Wednesday, June 20, 2012
ဒေါ်အောင်ဆန်းစုကြည်ကို LSE ကနေ မွေးနေ့လက်ဆောင် (၅) ခုပေးတယ်။
ပထမတခုက ပန်းလေး၊ နောက်တခုက စာအုပ်လေး၊ နောက်တခုက LSE ဦးထုပ်လေး။ အမေက ဦးထုပ်လေး ဆောင်းပြပြီး လက်ဆောင်ပေးတာ ပြီးသွားပြီ ထင်လို့ ပြန်ထိုင်လိုက်တဲ့ အချိန်မှာ တယောက်က နောက်တခု ကျန်သေးတယ်တဲ့ မင်းအဖေ ဒီကိုလာတုန်းက ရိုက်ခဲ့တဲ့ ဓါတ်ပုံလေး ဆိုပြီး ဗိုလ်ချုပ်အောင်ဆန်း ပုံလေးကို မှန်ဘောင် သွင်းထားတဲ့ လက်ဆောင်လေး အမေ့ရဲ့ အံ့သြ၀မ်းသာ သွားတဲ့ မျက်ဝန်းလေးနဲ့ အားလုံးကို ပုံလေး ထောင်ပြလိုက်တာ မြင်ရတဲ့သူတွေ ၀မ်းနည်း ၀မ်းသာ ဖြစ်စေတယ်။ နောက်ဆုံး လက်ဆောင် တခုကတော့ အမေ့အတွက် မွေးနေ့ သီချင်းလေးပါ။ နောက်ဆုံး အပိုဒ်လေးမှား အားလုံးက "Happy Birthday to you" ဆိုပြီး လိုက်ဆိုတော့ အမေက ခေါင်းလေးလှုပ်ပြီး စည်းချက်လိုက်လို့ ပြုံးပြလိုက်တယ်။
ပျော်ရွှင်ပါစေ အမေရယ်... လေးစား ယုံကြည်ခြင်းတွေနဲ့ အတူ အမေ့ကို ဂရုဏာ ပိုမိတယ်။
ခင်ကလျာစိုး...။
၂ဝဝ၉ ခုနှစ်က ချီးမြှင့်ဂုဏ်ပြုခံရတဲ့ Ambassador of Conscience Award ဆုကို ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူ
on Tuesday, June 19, 2012 at 10:13pm ·
၂ဝဝ၉ ခုနှစ်က ချီးမြှင့်ဂုဏ်ပြုခံရတဲ့ Ambassador of Conscience Award ဆုကို ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူ
Ambassador of Conscience Award ဆုဟာ နိုင်ငံတကာ လွတ်ငြိမ်းချမ်းခွင့်အဖွဲ့ (Amnesty International) က ပေးအပ်ချီးမြှင့်တဲ့ဆုတွေထဲမှာ အမြင့်ဆုံးဆု ဖြစ်ပါတယ်။ လူ့အခွင့်အရေးတွေ၊ လူတွေမှာ ထားရှိအပ်တဲ့ အသိတရားတွေကို မြှင့်တင်ပေးရာမှာ ထူးထူးခြားခြား ဦးဆောင်ပေးနိုင်သူ ပုဂ္ဂိုလ်တဦးချင်းကို နှစ်စဉ် ချီးမြှင့် ဂုဏ်ပြုတာ ဖြစ်ပါတယ်။
ဒီဆုကို ဒေါ်အောင်ဆန်းစုကြည်က ၂ဝဝ၉ ခုနှစ်ကတည်းက ချီးမြှင့်ခံရတာဖြစ်ပေမယ့် အခု (၁၉-၆-၂ဝ၁၂) နေ့မှ ဆုကို လက်ခံယူတာ ဖြစ်ပါတယ်။
ဒီဆုကို ဒေါ်အောင်ဆန်းစုကြည်ထက် စောပြီး ရထားဖူးသူတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
    2008 - Peter Gabriel, musician and humanitarian activist
    2007 - not awarded
    2006 - Nelson Mandela, former President of South Africa
    2005 - Irish rock band U2 and their manager Paul McGuinness
    2004 - Mary Robinson, former President of Ireland and UN High Commissioner for Human Rights - Hilda Morales Trujillo, Guatemalan women's rights activist
    2003 - Václav Havel, former President of the Czech Republic 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီလို နိုင်ငံတကာက လေးစားတဲ့ ဆုမျိုး ဂုဏ်ပြု ချီးမြှင့်ခံရတဲ့အတွက် မြန်မာပြည်သူတွေ သိပ်ကို ဝမ်းမြောက်ဝမ်းသာ ဖြစ်နေမိကြမှာ သေချာပါတယ်။ မြန်မာနိုင်ငံအတွက်လည်း အထူးပဲ ဂုဏ်ယူမိပါတယ်။
ဒီညနေကတော့ ဒပ်ဘလင်ရဲ့ Grand Canal Theatre မှာ ဒေါ်အောင်ဆန်းးစုကြည်ကို Electric Burma concert နဲ့ ဂုဏ်ပြုနေကြပါပြီ။ ၂ဝဝ၅ ခုနှစ်က ဒီဆုကို ရရှိဖူးတဲ့ ဘိုနို ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်ကို ဆုချီးမြှင့် ဂုဏ်ပြုသွားပါတယ်။ 
U2 Bono အပြည့်အစုံ ဖတ်ရန်
Happy birthday to Daw Aung San Suu Kyi !
Long Live Daw Aung San Suu Kyi !
A family re-union is always a joy.
လွင်အောင်စိုး
၁၉-၆-၂ဝ၁၂
 .......................
မွေးနေ့  ကိတ် ခွဲနေပါတယ်
မွေးနေ့ ရှင်အမေစု
မွေးနေ့  ကိတ် ခွဲနေပါတယ်
ဒေါ်အောင်ဆန်းစုကြည်နှင့် အန်တီနီတာ ဘီဘီစီ ကပါ...။
၆၇ နှစ်မြောက် အမေ့မွေးနေ့ .....................
( အမေ )
ဒီစကားလေးနှစ်ခွန်းနဲ့ အမေ့အတွက် သား၇ဲ့ ဆုတောင်းတွေအများကြီး ပါ
သွားပါပြီး..ဒီဆုတောင်းတွေဟာ သားသာသိတဲ့ သား၇င်ထဲက မေတ္တာဆု
တောင်းတွေပါ အမေ...
Myat Phone Linn
ဒီမိုကရေစီ မိခင်ကြီးတယောက်ရဲ့မွေးနေ့ကိုဂုဏ်ပြုခြင်း
ကိုခွန်ဆိုင်း 
on Tuesday, June 19, 2012 at 12:46pm ·
Art -Feraya Maetai Ullathorne
               ဒီနေ့ ဇွန်လ၁၉ရက်နေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၇နှစ်မြောက်မွေးနေ့ မင်္ဂလာအခါသမယဖြစ်ပါတယ်။ နှစ်ပေါင်း ၂၄နှစ်ကြာ မြန်မာ့ဒီမိုကရေစီရေးအတွက် မိသားစုဘ၀ မိမိလွတ်လပ်ခွင့် မိမိအသက် အားလုံးကို ပေးဆက်ပြီးအလုပ်လုပ်လာခဲ့တဲ့   ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး တိုင်းပြည်ပြင်ပကို ထွက်လာတဲ့  ဒီခရီး မှာ နော်ဝေးရောက်မြန်မာနိုင်ငံသားတွေက မိခင်ဒီမိုကရေစီ လို့ခေါ်ဆို ဂါဝရပြု ကြိုဆိုလိုက်ကြပါတယ်။ အခုတော့ လူထုချစ်တဲ့ခေါင်းဆောင်ဟာ အင်္ဂလန်နိုင်ငံကိုလည်း ရောက်လာပြီဖြစ်တဲ့အတွက် အင်္ဂလန်နိုင်ငံရောက်မြန်မာနိုင်ငံသားတွေအတွက်ကြက်သရေမင်္ဂလာအရှိဆုံးအခါသမယတွေ လို့ ဆိုရပါမယ်။ အင်္ဂလန်နိုင်ငံက ဂုဏ်ပြုကြိုဆိုသလို      အင်္ဂလန်မှာရှိနေတဲ့ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးအတွက်လည်းမမေ့နိုင်စရာ သမိုင်းဝင်နေ့တွေဖြစ်ခဲ့ပါပြီ ။  ကျွန်တော်တို့ချစ်ခင်မြတ်နိုးတဲ့၊ တန်ဖိုးထားလေးစားတဲ့ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်သိက္ခာရှိစွာထိုက်တန်စွာ လူချင်းတွေ့ဆုံ ပြီး လှိုက်လှဲနွေးထွေးစွာကြိုဆိုခွင့် ၊ စကားပြောဆိုခွင့်၊  မေတ္တာနဲ့ ဂါရ၀တရားတွေ အပြန်အလှန် ဖလှယ်ခွင့် ရခဲ့ကြပါပြီ။
