆေးပန်းချီကားကြီးတစ်ချပ်
မျက်မမြင်ပုဏ္ဏားခြောက်ယောက်
ရုပ်ပုံလွှာကို မြန်မာ့ရိုးရာဟန်နဲ့ ပန်းချီရေးတယ်။ ပေါ်ဦးသက်က ကမ္ဘာ့
ခေါင်းဆောင်ကြီးတွေ၊ သံတမန်ကြီးတွေ၊ ကုလသမဂ္ဂကိုယ်စားလှယ်ကြီး
တွေ ကမ္ဘာ့ပြဿနာအရပ်ရပ်ကို ပုဏ္ဏားကန်းဆင်စမ်းနည်းနဲ့ ထွေထွေ
လာလာ အဖြေရှာနေကြတာကို သူ့အနုပညာနဲ့ လက်ညှိုးငေါက်ငေါက်
ထိုးပြလိုက်တာပါ။ ပေါ်ဦးသက်စိတ်ထဲမှာ ကမ္ဘာ့ကြီးငါးကြီးထဲက
အကြီးဆုံးအင်အားကြီး အမေရိကန်ကြီးကို မျက်စောင်းထိုးလိုက်လေရော့
သလားလို့တောင် ထင်ရရဲ့။
အခုကြည့်လေ။ TIME မဂ္ဂဇင်းက လုပ်ချလိုက်ပြန်ပြီ။ ဗိုလ်ခင်ညွန့်ကို
ကယ်တင်ရှင်ပုံသွင်းနေပြန်ပြ
အာဏာရှင် စကားလက်ဆုံ ပြောလို့မကုန် ဖြစ်အောင် ဗိုလ်ခင်ညွန့်က စီမံ
ဖျော်စပ်ပေးမှာတဲ့လား။ ဟား ဟား ဟား ဟား။
ဗိုလ်ခင်ညွန့်ဆိုတာက ထောက်လှမ်းရေးဟေ့။ထောက်လှမ်
သူ လုပ်နိုင်လှ၊ ဒေါ်စုကို ထောက်လှမ်းရေးစစ်ကြောရေး ဆွဲခေါ်တာ
လောက်ပေါ့။ အဲဒါက တွေ့ဆုံမေးမြန်းခန်းပါခင်ဗျ
မလုပ်နိုင်ပါဘူး။ တန်ရုံသာ ရွှေဥာဏ်တော်စူးရောက်တော်မူပ
ဆရာကြီးတို့ရယ်။
အဲဒီလိုတွေးနေမိရင်း ကျွန်တော် ဆက်စဉ်းစားတယ်။
စစ်အာဏာရှင်တွေဟာ တိုင်းပြည်ပြဿနာတွေကို တွေ့ဆုံဆွေးနွေး
ခြင်းနဲ့ အဖြေရှာမယ်ဆိုတဲ့ စိတ်စေတနာရှိရဲ့လား။ စိတ်အာသာဆန္ဒရှိရဲ့လား။
စိတ်ဇောအာရုံရှိရဲ့လား။ ကျွန်တော် အများကြီးသံသယရှိတယ်။ ကျွန်တော့်ရဲ့
ဒွိဟသံသယတွေ မမှန်ပါစေနဲ့။ မကန်ပါစေနဲ့။ ဆုတောင်းပါတယ်။ ဆန္ဒပြု
မိပါတယ်။ ဒေါ်စုနဲ့ မတွေ့ဆုံချင်နေပါ။ မေးလား မြန်းလား၊ စစ်လား ကြော
လားတော့ မလုပ်ပါနဲ့။ သူ့ကိုတော့ ကျွန်တော်တို့လို လူ့ငရဲရဲ့အဝီစိဘုံဖြစ်တဲ့
စစ်ကြောရေးစခန်း မပို့ကြပါနဲ့။ အဲဒီလို မပို့ဘူးဆိုရင်ကို ကျေးဇူးကြီးလှပါပြီ
ထောက်လှမ်းရေးဗိုလ်ချုပ်ကြီ
ကျွန်တော်လည်း တောင်တွေး မြောက်တွေးနဲ့ ဘယ်တွေချော်တောငေါ့
နေမိပါလိမ့်။ တွေးတာနဲ့ ရေးချင်တာ တခြားစီဖြစ်နေပြီ ထင်ပါရဲ့။ ချောတော
ငေါ့သွားတဲ့အတွေးတွေကို ဘရိတ်အုပ်လိုက်တယ်။ TIMEမဂ္ဂဇင်းဆောင်းပါး
ကိစ္စ ပြန်ကောက်လိုက်တယ်။ ဒီတော့မှ ဟိုးနှစ်ပေါင်းအတော်ကြာကကြည
ဘူးတဲ့ ကာတွန်းကဝေကြီး ဝေါ့ဒစ္စနေရဲ့ရုပ်ရှင်ကားတစ်
မိတယ်။ရုပ်ရှင်ကားနာမည်က Lady and the Tramp တဲ့။ မြန်မာလိုတော့
ထိပ်ထားနဲ့တေလေပေါ့။ စကားကြောရှည်တယ် မထင်ပါနဲ့။ ဒီ ဒီကာတွန်း
ရုပ်ရှင်က တစ်နာရီခွဲလောက်ပြတဲ့ရုပ်ရှ
ကာတွန်းတွေကလည်း လက်ရာမြောက်တော့ အဲဒီအချိန်တုန်းက လူတိုင်းနှစ်ခါပြန်လောက် ကြည့်ခဲ့ကြတဲ့ကား။