                တကယ်တော့ ကမ္ဘာ့အရှေ့နဲ့ အနောက်၊ ကီလိုမီတာ(  ၈၀၀၀)ထောင်ကျော်ဆိုတဲ့  ခရီး ဟာ ခုခေတ်မှာ   ဝေးတဲ့ခရီးတော့မဟုတ်ပါဘူး။ ဒါပေမယ့် ခုလို ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့အရှေ့ခြမ်းကနေ အနောက်ခြမ်း ၊  အာရှကနေ ဥရောပကို ကမ္ဘာသိအမျိုးသမီးခေါင်းဆောင်၊ သိက္ခာရှိတဲ့ ကမ္ဘာ့ထိပ်တန်းစံပြုခေါင်းဆောင် တယောက်အနေနဲ့ လာခဲ့ရတဲ့ ခရီးကတော့ သိတ်ကို ခက်ခဲ ရှည်ကြာခဲ့ရပါတယ်။ တိုင်းပြည်မှာ သွေးထွက်သံယိုမှု အနဲဆုံး  နစ်နာဆုံးရှုံးကြရမှုတွေအနည်းဆုံးဖြစ်အောင်လို့
ရွေးခြယ်ထားတဲ့  နိုင်ငံရေး အကြမ်းမဖက်လမ်းစဉ်ဆိုတာလည်းတကယ်တော့  သာမန်ပုထုဇဉ်လူသားတယောက်အနေနဲ့   အင်မတန်ခက်ခဲတဲ့ ရွေးခြယ်ပိုင်းဖြတ်ရမှုမျိုး ။ဒါကို ဒေါ်အောင်ဆန်းစုကြည်ဟာအခက်အခဲမျိုးစုံကြားကနေ  နာနာကျဉ်ကျဉ်လွယ်ပိုး ခဲ့။ မဆုတ်မနစ်စွဲကိုင်ခဲ့ရတယ်။
           ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်အတွက် ကြီးမားတဲ့ အနတ္တမေတ္တာ၊ ကရုဏာ၊   ထက်မြက်တဲ့ ညာဏ်၊ အမြော်အမြင်ကြီးမှု၊  အရာရာကို စိတ်ရှည်သီးခံခွင့်လွှတ်စိတ်တွေနဲ့  ခေါင်းဆောင်ခဲ့ပါတယ်။ ထူးခြားတဲ့ ပါရမီတွေနဲ့ ဖြည့်ဆည်းလာတဲ့ မိခင်တယောက်  ရခဲလှတဲ့ သားရတနာတပါးအတွက်အသက်အန္တရာယ်ကြားကနေ အချိန်ရင့်ကျက်တဲ့အထိစောင့်စား သန္ဓေဆောင်ခဲ့ရ သလိုမျိုး၊  ကြီးစွာသော နာကျဉ်မှု အာဝေနိက ဝေဒနာမျိုးစုံ ကို ကြိတ်မှိတ်ခံစားရင်း သူ့ရင်သွေးကို မွေးခဲ့ရသလိုမျိုး  ဒီနေ့ မိခင်ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ခက်ခဲလှတဲ့ ဒီမိုကရေစီ သားရတနာတပါးကို မြန်မာပြည်အတွက်   မွေးဖွားပေးခဲ့ပြီလို့ တင်စားပြောမယ်ဆိုပြောလို့ရပါတယ်။
                ဒေါ်အောင်ဆန်းစုကြည်ကို ငယ်ရွယ်သူ အားလုံးက အမေလို့ ခေါ်ချင်ကြပါတယ်။အဲလိုခေါ်နေကြ ၊ ခေါ်ချင်နေကြတာဟာ တကယ့်မိခင်ကို ချစ်တဲ့ ချစ်ခြင်းမေတ္တာစိတ်မျိုး နဲ့ နှလုံးသားထဲကခေါ်နေကြတာဖြစ်ပါတယ်။တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မိခင်နဲ့တူတဲ့မေတ္တာမျိုးထားနိုင်တဲ့ ခေါင်းဆောင်။  ရဲဘော်ရဲဖက်စိတ်ထားမျိုးထားနိုင်တဲ့ခေါင်းဆောင်၊   နိုင်ငံရေးမှာ ယုံကြည်တာကို အနစ်နာခံဆောင်ရွက်တဲ့  သူတော်စဉ်တပါးလို့တောင် ပြောလို့ရပါတယ်။
                   ကျွန်တော်တို့အားလုံး ဒီနေ့ အမေ့အတွက် ဂုဏ်ယူနေရတယ်။ အင်္ဂလန်မှာ ဘယ်သူ့ကိုမေးမေး မြန်မာပြည်ကို သိသလားလို့ မေးရင် ဝေတေ၀ါးတားဖြစ်ချင်ဖြစ်မယ် ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နံမည် တပ်မေးလိုက်တာနဲ့သိတဲ့လူတွေချည်းပါပဲ။ အမေ့ဂုဏ်သတင်းဟာ မြန်မာပြည်ရဲ့ဂုဏ်သတင်း။အမေဟာမြန်မာနိုင်ငံသားတွေအတွက်ကြက်သရေဆောင်။                                        
  အမေလွတ်မြောက်လာပြီး တဲ့          ဒီတနှစ်အတွင်း ကမ္ဘာမှာရှိတဲ့  ထိပ်တန်းခေါင်းဆောင်တွေ အများဆုံး သွားရောက်တွေ့ဆုံတဲ့ ဒီနေ့ကမ္ဘာ့ခေါင်းဆောင်တယောက် ကိုပြပါဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို ပြရမှာပဲ ဖြစ်ပါတယ်။
     ထူးထူးခြားခြား  ဒါဟာ ဘာကို ပြသလဲဆို တကယ့် ခေါင်းဆောင်အစစ်ဟာ တခါတလေမှာ မဲပြားတွေမလိုပဲ အလိုလို တရားဝင်ခေါင်းဆောင်ဖြစ်နိုင်တယ်ဆိုတဲ့အချက်ပါပဲ။ ဒီမိုကရေစီမှာ ဆန္ဒမဲဆိုတာ တရားဝင်မှုအတွက်အလွန်အရေးကြီးတာမှန်ပါတယ်။ ဒါပေမယ့် တခါတခါမှာမဲပြားနဲ့ရွေးခြယ်ခွင့် မရတဲ့အချိန်မျိုးတွေလည်း ရှိနေတတ်ပါတယ်။ ဒီအခါမှာ ပြည်သူ  လူထုထံက နှလုံးသားနဲ့   ရွေးခြယ်တင်မြှောက်ခံရတဲ့ ဖြစ်စဉ်မျိုးလည်း အသေအခြာရှိနေပြီဆိုတာဒီနေ့ မြန်မာပြည်ကို ကြည့်ရင် ရှင်းရှင်းလင်းလင်း သိနိုင်ကြပါတယ်။ထူထူထဲထဲအစောင့်အကြပ်တွေမလိုပဲ မည်ကာမတ်တပ်ခေါင်းဆောင်မျိုးဆိုတာထက် လူထုကြားကို လက်နက်အကာအကွယ်  အစောင့်အရှောက်တွေမပါပဲသွားနိုင်လာနိုင်၊ လူထုကတကယ့်အူလှိုက်သဲလှိုက် နွေးထွေးပျူငှါစွာကြိုဆိုခြင်းခံရ၊  ကိုယ်တိုင်ကလည်း လူထု ရင်ခုန်သံတသားတည်း
ပျော်ရွှင်ကျေနပ်စွာ သွားခွင့်ရတဲ့ခေါင်းဆောင်တယောက်ကို ကျွန်တော်တို့ ဒီနေ့ ဂုဏ်ယူစွာ ပိုင်ဆိုင်ခဲ့ ပြီဖြစ်ပါတယ်။
              ရာစုနှစ်တ၀က်မက စနစ်ဆိုးတခုအောက်က စစ်မီးလျှံတွေကြားက နေ ရုန်းထအားယူရင်း   ဒီနေ့ အမိမြန်မာနိုင်ငံဟာ နာကျင်ချိနဲ့နေပါတယ်။ ပြသနာပေါင်းစုံ သံသယများစွာ အသားကျနေတဲ့ ပျက်စီးခြင်းများစွာကို ပြန်လည်ပြင်ဆင်နေရပါတယ်။ ဒါတွေဟာ နတ်ရေကန်ထဲပစ်ချ တမဟုတ်ချင်းကုစားလိုက်လို့ ရတဲ့ ဒဏ်ရာဒဏ်ချက်တွေတော့ မဟုတ်ပါဘူး။
         ပြောမယ်ဆို မြန်မာပြည်မှာ မွေးဖွါးကာစ ဒီမိုကရေစီ သန္ဓေသားနုနု လေးဟာ မွေးချိန်တန်မမွေးခဲ့ရလို့ သူ့ခင်မျာ အင်မတန်မှ အားအင်ချိနဲ့ နေခဲ့ ရေမွန်းနေခဲ့ရှာပါတယ်။ ခုထိ ဖန်ပေါင်းချောင်ထဲမှာ အသည်းအသန်ကြပ်မတ်နေရတုန်းလို့ပြောလို့ရပါတယ်။ စိတ်မချရသေးတဲ့အချိန် ။ စိုးရိမ်နေရဆဲအချိန်။နိုင်ငံရေးယုံကြည်ချက်နဲ့ အကျဉ်းကျခံနေရသူတွေအားလုံး အပြီးတိုင်လွတ်မြောက်မလာကြသေးတဲ့အချိန်။ တချို့နေရာတွေမှာလောင်မြှိုက်ဆဲ အငွေ့မသေသေးတဲ့ ပြည်တွင်းစစ်မီးတွေ ကို ငြိမ်းသတ်ဘို့တိုင်းရင်းသား လူမျိုးစုလက်နက်ကိုင်တွေအားလုံးနဲ့အစိုးရအကြား စေ့စပ်ဆွေးနွေးနေရဆဲ၊ အပြန်အလှန်ယုံကြည်မှုတွေတည်ဆောက်ရဆဲကာလဖြစ်ပါတယ်။ အားလုံးအားလုံးပါဝင်ဆောင်ရွက်မှဖြစ်နိုင်မယ်။ကျမ တယောက်တည်းနဲ့ ပြီးမြောက်နိုင်မယ့်ကိစ္စတွေမဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က အမြဲတန်းပြောပါတယ်။
            မြန်မာပြည်မှာ တရားဥပဒေစိုးမိုးမှုရှိဘို့။တကယ့်စစ်မှန်တဲ့အမျိုးသားပြည်လည်ညီညွတ်ရေးတွေတည်ဆောက်ဘို့