ကျွန်တော် TIME သတင်းမဂ္ဂဇင်း ဆောင်းပါးကို ကောက်နုတ်ဘာသာ
ပြန်တယ်။ ဘာသာပြန်ရဲ့ခေါင်းစဉ်ကို" ထိပ်ထားနဲ့သေနာ "လို့ တပ်လိုက်
တယ်။" ထိပ်ထားနဲ့တေလေ " ရဲ့ ပဲ့တင်သံပါ။ TIME မဂ္ဂဇင်းကလည်း Lady and the Tramp ကို သံယောင်လိုက်ပြီး ဆောင်းပါးခေါင်းစဉ်တပ်ထားတာ
ဘူးလေ။စဉ်းစားလိုက်ရတာ ဦးနှောက်ကိုခြောက်ကရော။ ခေတ်လူငယ်တွေ
ကတော့ ဦးနှောက်မုန်တိုင်းဆင်တယ် ဘာတယ်ပြောကြတာပဲ။ ကျွန်တော်
ကတော့ ဦးနှောက်နာဂစ်တောင် ဂစ်ကြည့်သေးတယ်။ မရဘူး။ နောက်ဆုံး
တော့ မတတ်သာ။ ဖြစ်ချင်ရာဖြစ်ဆိုပြီး ဘာသာကောက်ပြန်လိုက်တယ်။
ဆရာတက်တိုးရဲ့" အရမ်းဘာသာမပြန်နဲ့ " ဆိုတဲ့ အာစရိယဝါဒ ဆုံးမစကားကိုလွန်ဆန်တယ်။ ကျွန်တော် အတင့်ရဲရဲ လက်ရဲရဲ ဇက်ရဲရဲ အရမ်းဘာသာပြန်လိုက်တယ်။
" ထိပ်ထားနဲ့သေနာ "
ထောင်ထဲမှာလည်း ဆရာတွေရှိသေးတော့ သူတို့က ကျွန်တော့်ကို
ဝေဖန်ပြစ်တင်ကြတယ်။ ခင်ဗျားနှယ်ဗျာ the General ကိုများ သေနာရယ်
လို့ ပြန်မှပြန်တတ်ပလေတဲ့လေ။ကျွန
ဒီလိုပါ ဆရာတို့ရယ်။ ကျွန်တော့်ဘာသာပြန်ဝေါဟာရ အပြည့်အစုံက
သေနာပတိပါ။ စာလုံးကြီးရှည်လွန်းလို့ သေနာနဲ့ ဖြတ်လိုက်တာပါ။
the Lady and the General ကို ထိပ်ထားနဲ့သေနာလို့ပဲ အလွယ်တကူ မှတ်ယူတော်မူကြပါဘိဗျား။
ဟံသာဝတီ ဦးဝင်းတင်
ဘာလဲဟဲ့ လူ့ငရဲ စာအုပ်မှ ကောက်နှုတ်ပါတယ် ..။
khaing soelynn
“ကျွန်တော်နှင့်တွေးမိသော အတွေးစများ”

ယခုအခါမှာ မြန်မာနိင်ငံနှင့် နိင်ငံသားများအတွက် အလွန်ဂုဏ်ယူစရာကောင်းသော...သားကောင်းမိခင်ပီသစွာဖြင့် အမေ ဒေါ်အောင်ဆန်းစုကြည်ကြောင့် ကမ္ဘာအလယ်အတွင် မြန်မာနိင်ငံသားများ မာန်ဝံ့ ဟန်တင့်နိင်ကြလေပြီ။ဟိုနိင်ငံက အမေ ဒီနိင်ငံက အမေ တို့အမေစုကွလို့ ဟစ်ကြွေးသံတွေက ကမ္ဘာမြေအနှံ့ အွန်လိုင်းမြေကိုပါ သိမ်းပိုက်ထားဘိသကဲ့သို့...ကျွန်တော်တို့ ဂုဏ်ယူဝံ့ကြွားကြရလေပြီ။
“အမေစုအတွက် ဂုဏ်ယူမိသည်။”
“မြန်မာနိင်ငံသားတစ်ယောက်အတွက် ဂုဏ်ယူမိသည်။”
“မြန်မာနိင်ငံတော်အတွက် ဂုဏ်ယူမိသည်။”
ကျွန်တော်နှင့်အတူ မြန်မာနိင်ငံသားအများစုမှလည်း ဂုဏ်ယူဝံ့ကြွားမိကြမည်ဟု ယုံကြည်ပါသည်။
ကျွန်တော်တို့ပျော်ရွှင်နေကြသည်။ကျွန်တော်တို့ ဂုဏ်ယူနေကြသည်။ ကျွန်တော်တို့ ခေါင်းမော့နေကြသည်။
ထိုသို့သော အတွေးနှင့်ပျော်ရွှင်နေမိသောကျွန်တော်အား အတွေးစတစ်ခုကမေးလာပါသည်။
“အမေအတွက် ဂုဏ်ယူနေသော ကျွန်တော်တို့.... အမေဂုဏ်ယူလောက်အောင် ကျွန်တော်တို့ ဘာတွေ လုပ်ခဲ့ပြီးပါသနည်း....”