ဆိုတာတွေဟာ        ဧရာမ ကျော်လွှားရမယ့် အခက်အခဲဆုံး အစိတ်အပိုင်းတွေဖြစ်ပါတယ်။ တကယ့် အနှစ်သာရနဲ့ပြည့်စုံတဲ့ ခိုင်မာတဲ့ ဒီမိုကရေစီ ဖွဲ့စည်းပုံအုတ်မြစ်ကို အခြေမခံနိုင်သေးပဲ ဒီမိုကရေစီသန္ဓေသား ဟာ စိုးရိမ်ရတဲ့အခြေအနေကလွန်မြောက်သွားပြီ လို့ပြောလို့မရပါဘူး။              ဖန်ပေါင်းချောင်ထဲက ထွက်လာနိုင်ပြီ။ အသည်းအသန်ကြပ်မတ်ခန်းကကျွတ်လွတ်ခဲ့ပြီလို့ပြောလို့မရပါဘူး။
             ဒါပေမယ့် ကျွန်တော်တို့ အားတက်စရာက မိခင်ဒီမိုကရေစီကြီးက သူ့မျိုးဆက်များစွာကို နာကျဉ်ခြင်းကြီးစွာကြားကနေ မွေးထုတ်ခဲ့ပြီးဖြစ်ပါတယ်။ သူခင်းတဲ့လမ်းကို ရဲရဲလှမ်းတက်လာတဲ့ ဒီမိုကရေစီ မျိုးဆက်တွေကို ကျွန်တော်တို့ မြန်မာပြည်တနံတလျားမှာ တွေ့နေရပါပြီ။ နှစ်ပေါင်း ၂၀ကျော်မိခင်တယောက်ရဲ့ ချစ်ခြင်းနဲ့ရင်အုပ်မကွာစောင့်ရှောက်မွေးခဲ့တဲ့နိုင်ငံရေးမျိုးဆက်တွေ လူမှုရေးမျိုးဆက်တွေဟာ
အမေ့ခြေရာကိုနင်း အမေ့ နှလုံးသားပုံရိပ်ကိုကိုးကွယ်  အမေ့ကျေးဇူးကို အောက်မေ့ရင်း ဆက်လက်လျှောက်လှမ်းသွားကြတော့မှာဖြစ်ပါတယ်။
ဇွန်လ ၁၆ ရက်နေ့က အမေရိကန်နိုင်ငံသား Nik Wallenda  ဆိုသူဟာ အမေရိကန် နဲ့ ကနေဒါ နှစ် နိုင်ငံကြားက ကမ္ဘာကျော် နိုင်ရာဂရာရေတံခွန်ကြီးပေါ်မှာဖြတ်သွယ်ထားတဲ့ ပေ ၁၈၀၀ ရှည်-ကြိုးတန်းပေါ်ကနေ ဖြတ်လျှောက်သွားခဲ့ပါတယ်။
တဝေါဝေါကျနေတဲ့ ရေတံခွန်ကြီးဆီက လွင့်လာတဲ့ရေမှုန်ရေမွှားတွေကြား။ တဟူးဟူး တိုက်နေတဲ့လေ တွေကြားကနေ မပြတ်သောသတိ။ ခိုင်မာတဲ့ စိတ်ဓါတ်။ တည်ငြိမ်တဲ့ သူရသတ္တိ နဲ့ ဖြတ်သွားနိုင်သူ။ ရုပ်သံမှတ်တမ်းတင်နေသူက ရုတ်တရက် ကြိုးတန်းကို ကုတ်တွယ်ထားတဲ့ သူ့ခြေထောက်တွေကို အနီးကပ်ရိုက်ပြလိုက်ပါတယ်။ သတင်းကြေငြာသူက ကြိုးတန်းကို ကုတ်တွယ်ထားတဲ့ သူ့ဖိနပ်အကြောင်းကို ပြောပြပါတယ်။ သူ့ဖိနပ်ကို သူ့မိခင်က ဒရယ်တမျိုး( elk ) ရဲ့ အရေခွံနဲ့ အချိန်ယူပြီး ကိုယ်တိုင်သေချာချုပ်ပေးခဲ့တယ်လို့ပြောပါတယ်။  သူ့စွန့်စားခန်းကို ကြည့်နေတဲ့ ကမ္ဘာတ၀ှမ်းက ပရိသတ် သန်းတထောင်လောက်အတွက် မိခင်တွေကို သတိရစရာပါ။
           ကျွန်တော်တို့မှာလည်းကျွန်တော်တို့တိုင်းပြည်ရဲ့အနာဂတ် ရှေ့ခရီးတွေအတွက် သူ့လိုအမေမျိုးရထားတာသေချာပါတယ်။   ဒေါ်အောင်ဆန်းစုကြည်ဟာ အနာဂတ်မျိုးဆက်တွေအတွက် စနစ်ကျန သေသတ်တဲ့ ခရီးသွားဖိနပ်တစုံကို မိခင်ကြီးတယောက်ရဲ့ ကြီးမားတဲ့ချစ်ခြင်း မေတ္တာမျိုးနဲ့ ချုပ်ပေးခဲ့ပြီလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။
                                                     မိခင်ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပျော်ရွှင်ပါစေ
                                                                         ခွန်ဆိုင်း  ( ၁၉. ၆. ၂၀၁၂ )
( ၆၇ ) နှစ်ပြည့် မွေးနေ့ဆုတောင်း
by Ko Baloi on Wednesday, June 20, 2012 at 7:11am ·
ယနေ့ကျရောက်လာသည့် ၂၀၁၂ ခုနှစ် ဇွန်လ ၁၉ ရက်နေ့သည် ပြည်တွင်း/ ပ ပြည်သူအများထောက်ခံမှုကိုရယူထားသည့်
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ထူးမြတ်သည့်မွေးနေ့အခါသမယဖြစ်သည်။ ထို့အပြင်- နိုင်ငံတကာခေါင်းဆောင်
များ၏ ထောက်ခံမှုကိုလည်းရရှိထားသည့် ကမ္ဘာ့ခေါင်းဆောင်တစ်ဦး၏ မွေးနေ့အခါသမယဆိုရင်လည်း မှားမည်မဟုတ်ချေ။
သူမ၏ စွမ်းပကားကြောင့် မြန်မာ့အရေးသည် ကမ္ဘာ့အလယ်တွင် ထင်ပေါ်ကျော်ကြားခဲ့သည်။ မြန်မာ့နိုင်ငံရေးလောကတွင်
အမျိုးမျိုးသောခြိမ်းခြောက်မှုတို့နှင့် လုပ်ကြံသတ်ဖြတ်ခြင်းတို့ကို အလီလီကြုံတွေ့ခဲ့သော်လည်း မကြောက်မရွံ နောက်မတွန့်ပဲ
တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ကိုပေးဆပ်၍ တိုက်ပွဲဝင်ခဲ့သည့် ငြိမ်းချမ်းရေးမိခင်ကြီးလည်းဖြစ်သည်။
သူမသည် သူမ၏ နိုင်ငံတော်နှင့် ပြည်သူအတွက်ဆို မိမိ၏ လုပ်ဆောင်ခဲ့သည့် နိုင်ငံရေးကိုမငဲ့ကွက်ပဲ၊ အမျိုးသားပြန်လည်သင့်
မြတ်ရေး အတွက် ရန်သူမိတ်ဆွေ ခွဲမခြားပဲ မည်သူနဲ့မဆို လက်တွဲအလုပ်လုပ်လိုသည့် ရိုးသားသည့်နိုင်ငံရေးစိတ်ဓါတ်ရှိသူ
ဖြစ်သည်။ အခုအခါ သူမ၏ ပြည်ပခရီးစဉ်တွင် နိုင်ငံခေါင်းဆောင်ကြီးများမှ တလေးတစားနဲ့ ကမ္ဘာ့ခေါင်းဆောင်ကြီးတစ်ဦး
အသွင်နဲ့ တခန်းတနားခရီးဦးကိုကြိုဆိုမှုပြုသည်ကို ဂုဏ်ယူအားရကျေနပ်ဖွယ်ကောင်းလောက်အောင် တွေ့ရှိခဲ့ရသည်။ အခုအခါ
အသက် ၆၇ နှစ်ပြည့်ပြီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်သည် လောကဓံကိုခံနိုင်စွမ်းပေမယ့် ပျိုမြစ်ချင်းကိုတိုက်စားနေသည့် ဇရာဒဏ်ကိုတော့တွန်းလှန်နိုင်စွမ်း မရှိတော့ပါ။ ဇရာအိုအရွယ်လာပြီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၏ ကျမ္မာရေးကို စိုးရိမ်ပူ
ပန်နေကြသည့် ပြည်တွင်း/ ပ ပြည်သူအများသည် ဒေါ်အောင်ဆန်းစုကြည်၏ ၆၇ နှစ်ပြည့်မွေးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်
အသက်ရာကော်ရှည်ပြီး ကျမ္မာပါစေကြောင်း အခါခါဆုတောင်းနေကြပါသည်။ ထိုကြောင့် ကျနော်သည်လည်း ဒေါ်အောင်ဆန်းစု
ကြည် ကိုယ်၏ ကျမ္မာခြင်း၊ စိတ်၏ ချမ်းသာခြင်းတို့နှင့် ပြည့်စုံစေပြီး လိုအင်ဆန္ဒဟူသမျှ အမြန်ဆုံးထမြောက်အောင်မြင်ပါစေလို့
ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်..။ ဒေါ်အောင်ဆန်းစုကြည် တိုင်းပြည်အကျိုး ဆထက်တပိုး ထမ်းရွက်နိုင်ပါစေ။
ကိုဗလိုင်
ဖိတ်ခေါ်နေတဲ့ ငြိမ်းချမ်းရေး မျဉ်းပြိုင်
 Wednesday, June 20, 2012 at 7:04am ·
စကြာဝဠာ တံတိုင်းခတ်ထားတဲ့
ကမ္ဘာကြီးမှာ သူ့အတွက်တော့
စံပြကျေးရွာကြီး တစ်ခုပေါ့..။
အလင်း အမှောင် တာဝန်ကျတဲ့
လောကဇာတ်ခုံထဲ ကမ္ဘာတစ်ခြမ်းမှာ
ပဋိပက္ခတွေနဲ့ တခဏတာ အမှောင်ထုကြီးစိုးခဲ့ပေမဲ့
သူ့အတွက်တော့ ထာဝရ တသက်တာ
လင်းလက်နေမည့် ရတနာတစ်ပါးပေါ့...။
လေထန်တိုင်း ကြွေကျလို့
ဘယ်ပန်းကျန်ပါမလဲ...