“မြန်မာနိင်ငံသားများ ဂုဏ်ယူလောက်အောင် ကျွန်တော်တို့ ဘာတွေကြိုးစားခဲ့ပြီးပါသနည်း...”
“မြန်မာနိင်ငံတော်အတွက် ဂုဏ်ယူရအောင် ကျွန်တော်တို့ဘာတွေ စွမ်းဆောင်ခဲ့ပြီးပါသနည်း...”
ကျွန်တော်တို့က အမေစုကိုချစ်တယ်။အမေစုအတွက် ဂုဏ်ယူမိတယ်ဆိုရင်တော့.... အမေစုကရော...သူချစ်တဲ့ပြည်သူတွေအတွက်ဂုဏ်ယူချင်လိမ့်မယ်လို့မထင်မိဘူးလား။ ကျွန်တော်တို့အတွက် သူလဲ ခေါင်းမော့ချင်မယ် မမျှော်လင့်မိဘူးလား။
ကဲ......အမေစုအတွက် ဂုဏ်ယူ ၀မ်းမြောက်မိကြသော မြန်မာနိင်ငံသား မိတ်ဆွေများခင်ဗျား....
ကျွန်တော့ရဲ့ လူငယ်ကျောင်းသားတစ်ယောက် အတွေးစကို ဒီအထိဖတ်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။ဒီမှာပဲ ကျွန်တော့ အတွေးစကို အဆုံးသတ်ပါတော့မယ်။
သူတစ်ပါးအတွက် အမြဲဂုဏ်ယူနေမိတဲ့ကျွန်တော်တို့တွေ....ကျွန်တော်တို့ အတွက် သူတစ်ပါးတွေ ဂုဏ်ယူရအောင် ကြိုးစားမှုအဆင့်ထိ တိုးမြှင့်စေချင်ပါကြောင်း မိမိကိုယ်ကို ....သတိပေးရင်း...လေးစားစွာ ရေးသားတင်ပြအပ်ပါသည်။
လေးစားလျှက်
ကိုဝေဠု မြောက်ဥက္ကလာ ကျောင်းသားလူငယ်
ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများတွေ့ဆုံပွဲ (ဘာဂန်၊ နော်ဝေ)
"ကြိုးစားလို့ ပြောတယ်မဟုတ်လား.... ကြိုးစားရမယ်... ကိုယ့်ရဲ့ယဉ်ကျေးမှု၊ ကိုယ့်ရဲ့ဘာသာစကားကို ထိန်းသိမ်းနိုင်ဖို့ ကြိုးစားရမယ်.."
- ဒေါ်အောင်ဆန်းစုကြည်
နော်ဝေ၊ ဘာဂန်မြို့ မြန်မာမိသားစုများနှင့်တွေ့ဆုံပွဲ။
- ဒေါ်အောင်ဆန်းစုကြည်
နော်ဝေ၊ ဘာဂန်မြို့ မြန်မာမိသားစုများနှင့်တွေ့ဆုံပွဲ။
" မျဉ်းပြိုင်ပေါ်က ချစ်သူနှစ်ဦး "
မျိုးချစ်မြန်မာ
Parallel Lovers "
Melody, Lyrics, All Instruments - Myo Chit Myanmar
Vocals & Harmonies - Myo Chit Myanmar & Thet Thet Htun Win
Sound Engineer - Myo Chit Myanmar
Producers - Myo Chit Myanmar & Sawng Hnin Pwint
Property of Myo Chit Myanmar HD Media Production.
ALL RIGHTS RESERVED.
_______________________________________
" မျဉ်းပြိုင်ပေါ်က ချစ်သူနှစ်ဦး "
သံစဉ်/စာသား/တီးခတ် - မျိုးချစ်မြန်မာ
တေးဆို - မျိုးချစ်မြန်မာ + သက်သက်ထွန်းဝင်း
ဟာမိုနီ - မျိုးချစ်မြန်မာ + သက်သက်ထွန်းဝင်း
ထုတ်လုပ်သူ - မျိုးချစ်မြန်မာ + ဆောင်းနှင်းပွင့်
INTRO:
V1
မတူညီတဲ့ အသိုင်းအဝိုင်း နှစ်ခုကြားမှာ ..