သူ့အတွက်တော့ ပင်ယံထက်မှာ
ပန်းတွေဝေဆာဆာနဲ့ ဗေဒါပျံ အံခဲလို့
ထာဝရ ပန်းပန်လျက်ပဲပေါ့...။
လှိုင်းပုတ်တိုင်းသာ ကမ်းပြိုခဲ့ရင်
ဘယ်မှာ မြေကျန်ပါမလဲ...
သူ့အတွက်တော့ စကြာဝဠာမျက်နှာသာမှာ
ကျရှုံးတိုင်းသာ ခေါင်းငုံခံရမယ်ဆိုရင်
လောကဓံကြိုးဝိုင်း ဘယ်ရှိပါမလဲ...
သူ့အတွက်တော့ လောကဓံကြိုးဝိုင်းက
အကောင်းဆုံး ငြိမ်းချမ်းရေး နိုဘယ်လ်ဆုပဲပေါ့...။
အရှုံးတလှည့် အနိုင်တလှည့်
မာန်ပြိုင်ဖွဲ့လို့ ယှဉ်ပြိုင်ခဲ့တာလည်း မဟုတ်ဘူး..
သူဟာ အနစ်နာခံ ပေးဆပ်ခြင်းနဲ့
ငြိမ်းချမ်းရေးနဲ့ အများအတွက်
တေးဆိုနေတဲ့ အိုးဝေ အိုးဝေဆိုတဲ့
မေတ္တာငှက်ငယ် တစ်ကောင်ပါ..။
ဘဝ လှိုင်းပုတ်လို့ လောကဓံ ခံတွင်း
သက်ဆင်းခဲ့လည်း အထုအထောင်းခံနိုင်တဲ့
ပစ္စည်းတစ်ခု ဓားကောင်းတစ်လက်ဖြစ်လို့
သူ့အတွက်တော့ စွမ်းရည်ပြည့်တဲ့
ပြည်သူ့ ဂုဏ်ဆောင် လူစွမ်းကောင်းကြီးပေါ့..။
မငြိမ်သက်သေးတဲ့ ဘဝလှိုင်းကြမ်းပြင်တွေ...
မတည်ငြိမ်သေးတဲ့ လူ့ဥပဒေ စည်းမျည်းတွေ...
နည်းမှားနေတဲ့ တားဆီးမှုတွေကို ကျော်ဖြတ်လို့
အပစ်ခတ် ရပ်ဆဲ သာယာတဲ့ ငြိမ်ချမ်းရေးလမ်းစဉ်ပေါ်မှာ
တိုးတက်ရေးကို ရှေ့ရှုလို့ ဥမကွဲ သိုက်မပျက်
ညီနောင်သွေးချင်းတို့ လက်တွဲကြစို့...။
တက္ကသိုလ်မြတ်မင်း
ကမ္ဘာ့ ငြိမ်းချမ်းရေးနဲ့ ကျုပ်တို့ အမေ
ကမ္ဘာ့ ငြိမ်းချမ်းရေးနဲ့ ကျုပ်တို့ အမေ ★
*ရေးသူ-ကိုမျိုး(မြန်မာစာ)*
“အမေ...နိမ့်ကျနေစဉ်မှာ
ကျွန်တော်တို့ စိတ်မပျက်ပါ....”
ဦးခင်ဝမ်းတေးသီချင်းသီဆိုညီးရင်း
သားတော့မျက်ရည်ဝဲနေမိတယ်အမေ..၊
ဒါပေမဲ့
အမေ့မျက်ဝန်းနှစ်စုံက
ပူဆွေးမျက်ရည်တော့မကျလိုက်ပါနဲ့ အမေ...။
မိဘမျက်ရည်တစ်စက်၊
သားသမီးဆင်းရဲတစ်သက်တဲ့။
မကြာမကြာ
အမေရင်မှာသောက
မျက်ရည်ကျနေ့ ရက်တွေများနေလို့ 
(သားတို့ တစ်သက်)
ဆင်းရဲတွင်းနက်သထက်နက်နေရတာများလား...။
ကချင်ပြည်နယ်ကယမ်းငွေ့ တွေ၊
ရခိုင်ပြည်နယ်ကမီးတောက်တွေနဲ့
အမေ့ရင်မှာလောင်မြိုက်နေရ
ဒါပေမဲ့ ..အမေ
အမေ့မျက်ဝန်းနှစ်စုံကတော့
ပူဆွေးမျက်ရည်မကျလိုက်ပါနဲ့ ...၊
မျက်ရည်တော့မကျလိုက်နဲ့ အမေ..။
လူ ဆင်းရဲတာ(သားတို့ )မကြောက်တက်တော့ပေမဲ့
အမေ စိတ်ဆင်းရဲမှာ(သားတို့ ) ကြောက်လွန်းလို့ ပါအမေ..။
အမေ့  ရာဇ၀င် မှာ
ဘိုးဘေးဘီဘင်တွေ ရာဇ၀င်ထွန်းပြောင်ခဲ့သလောက်
လက်ရှိသားတို့ ဘ၀တွေမှာ မပြောင်မရောင်ဖြစ်နေရတာကြောင့်
သနားစာနာရလွန်းလို့ ကျလာမယ့်မျက်ရည်တွေလား.....၊
ဒါပေမဲ့ ....အမေ
အမေ့မျက်ဝန်းနှစ်စုံက
ပူဆွေးမျက်ရည်မကျလိုက်ပါနဲ့ ....၊
“အမေကျွန်တော်တို့ မှာ
ညီအစ်ကိုများစွာရှိတယ်”
ဦးခင်ဝမ်းတေးသီချင်းသီဆိုညီးရင်း
သားတော့မျက်ရည်ဝဲနေမိတယ်အမေ....။
ဒါပေမဲ့
အမေ့မျက်ဝန်းနှစ်စုံက
ပူဆွေးမျက်ရည်တော့မကျလိုက်ပါနဲ့ အမေ...။
ဒီမြေမှာမွေး ဒီရေနဲ့ ရှင်သန်သူတိုင်း
(အမေ့ရင်ကဖြစ်တဲ့သားသမီးစစ်ရင်)
အမေ့ရင်ကိုစုံကန်ရက်လောက်အောင်ရိုင်းပါ့မလား...။
အမေ့ အရိပ်ကိုခို
အမေ့ ရင်နှစ်သည်းခြာတွေကို
ရန်လိုသူတွေ(တစ်ချို့ )အတွက်နဲ့ 
ရတက်ပွေ သောက၊
အမေ့ရင်မှာတဆစ်ဆစ်နာနေရမယ်ဆိုတာ
ခံစားသိနဲ့ သားတို့ မြင်သိပါရဲ့ ..၊
ဒါပေမဲ့
မြတ်ဗုဒ္ဓရဲ့ တရားအစစ်
ငြိမ်းချမ်းရေးကိုအသက်တမျှချစ်တဲ့ 
အမေ့မျက်ဝန်းနှစ်စုံက
ပူဆွေးမျက်ရည်တော့မကျလိုက်ပါနဲ့  ...၊
ကမ္ဘာတစ်ဝှမ်းလုံးက
အမေ့ကို ၀ိုင်းကြည့်နေပြီ အမေ..။
ပုခုံးထက်မှာ
စိမ်းမြမြပုဝါ စုံချ
ကျော့ကျော့လေးနေပြလိုက်ပါ အမေ....၊၊
အသားအရောင်မခွဲမခြား
လူမျိုးရေးမခွဲမခြား
ကိုးကွယ်ယုံကြည်မူမခွဲမခြား
ကျောကသား၊ရင်ကသားမခွဲမခြား
ငြိမ်းချမ်းစွာပေါင်းစည်းနေထိုင်လိုတဲ့
ကမ္ဘာ့ရွာကြီးမှာ
ကျုပ်တို့ အမေဟာ
ကမ္ဘာတည်သရွေ့ 
ကမ္ဘာ့ အလည်မှာ
အလှထည်ဝါ နေမယ့်
ဟောဒီ....
အမိမြန်မာပြည်။
ကိုမျိုး(မြန်မာစာ)
၁၅.၆.၂၀၁၂
graphic design : ko myoe
ဂျပန် မှာ ဒေါ်စု ၆၇ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် ငါးလွတ်၊ သွေးလှူ ပွဲ
by Tun Wai 
on Wednesday, June 20, 2012 at 
2:21am ·
 မိုးသောက်ကြယ် သတင်း ..
တက္ကသိုလ်ဘုန်းကြွယ် ကဗျာဆရာကြီး မှ...
အမေစုမွေးနေ့ သွေးအလှူ....
ဂျပန်ပြည်က မောင်ထွန်းဝေ
နှုတ်ခွန်းခြွေ ချပ်တင်ပေး…။
ဒေါ်စုမွေးနေ့ အမှတ်တရ
သွေးလှူကြမယ်လေး…။တဲ့
ဒါနဲ့ ဆရာက ချပ်တင်ထဲမှာ
ချက်ချင်းမနှေး
လက်တန်းကဗျာကောက်ရေးပေးလိုက်တာက
အောက်ပါအတိုင်းပါ…။
အမေစုမွေးနေ့ သွေးအလှူ
အမေစု သာဓုခေါ်နိုင်စေဖို့အတွက်
သွေးလှူရန်ထွက်…။
မွေးရက်မှာ အမှတ်တရ ရဖို့အရေး
သွေးစက်တွေက သက်သေပေး။
တက္ကသိုလ်ဘုန်းကြွယ် (ဇွန် ၁၉ ၂၀၁၂)
ဒေါ်စု နဲ့ တကွ လူထုအားလုံးက
သာဓုခေါ်နိုင်အောင်လို့ပါ…။
သာဓု..သာဓု..သာဓု...
by Victor Tan on Tuesday, June 19, 2012 at 8:46am ..။
Maung Shin မှလည်း ဆရာကြီးမင်းသုဝဏ် ရဲ့ ကဗျာဖြင့်ဖော်ပြထားပါသေးတယ်
မွေးနေ့ဆုတောင်း
ပြည်သူ့အောင်ပန်း ၊ မြဲဆင်မြန်းသည့်
အောင်ဆန်းစုကြည် ၊ ရဲဇာနည်ကို
မြန်ပြည်တလွှား ၊ ချစ်သူ များခဲ့။
တို့အား တို့အင် ၊ တို့ အရှင်ကို
ကြည်ရွှင်စေသော ၊ မာစေသောဟု
မွေးသောနေ့မှာ ၊ တို့သူငါသည်
မေတ္တာ ကြည်လင် ရွှင်ရွှင်ပို့။
ဒေါင်းမျိုး အိုးဝေ တွန်စေဖို့
မြတ်ဆုမွန်ကောင်း တောင်းကြစို့။
မင်းသုဝဏ်
၁၉.၆.၉၀
အီးမေးလ်ထဲရောက်လာလို့ နောက် နှစ်သက်လို့ တင်လိုက်ပါတယ် လို့ မောင်ရှင်ကဆိုထားပါတယ်..။
 ကိုထွန်းဝေမှ
Tun Wai
19.6.2012
အလွန်မြင့် မြတ်လှသောအလှူ...
အလှူတစ်ခုလို ပေးဆပ်မယ်
အမေ့မွေးနေ့ ဝယ်..
နတ်သမီးလေးလို့ ကျွန်တော်တင်စား
စင်ပေါ်ရောက်လို့ သွား
သွေးအလှူမို့  သန့် ရှင်းတယ်
ကျွန်တော့်စိတ်မှာ ကွယ်
ဝေကာပေးကာသွေးတွေများ
ခန္ဓာကိုယ်မှထွက်လို့ သွား..
မွေးနေ့ ရှင်ကိုတမ်းတတယ်
ဥရောပမှာကွယ်
အားလုံးလာကြစုံစုံညီ
မွေးနေ့ ပွဲသွားမည်
ဒီမှာအမေလာပြီဗျို့ 
အားပေးကြပါစို့ 
သွေးတစ်စက်မို့ ပေးလှူတယ်
မင်္ဂလာရှိတဲ့နေ့ ရက်ဝယ်
၆၇ နှစ်မှာသွေးလှူပေး
မွန်မြတ်လှတယ်လေး..။
 ထွန်းဝေ
လို့ ဖော်ပြပါရှိပါတယ်။ယခုလထုတ် ဂျပန်နိုင်ငံမှထုတ်ဝေတဲ့ မိုးသောက်ကြယ်စာကြည့်တိုက်မှ လည်း ဝေေ၀ဆာဆာ
ဆက်လက် ထုတ်ဝေသွားမှာဖြစ်ကြောင်း ဖော်ပြပါရှိပါတယ်။
မောင်ရှင်
မိုေးသာက်ကြယ် တာဝန်ခံ
အယ်ဒီတာ.။
တတိယအကြိမ်မြောက် အညတရဆုရရှိသူ ဆုရှင် (၅) ဦးအား ချီးမြှင့်
သတင်း
စိုးဝင်းရှိန် မောင်ရှင်
ကိုထွန်းဝေ
မိတ်ဆွေများအားလုံးခင်ဗျာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ရုံးချုပ်) ၌ ကျင်းပပြုလုပ်ခဲ့သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၇ နှစ်မြောက် မွေးနေ့ (မြန်မာနိုင်ငံအမျိုးသမီးများနေ့) အခမ်းအနားတွင် တတိယအကြိမ်မြောက် အညတရသူရဲကောင်းဆုရရှိသူ ဆုရှင် (၅) ဦးအား ဆုချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ဆုများအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ နာယကများဖြစ်ကြသော ဘဘဦးတင်ဦးနှင့် ဘဘဦးဝင်းတင်တို့က ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။ ဆုအနေဖြင့် ကျပ်ငွေ (၁၀) သိန်းနှင့်အတူ အညတရသူရဲကောင်းဆုတံဆိပ် ကိုပါ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ဆုရှင်များကိုယ်စား ယခုနှစ်အစောပိုင်းက ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သော ဇိုမီးအမျိုးသားကွန်ဂရက်မှ ပူအန်ထော်နီကပ်ခန်ခွာ က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ ဆုများအား ကာယကံရှင် ကိုအန်ထော်နီ နှင့် မလှလှမော် တို့ နှစ်ဦးသာ ကိုယ်တိုင်လက်ခံရယူနိုင်ခဲ့ပြီး ဆရာတော် ဦးခေမာစာရ ကတော့ အစောပိုင်း ဆက်သွယ်မေးမြန်းထားမှုအရ တရားရိပ်သာဝင်နေကြောင်း သိရှိခဲ့ရပြီး၊ ဒေါက်တာကျော်ကျော်နှင့် ကိုလက်ျာထွန်းတို့ နှစ်ဦးမှာတော့ လက်ရှိထောင်ကျခံနေရဆဲ ဖြစ်ကြောင်း သိရှိရပါသည်။ ကျနော်တို့ ကော်မတီက လက်ခံရရှိထားသော အခမ်းအနားဓတ်ပုံများနှင့်အတူ Mizzima သတင်းဌါန၏ သတင်းဖော်ပြချက်ကိုပါ ပေးပို့အပ်ပါသည်။ ကော်မတီအနေဖြင့် သြဂုတ်လ(၅) ရက်နေ့တွင် တတိယအကြိမ်မြောက် အညတရသူရဲကောင်း ဂုဏ်ပြုပွဲအခမ်းအနားတရပ် အား ဂျပန်နိုင်ငံ၊ တိုကျို မြို့တွင် ကျင်းပသွားနိုင်ရန် စီစဉ်လျှက်ရှိပါကြောင်းနှင့် အဆိုပါအခမ်းအနားအတွက် သူရဲကောင်းဂုဏ်ပြု ကဗျာများ ပေးပို့ပေးနိုင်ပါရန် နှင့် အခြားဆောင်ရွက်စေလိုသော အကြောင်းအရာများအား အကြံပြုပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်။ ကော်မတီအနေဖြင့် ငွေစာရင်းရှင်းတမ်းနှင်အတူ နောက်ဆုံးရ အလှူရှင်စာရင်းအား မကြာမီအချိန်အတွင်း ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ပြီး စတုတ္ထအကြိမ်မြောက် ဆုချီးမျြင့်နိုင်ရေးအတွက် အရှိန်အဟုန်မပျက် ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ပါကြောင်း အသိပေး အကြာင်းကြားအပ်ပါသည်။ အမျိုးသားရေး စိတ်ဓါတ်အပြည့်ဖြင့် ငွေကြေးထည့်ဝင်လှူဒါန်းခဲ့ကြသူများ၊ ရန်ပုံငွေခရီးစဉ်များတွင် လိုက်ပါအားပေးခဲ့ကြသူများအားလုံး နှင့်တကွ ဤလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် အသွင်သဏ္ဍန် အမျိုးမျိုးဖြင့် အဖက်ဖက်က ၀ိုင်းဝန်းပံ့ပိုး ကူညီခဲ့ကြသူများ အားလုံးအား အထူးပင် ဂုဏ်ယူလေးစားရပါကြောင်းနှင့် ကျေးဇူးအထူးတင်ရှိရပါကြောင်း