ကြိုတင်စည်း ခြားထားတဲ့ကြားက
နင့်ကိုမှ ဘာ့ကြောင့်များ ..
တွေ့တာနဲ့ ချစ်မိသွား ..
ငါ့စိတ်တွေ အံ့သြစရာ ...
V2
လွန်ဆန်ဖို့ ကျိုးစားထဲ့ကြားက ..
မရှောင်နိုင်ဘူး နှလုံးသားကခေါင်းမာ
အချစ်ကို အားကိုးရမလား ..
အသိကို ခေါင်းငြိမ့်ရမလား ..
တွေးရင်း ငါ လှိုက်မောလာ ...
CHO:
အဖေအမေတွေရဲ့ တင်းကြပ်လွန်းတဲ့ မေတ္တာ
လူငယ်တွေက ချစ်စိတ်တစ်ခုနဲ့ ခေါင်းမာ
ဂုဏ်ငွေတွေ ရဲ့ ခြားနားမှုနောက်မှာ
ငါတို့ ဝေးသွားရမှာလား ........
ဘာသာလူမျိုး ဝိုင်းခွဲခြားတဲ့ကြားမှာ
တူညီနေတဲ့ အနှိုင်းမဲ့ တို့ မေတ္တာ
ကျန်တာဘာမှ မတွေးခဲ့တာ
တို့နှစ်ယောက်မှားနေလား
V3
ဘယ်လိုလုပ်မလဲ စဉ်းစားမိတိုင်းမှာ ..
တူတူမခွဲ ထားခဲ့တဲ့သစ္စာ
တို့ အနာဂါတ် တို့ ဘဝများ ..
တခြားသူ ဆုံးဖြတ်မှာလား
အဓိဟာ နင် နဲ့ ငါ ...
V4
သေချာတွေး တို့လျှောက်ရမယ့်လမ်းမှာ ..
ရင်ဆိုင်ဖို့ အဓိက တို့နှစ်ယောက်ပါ
ဘေးလူကပြောတဲ့စကား ..
တို့အဖြေဖြစ်တော့မှာလား ..
ငါ့ အချစ်ကို ယုံစမ်းပါ ...
CHO:
SOLO:
V 2
V 3
(CHO:) 2
FADE OUT...
___________________________________________
မိတ်ဆွေတွေကို ပြောပြချင်တာလေးတွေ ပြောပြပါရစေ။
ဒီသီချင်းလေးဟာ ကျွန်တော် ငယ်စဉ်အခါထဲက ရင်ထဲမှာ မွေးဖွားခဲ့ပြီးသား သီချင်းလေး ဖြစ်ပါတယ်။
ဒီသီချင်းလေးကို ရေးဖြစ်ခဲ့တဲ့ အဓိကတွန်းအားက ကိုငှက်ကြီးရဲ့ ကာရန်မညီသောဆိုတဲ့ သီချင်းလေးပါ။
ဘယ်တော့ နားထောင်ထောင် အသက်ဝင်နေတဲ့ သီချင်းလေးပါ။ဒါပေမယ့် သီချင်းထဲမှာ ကျွန်တော် ဖြည့်စွက်ချင်ခဲ့တဲ့ လိုအပ်ချက် နှစ်ခု ကျန်နေခဲ့ပါတယ်။
အရမ်းကို အဓိက ကျတဲ့ မတူညီတဲ့ အားပြိုင်မှု တွေရဲ့ အရင်းခံ ဖြစ်တဲ့ စည်းစိမ်ဓန နဲ့ ဘာသာ မတူညီတာကိုဘဲ သူက ရေးဖွဲ့ခဲ့ပါတယ်။
ဂီတ အစည်းအရုံး ရဲ့ ပေါ်လစီတွေကြောင့်လဲ မဟုတ်ခဲ့ပါဘူး။သူခံစားရတဲ့အတိုင်းဘဲ သူရေးခဲ့တာပါ။
ကျွန်တော့် အတွေးထဲမှာ ချစ်သူတွေ ဟာ ဘာလို့ မပေါင်းရတာလဲဆိုတာတွေရဲ့ အဓိက အရင်းမြစ်ကို တွေးကြည့်တတ်လာတဲ့အရွယ်မှာ ...
မြန်မာပြည်မှာ ဘာသာနဲ့ ချမ်းသာကြွယ်ဝမှု မတူတာနဲ့ တင်မက အသားအရောင် (လူမျိုး) ဆိုတာတွေ မတူတာနဲ့တင် မဟုတ်ဘဲ ...
တိုင်းရင်းသား ဆိုရင်တောင် လူမျိုးမတူတာ ကြောင့် မိဘ တွေက ခွဲကြတာတွေ ကြားသိမြင်လာတဲ့အခါမှာ ကျွန်တော် အရမ်း စိတ်မကောင်းဖြစ်ခဲ့ဖူးပါတယ်။
ဒါကြောင့် ကျွန်တော် ဒီသီချင်းလေးရေးဖြစ်ခဲ့တာပါ။
ဒါပေမယ့် ကျွန်တော် လောလောဆယ် ဖြတ်သန်းနေရတဲ့ မြန်မာပြည် ရဲ့ အခြေအနေအရ ကျွန်တော် မဖြန့်ချီရက်ခဲ့ပါဘူး။
ကျွန်တော့် သီချင်းမှာ လူမျိုးတွေ ဘာသာတွေ အဆင့်အတန်းတွေ ပါနေတယ်။ကျွန်တော် ရည်ရွယ်တဲ့ နေရာက လွဲသွားကြမှာစိုးတယ်။
ဒီတော့ ကျွန်တော် ယောကျာ်းတစ်ယောက် ရဲ့ သိက္ခာ နဲ့ သစ္စာ အရ အတိအလင်းပြောပြပါ့မယ်။
ကျွန်တော့် သီချင်းဟာ မြန်မာနိုင်ငံသားစစ်စစ် တွေ ထဲက မတူညီတဲ့ ယုံကြည်မှုတွေ ကိုးကွယ်မှုတွေ နဲ့ ရပ်တည်နေတဲ့ မြန်မာတွေ အတွက် ဘဲ ရည်ရွယ်ပါတယ်။
အဲ့ထဲမှာ တိုင်းရင်းသားတွေ အကုန်ပါတယ်။
မြန်မာပြည်ဖွား တရုပ်တွေ ပါတယ် ။
မြန်မာပြည်ဖွား ကုလား တွေ ပါတယ် ။
ဒါပေမယ့် ....
Rohingyas လို့ခေါ်တဲ့ ဘင်္ဂါလီ မျိုးမစစ်တွေ မပါဘူး။ ...
ဟုတ်ကဲ့ ထပ်ပြောမယ်နော် ။ ။ ။
ကျွန်တော့် သီချင်းရဲ့ ရည်ရွယ်ချက်မှာ အကြမ်းဖက် ကျူးကျော်နေတဲ့ ဘင်္ဂါလီ ကုလားတွေ မပါဘူး ။
ကျွန်တော် ရန်ကုန်မှာ ငယ်ငယ်တုန်းက အနေအများဆုံးဟာ ၃၆ လမ်း နဲ့ မဂိုလမ်းကြားမှာပါ ။
ကျွန်တော့် မှာ ကုလားသူငယ်ချင်းတွေ အများကြီးရှိပါတယ် ။
ကျွန်တော် မြန်မာကုလားတွေ ကို မမုန်းပါဘူး ။
ဒါပေမယ့် ကျွန်တော့် တိုင်းပြည် နဲ့ လူမျိုးတွေကို လာကျူးကျော် စော်ကားနေတဲ့ ဘင်္ဂါလီကုလားတွေကို လုံးဝ မုန်းတီး ရွံရှာစွာ ဆန့်ကျင်တယ် ။
ရခိုင်တွေ အတွက် .. မြန်မာ တွေအတွက် .. ဘယ်တော့မှ ခွင့်မလွှတ်နိုင်ဘူး ။
အဲ့ဒါ ကျွန်တော့် ရဲ့ သစ္စာစကားပါဘဲ ......
ကဲပါလေ ...
သီချင်းလေးကို နားထောင်ကြည့်ကြပါ ...
:)
အမိမြေနှင့် လူမျိုးအတွက် ထာဝရ မေတ္တာဖြင့် ...
မျိုးချစ်မြန်မာ
မူရင်း - http://myochitmyanmar.blogspot.com/2012/06/blog-post.html
မှတ်ချက် သီချင်းကို တိုက်ရိုက်နားထောင်ဖို့ HTML Embed Codes တွေ ကို Notes တွေ မှာ ထည့်လို့မရသေးတဲ့ FB ရဲ့ အားနည်းချက်တစ်ခုကြောင့် ကျွန်တော် ဒီ Post လေးရဲ့ အောက်မှာ နားထောင်ဖို့ Player လေးပေါ်လာမယ့် Link လေး ကို ပထမဆုံး Comment Line မှာ ပြန်ရေးပေးထားပါတယ်။
တိုက်ရိုက် ဝင်ဖွင့်လို့မရတဲ့သူတွေ ပါ နားထောင်လို့ရအောင်ပါ။
အတ္တတွေဖြုတ်ကြ!