ကော်မတီကိုယ်စား ဂါရ၀ရှေ့ထား အသိပေး ပြောကြားအပ်ပါသည်။ လေးစားစွာဖြင့် မင်းထက်ဇော် အဖွဲ့ဝင် အညတရသူရဲကောင်းဆုကော်မတီ ၂၀၁၂ ခုနှစ်၊ ဇွန်လ (၁၉) ရက်။ ဆုရရှိသူ ၅ ဦးမှာ အင်းစိန်ထောင်ရှိ ဦးခေမာစာရ (ခ) ကိုချမ်းသာ၊ မြင်းခြံထောင်ရှိ ဒေါက်တာကျော်ကျော်၊ သာယာဝတီထောင်ရှိ မောင်လက်ျာထွန်း၊ မြင်းခြံထောင်မှ လွတ်မြောက်လာသည့် မလှလှမော၊ ပုသိမ်ထောင်မှ လွတ်မြောက်လာသူ ကပ်ခန့်ခွာ (ခ) အန်ထော်နီ တို့ဖြစ်ပါတယ်။ တဦးလျင် မြန်မာကျပ်ငွေ ၁၀ သိန်းနှင့်အတူ အညတရသူရဲကောင်းဆုတံဆိပ်ပါ ပူးတွဲပေးအပ်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို Amnesty International အဖွဲ့မှ Ambassador of Conscience ဆု ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားတွင် U2 တေးဂီတအဖွဲ့မှ တင်ဆက်ဖျော်ဖြေခဲ့သည့် Electric Burma Concert - ရုပ်သံအပိုင်း (၁)+(၂)
June 19, 2012
(နစ်နေမန်း youtube channel မှ ကူယူဖော်ပြပါတယ်...)
Tuesday, June 19, 2012
အမေ့အတွက် မွေးနေ့ဆုတောင်း
ထူးမြတ်တဲ့ဘုန်းကံနဲ့ တောက်ပတဲ့အမေ့မျက်ဝန်း
ဖျတ်လတ်လို့တက်ကြွလျှက် လှပတဲ့အမေ့အပြုံး
ပြည်သူတွေ ချစ်လို့မဆုံး။
ပြိုင်စံမဲ့တော်ဝင်တဲ့ မြင့်မြတ်လျှက်အမေ့နှလုံး
ရှင်းသန်လို့တည်ကြည်လျှက် ပြတ်သားတဲ့အမေ့စကားလုံး
ပြည်သူတွေ ယုံကြည်မဆုံး။
မြန်ပြည်ခွင်ဤအချိန်တွင် ထွန်းလင်းလျှက်အမေ့ရဲ့ဘုန်း
ကမ္ဘာတွင်ပေါ်လွင်လျှက် ဂုဏ်တင့်တဲ့အမေ့လက်ရုံး
ပြည်သူတွေ ရိုသေမဆုံး။
ဇွန် (၁၉) ရဲ့ ရက်မြတ်ခါ ချစ်သောအမေ့ မွေးနေ့ပါ
အမေကျန်းမာ ချမ်းသာပါစေကြောင်း
ပြည်သူတွေက ဆုတွေတောင်း။
ခင်ကလျာစိုး
ဇွန် ၁၉ ၂၀၁၂
~~~~~~~~~~~~~~~~~~~~~~~~~
ဒီကဗျာလေးကို မြန်မာပြည်သူ ပြည်သားတွေ ချစ်ခင်လေးစား ယုံကြည်ရသော ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၇)နှစ်ပြည့် အမေ့အတွက် မွေးနေ့ဆုတောင်းလေးအဖြစ် ရေးသားထားသောကြောင့် လွတ်လပ်စွာ ကူးယူမျှဝေနိုင်ပါသည်။
လောကရဲ့ ငြိမ်းချမ်းရေး သမီးပျိုကို ကမ္ဘာကြီးက မတ်တပ်ရပ် လက်ခုပ်တီး ၊အလင်း ကော်ဇောခင်းပြီး ကြိုဆိုတယ်..
Monday, June 18, 2012
လောကရဲ့ ငြိမ်းချမ်းရေး သမီးပျိုကို ကမ္ဘာကြီးက မတ်တပ်ရပ် လက်ခုပ်တီး ၊အလင်း ကော်ဇောခင်းပြီး ကြိုဆိုတယ်..
ငတ်မွတ် ခေါင်းပါး ၊ အကျင့်ပျက် ခြစားမှုများ တိုက်ဖျက်မဲ့ လက်တွေလိုတယ် ၊
ဘ၀ပျက်များကို သေတွင်းနက်ထဲ တွန်းပို့မဲ့ လက်နက်တွေ မလိုဘူး ..။
ကမ္ဘာကြီးဟာ သူကိုယ်တိုင် စိုက်ပျိုးတဲ့ စစ်တောထဲ
မျက်ရည်မြစ်မှာ အကြိမ်ကြိမ် ရေတိမ်နစ် နေခဲ့တယ် ..။
သောကတွေ တိုက်စားလို့ ဖောက်ပြားခဲ့ နေ့ရက်တွေ အာဖရိကမှာ ရှိတယ် ..။
စနစ် လမ်းလွဲကို အလိုက်မှားလို့ ငိုကြွေးနေစဲ လမ်းများ အာရှမှာ တွေ့တယ် ။
ကမ္ဘာစစ်နဲ့ လက်ထပ် ပေါင်းသင်း ၊ ပျော်ရွှင်ခြင်းများ ဥရောပမှာ ပျောက်ဆုံးဘူးတယ် ..။
ငါတို့ သေမင်း နိုင်ငံတော်ဟာ ကမ္ဘာ့ မကောင်းမှုမှန်သမျှကို ပုံတူကူး
ပြဿနာအားလုံးအား မသိကျိုးကျွံ ပြုကာ ကိုယ့်ကိုကိုယ် ရူးချင်ယောင်ဆောင်ဖို့ ကြိုးစားနေလား ..။
ဝေဒနာတွေ တပွေ့တပိုက်နဲ့ မျက်ပြူးဆန်ပြာ ယနေ့ကမ္ဘာမှာ
သေချာတာတစ်ခုက ဟစ်တလာတွေ ထပ်မလိုတော့ဘူး ..။
မိဘမဲ့ ကမ္ဘာဟာ ကျိန်စာသင့် နေ့ရက်တွေ မရပ်မနား ဖြတ်သွားရင်း
မကောင်းမှုများနဲ့ လည်ပင်းဖက် ကြီးပြင်းခဲ့တယ် ..။
မသမာသူတွေက အကောက်ကြံမှုကို အမှောင်မှာ အားထုတ်
ကမ္ဘာအိုဟာ မျက်ရည်စိုကို လူမသိအောင် သုတ်တယ် ..။
အလကား ကမ္ဘာရယ်လို့ ကံကြမ္မာက အပြစ်မတင်စေဖို့
ပတ္တမြားမှန်လျှင် နွံမနစ်စေရဘူး
ပြိုကွဲ ပျက်စီးခါနီး သစ္စာတရားနဲ့ဘာသာရေး လူမျိုးရေး အစွန်းရောက်တွေ မီးဟုန်းဟုန်းတောက်
ဥပဒေမဲ့ နှလုံးသား ဒဏ်ရာများကို အနာဂတ်မှာ ကုစားရဦးမယ် ..။
ချိန်ကိုက်ဗုံးကို ခေါင်းအုံးအိပ်တဲ့ ကမ္ဘာမှာ
အရေးပေါ် အတွေးအခေါ်နဲ့ မျက်နှာသစ်
သံသယများနဲ့ အနီးမှုန် အဝေးမမြင် ၊ တိုးတိုးတိတ်တိတ် ပွင့်လင်း မြင်သာမှုများ
ယုံကြည်ခြင်းအား ပြတင်းတံခါးလို ဖွင့်လျစ်ထားဖို့ လိုအပ်တယ် ..။
ဟန်ဆောင် မျက်နှာဖုံးတွေအောက်
ရင်ထဲ မီးတောက်နေတဲ့ ကမ္ဘာ
ငြိမ်းချမ်းရေး ရေအေးအေး တစ်ခွက်လောက်
အမြည်းမစားပဲ အငမ်းမရ သောက်ကြည့်ချင် တယ် ..။
အတိတ် ပိတ်ဆို့ခံ လောကရဲ့ ငြိမ်းချမ်းရေး သမီးပျိုကို
စစ်မက် ကမ္ဘာကြီးက မတ်တပ်ရပ် လက်ခုပ်တီး
ကောင်းကင်ဝေဟင်ထဲ အမြင့်ပျံ ချိုးဖြူငှက် လက်ချင်းယှက်
နံနက်ခင်းက အလင်း ကော်ဇောခင်းပြီး ကြိုဆိုတယ်..။
အောင်ခိုင်မြင့်
၁၈ ဇွန်လ ၂၀၁၂
( ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက် ( ၆၇ ) မွေးနေ့ အမှတ်တရ ဂုဏ်ပြုကဗျာ )
Monday, June 18, 2012
ဘိုနိုက သူ၏ ဂျက်လေယာဉ်ကို ဒေါ်အောင်ဆန်းစုကြည်အား လွှဲအပ်
Monday, June 18, 2012  
ဒေါ်အောင်ဆန်းစုကြည်နှင့် အဆိုတော် ဘိုနိုတို့ကို ယနေ့ နော်ဝေနိုင်ငံတွင် မြင်တွေ့ရပုံ ၊ ဓာတ်ပုံ- AFP
ကမ္ဘာကျော် U2 အဆိုတော် ဘိုနိုမှ သူ၏ ကိုယ်ပိုင်ဂျက်လေယာဉ်အား ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့ အိုင်ယာလန်နိုင်ငံ ဒပ်ဗလင်မြို့ သို့ သွားရန်အတွက် လွှဲအပ်ပေးလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတကာ လူအခွင့်အရေးဆုပေးအပ်ပွဲနှင့် U2 အဖွဲ့အပါအဝင် ကမ္ဘာကျော် အဆိုတော် များ၊ သရုပ်ဆောင်များမှ ဂုဏ်ပြု တင်ဆက်မည့် Electric Burma အမည်ရှိ ဂီတပွဲတော် သို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာလည်းဖြစ်ပါတယ်။ ယုံကြည်ချက် သံတမန် ဆုကိုလည်း အိုင်ယာလန် နိုင်ငံမှာ လက်ခံရယူမှာ လည်း ဖြစ်ပါတယ်။