၂ဝ၁၂ ခုနှစ်၊ မေလ (၁) ရက်နေ့မှ ယနေ့ ဇွန်လ (၁၉) ရက်နေ့အထိ ကျွန်တော်ကျော်သူနှင့် ဇနီးဖြစ်သူ
ရွှေဇီးကွက်တို့သည် အမေရိကန်နိုင်ငံရောက် မြန်မာ့ဂုဏ်သိက္ခာကို မြှင့်တင်ပေးသော၊ မြန်မာ့လူမှုရေး သမားများကို ဂုဏ်မြှင့်ပေးသော၊ မြန်မာကို ကမ္ဘာကသိရှိအောင် ကြိုးစားမြှင့်တင်ပေးနေသော မြန်မာပြည်သူ လူထုတို့နှင့် ဖွဲ့စည်းထားသော “ပြည်သူ့ဂုဏ်ရည်” အဖွဲ့၏ ဖိတ်ကြားချက်အရ ရောက်ရှိနေဆဲဖြစ်သည်။
၂ဝ၁၂ ခုနှစ်၊ မေလ (၁) ရက်နေ့မှ အမေရိကန်နိုင်ငံရှိ Los Angeles သို့ ရောက်ရှိခဲ့ကာ ပြည်သူ့ဂုဏ်ရည်အဖွဲ့၏ အတွင်းရေးမှူးဖြစ်သူ ကိုကျော်ဝဏ္ဏနှင့် ဇနီးဖြစ်သူ မမိုးချိုသင်း (ကဗျာဆရာကြီး တင်မိုး၏သမီး)တို့၏ နေအိမ်မှ အစပြုကာ San Francisco, Seattle, New York, Washington D.C, Albany, Utica, Buffalo, Florida , Phoenix အစရှိသည့် မြို့များသို့ လေယာဉ်ဖြင့်တစ်မျိုး၊ ကားနှင့်တစ်ဖုံ အဆက်မပြတ် သွားလာခဲ့ပြီး ပြည်သူ့ဂုဏ်ရည်အဖွဲ့ မြန်မာပြည်သူလူထုတို့နှင့် လက်ပွန်း တစ်သီးတွေ့ဆုံ၍ မြန်မာပြည်တွင်းရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)၏
ပြည်ပ အမေရိကန်နိုင်ငံရှိ မြန်မာပြည်သူလူထုတို့သည် ကျေနပ်အားရစွာဖြင့် သဒ္ဓါတရားထက်သန် စွာ လှူဒါန်းမှုများကို တက်ကြွစွာ ဖြင့်မိမိတို့၏ ချွေးနည်းစာထဲမှ လှူဒါန်းခြင်းကို တွေ့မြင်ခံစားခဲ့ရ၍ သာဓု … သာဓု … သာဓု ဟူ၍ ခေါ်ဆိုမိပါသည်။
အမှန်စင်စစ်မူ … ပြည်တွင်းတွင် ဆင်းရဲဒုက္ခရောက်ရှိနေကြသော မြန်မာပြည်သူတို့အား ကူညီပံ့ပိုး မှုများ ပြုလုပ်ပေးရန် လှူဒါန်းကြသော ပြည်ပရှိ မြန်မာပြည်သူလူထုတို့သည်လည်
ဤတွင် မြန်မာပြည်သူလူထုတို့သည် ဗုဒ္ဓ၏ ဆုံးမသြဝါဒအတိုင်း ကုသိုလ်ရှင်၊ ပါရမီရှင်၊ ဒါနရှင်များ ဖြစ်ကြရန် ကြိုးကုပ်အားထုတ်မှုများသည် အတိုင်းထက်လွန်နေသည်ကို ကျွန်တော်မြင်တွေ့မိတော့သည်
အကြောင်းမှာ . . . ပြည်တွင်းရှိ မြန်မာပြည်သူလူထုများ၊ အမေရိကန်ပြည်ထောင်စုရှိ မြန်မာပြည်သူလူထုများ၊ အခြား ပြည်ပ နိုင်ငံများရှိ မြန်မာပြည်သူများ၊ အများစုတို့သည် မည်သည့်လုပ်ငန်း ကိုဘဲလုပ်လုပ် အပြိုင်အဆိုင် အနိုင်မခံ အရှုံးမပေး လုပ်ဆောင်ကြသည်ကို တွေ့မြင်ရသည်။ အများ ကောင်းကျိုး လူမှုရေးလုပ်ငန်းအတွက် လုပ်ဆောင်ကြရာတွင် သူ့ထက်ငါပေးဆပ်မှုများကို လုပ်ဆောင်ခြင်း ကိုကား မဆိုချင်ပါ။ အများကောင်းကျိုးအတွက် လူမှုရေးလုပ်ငန်းများ အပြိုင်အဆိုင်ပေးဆပ်နိုင်လှ
ကောင်းသောမှတ်တိုင်ဟု ဆိုရာတွင်လည်း ဘုရားကြိုက်သော ဓမ္မမှတိုင်ဖြစ်ဖို့လိုသည်။
ကျွန်တော်တို့၏ အမေရိကန်လူမှုရေးခရီးစဉ်တွင်
အထူးသဖြင့် မိမိကိုယ်ကို လူမှုရေးသမားဟု အမည်ခံထားသော လူမှုရေးအသင်းအဖွဲ့ လုပ်ကိုင် နေကြသော လူမှုရေးသမားတစ်ယောက်အနေဖြင်
ဝိုင်းဝန်းကူညီတွန်းအားပေြး
တူညီမှုများကိုက်ညီမှုများမ
တစ်ခါတစ်ရံ … မည်သည့် ပညာရှိကြီးကဘဲဖြစ်ဖြစ်၊ မည်သည့် တရားဟောဆရာကဘဲဖြစ်ဖြစ်၊ မည်သည့် ဂုဏ်သိက္ခာမြင့်မားသော ပုဂ္ဂိုလ်ကြီးကဘဲဖြစ်ဖြစ် ဆိုဆုံးမ၍မရသော ကိစ္စရပ်များကို မထင်မှတ်သော ကလေးငယ်လေး၏ လုပ်ဆောင်မှုလေးတစ်ခုဖြင့် အားလုံးသော “ငါ” မဖြုတ်နိုင်ကြသေးသော၊ ကိုယ်ကျိုး ဖက်နေကြသော လူ့ဗာလများအတွက် “ငါ” ပြုတ်သွားကြကာအများအကျိုးဆေ
ဤဖြစ်ရပ်သည်ကား အမေရိကန်နိုင်ငံ Albany မြို့ ပြည်သူ့ဂုဏ်ရည်အဖွဲ့နှင့် ပြည်ပရှိ မြန်မာ ပြည်သူလူထုတို့အား ကျွန်တော်နှင့် ကျွန်တော့်ဇနီးတို့ တွေ့ဆုံခဲ့သည့် ပွဲတွင်ဖြစ်တော့သည်။
၂ဝ၁၂ ခုနှစ် မတိုင်မှီကတည်းက ပြည်ပနိုင်ငံတစ်ချို့တွင် မြန်မာပြည်သူလူထုတို့၏ စေတနာ အရင်းခံ၍ ဖြစ်တည်လိုမှုများကြောင့် မြန်မာအသင်းအဖွဲ့များ၊ မြန်မာပြည်သူတို့၏ လွန်ကဲသော ယှဉ်ပြိုင်လိုမှုများဖြင့် ဖက်ပေါင်းစုံမှ စွဲခွာ၊ လှုပ်ယမ်း၊ လွန်ဆွဲမှုတွန်းအားများကြောင
ထိုဖြစ်ရပ်သည် အချို့ သောလူကြီးများတွင်အရိုးစွဲ
ထို့ကြောင့် “ဘယ်ဖက်လက်က လှူတာကို ညာဖက်လက် မသိစေနဲ့” ဟူသော စကားအတိုင်း ကျွန်တော်တို့ မြန်မာပြည်သူတို့၏ အရိုးစွဲနေသော ကဗ္ဗည်းထိုးလိုသည့် အယူစွဲများ၊ အများအကျိုး ထမ်းရွက်ကြရာတွင် “ငါ” မဖြုတ်နိုင်သည့် လူ့အတ္တများ၊ လူ့ဗာလများ၊ ငါ့ကျောင်း၊ ငါ့အဖွဲ့များကို “ငါ” အမြန် ဆုံးဖြုတ်နိုင်ကြပြီး နောက်လူသားချင်းစာနာစိတ် မွေးဖွားကြကာ သာယာချမ်းမြေ့သော ငြိမ်းချမ်းသော ဓမ္မမှတ်တိုင်များ ထူနိုင် ကြပါစေဟု တိုက်တွန်းလိုက်ရပါတော့သည်။
ဤအကြောင်းအရာအား ၁၉.၆.၂ဝ၁၂ ရက်နေ့တွင် ကျွန်တော်တို့၏ ပြည်ပ အမေရိကန် လူမှုရေး ခရီးစဉ်ရပ်နားခဲ့ပြီးနောက် မြန်မာပြည်သို့ပြန်ရန် Los Angeles မြို့ ကိုကျော်ဝဏ္ဏ၊ မမိုးချိုသင်းတို့ နေအိမ် တွင် နားနေချိန်၌ ကျွန်တော်၏ နှလုံးသားထဲတွင် ပေါ်ပေါက်လာမှုတို့အား ရင်ဖွင့်ရေးသားခဲ့ခြင်း ဖြစ်ပေသည်။
မည်သူတစ်ဦးတစ်ယောက်၊ မည်သည့်အသင်းအဖွဲ့၊ မည်သည့်ကျောင်းကိုမျှ မရည်ရွယ်ပါကြောင်း နှင့် လူဟူသော လူသားတို့တွင် ဖြစ်ပေါ်တတ်သော ဓမ္မနှင့်အဓမ္မ လွန်ဆွဲမှုများအား ရုန်းကန်လွတ်မြောက် စေလိုသော၊ ဖြူစင်သောစိတ်ဆန္ဒဖြင့် အဖြူထည်သက်သက် အတွေးဖြင့်ရေးသားခြင်းသာ ဖြစ်ပါကြောင်းနှင့် တေးရေး/ဆို ကိုရဲလွင်၏ “အတ္တဖြုတ်ကြ” သီချင်းခေါင်းစဉ်အား ခွင့်မတောင်းဘဲ သုံးခဲ့ခြင်းကို ဝန်ခံရပါ တော့သည်။
ကိုကျော်သူ...