ဂီတပွဲတော်အပြီး ဒပ်ဗလင်မြို့တော်ရှိ ဂုဏ်ပြု ရင်ပြင်တွင် အိုင်ယာလန်ပြည်သူများကို ဒေါ်အောင်ဆန်းစုကြည်က အမှတ်တရ စကားပြောကြားမှာလည်း ဖြစ်ပါတယ်။
ယနေ့ နံနက်ပိုင်းက နော်ဝေနိုင်ငံတွင် နှစ်စဉ်ကျင်းပသော Oslo Forum တွင် အိုင်းရစ် အဆိုတော် ဘိုနိုလည်း တက်ရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အား ယနေ့ ဒပ်ဗလင်မြို့သို့ သွားရောက်ရန်အတွက် သူ၏ ကိုယ်ပိုင် ဂျက်လေယာဉ် ကိုပေးအပ်ခဲ့ကြောင်း နော်ဝေနိုင်ငံရေး ဝန်ကြီးဌာနက တရားဝင် သတင်း ထုတ်ပြန်ပေးပါတယ်။
18 ရက်နေ့ မှာ အိုင်ယာလန်နိုင်ငံ Dublin မြို့ "Electic Burma" concert မှာ ဒေါ်စုအား ဂုဏ်ပြုတင်ဆက်မဲ့သီချင်း "Toast to Freedom"သီချင်းပါ
 U2 နံမည်ကြီးအဆိုတော် BONO
"Toast to Freedom"
သီချင်းက Amnesty International ရဲ့ နှစ်၅၀မြောက်နေ့  အထိမ်းအမှတ်အဖြစ် မကြာသေးမီက ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ် ဖြစ်ပြီး ကမ္ဘာအရပ်ရပ်က အနုပညာရှင်၅၀ ယောက် အတူတကွ ရေးဆိုဖန်တီးထားပါတယ်။
လာမဲ့ ဇွန်၁၈ ရက်နေ့ အိုင်ယာလန်နိုင်ငံ Dublin  မြို့ Bord Gais Enegy Theater မှာပြုလုပ်မယ့် Electic Burma Concert မှာ ဒီသီချင်းနဲ့ တက်ရောက်ဖျော်ဖြေမယ်လို့ သိရပါတယ်..။
ဒေါ်စုအား Amnesty International ကချီးမြှင့်မယ့် လူ့ အခွင့်ရေးဆုကို အိုင်ယာလန်နိုင်ငံ Dublin  မြို့ Bord Gais Enegy Theater မှာပြုလုပ်မယ့် Electic Burma Concert မှာU2 မှ ကမ္ဘာကျော် ရော့ခ် ၊တေးဂီတအဆိုတော် BONO က ပေးအပ်မှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူလိုက်ပါသွားခဲ့တဲ့ ကိုဇေယျာသော် ကိုU2 အဖွဲ့ မှ BONO က သီချင်းအတူဆိုဖို့ ဖိတ်ထားတယ်လို့ ကိုဇေယျာသော်ရဲ့ သူငယ်ချင်း ရန်ရန်ချမ်းရဲ့  face book မှာ ဖော်ပြရေးသားထားပါတယ်။
သီချင်းစာသားလေးကို ဖော်ပြပေးလိုက်ပါတယ်..။
VERSE 1
How delicious is the winning of her kiss
Bind her love eternal bliss
She's the greatest power in the universe Freedom
Her touch will feed your real hope
In the darkest of days and on the steepest slope
Let your good heart and kindless fill her temple Freedom
BRIDGE
Nobody's free until everybody,s free
We walk a long winding road, sail the raging seas
No prison cell, no censorship hell
Can claim our obedidence and love
CHORUS
Here's our toast to freedom
To human rights and dignity
Love, respet and forgiveness
United  in the dream for victory
Here,s to the battlefields for justice
Of the tortured, banished and enslaved
To the selfless spirit and commitment
To our brothers and sister in the grave
VERSE 2
She huarts when sovereigns and parliaments meet
To shackle more chains Liberty's feet
When the rulers cast the votes they can not spell Freedom
Her open eyes desire nothing but the turth
The soul of mankind, untainted youth
Yes - for this i will stand  up and fight Freedom
BRIDGE 2
Nobody free until everybody's free
We walk a hart road, sail the raging seas
No prison cell, no censorship hell
Can claim our obedience and love
CHORUS
SOLO
BRIDGE 3
Nobody's free until everybody,s free
Together we walk a heard road , said the raging seas 
No prison cell, no censorship hell
Can claim our obedience and love
BREAKDOWN
 Here's  our toast to freedom
To human rights and dignity
Love, respet and forgiveness
United  in the dream for victory
OUTRO (W/BACKGROUND VOCALS)
 Here's  our toast to freedom
To human rights and dignity
Love, respet and forgiveness
United  in the dream for victory..........
ဖယောင်းမီးအသွင် ပြောင်းပြီးပြင်
ဖယောင်းမီးအသွင် ပြောင်းပြီးပြင်
by Victor Tan on Monday, June 18, 2012 at 4:57am ·
ဖယောင်းမီးအသွင် ပြောင်းပြီးပြင်
ရုပ်နမ်နှစ်ဝ သင်္ခါရက
မည်သူမှဧကန် မလွန်ဆန်နိုင်ပါ…။
ဖေါက်ပြန်နေတဲ့လောကဓံကို
ဒေါကန်မနေပါနဲ့
သဘောအမှန်ကိုသိရင်
မနောကအကြံထုတ်
လောကမှာ မှန်ရာကိုလုပ်
လောဘ ဒေါသ မောဟအထုပ်ကို
ပါးနိုင်သမျှပါးအောင်လုပ်
မည်သူဟုတ်ဟုတ် မဟုတ်ဟုတ်
ကိုယ်က ဟုတ်အောင်လုပ်
အပုတ်ချနေမယ့်အစား
ကိုယ်က ဟုတ်အောင်လုပ်စား
ကိုယ်ကမှန်အောင်နေသွား
အနေလှမှ အသေလှပါမည်…။
နေ၀င်းဘယ်လိုသေသလဲဆိုတာကိုကြည့်
အသိတရား အမြဲလက်ကိုင်ထား…။
ဆရာလူထုစိန်ဝင်း
သေမင်းခေါ်ရာနောက်
တကောက်ကောက်လိုက်ပါသွားရပေမင့်
သူထားခဲ့တဲ့စာပေ သူပေးခြွေခဲ့တဲ့မိန့်ခွန်း
သူတွန်းပို့ပေးခဲ့တဲ့လမ်းကြောင်း
လူငယ်အပေါင်းကောင်းအောင်ပြခဲ့တဲ့သာဓကတွေ
စံပြအခြေမှာထားပြီး ၀မ်းနည်းနေမယ့်အစား
အားအင်အသွင်ဖြစ်အောင်ပွားကြပါ…။
ဖယောင်းတိုင်မီး ငြိမ်းသတ်ပြီး၍
အငွေ့ဖြူဖြူ တလူလူကို
ထပ်တူထိန်ညီး တတိုင်မီးဖြင့်
ကပ်ပြီးတဖုံ ညှိလိုက်ရုံနဲ့
တဟုန်ပြန်ပြီးတောက်အောင်ကြိုးစားရပါမည်…။
လူတွေဟာလည်းသေမျိုးမို့ မသေရိုးမရှိ
(နေ၀င်းလို)အသေဆိုးနဲ့မသေအောင်
အသေလှ အနေလှရပါမည်…။
ဆရာတင်မိုးရဲ့စကားအရ..
အလုပ်ခွင်မှာ အထုပ်ပြင်ရင်းစောင့်ဦးမည်..။
သေမင်းအဖော်၊ သူမခေါ်မီ ပျော်ပျော်နေရင်း၊
ငါ့ယာခင်းတွင် သီးကင်းဝေအောင် ပျိုးဦးမည်...တဲ့။
အသေလှအောင် လူဘောင်အကျိုး
သင်သယ်ပိုးလော့ ပျိုးခင်းဝေဆာ
တိုင်းပြည်သာလျှင် အသင်သေကျိုးနပ်ပေပြီ…။
ရေးဖေါ် လူထုဦးစိန်ဝင်း ကောင်းရာဘုံပေါ် စံပျော်နိုင်ပါစေသော်…။
တက္ကသိုလ်ဘုန်းကြွယ် (ဇွန် ၁၇ ၂၀၁၂)
ဆရာကြီး လူထုဦးစိန်ဝင်း ကွယ်လွန်
ဆရာကြီး လူထုဦးစိန်ဝင်း ကွယ်လွန်သွားခြင်းအတွက်
facebook မြန်မာမိသားစုများရဲ့  ၀မ်းနဲမှုအမှတ်တရ...။
ဆရာကြီး ကောင်းရာသုဂတိရောက်ပါစေ...။
( facebook မြန်မာမိသားစုများ )
အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၇)နှစ်မြောက် မွေးနေ့ပါတီ အထိမ်းအမှတ် အခမ်းအနား ဂျပန်တွင်ပြုလုပ်
အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၇)နှစ်မြောက် မွေးနေ့ပါတီ အထိမ်းအမှတ် အခမ်းအနားအား ဂျပန်နိုင်ငံအခြေစိုက်  မြန်မာ့ဒီမိုကရေစီကွန်ယက်( Network for Democracy in Burma-NDB)မှ တာဝန်ယှူု၍  မြန်မာ့အရေးကို အားပေးကူညီလျက်ရှိကြသော ဂျပန်အဖွဲ့အစည်းများနှင့် ပူးတွဲကာ ယနေ့ ၂၀၁၂ခုနှစ်၊ ဇွန်လ၊ ၁၇ ရက်နေ့တွင် ဂျပန်နိုင်ငံတိုကျိုမြို့ရှိ NAKANO SUN PLAZA တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခန်းအနားသို့ ဂျပန်နိုင်ငံအစိုးရအဖွဲ့၏ လက်ရှိ အာဏာရပါတီဖြစ်သော မြန်မာ့ဒီမိုကရေစီရရှိရေးအတွက် အားပေးထောက်ခံနေသော ဒီမိုကရက်တစ်ပါတီမှ ဂျပန်လွှတ်တော် အမတ်များ သမဂ္ဂ၏ ဥက္ကဌဖြစ်သူ မစ္စတာ Mr.Azuma Konno၊ ဂျပန်နိုင်ငံ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ လွှတ်တော်အမတ် Mrs. Mizuho Fukushima၊ လွှတ်တော်အမတ်များ ဖြစ်ကြသော
Mr.Naoto Sakaguchi၊ Mr. Shooichi Takahashi တို့နှင့်တကွ၊ Amnesty International Japan မှ ဂျပန်လူမျိုးဧည့်သည်တော်များ၊ People' Forum on Burmaမှ ဧည့်သည်တော်များ၊ Tokyo University (Todai)၊ Meiji University မှ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားကြသော ဂျပန်လူမျိုး တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၊ ဂျပန်နိုင်ငံရှိ NGO အဖွဲ့အစည်းများမှ ဂျပန်လူမျိုးဧည့်သည်တော်များ၊ ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေကြသော အဖွဲ့အစည်းများ၊ ဂျပန်နိုင်ငံရှိ တိုင်းရင်းသား အဖွဲ့အစည်းများမှ ဧည့်သည်တော်များ စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ အခန်းအနားသို့  မွေးနေ့ရှင်ဖြစ်သော နော်ဝေနိုင်ငံရောက် အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံမှ....
မွေးနေ့ပွဲအတွက် ဝမ်းမြောက်ကျေးဇူးတင်ကြောင်း e mail messageကို ပေးပို့ခဲ့ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ ယခုကဲ့သို့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲကို ဂျပန်နိုင်ငံတွင် ခန်းနားစွာ ကျင်းပခြင်းအတွက် ဝမ်းသာဂုဏ်ယူကြောင်း နှုတ်ခွန်းဆက် စကားကိုလည်း မြန်မာပြည်တွင်းမှနေ၍ တယ်လီဖုန်းဖြင့် ဆက်သွယ်လက်ခံရရှိခဲ့ပါသည်။
တက်ရောက်လာကြသော ဂျပန်လူမျိုးများနှင့် မြန်မာနိုင်ငံသားများ ချစ်ကြည်ရင်းနှီးစွာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် ဂျပန်ရိုးရာ Kanpai ပြုလုပ်ကြပြီးနောက် တက်ရောက်လာကြသော ဂျပန် အဖွဲ့အစည်း အသီးသီးမှ ဂျပန်လူမျိုး ဧည့်သည်တော်များက ဒေါ်အောင်ဆန်းစုကြည်အား ကျန်းမာချမ်းသာပါစေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံအားပေးလျက်ရှိကြောင်း ဆုတောင်းစကားများကို ပြောကြားခဲ့ကြပါသည်။ ဆက်လက်၍ ဂျပန်နိုင်ငံရောက် ပြည်ထောင်စုဖွားတိုင်းရင်းသားများမှလည်း မိမိတို့ တိုင်းရင်းသား လူမျိုးစုကိုယ်စား ဒေါ်အောင်ဆန်းစုကြည်အား မွေးနေ့ဆုတောင်းစကားများကို လှိုက်လှိုက်လှဲလှဲပြောကြားခဲ့ကြပါသည်။ 
ထို့နောက်တွင်မူ အခန်းအနားအစီအစဉ် အဆုံးသပ် ကျေးဇူးတင်စကားကို မွေးနေ့ပါတီ ကျင်းပရေး ကော်မတီကိုယ်စား ရခိုင်တိုင်းရင်းသားခေါင်းဆောင် ဦးဇော်မင်းခိုင်မှ ပြောကြားပြီး၊ တက်ရောက်လာကြသော ဧည့်သည်တော်များအားလုံးက (
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ ဒေါ်အောင်ဆန်းစုကြည် သက်တော်ရာကျော်ရှည်ပါစေ) ဟု တညီတညွတ်တည်း သံပြိုင်ဆုတောင်းကာ (၆၇) နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပါတီ အခန်းအနားအား အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။
video  Zayyar20283
ဓါတ်ပုံ...Thar Htet (BCJP)
ပြန်ကြားရေး
မြန်မာ့ဒီမိုကရေစီကွန်ယက် (ဂျပန်)
အေးနန္ဒာအောင်
http://www.lanpyakye.com
http://nandarnihon.blogspot.com/
http://ayenandaraung-general.blogspot.com/
http://htwduwintinfoundation.blogspot.jp/2012/06/blog-post_4426.html 
နော်ဝေရောက် မြန်မာနိုင်ငံသားများကို ဒေါ်အောင်ဆန်းစုကြည် ပြောသော မိန့်ခွန်း
Sunday, June 17, 2012  
အိမ့်သံစဉ်  
နော်ဝေနိုင်ငံ Nobel ဆုပြန်လည်ပေးအပ်ပွဲသို့ တက်ရောက်သော အမေစုမှ နော်ဝေရောက် မြန်မာနိုင်ငံသား တိုင်းရင်းသား လူမျိုးပေါင်းစုံ (သီးသန့်) နှင့် Nobel Peace Senter တွေ့ဆုံပွဲ ၌ ပြောကြား သော ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာလို မိန့်ခွန်း။
အကြောင်းအမျိုးမျိုးကြောင့် မလာရောက်သူများ အားလုံးနားထောင်လို့ ရအောင် တင်ပေးလိုက်ပါတယ်။