ကမ္ဘာ့လက်ခုပ်သံ
ကမ္ဘာ့လက်ခုပ်သံ
by Victor Tan on Thursday, June 21, 2012 at 3:25am ·




Oxford တက္ကသိုလ်ကြီးက ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ( ပါရဂူဘွဲ့ ) ချီးမြင့်စဉ်။ ဒေါ်အောင်ဆန်းစုကြည်ပြောသော မိန့်ခွန်း ရုပ်သံ။
ကဗျာဆရာကြီး တက္ကသိုလ်ဘုန်းကြွယ်
မြန်မာသာမက
ကမ္ဘာအရပ်ရပ်က တီးလိုက်တဲ့
မြည်ဟီးတဲ့လက်ခုပ်သံ
ကောင်းကင်ဘ၀ဂ်ထိညံ…။
ဤလက်ခုပ်သံသည်
အမှန်တရားကိုလိုက် အမှန်းတရားကိုကြိုက်
အမှန်တရားနှင့်ပျော်ပိုက်သူကို
အင်တိုက်အားတိုက် တီးလိုက်တဲ့လက်ခုပ်သံ…။
ဤလက်ခုပ်သံသည်
ဒေါ်စု၏ပြည်သူပြည်သား လူအများပေါ်
ထားရှိတဲ့မေတ္တာ စေတနာတရားကို
အားပေးဂုဏ်ပြုလိုက်တဲ့လက်ခုပ်သံ…။
ဤလက်ခုပ်သံသည်
ဒေါ်စု၏ကြိုးစားအားထုတ်မှု
ပြဿနာအစုစုကို အံတုနိုင်တဲ့ဇွဲလုံ့လ
စွန့်လွှတ်နိုင်လှတဲ့ ဂုဏ်ပုဒ်ကို
ဖေါ်ထုတ်လိုက်တဲ့ လက်ခုပ်သံ…။
ဤလက်ခုပ်သံသည်
လူ့အခွင့်ရေးနှင့် ဒီမိုကရေစီရရှိရေးကို
တလေးတစား ငြိမ်းချမ်းရေးနည်းများနှင့်
အရောက်သွားမည့်ဒေါ်စုကို
အလေးပြုလိုက်သည့်လက်ခုပ်သံ….။
အလီလီ အမယ်မယ် အဓိပ္ပါယ်ကြွယ်သည့်
ဝင့်ထယ်သောလက်ခုပ်သံသည်
ဧကန်အဟုတ် မြန်မာ၏ဂုဏ်ပုဒ်ကို
ကမ္ဘာအားဖေါ်ထုတ်လိုက်သည့်
လက်ခုပ်သံပါတကား…။
တက္ကသိုလ်ဘုန်းကြွယ် (ဇွန် ၂၀ ၂၀၁၂)
http://htwduwintinfoundation.blogspot.jp/2012/06/blog-post_21.htmlဒီလင့်မှာလည်းကြည့်လို့ ရပါတယ်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံ အိမ်ရှေ့ မင်းသားနှင့်တွေ့ ဆုံ ..
ဒေါက်တာ ဒေါ်အောင်ဆန်းစုကြည် နှင့်အတူတွေ့မြင်နေ ရတဲ့
ဗြိတိန် ဝေလ မင်းသား ၊ ကြင်ယာ တော် ကမီလာ ရှာမှရှားတဲ့ ဂန္တ၀င်ဓါတ်ပုံတစ်ခု.....။
ဒေါက်တာဒေါ်အောင်ဆန်းစုကြည် နှင့် ဗြိတိန် အိမ်ရှေ့ မင်းသား ချားလ် နှင့်မိဘု၇ား ကြင်ယာတော် ကမီလာဒူချယ် Biitain,s Prince Charles and Camilla uchess တို့ 21.6.2012 တွင်တွေ့ ဆုံခဲ့ရာ အိမ်ရှေ့ မင်းသား ချားလ် မှ အထူးကြိုဆိုခဲ့ပြီး မြန်မာ့အရေး ကို အားပေးခဲ့ကြောင်း သိရှိရပါတယ်...။
Subscribe to:
Posts (Atom)






















